[Zawgyi]

Gay Scenes ေတြေၾကာင့္ မေလးရွားမွာ ျပသဖို႔ ဆင္ဆာျဖတ္ခံလိုက္ရတဲ့ ‘Bohemian Rhapsody’

မေလးရွားမွာ ျပသဖို႔အတြက္ ‘Bohemian Rhapsody’ ရုပ္ရွင္ဇာတ္ကားရဲ႕ ပ်မ္းမွ် ၂၄မိနစ္ေလာက္ကို ျဖတ္ေတာက္ျခင္းခံလုိက္ရပါတယ္။ မေလးရွားဆင္ဆာဘုတ္အဖြဲ႔ဟာ ႏိုင္ငံရဲ႕ လိင္တူခ်င္းႏွစ္သက္မႈကို ဆန္႔က်င္တဲ့ ဥပေဒေတြအရ Freddie Mercury ရဲ႕ လိင္စိတ္တိမ္းညႊတ္မႈအေၾကာင္းပါဝင္တဲ့ အပိုင္းေတြကို ဖယ္ရွားခဲ့တာ ျဖစ္ပါတယ္။

Malay Mail သတင္းစာရဲ႕ အဆုိအရ Mercury (Rami Malek) ဟာ သူ႔ရဲ႕ ဇနီးေလာင္း Mary Austin (Lucy Boynton) ကို သူဟာ Bisexual ျဖစ္ေၾကာင္း ေျပာတဲ့ Scene ေတြကို တည္းျဖတ္ပစ္ခဲ့တာ ျဖစ္ပါတယ္။ Queen ပရိသတ္နဲ႔ ရုပ္ရွင္ပရိသတ္ေတြကေတာ့ ဒီလို ျဖတ္ေတာက္ျဖစ္တာဟာ ဇာတ္လမ္းကို ထိခုိက္ေစျပီး သူတို႔ရဲ႕ မေက်နပ္မႈကို Twitter မွာ ဖြင့္ထုတ္ခဲ့ၾကပါတယ္။

ဒီအျဖစ္အပ်က္ဟာ Mercury ရဲ႕ ပုဂၢိဳလ္ေရးဘဝကို ရုပ္ရွင္ရုိက္ကူးရာမွာ ေနာက္ဆံုးျဖစ္တဲ့ အျငင္းပြားဖြယ္ရာ ျဖစ္ရပ္လည္း ျဖစ္ပါတယ္။ ‘Bohemian Rhapsody’ ရဲ႕ First Trailer ထြက္တုန္းကလည္း အဲဒီမွာ Mercury နဲ႔ Austin တို႔ရဲ႕ အေၾကာင္းပဲ ေဖာ္ျပထားျပီး Mercury ရဲ႕ အမ်ိဳးသားခ်စ္သူအေၾကာင္းသိပ္မပါတဲ့အတြက္ Marketing ရည္ရြယ္ခ်က္နဲ႔ Gay Character ကို Straight အျဖစ္ေဖာ္ျပပစ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။

ဒီလိုေတြ ျဖစ္ေနေပမယ့္ Bohemian Rhapsody ဟာ Box Office မွာေတာ့ အေျခအေနေကာင္းေနျပီး US မွာ ေဒၚလာသန္း ၁၀၀ ေက်ာ္ရရွိေနပါျပီ။ ဒါဟာ အေမရိကန္ရုပ္ရွင္သမိုင္းမွာ ဂီတနဲ႔ ဆက္စပ္တဲ့ Biopic ေတြမွာ တတိယေျမာက္အေအာင္ျမင္ဆံုး ျဖစ္ျပီး ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိတဲ့ Straight Outta Compton နဲ႔ ၂၀၀၅ ခုႏွစ္က ထြက္ရွိတဲ့ Walk the Line ရဲ႕ ေနာက္မွာ ကပ္လုိက္ေနပါတယ္။ လက္ရွိ Bohemian Rhapsody ရဲ႕ ကမာၻတဝွမ္းဝင္ေငြကေတာ့ ေဒၚလာ ၂၈၆ သနးေက်ာ္နဲ႔ ေအာင္ပြဲခံေနဆဲပါဗ်ား။

