ဘွတ်ကီဒိုင်တွေရဲ့ လောင်းကြေးအလေးဖွင့်မှုအရ ဒီနှစ်ထဲမှာ ဂြိုလ်သားတွေ့နိုင်ခြေက အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ခြေထက် (၁၀)ဆပိုများနေတယ်လို့ သိရပါတယ်။ ဒီသတင်းကတော့ အာဆင်နယ်ပရိသတ်တွေအတွက် တကယ့်ကို ဒေါသဖြစ်စရာတစ်ခုဖြစ်မှာသေချာပါတယ်။ ဒီလောင်းကြေးအလေးဖွင့်မှုကိုတော့ Paddy Power ရဲ့ ဘွတ်ကီဒိုင်တွေကပြုလုပ်ခဲ့တာဖြစ်သလို ဒီနှစ်ထဲမှာ ဂြိုလ်သားတွေ့နိုင်ခြေက ၅လေး/၁လေး ဖြစ်ပြီး အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ခြေက ၅၀လေး/၁လေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ အာဆင်နယ်အသင်းဟာ အဆင့်(၅)နဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံ မန်စီးတီးအသင်းနဲ့ ရမှတ်(၂၈)မှတ်ထိ ကွာဟချက်ကြီးမားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဗိုလ်မစွဲတော့တာ (၁၅)နှစ်ကြာမြင့်နေပြီဖြစ်တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်ထဲမှာလည်း လှုပ်ရှားမှုအားနည်းနေပြီး အသင်းရဲ့ အဓိကကွင်းလယ်လူ ရမ်ဆေး ကို ဂျူဗင်တပ်စ်အသင်းဆီ လက်လွှတ်ခဲ့ရသလို အပြောင်းအရွှေ့ အသုံးစရိတ်အဖြစ်လည်း ပေါင်သန်း(၄၀)သာရရှိထားတယ်လို့ သိရပါတယ်။ Paddy Power ရဲ့လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ခြေ လောင်းကြေးအလေးဖွင့်မှုမှာတော့ မန်စီးတီးက ၈လေး/၁၃လေး ၊ လီဗာပူးလ် က ၂၃လေး/၁၀လေး ၊ စပါးက ၁၆လေး/၁လေး ၊ ချယ်လ်ဆီး က ၂၅လေး/၁လေး ၊ မန်ယူက ၃၀လေး/၁လေး ၊ အာဆင်နယ်က ၅၀လေး/၁လေးနဲ့ အစဉ်လိုက်ရှိနေကြပါတယ်။

Ref: Daily Mail
Photo: Arsenal Twitter
Ko Kyue(Akhayar)
www.akhayar.com