[Zawgyi]

သက္လတ္ပိုင္း မင္းသမီးေခ်ာ Kareena Kapoor ရဲ႕ စတိုင္က်လွပျခင္း လ်ဳိ႕ ဝွက္ခ်က္မ်ား

ေဘာလိဝုဒ္စူပါစတား မင္းသမီးေခ်ာ Kareena Kapoor ဟာ ထိပ္တန္းသရုပ္ေဆာင္စြမ္းရည္ေတြေၾကာင္႔သာ နာမည္ႀကီးတာမဟုတ္ဘဲ ယဥ္စစနဲ႔ သက္လတ္ပိုင္းအရြယ္ေရာက္တဲ႔အထိ က်က္သေရရွိရွိလွပေနတဲ႔အတြက္ေၾကာင္႔ပါ ခုခ်ိန္ထိ အႏုပညာနယ္ပယ္မွာ နာမည္ေက်ာ္ၾကားေနရျခင္း ျဖစ္ပါတယ္။ဒါ့အျပင္ သူမဟာ ေဘာလိဝုဒ္ရဲ႕ ဖက္ရွင္ဘုရင္မအေနနဲ႔ ေက်ာ္ၾကားတဲ႔အျပင္ ယဥ္ယဥ္ေလးနဲ႔ဆန္းတဲ႔ သူမရဲ႕ မိတ္ကပ္အျပင္အဆင္ေတြေၾကာင္႔လည္း အလွအပနဲ႔ ဖက္ရွင္ခ်စ္သူေတြၾကားမွာ နာမည္ေက်ာ္ၾကားလို႔ ေနပါတယ္။

သူမဆီမွာ လူတိုင္းအားက်ရတဲ႔ ေတာက္ပၾကည္လင္ေခ်ာေမြ႔တဲ႔ အသားအေရကို ပိုင္ဆိုင္ထားပါတယ္။ေတာက္ပၾကည္လင္တဲ႔ အသားအေရရဲ႕ ေနာက္ကြယ္ကလ်ဳိ႕ဝွက္ခ်က္က ဘာမ်ားလဲဆိုၿပီး လူေတြဝိုင္းေမးၾကတဲ႔အခါ ထူးထူးျခားျခား လွ်ဳိ႕ဝွက္ခ်က္မရွိဘဲ သူမတို႔ မ်ဳိးရုိးေၾကာင္႔ ဒီလိုအသားအေရကို ပိုင္ဆိုင္ခြင့္ရတာ ျဖစ္ပါတယ္။ ေရက်က္ေအးကို ေန႔စဥ္ အနည္းဆံုးေျခာက္ခြက္ေလာက္ေသာက္ျခင္းကလည္း ဒီလိုအသားအေရပိုင္ဆိုင္ေအာင္ တစ္ဖက္တစ္လမ္းကေန အကူအညီေပးပါတယ္။ မိတ္ကပ္အကူအညီကို အျမဲလိုလိုမယူဘဲ သဘာဝအတိုင္းလွေနဖို႔ သဘာဝနဲ႔ပစၥည္းေတြနဲ႔သာ အမ်ားဆံုးျပဳလုပ္ထားတဲ႔ အလွကုန္ေတြကိုသာ ေရြးခ်ယ္အသံုးျပဳပါတယ္။ ပံုမွန္ထသြားထလာဆို မိတ္ကပ္မလိမ္းဘဲ Skin Care Product ေတြျဖစ္တဲ႔ Moisture ၊ Anti-ageing Cream နဲ႔ Sunscreen တို႔ေလာက္သာ လိမ္းၿပီး ေရေမႊးဆႊတ္ကာ အျပင္သြားေလ႔ရွိပါတယ္။

