၂၀၁၈ ခုနှစ်အောက်တိုဘာလ နဲ့ ၂၀၁၉ ခုနှစ် မတ်လမှာ အဖြစ်အပျက်ချင်းတူညီတဲ့လေယာဉ်ပျက်ကျမှု၂ခုဖြစ်ပေါ်ခဲ့ပါတယ်။ လေယာဉ်အမျိုးအစားကလည်းတူညီပြီး Boeing က ၂၀၁၆ မှာမိတ်ဆက်ခဲ့တဲ့ 737 Max 8 အမျိုးအစားလေယာဉ်တွေပါ။ ပိုဆိုးတာက လေယာဉ်အမျိုးအစားတူညီသလို ပျက်ကျတဲ့ပုံစံတွေကလည်းဆင်တူနေပါတယ်။ ၂၀၁၈ မှာပျက်ကျခဲ့တဲ့ Lion Airlines ကတော့ သို့လောသို့လောအတွေးတွေနဲ့ Human Error (လေယာဉ်မှူးအမှား) လား System Error (စက်ပိုင်းဆိုင်ရာချို့ယွင်းချက်) ကြောင့်လားဆိုပြီးမသေမချာဖြစ်နေခဲ့ပါတယ်။

737 Max 8

ဒါပေမယ့် ၂၀၁၉ မှာ Ethiopian Airlines ပျက်ကျမှုအပြီးမှာတော့ ဖြစ်ပုံဆင်တူနေခြင်း၊ ကနဦးစမ်းသပ်ပျံသန်းမှုတွေမှာ အမြန်နှုန်းဖော်ပြမှုမှားယွင်းနေခြင်း စတဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကိုအခြေခံပြီး အခုလိုပျက်ကျရတဲ့အကြောင်းရင်းက System Error ကြောင့်ဖြစ်တယ်ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ အဲ့တာကြောင့်ပဲ လေယာဉ်ပျက်ကျပြီး နာရီပိုင်းအတွင်းမှာ 787 Max 8 သုံးတဲ့နိုင်ငံတကာလေကြောင်းလိုင်းအတော်များများဟာ ခရီးစဉ်တွေဖျက်သိမ်းပြီးမြေပြင်မှာလုံးဝရပ်နား (Grounded) လုပ်ထားသလို တချို့နိုင်ငံတွေဆိုရင်လည်း ၄င်းတို့လေပိုင်နက်ထဲ Max 8 လေယာဉ်တွေဝင်ခွင့်မပေးတဲ့အထိတင်းကြပ်ခဲ့ပါတယ်။ မကြာသေးခင်ရပ်ပိုင်းကတော့ Boeing Company က လေယာဉ်ပျက်ကျရတဲ့အခြေခံအကြောင်းရင်းကိုရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒီချို့ယွင်းချက်ကို Software နဲ့ထိန်းညှိပြင်ဆင်နိုင်တော့မယ်လို့ဆိုပါတယ်။

737 Max 8 Cokpit

Boeing Company ဟာ 737 Max 8 လေယာဉ်တွေရဲ့လေယာဉ်အချက်ပေးစနစ် နဲ့ Flight Control System တွေကိုပြုပြင်ထားပြီး Pilot Training ကိုလည်းအဆင့်မြှင့်တင်ထားပြီဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ကပြောဆိုခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် October ကြုံခဲ့ရတဲ့ System Error ကြောင့် လေယာဉ်ပျက်ကျမှုမှုမျိုးထပ်မဖြစ်နိုင်အောင်အများကြီးပြုပြင်ပြောင်းလဲထားတယ်လို့ဆိုပါတယ်။ Boeing အနေနဲ့ ဒီတစ်ပါတ်အတွင်းမှာပဲ Software တွေကို Update လုပ်သွားပြီး FAA မှာဖြေဆိုရမယ့် Pilot အရည်အချင်းစစ်ပွဲကိုပိုမိုကောင်းမွန်လာအောင်ပြောင်းလဲသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ FAA ရဲ့ခွင့်ပြုချက်ရတာနဲ့ Software Update တွေကို Customer လေကြောင်းလိုင်းတွေဆီ ပို့ပေးသွားမှာဖြစ်ပါတယ်။

