[Zawgyi]

သီတင္းကြ်တ္ပိတ္ရက္မွာ ဖတ္ရႈသင့္တဲ့ စာအုပ္ေကာင္း (၅) အုပ္

ကဲ. . . သီတင္းကြ်တ္ရုံးပိတ္ရက္လည္း စတင္ေတာ့မွာဆုိေတာ့ စာဖတ္ဝါသနာပါတဲ့ ပရိသတ္ေတြအေနနဲ႔ စာအုပ္စာေပေတြ စုေဆာင္းေနေလာက္ပါၿပီ။  ပိတ္ရက္အတြင္းမွာ ကုိယ့္အတြက္ ဗဟုသုတလည္း ျဖစ္ေစသလုိ စိတ္ဓာတ္ခြန္အားလည္း ျဖစ္ေစတဲ့ စာအုပ္ေကာင္းေတြကုိ ညႊန္ေပးခ်င္ပါတယ္။ အနားယူေနတုန္း ဘဝအတြက္ အေထာက္အပံ့ျဖစ္ေစတဲ့ စာအုပ္ေကာင္းေတြကုိ အခရာပရိသတ္ႀကီးအတြက္ တင္ေပးလုိက္ပါတယ္။

(၁) ပုဏၰားဘကြန္း (မင္းသိခၤ)

‘ပုဏၰားဘကြန္း’ စာအုပ္ဟာ အပုိင္း (၁) နဲ႔ အပုိင္း (၂) အေနနဲ႔ ႏွစ္တြဲထြက္ရွိခဲ့ၿပီး ဆရာႀကီးမင္းသိခၤရဲ႕ အေအာင္ျမင္ဆုံးဝတၳဳလုိ႔ေတာင္ ဆုိႏုိင္ပါေသးတယ္။ မူရင္းဝတၳဳႀကီးကုိ ေက်ာ္သူနဲ႔ ထက္ထက္မုိးဦးတုိ႔က ရုပ္ရွင္အျဖစ္ ျပန္လည္အသက္သြင္းတဲ့အခ်ိန္မွာလည္း ရွမ္းရွမ္းေတာက္ ေအာင္ျမင္ခဲ့ပါတယ္။ အဲဒီဝတၳဳႀကီးရဲ႕အစပုိင္းမွာေတာ့ ကူလီသမား ပုဏၰားဘကြန္းဟာ သူေဌးႀကီး ပုဏၰားဘကြန္းနဲ႔ ေတြ႕ဆုံပုံကုိ အစခ်ီေရးသားထားပါတယ္။

နာမည္တူ ဘကြန္းႏွစ္ေယာက္ စကားလက္ဆုံက်ေနတုန္း ကုိရင္ႀကီးတစ္ပါးဝင္ေရာက္လာၿပီး ကူလီသမား ပုဏၰားဘကြန္းကုိ ေဗဒင္တြက္ခ်က္ၾကည့္ရာမွ နာမည္ခ်င္းတူရုံမက ေမြးေန႔၊ ေမြးလ၊ ေမြးခ်ိန္ပါ ဆင္တူေနတာကုိ ေတြ႕ရွိသြားပါတယ္။ အကုန္ဆင္တူေပမယ့္ ဘဝအေျခအေနခ်င္း ကြာျခားပုံကုိ သိရွိရၿပီး သူ႕ဘဝအေျခအေနကုိ အားငယ္သြားတဲ့ ကူလီသမား ပုဏၰားဘကြန္းကုိ အေၾကာင္းျပဳၿပီး သူေဌးႀကီး ပုဏၰားဘကြန္းက သူ႕ရဲ႕အထုပၸတၱိကုိ ျပန္ေျပာင္းေျပာျပလုိက္ပါတယ္။ တစ္ရပ္ကြက္လုံးရဲ႕ခုိင္းဘက္ ‘ဘုံကြ်န္’ ဘဝမွ ေသေအာက္ေအာင္အထိ စိတ္ညစ္ခဲ့ရပုံ၊ အႏွိမ္ခံဘဝကုိ ေရာက္ခဲ့ရပုံမွအစ သူေဌးႀကီးဘဝကုိ ေရာက္ရွိခဲ့ပုံအဆုံးကုိ အေသးစိတ္ေရးသားထားတဲ့ ဝတၳဳရွည္ႀကီးျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေတြအတြက္ စိတ္ဓာတ္ခြန္အားေပးႏုိင္ရုံမက ရသစာေပသေဘာကုိပါ ခံစားမိေစတဲ့ ဝတၳဳႀကီးတစ္ပုဒ္ျဖစ္ပါတယ္။