လွပမႈဆိုတဲ႔ေနရာမွာလည္း မ်က္ႏွာေလးလွေနရုံနဲ႔တင္မကဘဲ ခႏၶာကိုယ္အခ်ုိးအစားက်နၿပီး က်စ္လွစ္ေနမွသာ ၿပီးျပည္႔စံုတဲ႔ အလွကို ပိုင္ဆိုင္တာျဖစ္ပါတယ္။ Kareena Kapoor ဟာ အဲ႔ဒီလို ျပည့္စံုတဲ႔ အလွပိုင္ရွင္ ျဖစ္ပါတယ္။ အခ်ဳိးအစားက်က်နန ခႏၶာကိုယ္ရရွိဖို႔ သူမမွာထူးထူးျခားျခား လ်ွဳိ႕ဝွက္ခ်က္ေတြ မရွိပါဘူး။သူမဟာ Vegetarian တစ္ေယာက္ျဖစ္တဲ႔အတြက္ ကိုယ္ခႏၶာအခ်ုိးက် လွပဖို႔အတြက္ အေထြအထူး ထိန္းသိမ္းဖို႔ မလိုေတာ့ပါဘူး။ သူမဟာ Broccoli ၊ ဟင္းႏုႏြယ္ အစရွိတဲ႔ ဟင္းသီးဟင္းရြက္ေတြကို အမ်ားဆံုး စားသံုးေလ့ရွိၿပီး Diet လုပ္ဖို႔အတြက္နဲ႔ ဘယ္ေတာ့မွ ကာဗြန္ဟိုက္ဒရိတ္ကို ျဖတ္ေတာက္ေလ့မရွိပါဘူး။ညစာကိုေတာ့ ဆန္လံုးညိဳ (သို႔) ခ်ပါတီကို ပဲဟင္းနဲ႔စားတတ္ၿပီး ဒိန္ခ်ဥ္ကို ပံုမွန္ေသာက္ေလ့ရွိပါတယ္။

ေဘာလိဝုဒ္မင္းသမီး Kareena Kapoor ရ႕ဲ အလွအပေရးရာကိုေျပာရမယ္ဆိုရင္ ဒုတိယမ်က္ႏွာျဖစ္တဲ႔ ဆံပင္ရဲ႕အလွကိုလည္း ခ်န္ထားလို႔မရပါဘူး။ဆံသားထူထဲလွပျခင္းဟာသူမရဲ႕ အားသာခ်က္ေတြထဲက တစ္ခုျဖစ္ၿပီး အဲ႔ဒီလို လွပေအာင္ ဦးေရျပားကို အဆီတစ္ခုခုနဲ႔ အနည္းဆံုးတစ္လတစ္ႀကိမ္ႏွိပ္နယ္ေပးပါတယ္။အဲဒီလိုႏွိပ္နယ္တဲ႔အခါမွာ အသံုးျပဳေလ႔ရွိတဲ႔ အဆီေတြကေတာ့ သံလြင္ဆီ ၾကက္ဆူဆီ အုန္းဆီတို႔ ျဖစ္ၾကပါတယ္။ ဒီလိုဦးေရျပား ႏွိပ္နယ္ေပးျခင္းဟာ ေသြးလည္ပတ္မႈကိုေကာင္းေစၿပီး ဆံေကသာေတြကိုလည္း သန္စြမ္းက်န္းမာေစပါတယ္။

ဖက္ရွင္က်ေအာင္ ဝတ္စားဆင္ယင္တတ္ျခင္းဟာလည္း လွပမႈွကို အေထာက္အကူ အမ်ားႀကီး ျဖစ္ေစပါတယ္။ သူမဟာ ဖက္ရွင္က်ေအာင္ တမင္တကာႀကီး လုပ္ယူေလ႔မရွိပါဘူး။သူေနရာနဲ႔သူ လိုက္ဖက္မႈရွိေအာင္ ဝတ္စားဆင္ယင္တတ္တဲ႔အတြက္ ဖက္ရွင္က်တယ္လို႔ သတ္မွတ္ခံရျခင္း ျဖစ္ပါတယ္။ထသြားထလာဆို တီရွပ္နဲ႔ ဂ်င္းေဘာင္းဘီ (သို႔) Party Dress မ်ဳိးဝတ္ဆင္တတ္ပါတယ္။သူမအႀကိဳက္ဆံုး ဒီဇိုင္နာေတြကေတာ့ Roberto Cavalli ၊ Valentino နဲ႔ Manish Malhotra တို႔ျဖစ္ၾကပါတယ္။သူမစုေဆာင္းေလ့ရွိတဲ႔ ဖိနပ္ေတြကေတာ့ YSL ၊ Christian Louboutin နဲ႔ Hermes တို႔ျဖစ္ပါတယ္။

