[Zawgyi]

ပိတ္ရက္အတြင္းမွာ ဖတ္စရာ

ဒီတစ္ပတ္ရုံးပိတ္ရက္မွာေတာ့ အခရာပရိသတ္ေတြအတြက္ ေကာင္းႏုိးရာရာ စာအုပ္ေတြကုိ လမ္းညႊန္ေပးခ်င္ပါတယ္။ ‘အလိမၼာ စာမွာရွိ’ ဆုိသလုိ စာအုပ္စာေပ ဖတ္ရႈသူေတြဟာ အသိပညာအရာမွာ သူမ်ားထက္ သာလြန္တယ္ဆုိတဲ့ စကားပုံနဲ႔အညီ မျဖစ္မေန ဖတ္ထားသင့္တဲ့ စာအုပ္ေကာင္းေတြကုိ ေဖာ္ျပလုိက္ပါတယ္။

၅။ အစားအစာႏွင့္က်န္းမာေရး (မင္းေက်ာ္ဝင္း)

“အစာလည္း ေဆး၊ ေဆးလည္း အစာ” ဆုိတဲ့အတိုင္း အစားအစာကုိ နည္းလမ္းတက် စားသုံးတယ္ဆုိတာက ေဆးဝါးမွီဝဲသလုိပါပဲ။ ေရွာင္ႏုိင္ဖုိ႔ ခက္ခဲလွတဲ့ အစားအစာထဲမွာ ပါဝင္တဲ့ အဆိပ္အေတာက္ေတြကုိ ဘယ္လုိေရွာင္ၾကမလဲ၊ တကယ္လုိ႔ အစာအဆိပ္သင့္ၿပီဆုိရင္လည္း ခႏၶာကိုယ္ထဲကေန ဘယ္လုိစစ္ထုတ္သင့္တယ္ဆုိတာကုိ အေသးစိတ္ေရးသားထားပါတယ္။ ဘယ္လုိအစားအေသာက္မ်ိဳးေတြဟာ အစာအဆိပ္သင့္တဲ့အတြက္ ေရွာင္သင့္တာလဲ၊ အစာအဆိပ္သင့္ၿပီဆုိ ဘယ္လုိေရွာင္သင့္တာလဲကအစ ေရသားထားတဲ့စာအုပ္မုိ႔ လူတုိင္းဖတ္သင့္တယ္လုိ႔ ဆုိပါရေစ။

အစားအစာႏွင့္က်န္းမာေရး (မင္းေက်ာ္ဝင္း)

အစားအစာႏွင့္က်န္းမာေရး (မင္းေက်ာ္ဝင္း)

၄။ ေသရဲ သတ္ရဲ အုိင္အက္စ္ (ႏုိင္ဦး)

ဒီစာအုပ္ထဲမွာေတာ့ အုိင္အက္စ္လက္နက္ကုိင္အဖြဲ႕ဟာ အီရတ္ႏုိင္ငံေတာင္ပုိင္း မုိဆူးၿမိဳ႕ထဲမွာ အၾကမ္းဖက္တုိက္ခုိက္ပုံ အစပ်ိဳးေရးသားထားပါတယ္။ စာေရးသူ ႏုိင္ဦးဟာ ISIS ေတြရဲ႕ လက္ရဲဇတ္ရဲတုိက္ခုိက္ပုံေတြကုိ စီကာပတ္ကုံးေရးသားထားရုံမက “အုိင္အက္စ္ေတြက သူတုိ႔ရဲ႕ရည္ရြယ္ခ်က္အတြက္ အစုလုိက္အျပံဳလုိက္ လူသတ္ေနတဲ့ကိစၥမွာ အလႅာအရွင္ျမတ္ကုိပါ ၾကံရာပါျဖစ္ေအာင္ လုပ္ေနၾကတယ္” ဆုိတဲ့ ကယ္လီဖုိနီးယားတကၠသုိလ္ အစၥလာမ္ဥပေဒပညာရွင္ရဲ႕စကားကုိ ထည့္သြင္းေဖာ္ျပထားပါေသးတယ္။ မာတိကာမွာ ပါဝင္တဲ့ “ေက်ာခ်မ္းစရာ ႏုိင္ငံေတာ္” ၊ “ခါလီဖိတ္ထဲက ေဇာက္ထုိးေတြ” ၊ “ ေခါင္းျဖတ္ေလ့က်င့္ခန္း” စတဲ့ ေခါင္းစဥ္ေတြကလည္း စာဖတ္သူကုိ ဖမ္းစားေစပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