March လ ၁၀ ရက်နေ့ ၂၀၁၉ မှာ လေဆိပ်ကပျံတက်ပြီးမိနစ်ပိုင်းအတွင်းပျက်ကျခဲ့တဲ့ Ethiopian Airlines Boeing 737 Max 8

MAX 8 ရဲ့ Flight Control အတွက်ပြုပြင်မှုတွေပြုလုပ်တဲ့အခါမှာသိသိသာသာပြောင်းလဲသွားတာကတော့ လေယာဉ်ရဲ့အလိုအလျောက် Flight Control System ဖြစ်တဲ့ MCAS (Maneuvering Characteristics Augmentation System) ဟာအခု အရင်က ယူနစ်တစ်ခုစီကပဲ Data တွေပေးပို့နိုင်ခဲ့ပေမယ့် အခု Update မှာတော့ AoA Center နှစ်ခုလုံးစီကအချက်အလက်တွေကိုရရှိတော့မှာဖြစ်ပါတယ်။

MACS အလုပ်လုပ်ပုံ

AoA Centers တွေက 5.5 Degrees ထက်ပိုပြီးအတိမ်းအစောင်းမခံရင် MCAS ဟာ အလိုလျောက် Disable ဖြစ်သွားပြီးသူ့ Function ဖြစ်တဲ့ Stabilizer Nose (ဦးပိုင်းချိန်ညှိမှု) ကိုထိန်းချုပ်မှုပျောက်သွားမှာဖြစ်ပါတယ်။ အဲ့လို အလိုလျောက်ထိန်းချုပ်မှုမရှိတော့တဲ့အခါမှာ လေယာဉ်မှူးအနေနဲ့ လေယာဉ်ကိုလိုအပ်တဲ့ချိန်ညှိမှုတွေကိုပြန်လည်လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ (အရင် 737 Max 8 တွေပျက်ကျခဲ့တုန်းက အလိုလျောက်ထိန်းညှိတဲ့စနစ်က လေယာဉ်ဦးပိုင်း (Nose) ကို လေယာဉ်မှူးထိန်းချုပ်ခွင့်မပေးပဲ အပေါ်ကိုမတင်ပါတယ်၊ နောက်ဆက်တွဲပြဿနာကတော့ လေယာဉ်ဟာလိုအပ်တဲ့အရှိန်မရပဲ Stall ဖြစ်ပြီးမြေပြင်ကို အထိန်းအချုပ်ကင်းမဲ့စွာ အချိန်တိုအတွင်းဦးစိုက်ဆင်းလာပါတော့တယ်)

၂၀၁၈ ခု နှစ် အောက် တို ဘာ လ ( ၂၉ ) ရက်က လေဆိပ်ကပျံတက်ပြီးမိနစ်ပိုင်းအတွင်း ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားပိုင် Lion Air လေယာဉ် Boeing 747 Max 8

Boeing ဟာ Flight Control Display တွေထဲမှာ AoA Centers တွေကိုညွှန်ပြတဲ့ Indicator တွေထည့်သွားမှာဖြစ်ပါတယ်။ ဒါမှသာ Pilot တွေဟာ AoA Centers ရဲ့အချက်ပေးမှုကို လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 737 Max 8 တွေအားလုံးကို MCAS System နဲ့ပတ်သက်တဲ့ Training တွေပြုလုပ်ပေးသွားဦးမှာပဲဖြစ်ပါတယ်။ Boeing အနေနဲ့ အခုလို Software Update နဲ့ Flight Control ပြဿနာတွေကိုဖြေရှင်းပေးနိုင်မလား၊ အလျော်အစားကြီးတဲ့ Software Update တစ်ခုဖြစ်လေ့လာစောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Ref; SLASHDOT

SiD (Akhayar)

www.akhayar.com