ဒီေလာက္ဆိုရင္ အသက္ (၃၈) ႏွစ္အရြယ္ သက္လတ္ပိုင္း ေဘာလိဝုဒ္စတားရဲ႕ ယဥ္စစနဲ႔ က်စ္လွစ္အခ်ုိးက်လွပေနရတဲ႔ လ်ွဳိ႕ဝွက္ခ်က္ေတြကို သိရွိသြားၿပီဆိုေတာ့ ကိုယ္ေတြလည္း အလွႀကီးလွဖို႔အတြက္ သူတို႔နည္းလမ္းေတြကို အတုခိုးၿပီး စုတုျပဳကာ အလွဆံုးျဖစ္ေအာင္ ေနထိုင္ၾကည္႔ရေအာင္။

H.H(Akhayar)

www.akhayar.com

[Unicode]

သက်လတ်ပိုင်း မင်းသမီးချော Kareena Kapoor ရဲ့ စတိုင်ကျလှပခြင်း လျို့ ဝှက်ချက်များ

ဘောလိဝုဒ်စူပါစတား မင်းသမီးချော Kareena Kapoor ဟာ ထိပ်တန်းသရုပ်ဆောင်စွမ်းရည်တွေကြောင့်သာ နာမည်ကြီးတာမဟုတ်ဘဲ ယဉ်စစနဲ့ သက်လတ်ပိုင်းအရွယ်ရောက်တဲ့အထိ ကျက်သရေရှိရှိလှပနေတဲ့အတွက်ကြောင့်ပါ ခုချိန်ထိ အနုပညာနယ်ပယ်မှာ နာမည်ကျော်ကြားနေရခြင်း ဖြစ်ပါတယ်။ဒါ့အပြင် သူမဟာ ဘောလိဝုဒ်ရဲ့ ဖက်ရှင်ဘုရင်မအနေနဲ့ ကျော်ကြားတဲ့အပြင် ယဉ်ယဉ်လေးနဲ့ဆန်းတဲ့ သူမရဲ့ မိတ်ကပ်အပြင်အဆင်တွေကြောင့်လည်း အလှအပနဲ့ ဖက်ရှင်ချစ်သူတွေကြားမှာ နာမည်ကျော်ကြားလို့ နေပါတယ်။

သူမဆီမှာ လူတိုင်းအားကျရတဲ့ တောက်ပကြည်လင်ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်ထားပါတယ်။တောက်ပကြည်လင်တဲ့ အသားအရေရဲ့ နောက်ကွယ်ကလျို့ဝှက်ချက်က ဘာများလဲဆိုပြီး လူတွေဝိုင်းမေးကြတဲ့အခါ ထူးထူးခြားခြား လျှို့ဝှက်ချက်မရှိဘဲ သူမတို့ မျိုးရိုးကြောင့် ဒီလိုအသားအရေကို ပိုင်ဆိုင်ခွင့်ရတာ ဖြစ်ပါတယ်။ ရေကျက်အေးကို နေ့စဉ် အနည်းဆုံးခြောက်ခွက်လောက်သောက်ခြင်းကလည်း ဒီလိုအသားအရေပိုင်ဆိုင်အောင် တစ်ဖက်တစ်လမ်းကနေ အကူအညီပေးပါတယ်။ မိတ်ကပ်အကူအညီကို အမြဲလိုလိုမယူဘဲ သဘာဝအတိုင်းလှနေဖို့ သဘာဝနဲ့ပစ္စည်းတွေနဲ့သာ အများဆုံးပြုလုပ်ထားတဲ့ အလှကုန်တွေကိုသာ ရွေးချယ်အသုံးပြုပါတယ်။ ပုံမှန်ထသွားထလာဆို မိတ်ကပ်မလိမ်းဘဲ Skin Care Product တွေဖြစ်တဲ့ Moisture ၊ Anti-ageing Cream နဲ့ Sunscreen တို့လောက်သာ လိမ်းပြီး ရေမွှေးဆွှတ်ကာ အပြင်သွားလေ့ရှိပါတယ်။