 ပုဏၰားဘကြန္း (မင္းသိခၤ)

ပုဏၰားဘကြန္း (မင္းသိခၤ)

(၂) မျဖစ္ႏုိင္ဘူးဆုိတာ ေသခ်ာၿပီလား (ေဖျမင့္)

ဆရာေဖျမင့္ရဲ႕ ‘မျဖစ္ႏုိင္ဘူးဆုိတာ ေသခ်ာၿပီလား’ စာအုပ္ဟာ ‘Reader Digest’ မဂၢဇင္းမွာ ေရးသားခဲ့တဲ့ ေဆာင္းပါးေတြကုိ ျပန္လည္စုစည္းၿပီး ထုတ္ေဝထားတာျဖစ္ပါတယ္။ ေအာင္ျမင္ႀကီးပြားဖုိ႔အတြက္ ပထမဆုံးရွိရမယ့္အရာက ‘ေအာင္ျမင္ခ်င္တဲ့စိတ္ဓာတ္’ ပဲျဖစ္ပါတယ္။ ေအာင္ျမင္လုိစိတ္ရွိသူ၊ ရည္မွန္းခ်က္ႀကီးမားသူနဲ႔ စိတ္ဓာတ္ခုိင္မာသူေတြဟာ ဇြဲႀကီးႀကီးနဲ႔ ႀကိဳးစားလုိက္တဲ့အခါ ေအာင္ျမင္မႈပန္းတုိင္ကုိ ေရာက္သြားတာျဖစ္ပါတယ္။ ေအာင္ျမင္ဖုိ႔ ကုိယ့္ပတ္ဝန္းက်င္မွာ ကြ်မ္းက်င္လိမၼာမႈ၊ ပညာဥာဏ္ရွိမႈနဲ႔ စိတ္ဓာတ္ခုိင္မာမႈေတြဟာ မရွိမျဖစ္လုိအပ္ခ်က္ေတြပါ။ နာမည္ေက်ာ္ ဂစ္တာသမား လက္စ္ေပါလ္ (Les Paul) ၊ စူးစမ္းရွာေဖြေရးသမား ရြိဳင္းခ်က္မန္းအန္ဒရူး (Roy Chapman Andrews) နဲ႔ စာေရးဆရာ ဟမ္ဖရီ ဖရန္စစ္ အဲလစ္ (Humphry Francis Ellis) တုိ႔လုိ ပုဂၢိဳလ္ေက်ာ္ေတြရဲ႕ ဘဝအခက္အခဲနဲ႔ ဘယ္လုိေက်ာ္ျဖတ္ခဲ့သလဲဆုိတာ အေသးစိတ္ေရးသားထားတဲ့အတြက္ ဆယ္ေက်ာ္သက္ေတြ ဖတ္ရႈသင့္ပါတယ္လုိ႔ ညႊန္းပါရေစ။

 မျဖစ္ႏုိင္ဘူးဆုိတာ ေသခ်ာၿပီလား (ေဖျမင့္)

မျဖစ္ႏုိင္ဘူးဆုိတာ ေသခ်ာၿပီလား (ေဖျမင့္)

(၃)  မာန္ (ေဒါက္တာၿဖိဳးသီဟ)