၃။ ေအာင္ျမင္သူတုိ႔၏ ေလွကားထစ္မ်ား (Job Seekers Journal)

ေအာင္ျမင္သူတုိ႔၏ ေလွကားထစ္မ်ားစာအုပ္ကေတာ့ Job Seekers Journal မွာ နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ေနၾကတဲ့လူေတြရဲ႕အေၾကာင္းကုိ အပတ္စဥ္ေဖာ္ျပခဲ့တဲ့ ေဆာင္းပါးေတြကုိ စုစည္းေဖာ္ျပထားတာျဖစ္ပါတယ္။ ေဒါက္တာထြန္းလြင္ (Consultant @ Myanmar Climate Change Watch) ၊ ဦးေအာင္ခ်စ္ခင္ (Founder @ Strategy First Institute) ၊ ဦးလင္းသုိက္ညႊန္႔ (CEO @ Myanmar Land’s Institute) ၊ ေဒါက္တာစုိးလြင္ (သားဖြားမီးယပ္အထူးကုဆရာဝန္ႀကီး တြဲဖက္ပါေမာကၡ) ၊ ေဒၚေမျမတ္သူ (Deputy MD @ AYA Bank) စတဲ့ အတုယူအားက်ဖြယ္ေကာင္းတဲ့ နာမည္ေက်ာ္ပုဂၢိဳလ္ (၂ဝ)တုိ႔ရဲ႕ ဘဝက်င္လည္ျဖတ္သန္းပုံေတြကုိ အေသးစိတ္ေဖာ္ျပထားတဲ့အတြက္ လူငယ္တုိင္းေဆာင္ထားသင့္တဲ့ စာအုပ္တစ္အုပ္ျဖစ္ပါတယ္။

 ေအာင္ျမင္သူတုိ႔၏ ေလွကားထစ္မ်ား (Job Seekers Journal)

ေအာင္ျမင္သူတုိ႔၏ ေလွကားထစ္မ်ား (Job Seekers Journal)

၂။ အထင္ကရပုဂၢိဳလ္မ်ား၏ အညတရဘဝနိဂုံး (တင္ႏုိင္တုိး)

တုိင္းျပည္ႏွင့္လူမ်ိဳးအတြက္ ကုိယ့္နည္းကုိယ့္ဟန္နဲ႔ အက်ိဳးျပဳခဲ့ၾကသလုိ အထင္ကရျဖစ္ခဲ့ၾကတဲ့ ပုဂၢိဳလ္ေတြက လူမသိသူမသိ ဘဝနိဂုံးခ်ဳပ္ခဲ့ၾကရတာ ရင္နာစရာေကာင္းလွပါတယ္။ ဆရာတင္ႏုိင္တုိး ေရးသားခဲ့တဲ့ ဒီစာအုပ္ထဲမွာေတာ့ ငယ္ရြယ္စဥ္မွာ ေအာင္ျမင္ခ့ဲေပမယ့္ ေနဝင္ခ်ိန္မွာေတာ့ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ျဖတ္သန္းၿပီး ကြယ္လြန္ၾကတဲ့သူေတြပါသလုိ ဘုိးဘြားရိပ္သာမွာပဲ လူမသိသူမသိ ဇာတ္သိမ္းသြားတဲ့ နာမည္ေက်ာ္ေတြ အမ်ားႀကီးပါပါတယ္။ “အထင္ကရပုဂၢိဳလ္မ်ား၏ အညတရဘဝနိဂုံး” စာအုပ္ထဲမွာေတာ့ စာဆုိေတာ္ဦးၾကင္ဥ၊ ဆရာေတာ္ဦးဥတၱမ၊ ဦးဖုိးက်ား၊ သိပၸံေမာင္ဝ၊ ပုပၸါးဦးေက်ာ္ရင္၊ ဂီတနက္သန္ကုိေစညိန္း၊ စတန္႔မင္းသား ေက်ာ္ေအးစတဲ့ နာမည္ေက်ာ္ေတြရဲ႕ ဘဝေနဝင္ခ်ိန္ေတြကုိ အေသးစိတ္ေရးသားထားပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

