[Zawgyi]

ေလယာဥ္ကုိယ္ထည္ကို ရွာေဖြေတြ႔ရွိျပီလို႔ ယံုၾကည္ေနတဲ့ အင္ဒိုနီးရွားအစိုးရ

အင္ဒိုနီးရွားႏုိင္ငံရဲ႕ စစ္တပ္အၾကီးအမႈးကေတာ့ ပ်က္သြားတဲ့ Lion Air Flight 610 ေလယာဥ္ရဲ႕ ကုိယ္ထည္ကို ေတြ႔ရွိျပီလို႔ ယံုၾကည္ေနပါတယ္။ Hadi Tjahjanto ကေတာ့ နယ္ခံရုပ္သံလိုင္းတစ္ခုကို ေျပာၾကားခဲ့ရာမွာ ရွာေဖြကယ္ဆယ္ေရးအသင္းဟာ JT610 ရဲ႕ ကိုယ္ထည္အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ Fuselage ရဲ႕ အစိတ္အပိုင္းတစ္ခုကို ေတြ႔ရွိခဲ့တယ္လို႔ ဆုိပါတယ္။

အင္ဒိုနီးရွား ဘတ္ဂ်တ္ေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ့ Lion Air ရဲ႕ Flight JT610 ဟာ ေလယာဥ္အမႈထမ္းေတြအပါအဝင္ လူေပါင္း ၁၈၉ ေယာက္ကို တင္ေဆာင္ျပီး ဂ်ာကာတာကေန စတင္ပ်ံသန္းလာတဲ့ ေလယာဥ္ဟာ ေလဆိပ္ကေနခြာျပီး မိနစ္အနည္းငယ္အတြင္းမွာပဲ ပ်က္က်ခဲ့ရတာ ျဖစ္ပါတယ္။ အာဏာပိုင္ေတြရဲ႕အဆုိအရေတာ့ အသက္ရွင္က်န္မယ့္သူ မရွိဘူးလို႔ ေမွ်ာ္လင့္ေနပါတယ္။

ပ်က္က်ရတဲ့ အေၾကာင္းရင္းကို ေျပာျပႏုိင္မယ့္ အသံနဲ႔ Data Recorders ေတြကို ဆက္လက္ရွာေဖြေနျပီး ေရငုပ္သမား ၆၀ ေလာက္က အပ်က္အစီးေတြ ေတြ႔တဲ့ေနရာမွာ အပူတျပင္းရွာေဖြေနခဲ့ပါတယ္။ ေရအနက္ ၃၅ မီတာ (၁၁၅ ေပ) ရွိတဲ့ အဲ့ဒီေနရာမွာ သေဘၤာ ၃၅ စင္းေလာက္ကလည္း ရွာေဖြတဲ့ေနရာမွာ ကူညီဖို႔ ေရာက္ရွိေနပါတယ္။

ေနာက္ဆံုးသတင္းအရေတာ့ ကယ္ဆယ္ေရးအသင္းရဲ႕ ေျပာၾကားခ်က္အရ ရုပ္အေလာင္း ၂၄ ေလာင္းရွာေဖြေတြ႔ရွိျပီလို႔ ဆုိျပီး ဘယ္သူဘယ္ဝါဆုိတာကို ခြဲျခားဖို႔အတြက္ မိသားစုဝင္ေတြလည္း ေရာက္ရွိေနၾကပါျပီ။

Lion Air ဟာ အင္ဒိုနီးရွားရဲ႕ အသစ္လြင္ဆံုးနဲ႔တုိးတက္မႈအျမန္ဆံုး ေလေၾကာင္းလိုင္းျဖစ္ျပီး ျပည္တြင္းေရာ၊ ျပည္ပကုိပါ ေျပးဆြဲေနတဲ့ ေလေၾကာင္းလိုင္းျဖစ္ပါတယ္။ ဒီလို ပ်က္က်မႈဟာ Lion Air အတြက္ ဝမ္းနည္းဖြယ္ အထိနာဆံုး ျဖစ္ရပ္ျဖစ္ေပမယ့္ သူတို႔လည္း အခ်ိန္နဲ႔ တေျပးညီကူညီေဆာင္ရြက္ေနပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : cnbc.com
[Unicode]

လေယာဉ်ကိုယ်ထည်ကို ရှာဖွေတွေ့ရှိပြီလို့ ယုံကြည်နေတဲ့ အင်ဒိုနီးရှားအစိုးရ

အင်ဒိုနီးရှားနိုင်ငံရဲ့ စစ်တပ်အကြီးအမှုးကတော့ ပျက်သွားတဲ့ Lion Air Flight 610 လေယာဉ်ရဲ့ ကိုယ်ထည်ကို တွေ့ရှိပြီလို့ ယုံကြည်နေပါတယ်။ Hadi Tjahjanto ကတော့ နယ်ခံရုပ်သံလိုင်းတစ်ခုကို ပြောကြားခဲ့ရာမှာ ရှာဖွေကယ်ဆယ်ရေးအသင်းဟာ JT610 ရဲ့ ကိုယ်ထည်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Fuselage ရဲ့ အစိတ်အပိုင်းတစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှား ဘတ်ဂျတ်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Lion Air ရဲ့ Flight JT610 ဟာ လေယာဉ်အမှုထမ်းတွေအပါအဝင် လူပေါင်း ၁၈၉ ယောက်ကို တင်ဆောင်ပြီး ဂျာကာတာကနေ စတင်ပျံသန်းလာတဲ့ လေယာဉ်ဟာ လေဆိပ်ကနေခွာပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ပျက်ကျခဲ့ရတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့အဆိုအရတော့ အသက်ရှင်ကျန်မယ့်သူ မရှိဘူးလို့ မျှော်လင့်နေပါတယ်။

ပျက်ကျရတဲ့ အကြောင်းရင်းကို ပြောပြနိုင်မယ့် အသံနဲ့ Data Recorders တွေကို ဆက်လက်ရှာဖွေနေပြီး ရေငုပ်သမား ၆၀ လောက်က အပျက်အစီးတွေ တွေ့တဲ့နေရာမှာ အပူတပြင်းရှာဖွေနေခဲ့ပါတယ်။ ရေအနက် ၃၅ မီတာ (၁၁၅ ပေ) ရှိတဲ့ အဲ့ဒီနေရာမှာ သင်္ဘော ၃၅ စင်းလောက်ကလည်း ရှာဖွေတဲ့နေရာမှာ ကူညီဖို့ ရောက်ရှိနေပါတယ်။

နောက်ဆုံးသတင်းအရတော့ ကယ်ဆယ်ရေးအသင်းရဲ့ ပြောကြားချက်အရ ရုပ်အလောင်း ၂၄ လောင်းရှာဖွေတွေ့ရှိပြီလို့ ဆိုပြီး ဘယ်သူဘယ်ဝါဆိုတာကို ခွဲခြားဖို့အတွက် မိသားစုဝင်တွေလည်း ရောက်ရှိနေကြပါပြီ။

Lion Air ဟာ အင်ဒိုနီးရှားရဲ့ အသစ်လွင်ဆုံးနဲ့တိုးတက်မှုအမြန်ဆုံး လေကြောင်းလိုင်းဖြစ်ပြီး ပြည်တွင်းရော၊ ပြည်ပကိုပါ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ ဒီလို ပျက်ကျမှုဟာ Lion Air အတွက် ဝမ်းနည်းဖွယ် အထိနာဆုံး ဖြစ်ရပ်ဖြစ်ပေမယ့် သူတို့လည်း အချိန်နဲ့ တပြေးညီကူညီဆောင်ရွက်နေပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : cnbc.com