လူငယ္စာေရးဆရာ ေဒါက္တာၿဖိဳးသီဟရဲ႕ မာန္ဆုိတဲ့စာအုပ္ကလည္း ဆယ္ေက်ာ္သက္ေတြ ဖတ္ရႈထုိက္ပါတယ္။ လူငယ္ေတြအတြက္ ဘဝမွာ ဘယ္လုိအားနည္းခ်က္ေတြ ရွိပါေစ၊ အားမငယ္ၾကဖုိ႔ သတၱိရွိရွိရင္ဆုိင္ေျဖရွင္းၾကဖုိ႔ကုိ အဓိကေရးသားထားပါတယ္။ “မာန္” ၊ “ႏွမ္းတစ္ေစ့မဟုတ္တဲ့ ခဲတစ္လုံး”၊ “ လူ (၃) မ်ိဳး”၊ “ကုိယ့္ဘဝရဲ႕ မီးအိမ္ရွင္” ၊ “ကုိယ့္ဘဝနဲ႔ကုိယ္” ၊ “ ႀကိဳးစားဖုိ႔က နံပါတ္ ၁” စတဲ့ ေခါင္းစဥ္ေတြကလည္း စိတ္ဝင္စားစရာေကာင္းရုံမက စိတ္ဓာတ္က်အားငယ္ေနတဲ့ ဆယ္ေက်ာ္သက္တုိင္း လက္စြဲေဆာင္ထားရမယ့္ စာအုပ္တစ္အုပ္ပါလုိ႔ ညႊန္းခ်င္ပါတယ္။

မာန္ (ေဒါက္တာၿဖိဳးသီဟ)

မာန္ (ေဒါက္တာၿဖိဳးသီဟ)

(၄) ပါပီလြန္ႏွင့္ ဗင္ကုိ (ဦးလွဝင္း – ေလသူရဲတစ္ဦး)

ျပင္သစ္စာေရးဆရာႀကီး ဟင္နရီခ်ာရီးယာ (Henri Charrière) ရဲ႕ ‘Papillon and Banco’ ျဖစ္ရပ္မွန္စြန္႔စားခန္းဝတၳဳႀကီးကုိ ဦးလွဝင္း (ေလသူရဲတစ္ဦး) က ဘာသာျပန္ဆုိထားတဲ့ စာအုပ္ျဖစ္ပါတယ္။ ျပင္သစ္အက်ဥ္းစခန္းမွာ (၁၃) ႏွစ္တိတိ အက်ဥ္းက်ေနတဲ့ ပါပီလြန္ (Papillon) တစ္ေယာက္ လြတ္ေျမာက္ေအာင္ ဘယ္လုိေျပးထြက္ခဲ့သလဲဆုိတာ စိတ္ဓာတ္ခြန္အားျဖစ္ဖြယ္ ေရးသားထားပါတယ္။ စြန္႔စားခန္းဝတၳဳျဖစ္တာနဲ႔အညီ ဇာတ္ေကာင္ရဲ႕ လႈပ္ရွားမႈနဲ႔အတူ ရင္တထိတ္ထိတ္နဲ႔ ဖတ္ရႈရမွာျဖစ္ပါတယ္။ ဘယ္လုိပဲ က်ရႈံးခဲ့ပါေစ ေနာက္မဆုတ္တဲ့ ေယာက္်ားေကာင္းတစ္ေယာက္ရဲ႕စိတ္ဓာတ္ကုိလည္း အတုိင္းသားေတြ႕ျမင္ခဲ့ရပါတယ္။

ပါပီလြန္ႏွင့္ ဗင္ကုိ (ဦးလွဝင္း - ေလသူရဲတစ္ဦး)

ပါပီလြန္ႏွင့္ ဗင္ကုိ (ဦးလွဝင္း – ေလသူရဲတစ္ဦး)

(၅) သားငယ္တုိ႔ နားလည္ဖုိ႔ (အတၱေက်ာ္)

ဆရာအတၱေက်ာ္ရဲ႕ ‘သားငယ္တုိ႔ နားလည္ဖုိ႔’ စာအုပ္ဟာ ဆယ္ေက်ာ္သက္ေတြ ခႏၶာကုိယ္ဖြံ႕ၿဖိဳးလာပုံ၊ စိတ္ပုိင္းဆုိင္ရာ ရုပ္ပုိင္းဆုိင္ရာ ေျပာင္းလဲလာပုံနဲ႔ အဲဒီေျပာင္းလဲမႈေတြကုိ နားမလည္ရင္ ေရာဂါဆုိးေတြ ကပ္ၿငိလာတတ္ပုံေတြကုိ ပညာေပးထားပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မွာ သိသင့္သိထုိက္တဲ့ ‘လိင္ပညာေပး’ ကုိ အသားေပးေဖာ္ျပထားတဲ့အတြက္ စာအုပ္ထဲမွာ နားရွက္စရာ အသုံးအႏႈန္းေတြ ပါႏုိင္ပါတယ္။ (စာေရးဆရာကုိယ္တုိင္လည္း စကားလုံးမၾကမ္းေအာင္ အတက္ႏုိင္ဆုံး ေရးသားထားပါတယ္လုိ႔ ဝန္ခံထားပါတယ္။)