၁။ ဂ်က္မားႏွင့္အလီဘာဘာ (ဗန္းေမာ္သိန္းေဖ)

ကဲ . . . ဒီတစ္ပတ္မွာ ေရာင္းအားအေကာင္းဆုံးနံပါတ္ (၁) ခ်ိတ္ေနတဲ့ စာအုပ္ကေတာ့ ဗန္းေမာ္သိန္းေဖရဲ႕ “ဂ်က္မားႏွင့္အလီဘာဘာ” စာအုပ္ပဲျဖစ္ပါတယ္။  Alibaba Group ရဲ႕ပဲ့ကုိင္ရွင္ ဂ်က္မား (Jack Ma) ဟာ ဘဝကုိ အႏုိင္မခံအရႈံးမေပး ႀကိဳးစားတဲ့အေၾကာင္း၊ ေက်ာင္းဆရာဘဝမွ နည္းပညာကုမၸဏီႀကီးေထာင္ႏုိင္တဲ့အထိ မဆုတ္မနစ္ႀကိဳးစားခဲ့တဲ့အေၾကာင္းေတြကုိ အေသးစိတ္ေရးသားထားပါတယ္။

ဂ်က္မားႏွင့္အလီဘာဘာ (ဗန္းေမာ္သိန္းေဖ)

ဂ်က္မားႏွင့္အလီဘာဘာ (ဗန္းေမာ္သိန္းေဖ)

KFC မွာ ၂၄ေယာက္ အလုပ္ေလ်ွာက္တဲ့အခါမွာ သူတစ္ေယာက္တည္းပဲ မခန္႔တယ္ဆုိတဲ့အေၾကာင္း၊ Harvard ေက်ာင္းတက္ခ်င္လုိ႔ ေလ်ွာက္တဲ့အႀကိမ္တုိင္း အပယ္ခံရတယ္ဆုိတဲ့အေၾကာင္းေတြကအစ ဘဝမွာ က်ရႈံးမႈေတြကုိ ခါးစီးခံၿပီး ေအာင္ျမင္မႈဆီကုိ လွမ္းေလ်ွာက္လာပုံကုိ ေဖာ္ျပထားတ့ဲအတြက္ လူတုိင္းဖတ္သင့္တဲ့စာအုပ္လုိ႔ပဲ ျမင္မိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပိတ်ရက်အတွင်းမှာ ဖတ်စရာ

ဒီတစ်ပတ်ရုံးပိတ်ရက်မှာတော့ အခရာပရိသတ်တွေအတွက် ကောင်းနိုးရာရာ စာအုပ်တွေကို လမ်းညွှန်ပေးချင်ပါတယ်။ ‘အလိမ္မာ စာမှာရှိ’ ဆိုသလို စာအုပ်စာပေ ဖတ်ရှုသူတွေဟာ အသိပညာအရာမှာ သူများထက် သာလွန်တယ်ဆိုတဲ့ စကားပုံနဲ့အညီ မဖြစ်မနေ ဖတ်ထားသင့်တဲ့ စာအုပ်ကောင်းတွေကို ဖော်ပြလိုက်ပါတယ်။

၅။ အစားအစာနှင့်ကျန်းမာရေး (မင်းကျော်ဝင်း)