လှပမှုဆိုတဲ့နေရာမှာလည်း မျက်နှာလေးလှနေရုံနဲ့တင်မကဘဲ ခန္ဓာကိုယ်အချိုးအစားကျနပြီး ကျစ်လှစ်နေမှသာ ပြီးပြည့်စုံတဲ့ အလှကို ပိုင်ဆိုင်တာဖြစ်ပါတယ်။ Kareena Kapoor ဟာ အဲ့ဒီလို ပြည့်စုံတဲ့ အလှပိုင်ရှင် ဖြစ်ပါတယ်။ အချိုးအစားကျကျနန ခန္ဓာကိုယ်ရရှိဖို့ သူမမှာထူးထူးခြားခြား လျှို့ဝှက်ချက်တွေ မရှိပါဘူး။သူမဟာ Vegetarian တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ခန္ဓာအချိုးကျ လှပဖို့အတွက် အထွေအထူး ထိန်းသိမ်းဖို့ မလိုတော့ပါဘူး။ သူမဟာ Broccoli ၊ ဟင်းနုနွယ် အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို အများဆုံး စားသုံးလေ့ရှိပြီး Diet လုပ်ဖို့အတွက်နဲ့ ဘယ်တော့မှ ကာဗွန်ဟိုက်ဒရိတ်ကို ဖြတ်တောက်လေ့မရှိပါဘူး။ညစာကိုတော့ ဆန်လုံးညို (သို့) ချပါတီကို ပဲဟင်းနဲ့စားတတ်ပြီး ဒိန်ချဉ်ကို ပုံမှန်သောက်လေ့ရှိပါတယ်။

ဘောလိဝုဒ်မင်းသမီး Kareena Kapoor ရဲ့ အလှအပရေးရာကိုပြောရမယ်ဆိုရင် ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ရဲ့အလှကိုလည်း ချန်ထားလို့မရပါဘူး။ဆံသားထူထဲလှပခြင်းဟာသူမရဲ့ အားသာချက်တွေထဲက တစ်ခုဖြစ်ပြီး အဲ့ဒီလို လှပအောင် ဦးရေပြားကို အဆီတစ်ခုခုနဲ့ အနည်းဆုံးတစ်လတစ်ကြိမ်နှိပ်နယ်ပေးပါတယ်။အဲဒီလိုနှိပ်နယ်တဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့ အဆီတွေကတော့ သံလွင်ဆီ ကြက်ဆူဆီ အုန်းဆီတို့ ဖြစ်ကြပါတယ်။ ဒီလိုဦးရေပြား နှိပ်နယ်ပေးခြင်းဟာ သွေးလည်ပတ်မှုကိုကောင်းစေပြီး ဆံကေသာတွေကိုလည်း သန်စွမ်းကျန်းမာစေပါတယ်။

ဖက်ရှင်ကျအောင် ဝတ်စားဆင်ယင်တတ်ခြင်းဟာလည်း လှပမှုှကို အထောက်အကူ အများကြီး ဖြစ်စေပါတယ်။ သူမဟာ ဖက်ရှင်ကျအောင် တမင်တကာကြီး လုပ်ယူလေ့မရှိပါဘူး။သူနေရာနဲ့သူ လိုက်ဖက်မှုရှိအောင် ဝတ်စားဆင်ယင်တတ်တဲ့အတွက် ဖက်ရှင်ကျတယ်လို့ သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။ထသွားထလာဆို တီရှပ်နဲ့ ဂျင်းဘောင်းဘီ (သို့) Party Dress မျိုးဝတ်ဆင်တတ်ပါတယ်။သူမအကြိုက်ဆုံး ဒီဇိုင်နာတွေကတော့ Roberto Cavalli ၊ Valentino နဲ့ Manish Malhotra တို့ဖြစ်ကြပါတယ်။သူမစုဆောင်းလေ့ရှိတဲ့ ဖိနပ်တွေကတော့ YSL ၊ Christian Louboutin နဲ့ Hermes တို့ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် အသက် (၃၈) နှစ်အရွယ် သက်လတ်ပိုင်း ဘောလိဝုဒ်စတားရဲ့ ယဉ်စစနဲ့ ကျစ်လှစ်အချိုးကျလှပနေရတဲ့ လျှို့ဝှက်ချက်တွေကို သိရှိသွားပြီဆိုတော့ ကိုယ်တွေလည်း အလှကြီးလှဖို့အတွက် သူတို့နည်းလမ်းတွေကို အတုခိုးပြီး စုတုပြုကာ အလှဆုံးဖြစ်အောင် နေထိုင်ကြည့်ရအောင်။

H.H(Akhayar)

www.akhayar.com