သားငယ္တုိ႔ နားလည္ဖုိ႔ (အတၱေက်ာ္)

သားငယ္တုိ႔ နားလည္ဖုိ႔ (အတၱေက်ာ္)

“သားတုိ႔အရြယ္ ေယာက္်ားပ်ိဳေလးေတြက ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ခက္ထန္မာေၾကာတဲ့သူေတြကုိ လူစြမ္းေကာင္းအျဖစ္ ကုိးကြယ္တတ္ၾကတယ္။ သက္စြန္႔ဆံဖ်ား စြန္႔စားျပတာေတြ၊ လက္သီးထုိးတာလုိ၊ သုိင္းကစားျပတာလုိမ်ိဳးေတြနဲ႔ သတ္ရဲပုတ္ရဲတာေတြလည္း သားတုိ႔အရြယ္ ႀကီးေကာင္ဝင္စ ေယာက္်ားပ်ိဳေလးေတြက အထင္ႀကီးတတ္ၾကေသးတယ္။ Sylvester Stallone ၊ Steven Seagal ၊ Van Damme ၊ Arnold နဲ႔ Jet Li တုိ႔ဆုိရင္ တစ္ကမၻာလုံးက လူပ်ိဳေပါက္စေတြရဲ႕အားက်တာကုိ ခံရတဲ့သူေတြပါပဲ။ သူတုိ႔ေတြရဲ႕လက္ရုံးရည္ထက္ ႏွလုံးရည္ကုိ ထဲထဲဝင္ထင္ရႈျမင္သုံးသပ္ၿပီး အားက်တာမ်ိဳးက ပုိၿပီးသဘာဝမက်ေပဘူးလား သားရယ္” ဆုိတဲ့ စာပုိဒ္ေလးက ဆယ္ေက်ာ္သက္ေတြအတြက္ အသိပညာျဖစ္ဖြယ္ ေကာင္းပါတယ္။

ကဲ . . ဒါေတြကေတာ့ သီတင္းကြ်တ္ပိတ္ရက္မွာ အနားယူတုန္း ညီငယ္၊ ညီမငယ္ေတြ ဖတ္ရႈသင့္တဲ့ စာအုပ္ေကာင္းေတြသလုိ ကုိကုိမမေတြလည္း ဖတ္သင့္ပါတယ္။ အင္တာနက္မွာ အလြယ္တကူဖတ္ရႈႏုိင္ေပမယ့္ ေစ်းမႀကီးတဲ့အတြက္ ဝယ္ဖတ္ၾကပါလုိ႔ တုိက္တြန္းလုိပါတယ္။ စာဖတ္သူေတြရဲ႕စိတ္ထဲမွာ အႀကိဳက္ဆုံးစာအုပ္မ်ားရွိရင္ Comment မွာ ေဝငွသြားပါလား။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

သီတင်းကျွတ်ပိတ်ရက်မှာ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း (၅) အုပ်

ကဲ. . . သီတင်းကျွတ်ရုံးပိတ်ရက်လည်း စတင်တော့မှာဆိုတော့ စာဖတ်ဝါသနာပါတဲ့ ပရိသတ်တွေအနေနဲ့ စာအုပ်စာပေတွေ စုဆောင်းနေလောက်ပါပြီ။  ပိတ်ရက်အတွင်းမှာ ကိုယ့်အတွက် ဗဟုသုတလည်း ဖြစ်စေသလို စိတ်ဓာတ်ခွန်အားလည်း ဖြစ်စေတဲ့ စာအုပ်ကောင်းတွေကို ညွှန်ပေးချင်ပါတယ်။ အနားယူနေတုန်း ဘဝအတွက် အထောက်အပံ့ဖြစ်စေတဲ့ စာအုပ်ကောင်းတွေကို အခရာပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်။