“အစာလည်း ဆေး၊ ဆေးလည်း အစာ” ဆိုတဲ့အတိုင်း အစားအစာကို နည်းလမ်းတကျ စားသုံးတယ်ဆိုတာက ဆေးဝါးမှီဝဲသလိုပါပဲ။ ရှောင်နိုင်ဖို့ ခက်ခဲလှတဲ့ အစားအစာထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်တွေကို ဘယ်လိုရှောင်ကြမလဲ၊ တကယ်လို့ အစာအဆိပ်သင့်ပြီဆိုရင်လည်း ခန္ဓာကိုယ်ထဲကနေ ဘယ်လိုစစ်ထုတ်သင့်တယ်ဆိုတာကို အသေးစိတ်ရေးသားထားပါတယ်။ ဘယ်လိုအစားအသောက်မျိုးတွေဟာ အစာအဆိပ်သင့်တဲ့အတွက် ရှောင်သင့်တာလဲ၊ အစာအဆိပ်သင့်ပြီဆို ဘယ်လိုရှောင်သင့်တာလဲကအစ ရေသားထားတဲ့စာအုပ်မို့ လူတိုင်းဖတ်သင့်တယ်လို့ ဆိုပါရစေ။

အစားအစာနှင့်ကျန်းမာရေး (မင်းကျော်ဝင်း)

အစားအစာနှင့်ကျန်းမာရေး (မင်းကျော်ဝင်း)

၄။ သေရဲ သတ်ရဲ အိုင်အက်စ် (နိုင်ဦး)

ဒီစာအုပ်ထဲမှာတော့ အိုင်အက်စ်လက်နက်ကိုင်အဖွဲ့ဟာ အီရတ်နိုင်ငံတောင်ပိုင်း မိုဆူးမြို့ထဲမှာ အကြမ်းဖက်တိုက်ခိုက်ပုံ အစပျိုးရေးသားထားပါတယ်။ စာရေးသူ နိုင်ဦးဟာ ISIS တွေရဲ့ လက်ရဲဇတ်ရဲတိုက်ခိုက်ပုံတွေကို စီကာပတ်ကုံးရေးသားထားရုံမက “အိုင်အက်စ်တွေက သူတို့ရဲ့ရည်ရွယ်ချက်အတွက် အစုလိုက်အပြုံလိုက် လူသတ်နေတဲ့ကိစ္စမှာ အလ္လာအရှင်မြတ်ကိုပါ ကြံရာပါဖြစ်အောင် လုပ်နေကြတယ်” ဆိုတဲ့ ကယ်လီဖိုနီးယားတက္ကသိုလ် အစ္စလာမ်ဥပဒေပညာရှင်ရဲ့စကားကို ထည့်သွင်းဖော်ပြထားပါသေးတယ်။ မာတိကာမှာ ပါဝင်တဲ့ “ကျောချမ်းစရာ နိုင်ငံတော်” ၊ “ခါလီဖိတ်ထဲက ဇောက်ထိုးတွေ” ၊ “ ခေါင်းဖြတ်လေ့ကျင့်ခန်း” စတဲ့ ခေါင်းစဉ်တွေကလည်း စာဖတ်သူကို ဖမ်းစားစေပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

၃။ အောင်မြင်သူတို့၏ လှေကားထစ်များ (Job Seekers Journal)

အောင်မြင်သူတို့၏ လှေကားထစ်များစာအုပ်ကတော့ Job Seekers Journal မှာ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့လူတွေရဲ့အကြောင်းကို အပတ်စဉ်ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။ ဒေါက်တာထွန်းလွင် (Consultant @ Myanmar Climate Change Watch) ၊ ဦးအောင်ချစ်ခင် (Founder @ Strategy First Institute) ၊ ဦးလင်းသိုက်ညွှန့် (CEO @ Myanmar Land’s Institute) ၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ) ၊ ဒေါ်မေမြတ်သူ (Deputy MD @ AYA Bank) စတဲ့ အတုယူအားကျဖွယ်ကောင်းတဲ့ နာမည်ကျော်ပုဂ္ဂိုလ် (၂ဝ)တို့ရဲ့ ဘဝကျင်လည်ဖြတ်သန်းပုံတွေကို အသေးစိတ်ဖော်ပြထားတဲ့အတွက် လူငယ်တိုင်းဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

