အခုနောက်ပိုင်း Display အောက်မှာ Fingerprint ထည့်သွင်းထားတဲ့ Under-Display နည်းပညာဟာ Flagship စမတ်ဖုန်းတွေအပြင် ဖုန်းတော်တော်များများမှာ ပါဝင်လာပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ Flagship ဖုန်းတွေနဲ့ High-end Mid Range ဖုန်းတွေမှာပဲ ပါနေသေးတာပါ။


ဒါကလည်း အခုအချိန်အထိ Under-Display Fingerprint ကိုအသုံးပြုဖို့အတွက်က OLED Display ဖြစ်နေဖို့လိုအပ်တာဖြစ်ပြီးတော့ အဲ့ဒါကြောင့်လည်း Budget ဖုန်းတွေမှာ အသုံးမပြုနိုင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာတော့ ဒါတွေက ပြောင်းလဲသွားတော့မှာပါ။

အခုအချိန်မှာ တရုတ်နိုင်ငံက Display ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ BOE ကနေ Under-Display Fingerprint ကိုတပ်ဆင်ထားတဲ့ LCD Panel တွေကို စတင်ထုတ်လုပ်နေပြီဖြစ်တာကြောင့်ပါ။ ဒါက Mid Range နဲ့ Budget ဖုန်းတွေအတွက် လုံးဝကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ Market Analyst တစ်ခုအရ လက်ရှိ စမတ်ဖုန်းတွေရဲ့ ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ စမတ်ဖုန်းအလုံးရေ ၁,၄၅၆ ဘီလီယံဝန်းကျင်က LCD Display ကိုပဲ အသုံးပြုနေတုန်းပဲရှိသေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် လာမယ့် ၂၀၁၉ ခုနှစ်နောက်ပိုင်းတွေမှာ Under-Display Fingerprint နဲ့ LCD Display ပါတဲ့ Budget ဖုန်းတွေ ထွက်လာတော့မှာပါ။

Ref : GSMArena