(၁) ပုဏ္ဏားဘကွန်း (မင်းသိင်္ခ)

‘ပုဏ္ဏားဘကွန်း’ စာအုပ်ဟာ အပိုင်း (၁) နဲ့ အပိုင်း (၂) အနေနဲ့ နှစ်တွဲထွက်ရှိခဲ့ပြီး ဆရာကြီးမင်းသိင်္ခရဲ့ အအောင်မြင်ဆုံးဝတ္ထုလို့တောင် ဆိုနိုင်ပါသေးတယ်။ မူရင်းဝတ္ထုကြီးကို ကျော်သူနဲ့ ထက်ထက်မိုးဦးတို့က ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းတဲ့အချိန်မှာလည်း ရှမ်းရှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ အဲဒီဝတ္ထုကြီးရဲ့အစပိုင်းမှာတော့ ကူလီသမား ပုဏ္ဏားဘကွန်းဟာ သူဌေးကြီး ပုဏ္ဏားဘကွန်းနဲ့ တွေ့ဆုံပုံကို အစချီရေးသားထားပါတယ်။

နာမည်တူ ဘကွန်းနှစ်ယောက် စကားလက်ဆုံကျနေတုန်း ကိုရင်ကြီးတစ်ပါးဝင်ရောက်လာပြီး ကူလီသမား ပုဏ္ဏားဘကွန်းကို ဗေဒင်တွက်ချက်ကြည့်ရာမှ နာမည်ချင်းတူရုံမက မွေးနေ့၊ မွေးလ၊ မွေးချိန်ပါ ဆင်တူနေတာကို တွေ့ရှိသွားပါတယ်။ အကုန်ဆင်တူပေမယ့် ဘဝအခြေအနေချင်း ကွာခြားပုံကို သိရှိရပြီး သူ့ဘဝအခြေအနေကို အားငယ်သွားတဲ့ ကူလီသမား ပုဏ္ဏားဘကွန်းကို အကြောင်းပြုပြီး သူဌေးကြီး ပုဏ္ဏားဘကွန်းက သူ့ရဲ့အထုပ္ပတ္တိကို ပြန်ပြောင်းပြောပြလိုက်ပါတယ်။ တစ်ရပ်ကွက်လုံးရဲ့ခိုင်းဘက် ‘ဘုံကျွန်’ ဘဝမှ သေအောက်အောင်အထိ စိတ်ညစ်ခဲ့ရပုံ၊ အနှိမ်ခံဘဝကို ရောက်ခဲ့ရပုံမှအစ သူဌေးကြီးဘဝကို ရောက်ရှိခဲ့ပုံအဆုံးကို အသေးစိတ်ရေးသားထားတဲ့ ဝတ္ထုရှည်ကြီးဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေအတွက် စိတ်ဓာတ်ခွန်အားပေးနိုင်ရုံမက ရသစာပေသဘောကိုပါ ခံစားမိစေတဲ့ ဝတ္ထုကြီးတစ်ပုဒ်ဖြစ်ပါတယ်။

 ပုဏ္ဏားဘကွန်း (မင်းသိင်္ခ)

ပုဏ္ဏားဘကွန်း (မင်းသိင်္ခ)

(၂) မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား (ဖေမြင့်)

