[Zawgyi]

Queen ပရိသတ္ေတြ အၾကိဳက္ေတြ႔ေစမယ့္ ‘Bohemian Rhapsody’ ရုပ္ရွင္ရဲ့ Teaser Trailer ထြက္ေပၚ

၁၉၇၀ ခုႏွစ္က စတင္တည္ေထာင္ခဲ့ျပီးေတာ့ ဝုိင္းသားေတြအေနနဲ႔  Freddie Mercury ၊ Brian May ၊ Roger Taylor နဲ႔ John Deacon တို႔နဲ႔ ဖြဲ႔စည္းခဲ့တဲ့ Queen အဖြဲ႔ဟာ “Bohemian Rhapsody’ ၊ ‘We Will Rock You’ တို႔လို သီခ်င္းေတြနဲ႔ ဂီတၾသဇာအရွိန္အဝါအရမ္းကို ၾကီးမားတဲ့ Rock Band တစ္ခုျဖစ္ပါတယ္။

Queen Band

အခုေတာ့ Queen ပရိသတ္ေတြအတြက္ ‘Bohemian Rhapsody’ ဆိုတဲ့ Queen ရဲ့ အတၳဳပတၱိနဲ႔ ၁၉၈၅ မွာ လုပ္ခဲ့တဲ့ Live Aid ရႈိးအေၾကာငး္ရိုက္ကူးထားတဲ့ ဇာတ္ကားကို 20th Century Fox က တင္ဆက္ေပးလိုက္ပါျပီ။

Freddy Mercury

ဒီဇာတ္ကားမွာ ေခါင္းေဆာင္အဆုိေတာ္ျဖစ္တဲ့ Freddie Mercury ေနရာအတြက္ Mr. Robot ဇာတ္ကားရဲ့ သရုပ္ေဆာင္ Rami Malek က သရုပ္ေဆာင္ထားတာ ျဖစ္ျပီး ဒီဇာတ္ကားအတြက္ Freddie Mercury ျဖစ္ေအာင္ သူအတတ္ႏုိင္ဆံုးၾကိဳးစားထားတယ္လို႔လည္း ဆိုပါတယ္။

rami malek as freddie mercury

‘Bohemian Rhapsody’ဇာတ္ကားကို ၂၀၁၀ ခုႏွစ္က စတင္ရုိက္ကူးခဲ့တာျဖစ္ျပီး အစတုန္းကေတာ့ Freddie Mercury ေနရာအတြက္ မင္းသား Sacha Baron Cohen ကို လ်ာထားခဲ့ျပီး ၂၀၁၃ ခုႏွစ္မွာေတာ့ Baron Cohen က ဆက္သရုပ္မေဆာင္ေတာ့ဘဲ ႏႈတ္ထြက္သြားခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ Queen ရဲ့ ဝုိင္းေတာ္သားေဟာင္းေတြနဲ႔ သေဘာထားအျမင္ေတြ မတူညီလို႔ပါတဲ့။

Sacha Baron as Freddie Mercury

ၾကားထဲမွာ သရုပ္ေဆာင္ေတြနဲ႔ ထုတ္လုပ္ေရးအေျပာင္းအလဲေတြ အမ်ားၾကီး ျဖစ္ျပီးမွ Rami Malek ကို Freddie Mercury အျဖစ္ သရုပ္ေဆာင္မယ္လို႔ ၂၀၁၆ ႏုိဝင္ဘာမွ ေၾကညာႏုိင္ခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ Bohemian Rhapsody ရဲ့ Teaser Trailer ထြက္ရွိလာခဲ့ျပီး လက္ရွိ YouTube မွာ Trending No.1 အေနနဲ႔ ၁၆နာရီအတြင္း ၾကည့္ရႈမႈအၾကိမ္ေရ ၃.၅ သန္းရွိေနျပီ ျဖစ္ပါတယ္။

Teaser Trailer ကို ၾကည့္မိရင္ေတာ့ Rami Malek ရဲ့ အသြင္အျပင္နဲ႔ သရုပ္ေဆာင္မႈေတြဟာ Freddie Mercury နဲ႔ တူညီတာကို ေတြ႔ရမွာ ျဖစ္ျပီး Queen ရဲ႕ အႏုပညာပံုရိပ္ေတြနဲ႔ သီခ်င္းေတြကို ေတြ႔ရမွာလည္း အေသအခ်ာပဲ ျဖစ္ပါတယ္။

ဒီလို ခမ္းနားတဲ့ Rock Band တစ္ခုျဖစ္တဲ့ Queen ရဲ့ Freddie Mercury ဟာ AIDS ေရာဂါရဲ့ ေနာက္ဆက္တြဲေရာဂါေတြနဲ႔ ၁၉၉၁ ခုႏွစ္မွာ ေသဆံုးခဲ့ပါတယ္။

