[Zawgyi]

ဥေရာပေျမ ကို ၀စ္ဆဲလ္ Witsel ျပန္ေရာက္လာခဲ႔ျပီ

ေငြေၾကးအင္အားေတြနဲ႔ ကမၻာ႔ေဘာလံုးစာမ်က္ႏွာထက္ ကို တ႐ုတ္စူပါလိဂ္ကလပ္ အသင္းေတြ၀င္ေရာက္လာခဲ႔တဲ႔ အခ်ိန္ကာလတစ္ခု မွာ ထိပ္တန္းေျခစြမ္းအဆင္႔ရိွတဲ႔ ကစားသမားတခ်ိဳ႕ဟာ တ႐ုတ္ေျမကိုေျခခ်ခဲ႔ၾကပါတယ္။ ဒီၤအထဲမွာ ၀စ္ဆဲလ္ Witsel တစ္ေယာက္လည္းအပါအ၀င္ျဖစ္ခဲ႔တယ္။ ဒီလိုအေနအထားေတြေၾကာင္႔ ထိပ္တန္းေျခစြမ္းအဆင္႔ရိွတဲ႔ ကစားသမားတခ်ိဳ႕ဟာ ပရိတ္သတ္ေတြရဲ႕ျမင္ကြင္းထဲကေန ေပ်ာက္ကြယ္ခဲ႔ရပါတယ္။

Witsel

Witsel

လက္ရိွအခ်ိ္န္မွာေတာ႔ ၀စ္ဆဲလ္ Witsel တစ္ေယာက္ ဥေရာပေျမကို ျပန္ေရာက္လာခဲ႔ပါျပီ။ တ႐ုတ္စူပါလိဂ္ကလပ္ Tianjin Quanjian အသင္းမွာကစားေနတဲ႔ ၀စ္ဆဲလ္ Witsel ဟာ ဂ်ာမန္ထိပ္သီး ေဒါ႔မြန္အသင္းကို ေျပာင္းေရႊ႕ခဲ႔တာပါ။ ေဒါ႔မြန္အသင္းဟာ ၀စ္ဆဲလ္ Witsel ကိုေခၚယူႏိုင္ဖို႔ အတြက္သူ႔ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးနဲ႔ သေဘာတူညီမႈရခဲ႔တာျဖစ္ျပီး (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာလည္း ျဖစ္ပါတယ္။

Witsel-Dortmund

Witsel-Dortmund

၀စ္ဆဲလ္ Witsel က ” ကမၻာ႔ဖလားျပိဳင္ပြဲအျပီးမွာ ဥေရာပကို ျပန္ေျပာင္းဖို႔ ဆံုးျဖတ္ခဲ႔ပါတယ္ ပထမအၾကိမ္ေဆြးေႏြးအၿပီးမွာပဲ က်ြန္ေတာ္အေနနဲ႔ အခ်ိန္အၾကာႀကီးယူၿပီး စဥ္းစားဖို႔မလိုေတာ႔ပါဘူး ဘာလို႔လဲဆိုေတာ႔ က်ြန္ေတာ္႔အျမင္အရ ေဒါ့မြန္အသင္းက အေကာင္းဆံုးအသင္းပါပဲ” လို႔ေျပာၾကားခဲ႔ပါတယ္။

အသက္(၂၉)ႏွစ္အရြယ္ရိွျပီျဖစ္သူ ၀စ္ဆဲလ္ Witsel ဟာ ဥေရာပကလပ္အသင္းေတြျဖစ္တဲ႔ Standard Liège ၊ ဘင္ဖီကာ ၊ ဇင္းနစ္ အသင္းေတြမွာကစားခဲ႔ဖူးသူျဖစ္ပါတယ္။ ၀စ္ဆဲလ္ Witsel ရဲ႕ေျခစြမ္းက ေကာင္းမြန္တာေၾကာင္႔ ဥေရာပထိပ္တန္းလိဂ္ျပိဳင္ပြဲက အသင္းေတြဟာ ေခၚယူဖို႔ၾကိဳးစားခဲ႔ေပမယ္႔ အေျပာင္းအေရႊ႕ျဖစ္ေပၚလာျခင္းမရိွခဲ႔တာေၾကာင္႔ ၀စ္ဆဲလ္ Witsel ဟာ ဥေရာပထိပ္တန္းလိဂ္ျပိဳင္ပြဲေတြနဲ႔ ေ၀းကြာခဲ႔ရသူပါ။ လက္ရိွအခ်ိန္မွာေတာ႔ ၀စ္ဆဲလ္ Witsel ဟာ ေဒါ႔မြန္အသင္းကိုေရာက္ရိွခဲ႔တာေၾကာင္႔ ဥေရာပထိပ္တန္းလိဂ္ျပိဳင္ပြဲတစ္ခုျဖစ္တဲ႔ ဘြန္ဒက္စ္လီဂါျပိဳင္ပြဲမွာ ကစားခြင္႔ရရိွခဲ႔ပါျပီ။ ၀စ္ဆဲလ္ Witsel အေနနဲ႔ ဘြန္ဒက္စ္လီဂါျပိဳင္ပြဲမွာ ေျခစြမ္းျပကစားႏိုင္မလားဆိုတာ ကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔သြားၾကရမွာပဲ ျဖစ္ပါတယ္။