 အောင်မြင်သူတို့၏ လှေကားထစ်များ (Job Seekers Journal)

အောင်မြင်သူတို့၏ လှေကားထစ်များ (Job Seekers Journal)

၂။ အထင်ကရပုဂ္ဂိုလ်များ၏ အညတရဘဝနိဂုံး (တင်နိုင်တိုး)

တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကျိုးပြုခဲ့ကြသလို အထင်ကရဖြစ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေက လူမသိသူမသိ ဘဝနိဂုံးချုပ်ခဲ့ကြရတာ ရင်နာစရာကောင်းလှပါတယ်။ ဆရာတင်နိုင်တိုး ရေးသားခဲ့တဲ့ ဒီစာအုပ်ထဲမှာတော့ ငယ်ရွယ်စဉ်မှာ အောင်မြင်ခဲ့ပေမယ့် နေဝင်ချိန်မှာတော့ ချို့ချို့တဲ့တဲ့ ဖြတ်သန်းပြီး ကွယ်လွန်ကြတဲ့သူတွေပါသလို ဘိုးဘွားရိပ်သာမှာပဲ လူမသိသူမသိ ဇာတ်သိမ်းသွားတဲ့ နာမည်ကျော်တွေ အများကြီးပါပါတယ်။ “အထင်ကရပုဂ္ဂိုလ်များ၏ အညတရဘဝနိဂုံး” စာအုပ်ထဲမှာတော့ စာဆိုတော်ဦးကြင်ဥ၊ ဆရာတော်ဦးဥတ္တမ၊ ဦးဖိုးကျား၊ သိပ္ပံမောင်ဝ၊ ပုပ္ပါးဦးကျော်ရင်၊ ဂီတနက်သန်ကိုစေညိန်း၊ စတန့်မင်းသား ကျော်အေးစတဲ့ နာမည်ကျော်တွေရဲ့ ဘဝနေဝင်ချိန်တွေကို အသေးစိတ်ရေးသားထားပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

၁။ ဂျက်မားနှင့်အလီဘာဘာ (ဗန်းမော်သိန်းဖေ)

ကဲ . . . ဒီတစ်ပတ်မှာ ရောင်းအားအကောင်းဆုံးနံပါတ် (၁) ချိတ်နေတဲ့ စာအုပ်ကတော့ ဗန်းမော်သိန်းဖေရဲ့ “ဂျက်မားနှင့်အလီဘာဘာ” စာအုပ်ပဲဖြစ်ပါတယ်။  Alibaba Group ရဲ့ပဲ့ကိုင်ရှင် ဂျက်မား (Jack Ma) ဟာ ဘဝကို အနိုင်မခံအရှုံးမပေး ကြိုးစားတဲ့အကြောင်း၊ ကျောင်းဆရာဘဝမှ နည်းပညာကုမ္ပဏီကြီးထောင်နိုင်တဲ့အထိ မဆုတ်မနစ်ကြိုးစားခဲ့တဲ့အကြောင်းတွေကို အသေးစိတ်ရေးသားထားပါတယ်။

ဂျက်မားနှင့်အလီဘာဘာ (ဗန်းမော်သိန်းဖေ)

ဂျက်မားနှင့်အလီဘာဘာ (ဗန်းမော်သိန်းဖေ)

KFC မှာ ၂၄ယောက် အလုပ်လျှောက်တဲ့အခါမှာ သူတစ်ယောက်တည်းပဲ မခန့်တယ်ဆိုတဲ့အကြောင်း၊ Harvard ကျောင်းတက်ချင်လို့ လျှောက်တဲ့အကြိမ်တိုင်း အပယ်ခံရတယ်ဆိုတဲ့အကြောင်းတွေကအစ ဘဝမှာ ကျရှုံးမှုတွေကို ခါးစီးခံပြီး အောင်မြင်မှုဆီကို လှမ်းလျှောက်လာပုံကို ဖော်ပြထားတဲ့အတွက် လူတိုင်းဖတ်သင့်တဲ့စာအုပ်လို့ပဲ မြင်မိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။