ဆရာဖေမြင့်ရဲ့ ‘မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား’ စာအုပ်ဟာ ‘Reader Digest’ မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို ပြန်လည်စုစည်းပြီး ထုတ်ဝေထားတာဖြစ်ပါတယ်။ အောင်မြင်ကြီးပွားဖို့အတွက် ပထမဆုံးရှိရမယ့်အရာက ‘အောင်မြင်ချင်တဲ့စိတ်ဓာတ်’ ပဲဖြစ်ပါတယ်။ အောင်မြင်လိုစိတ်ရှိသူ၊ ရည်မှန်းချက်ကြီးမားသူနဲ့ စိတ်ဓာတ်ခိုင်မာသူတွေဟာ ဇွဲကြီးကြီးနဲ့ ကြိုးစားလိုက်တဲ့အခါ အောင်မြင်မှုပန်းတိုင်ကို ရောက်သွားတာဖြစ်ပါတယ်။ အောင်မြင်ဖို့ ကိုယ့်ပတ်ဝန်းကျင်မှာ ကျွမ်းကျင်လိမ္မာမှု၊ ပညာဉာဏ်ရှိမှုနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေဟာ မရှိမဖြစ်လိုအပ်ချက်တွေပါ။ နာမည်ကျော် ဂစ်တာသမား လက်စ်ပေါလ် (Les Paul) ၊ စူးစမ်းရှာဖွေရေးသမား ရွိုင်းချက်မန်းအန်ဒရူး (Roy Chapman Andrews) နဲ့ စာရေးဆရာ ဟမ်ဖရီ ဖရန်စစ် အဲလစ် (Humphry Francis Ellis) တို့လို ပုဂ္ဂိုလ်ကျော်တွေရဲ့ ဘဝအခက်အခဲနဲ့ ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ အသေးစိတ်ရေးသားထားတဲ့အတွက် ဆယ်ကျော်သက်တွေ ဖတ်ရှုသင့်ပါတယ်လို့ ညွှန်းပါရစေ။

 မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား (ဖေမြင့်)

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား (ဖေမြင့်)

(၃)  မာန် (ဒေါက်တာဖြိုးသီဟ)

လူငယ်စာရေးဆရာ ဒေါက်တာဖြိုးသီဟရဲ့ မာန်ဆိုတဲ့စာအုပ်ကလည်း ဆယ်ကျော်သက်တွေ ဖတ်ရှုထိုက်ပါတယ်။ လူငယ်တွေအတွက် ဘဝမှာ ဘယ်လိုအားနည်းချက်တွေ ရှိပါစေ၊ အားမငယ်ကြဖို့ သတ္တိရှိရှိရင်ဆိုင်ဖြေရှင်းကြဖို့ကို အဓိကရေးသားထားပါတယ်။ “မာန်” ၊ “နှမ်းတစ်စေ့မဟုတ်တဲ့ ခဲတစ်လုံး”၊ “ လူ (၃) မျိုး”၊ “ကိုယ့်ဘဝရဲ့ မီးအိမ်ရှင်” ၊ “ကိုယ့်ဘဝနဲ့ကိုယ်” ၊ “ ကြိုးစားဖို့က နံပါတ် ၁” စတဲ့ ခေါင်းစဉ်တွေကလည်း စိတ်ဝင်စားစရာကောင်းရုံမက စိတ်ဓာတ်ကျအားငယ်နေတဲ့ ဆယ်ကျော်သက်တိုင်း လက်စွဲဆောင်ထားရမယ့် စာအုပ်တစ်အုပ်ပါလို့ ညွှန်းချင်ပါတယ်။

မာန် (ဒေါက်တာဖြိုးသီဟ)

မာန် (ဒေါက်တာဖြိုးသီဟ)

(၄) ပါပီလွန်နှင့် ဗင်ကို (ဦးလှဝင်း – လေသူရဲတစ်ဦး)

ပြင်သစ်စာရေးဆရာကြီး ဟင်နရီချာရီးယာ (Henri Charrière) ရဲ့ ‘Papillon and Banco’ ဖြစ်ရပ်မှန်စွန့်စားခန်းဝတ္ထုကြီးကို ဦးလှဝင်း (လေသူရဲတစ်ဦး) က ဘာသာပြန်ဆိုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ပြင်သစ်အကျဉ်းစခန်းမှာ (၁၃) နှစ်တိတိ အကျဉ်းကျနေတဲ့ ပါပီလွန် (Papillon) တစ်ယောက် လွတ်မြောက်အောင် ဘယ်လိုပြေးထွက်ခဲ့သလဲဆိုတာ စိတ်ဓာတ်ခွန်အားဖြစ်ဖွယ် ရေးသားထားပါတယ်။ စွန့်စားခန်းဝတ္ထုဖြစ်တာနဲ့အညီ ဇာတ်ကောင်ရဲ့ လှုပ်ရှားမှုနဲ့အတူ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။ ဘယ်လိုပဲ ကျရှုံးခဲ့ပါစေ နောက်မဆုတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုလည်း အတိုင်းသားတွေ့မြင်ခဲ့ရပါတယ်။