Yoe Lu (Akhayar)

www.akhayar.com

Source : ultimateclassicrock.com

[Unicode]

Gay Scenes တွေကြောင့် မလေးရှားမှာ ပြသဖို့ ဆင်ဆာဖြတ်ခံလိုက်ရတဲ့ ‘Bohemian Rhapsody’

မလေးရှားမှာ ပြသဖို့အတွက် ‘Bohemian Rhapsody’ ဇာတ်ကားရဲ့ ပျမ်းမျှ ၂၄မိနစ်လောက်ကို ဖြတ်တောက်ခြင်းခံလိုက်ရပါတယ်။ မလေးရှားဆင်ဆာဘုတ်အဖွဲ့ဟာ နိုင်ငံရဲ့ လိင်တူချင်းနှစ်သက်မှုကို ဆန့်ကျင်တဲ့ ဥပဒေတွေအရ Freddie Mercury ရဲ့ လိင်စိတ်တိမ်းညွှတ်မှုအကြောင်းပါဝင်တဲ့ အပိုင်းတွေကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

Malay Mail သတင်းစာရဲ့ အဆိုအရ Mercury (Rami Malek) ဟာ သူ့ရဲ့ ဇနီးလောင်း Mary Austin (Lucy Boynton) ကို သူဟာ Bisexual ဖြစ်ကြောင်း ပြောတဲ့ Scene တွေကို တည်းဖြတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ Queen ပရိသတ်နဲ့ ရုပ်ရှင်ပရိသတ်တွေကတော့ ဒီလို ဖြတ်တောက်ဖြစ်တာဟာ ဇာတ်လမ်းကို ထိခိုက်စေပြီး သူတို့ရဲ့ မကျေနပ်မှုကို Twitter မှာ ဖွင့်ထုတ်ခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ဟာ Mercury ရဲ့ ပုဂ္ဂိုလ်ရေးဘဝကို ရုပ်ရှင်ရိုက်ကူးရာမှာ နောက်ဆုံးဖြစ်တဲ့ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ‘Bohemian Rhapsody’ ရဲ့ First Trailer ထွက်တုန်းကလည်း အဲဒီမှာ Mercury နဲ့ Austin တို့ရဲ့ အကြောင်းပဲ ဖော်ပြထားပြီး Mercury ရဲ့ အမျိုးသားချစ်သူအကြောင်းသိပ်မပါတဲ့အတွက် Marketing ရည်ရွယ်ချက်နဲ့ Gay Character ကို Straight အဖြစ်ဖော်ပြပစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီလိုတွေ ဖြစ်နေပေမယ့် Bohemian Rhapsody ဟာ Box Office မှာတော့ အခြေအနေကောင်းနေပြီး US မှာ ဒေါ်လာသန်း ၁၀၀ ကျော်ရရှိနေပါပြီ။ ဒါဟာ အမေရိကန်ရုပ်ရှင်သမိုင်းမှာ ဂီတနဲ့ ဆက်စပ်တဲ့ Biopic တွေမှာ တတိယမြောက်အအောင်မြင်ဆုံး ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ထွက်ရှိတဲ့ Straight Outta Compton နဲ့ ၂၀၀၅ ခုနှစ်က ထွက်ရှိတဲ့ Walk the Line ရဲ့ နောက်မှာ ကပ်လိုက်နေပါတယ်။ လက်ရှိ Bohemian Rhapsody ရဲ့ ကမ္ဘာတဝှမ်းဝင်ငွေကတော့ ဒေါ်လာ ၂၈၆ သနးကျော်နဲ့ အောင်ပွဲခံနေဆဲပါဗျား။

Yoe Lu (Akhayar)

www.akhayar.com

Source : ultimateclassicrock.com