Freddie Mercury မေသဆံုးခင္ ေဖာ်္ေျဖခဲ့စဥ္က

Freddie Mercury အလြမ္းေျပ ‘Bohemian Rhapsody’ ကိုေတာ့ ၂၀၁၈ ခုႏွစ္ႏုိဝင္ဘာလ ၂ရက္ေန႔မွာ စတင္ျပသမယ္လို႔ သိရပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : theguardian.com
[Unicode]

Queen ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ‘Bohemian Rhapsody’ ရုပ်ရှင်ရဲ့ Teaser Trailer ထွက်ပေါ်

၁၉၇၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီးတော့ ဝိုင်းသားတွေအနေနဲ့  Freddie Mercury ၊ Brian May ၊ Roger Taylor နဲ့ John Deacon တို့နဲ့ ဖွဲ့စည်းခဲ့တဲ့ Queen အဖွဲ့ဟာ “Bohemian Rhapsody’ ၊ ‘We Will Rock You’ တို့လို သီချင်းတွေနဲ့ ဂီတသြဇာအရှိန်အဝါအရမ်းကို ကြီးမားတဲ့ Rock Band တစ်ခုဖြစ်ပါတယ်။

Queen Band

အခုတော့ Queen ပရိသတ်တွေအတွက် ‘Bohemian Rhapsody’ ဆိုတဲ့ Queen ရဲ့ အတ္ထုပတ္တိနဲ့ ၁၉၈၅ မှာ လုပ်ခဲ့တဲ့ Live Aid ရှိုးအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားကို 20th Century Fox က တင်ဆက်ပေးလိုက်ပါပြီ။

Freddy Mercury

ဒီဇာတ်ကားမှာ ခေါင်းဆောင်အဆိုတော်ဖြစ်တဲ့ Freddie Mercury နေရာအတွက် Mr. Robot ဇာတ်ကားရဲ့ သရုပ်ဆောင် Rami Malek က သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒီဇာတ်ကားအတွက် Freddie Mercury ဖြစ်အောင် သူအတတ်နိုင်ဆုံးကြိုးစားထားတယ်လို့လည်း ဆိုပါတယ်။

rami malek as freddie mercury

‘Bohemian Rhapsody’ဇာတ်ကားကို ၂၀၁၀ ခုနှစ်က စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အစတုန်းကတော့ Freddie Mercury နေရာအတွက် မင်းသား Sacha Baron Cohen ကို လျာထားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ Baron Cohen က ဆက်သရုပ်မဆောင်တော့ဘဲ နှုတ်ထွက်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Queen ရဲ့ ဝိုင်းတော်သားဟောင်းတွေနဲ့ သဘောထားအမြင်တွေ မတူညီလို့ပါတဲ့။

Sacha Baron as Freddie Mercury

ကြားထဲမှာ သရုပ်ဆောင်တွေနဲ့ ထုတ်လုပ်ရေးအပြောင်းအလဲတွေ အများကြီး ဖြစ်ပြီးမှ Rami Malek ကို Freddie Mercury အဖြစ် သရုပ်ဆောင်မယ်လို့ ၂၀၁၆ နိုဝင်ဘာမှ ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Bohemian Rhapsody ရဲ့ Teaser Trailer ထွက်ရှိလာခဲ့ပြီး လက်ရှိ YouTube မှာ Trending No.1 အနေနဲ့ ၁၆နာရီအတွင်း ကြည့်ရှုမှုအကြိမ်ရေ ၃.၅ သန်းရှိနေပြီ ဖြစ်ပါတယ်။

Teaser Trailer ကို ကြည့်မိရင်တော့ Rami Malek ရဲ့ အသွင်အပြင်နဲ့ သရုပ်ဆောင်မှုတွေဟာ Freddie Mercury နဲ့ တူညီတာကို တွေ့ရမှာ ဖြစ်ပြီး Queen ရဲ့ အနုပညာပုံရိပ်တွေနဲ့ သီချင်းတွေကို တွေ့ရမှာလည်း အသေအချာပဲ ဖြစ်ပါတယ်။

ဒီလို ခမ်းနားတဲ့ Rock Band တစ်ခုဖြစ်တဲ့ Queen ရဲ့ Freddie Mercury ဟာ AIDS ရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေနဲ့ ၁၉၉၁ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။

Freddie Mercury မသေဆုံးခင် ဖောျ်ဖြေခဲ့စဉ်က

Freddie Mercury အလွမ်းပြေ ‘Bohemian Rhapsody’ ကိုတော့ ၂၀၁၈ ခုနှစ်နိုဝင်ဘာလ ၂ရက်နေ့မှာ စတင်ပြသမယ်လို့ သိရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : theguardian.com