ပါပီလွန်နှင့် ဗင်ကို (ဦးလှဝင်း - လေသူရဲတစ်ဦး)

ပါပီလွန်နှင့် ဗင်ကို (ဦးလှဝင်း – လေသူရဲတစ်ဦး)

(၅) သားငယ်တို့ နားလည်ဖို့ (အတ္တကျော်)

ဆရာအတ္တကျော်ရဲ့ ‘သားငယ်တို့ နားလည်ဖို့’ စာအုပ်ဟာ ဆယ်ကျော်သက်တွေ ခန္ဓာကိုယ်ဖွံ့ဖြိုးလာပုံ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာပုံနဲ့ အဲဒီပြောင်းလဲမှုတွေကို နားမလည်ရင် ရောဂါဆိုးတွေ ကပ်ငြိလာတတ်ပုံတွေကို ပညာပေးထားပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ သိသင့်သိထိုက်တဲ့ ‘လိင်ပညာပေး’ ကို အသားပေးဖော်ပြထားတဲ့အတွက် စာအုပ်ထဲမှာ နားရှက်စရာ အသုံးအနှုန်းတွေ ပါနိုင်ပါတယ်။ (စာရေးဆရာကိုယ်တိုင်လည်း စကားလုံးမကြမ်းအောင် အတက်နိုင်ဆုံး ရေးသားထားပါတယ်လို့ ဝန်ခံထားပါတယ်။)

သားငယ်တို့ နားလည်ဖို့ (အတ္တကျော်)

သားငယ်တို့ နားလည်ဖို့ (အတ္တကျော်)

“သားတို့အရွယ် ယောက်ျားပျိုလေးတွေက ကြမ်းကြမ်းတမ်းတမ်းနဲ့ ခက်ထန်မာကြောတဲ့သူတွေကို လူစွမ်းကောင်းအဖြစ် ကိုးကွယ်တတ်ကြတယ်။ သက်စွန့်ဆံဖျား စွန့်စားပြတာတွေ၊ လက်သီးထိုးတာလို၊ သိုင်းကစားပြတာလိုမျိုးတွေနဲ့ သတ်ရဲပုတ်ရဲတာတွေလည်း သားတို့အရွယ် ကြီးကောင်ဝင်စ ယောက်ျားပျိုလေးတွေက အထင်ကြီးတတ်ကြသေးတယ်။ Sylvester Stallone ၊ Steven Seagal ၊ Van Damme ၊ Arnold နဲ့ Jet Li တို့ဆိုရင် တစ်ကမ္ဘာလုံးက လူပျိုပေါက်စတွေရဲ့အားကျတာကို ခံရတဲ့သူတွေပါပဲ။ သူတို့တွေရဲ့လက်ရုံးရည်ထက် နှလုံးရည်ကို ထဲထဲဝင်ထင်ရှုမြင်သုံးသပ်ပြီး အားကျတာမျိုးက ပိုပြီးသဘာဝမကျပေဘူးလား သားရယ်” ဆိုတဲ့ စာပိုဒ်လေးက ဆယ်ကျော်သက်တွေအတွက် အသိပညာဖြစ်ဖွယ် ကောင်းပါတယ်။

ကဲ . . ဒါတွေကတော့ သီတင်းကျွတ်ပိတ်ရက်မှာ အနားယူတုန်း ညီငယ်၊ ညီမငယ်တွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတွေသလို ကိုကိုမမတွေလည်း ဖတ်သင့်ပါတယ်။ အင်တာနက်မှာ အလွယ်တကူဖတ်ရှုနိုင်ပေမယ့် ဈေးမကြီးတဲ့အတွက် ဝယ်ဖတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ စာဖတ်သူတွေရဲ့စိတ်ထဲမှာ အကြိုက်ဆုံးစာအုပ်များရှိရင် Comment မှာ ဝေငှသွားပါလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com