[Zawgyi]
Mourinho-and-Zidane
Mourinho-and-Zidane
Mark-Hughes
Mark-Hughes
REF:Talk Sports
Naing Linn(Akhayar)
www.akhayar.com
[Unicode]
ရာထူးက အထုတ်ခံရဖို့ အလေးပေးမှုမှာ မော်ရင်ဟို Mourinho ထိပ်ဆုံးဖြစ်နေပြီ
ဒီရာသီ ပရီးမီးယားလိဂ်မှာ နည်းပြရာထူးက အထုတ်ခံရဖို့အတွက် ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးချက်မှာ မန်ယူနည်းပြ မော်ရင်ဟို Mourinho က ရေပန်းအစားဆုံးဖြစ်နေပါတယ်။ မန်ယူအသင်းဟာ ဒီရာသီမှာ အခြေအနေ ဆိုးရွားနေပြီး ပြီးခဲ့တဲ့တစ်ပတ်က ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့လို့ ၁၉၈၉-၉၀ နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစ ရလဒ်ပိုင်ဆိုင်ခဲ့သလို အမှတ်ပေးဇယားမှာလည်း အဆင့်(၁၀)နေရာမှာ ရပ်တည်နေရတယ်။ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ပြေးလမ်းပေါ်က ဆင်းခဲ့ရပြီလို့ ပြောလို့မရသေးပေမယ့် မော်ရင်ဟိုရဲ့ အနာဂတ်က စိုးရိမ်စရာဖြစ်နေပြီး ပရိသတ်တော်တော်များက မော်ရင်ဟို တတိမြောက်ရာသီ ကျိန်စာဆိုးက ပြန်လာပြန်ပြီလို့ ယူဆနေကြပါတယ်။
Mourinho-and-Zidane
Mourinho-and-Zidane
မော်ရင်ဟို နေရာကို ဇီဒန်း Zidane အစားဝင်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတဲ့အပြင် အခုလည်း မော်ရင်ဟိုဟာ နည်းပြရာထူးက ထုတ်ပယ်ခံရဖို့အတွက် ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးချက်မှာ ထိပ်ဆုံးရောက်နေတာကြောင့် သူ့ရဲ့ အနာဂတ်က မကြာခင်အချိန်အတွင်း အဖြေထွက်လာဖို့လည်း ရှိနေပါတယ်။ မော်ရင်ဟိုရဲ့ နောက်မှာတော့ ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုချ် Mark Hughes က ၆ လေး/ ၁ လေးနဲ့ ရပ်တည်နေပြီး ဒီရာသီ နိုင်ပွဲမရသေးတဲ့ ကာဒစ်ဖ်အသင်း နည်းပြဝါနော့ခ် Warnock လည်း ထိပ်ဆုံး (၃)သင်းစာရင်းထဲ ပါနေတယ်။ အခုလောလောဆယ် ပရီးမီးယားလိဂ်မှာ နည်းပြအပြောင်းအလဲ မရှိသေးလို့ ဘယ်သူ စပြီး ကံဆိုးမလဲဆိုတာတော့ . . .
Mark-Hughes
Mark-Hughes
ရာထူးက ထုတ်ပယ်ခံရဖို့အတွက် ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးချက်များ
=19. Pep Guardiola (Manchester City) – 100/1
=19. Jurgen Klopp (Liverpool) – 100/1
18. Maurizio Sarri (Chelsea) – 66/1
17. Unai Emery (Arsenal) – 50/1
=14. Nuno (Wolverhampton Wanderers) – 40/1
=14. Mauricio Pochettino (Tottenham Hotspur) – 40/1
=14. Eddie Howe (Bournemouth) – 40/1
=12. Roy Hodgson (Crystal Palace) – 33/1
=12. Javi Gracia (Watford) – 33/1
11. Marco Silva (Everton) – 28/1
=9. Slavisa Jokanovic (Fulham) – 20/1
=9. Chris Hughton (Brighton and Hove Albion) – 20/1
8. David Wagner (Huddersfield Town) – 16/1
=6. Sean Dyche (Burnley) – 14/1
=6. Manuel Pellegrini (West Ham United) – 14/1
5. Claude Puel (Leicester City) – 12/1
4. Rafa Benitez (Newcastle United) – 9/1
3. Neil Warnock (Cardiff City) – 13/2
2. Mark Hughes (Southampton) – 6/1
1. Jose Mourinho (Manchester United) – 1/1
REF:Talk Sports
Photo:The Independent,Metro,Ghanasoccernet
Naing Linn(Akhayar)
www.akhayar.com