REF: BBC Sport
Photo: Borussia Dortmund Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဥရောပမြေ ကို ဝစ်ဆဲလ် Witsel ပြန်ရောက်လာခဲ့ပြီ

ငွေကြေးအင်အားတွေနဲ့ ကမ္ဘာ့ဘောလုံးစာမျက်နှာထက် ကို တရုတ်စူပါလိဂ်ကလပ် အသင်းတွေဝင်ရောက်လာခဲ့တဲ့ အချိန်ကာလတစ်ခု မှာ ထိပ်တန်းခြေစွမ်းအဆင့်ရှိတဲ့ ကစားသမားတချို့ဟာ တရုတ်မြေကိုခြေချခဲ့ကြပါတယ်။ ဒီၤအထဲမှာ ဝစ်ဆဲလ် Witsel တစ်ယောက်လည်းအပါအဝင်ဖြစ်ခဲ့တယ်။ ဒီလိုအနေအထားတွေကြောင့် ထိပ်တန်းခြေစွမ်းအဆင့်ရှိတဲ့ ကစားသမားတချို့ဟာ ပရိတ်သတ်တွေရဲ့မြင်ကွင်းထဲကနေ ပျောက်ကွယ်ခဲ့ရပါတယ်။

Witsel

Witsel

လက်ရှိအချိန်မှာတော့ ဝစ်ဆဲလ် Witsel တစ်ယောက် ဥရောပမြေကို ပြန်ရောက်လာခဲ့ပါပြီ။ တရုတ်စူပါလိဂ်ကလပ် Tianjin Quanjian အသင်းမှာကစားနေတဲ့ ဝစ်ဆဲလ် Witsel ဟာ ဂျာမန်ထိပ်သီး ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ဒေါ့မွန်အသင်းဟာ ဝစ်ဆဲလ် Witsel ကိုခေါ်ယူနိုင်ဖို့ အတွက်သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးနဲ့ သဘောတူညီမှုရခဲ့တာဖြစ်ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။

Witsel-Dortmund

Witsel-Dortmund

ဝစ်ဆဲလ် Witsel က ” ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဥရောပကို ပြန်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် ပထမအကြိမ်ဆွေးနွေးအပြီးမှာပဲ ကျွန်တော်အနေနဲ့ အချိန်အကြာကြီးယူပြီး စဉ်းစားဖို့မလိုတော့ပါဘူး ဘာလို့လဲဆိုတော့ ကျွန်တော့်အမြင်အရ ဒေါ့မွန်အသင်းက အကောင်းဆုံးအသင်းပါပဲ” လို့ပြောကြားခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ဝစ်ဆဲလ် Witsel ဟာ ဥရောပကလပ်အသင်းတွေဖြစ်တဲ့ Standard Liège ၊ ဘင်ဖီကာ ၊ ဇင်းနစ် အသင်းတွေမှာကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဝစ်ဆဲလ် Witsel ရဲ့ခြေစွမ်းက ကောင်းမွန်တာကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲက အသင်းတွေဟာ ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်လာခြင်းမရှိခဲ့တာကြောင့် ဝစ်ဆဲလ် Witsel ဟာ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့ရသူပါ။ လက်ရှိအချိန်မှာတော့ ဝစ်ဆဲလ် Witsel ဟာ ဒေါ့မွန်အသင်းကိုရောက်ရှိခဲ့တာကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ကစားခွင့်ရရှိခဲ့ပါပြီ။ ဝစ်ဆဲလ် Witsel အနေနဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ခြေစွမ်းပြကစားနိုင်မလားဆိုတာ ကိုတော့ ဆက်လက်စောင့်ကြည့်သွားကြရမှာပဲ ဖြစ်ပါတယ်။

REF: BBC Sport
Photo: Borussia Dortmund Twitter
Ko Kyue(Akhayar)
www.akhayar.com