[Zawgyi]

အသက္ ၃၀ အရြယ္ေရာက္လွ်င္ ခႏၶာကုိယ္မွာ ဘယ္လုိေျပာင္းလဲမႈေတြ စတင္ႏုိင္မလဲ….

အသက္အရြယ္ရလာရင္ ဇရာဆုိတာကုိ အံတုလုိ႔မရပါဘူး။ အသက္တျဖည္းျဖည္းႀကီးျပင္းလာတာနဲ႔အမွ် လူတုိင္းမွာလည္း အုိမင္ျခင္းဇရာနဲ႔ ခႏၶာကုိယ္ေျပာင္းလဲမႈေတြလည္း ရွိလာပါတယ္။ အသက္ငယ္ရြယ္ႏုပ်ိဳေနစဥ္မွာ ဒီလုိမ်ိဳး အုိမင္းျခင္းနဲ႔ ေျပာင္းလဲျခင္းေတြမရွိေသးေပမယ့္ အသက္အရြယ္ရလာတဲ့အခါမွာေတာ့ ကုိယ္ခႏၶာအစိတ္အပုိင္းေျပာင္းလဲျခင္းေတြ စတင္ျဖစ္ေပၚလာၿပီးေတာ့ ရုပ္ပုိင္းဆုိင္ရာနဲ႔ စိတ္ပုိင္းဆုိင္ရာမွာဆုိရင္လည္း ေျပာင္းလဲမႈေတြကုိ ျမင္ေတြ႔လာရပါတယ္။ ဒါကုိ ဇရာလုိ႔ သတ္မွတ္ၾကပါတယ္။ အဲ့ဒါေၾကာင့္မို႔လုိ႔ အသက္ ၃၀ အရြယ္မွာဆုိရင္ ကၽြန္ေတာ္တုိ႔ေတြရဲ႕ခႏၶာကုိယ္မွာ ဘယ္လုိမ်ိဳးေျပာင္းလဲမႈေတြ ျဖစ္ေပၚလာႏုိင္မလဲဆုိတာ စာဖတ္သူေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္…

ခႏၶာကုိယ္တြင္း ဇီဝကမၼျဖစ္စဥ္လုပ္ေဆာင္မႈေတြ ေလ်ာ့က်လာေစႏုိင္ပါတယ္။ ဒါဟာ က်ားမမေရြး အသက္အရြယ္အုိမင္းျခင္းနဲ႔အတူ ေျပာင္းလဲလာႏုိင္တဲ့ ကုိယ္တြင္းျဖစ္စဥ္ေတြပဲျဖစ္ပါတယ္။ ဇီဝကမၼျဖစ္စဥ္ လုပ္ေဆာင္ခ်က္ေတြေႏွးေကြးသြားလုိ႔ ခႏၶာကုိယ္မွာလိုအပ္တဲ့ အင္အားေတြ၊ စြမ္းအင္ေတြဟာလည္း ေႏွးေကြးစြာ ျဖစ္ေပၚလာေတာ့မွာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္မုိ႔လုိ႔ အင္အားကုန္ခမ္းတာ၊ အားနည္းတာ၊ က်န္းမာေရးခ်ိဳ႕ယြင္းလာမႈေတြ စတင္ျဖစ္ေပၚလာတာျဖစ္ပါတယ္။

အရိုး၊ ၾကြက္သားနဲ႔ အရြတ္ေတြမွာ အားနည္းျခင္းေတြ ျဖစ္ေပၚလာႏုိင္ပါတယ္။ အသက္ႀကီးလာသူေတြမွာ အမ်ားဆံုးျဖစ္တတ္တာက အရိုးေတြေပ်ာ့လာတာ၊ အရိုးခ်ဥ္ဆီေတြ ခမ္းသြားတာ၊ အရုိးေတြပါးလာတာမ်ိဳးေတြ ျဖစ္ႏုိင္ပါတယ္။ ဒူးေခါင္း၊ ခါး၊ ေျခလက္၊ တံေတာင္ေတြမွာရွိေနတဲ့ အရိုးအဆစ္ေနရာေတြက အရြတ္ေတြမွာပါးျခင္း၊ အဆီခမ္းေျခာက္ျခင္းေတြေၾကာင့္ ေကြးႏုိင္ ဆန္႔ႏုိင္တာမ်ိဳးေတြ လႈပ္ရွားမႈအားနည္းသြားပါတယ္။ ေနာက္ၿပီး အရုိးေတြ တျဖည္းျဖည္းပါးလာတဲ့အခါမွာလည္း က်ိဳးလြယ္၊ ထိခုိက္လြယ္သြားလုိ႔ အသက္ႀကီးလာသူေတြမွာ ေခ်ာ္လဲတာ၊ ျပဳတ္က်တာမ်ိဳးေတြဆုိရင္ ေတာ္ရံုနဲ႔ ျပန္လည္နလန္မထူႏုိင္ေတာ့ပါဘူး။

အေရးအေၾကာင္းေတြျဖစ္လာတာ၊ အေရျပားတြန္႔လာတာမ်ိဳးေတြ ျဖစ္ေပၚလာပါတယ္။ ခႏၶာကုိယ္ အေရျပားမ်ား တြဲက်ျခင္း၊ အေရျပားၾကြက္သားမ်ား ေလ်ာ့ရဲက်ျခင္းေတြက လူႀကီးေတြနဲ႔ အသက္အရြယ္ႀကီးသူေတြမွာ တျဖည္းျဖည္း ျဖစ္ေပၚလာပါတယ္။ အသက္ ၃၀ အရြယ္ေရာက္လာတဲ့ သက္လတ္ပုိင္းလူတုိင္းမွာ မ်က္ႏွာျပင္ေပၚအေရးအေၾကာင္းနဲ႔ အေရျပားတြန္႔လာတာေတြကုိ စတင္ၿပီး သတိထားမိလာႏုိင္ပါတယ္။ ဒါဟာ ဇရာနဲ႔ အသက္အရြယ္အုိမင္းျခင္းကုိ ျပသေနတဲ့ အနီးစပ္ဆံုးလကၡဏာပါပဲ။

အမ်ိဳးသမီးေတြမွာ အသက္ ၃၀ နဲ႔ ၃၅ ႏွစ္ေရာက္လာတဲ့အခါ မ်ိဳးပြားသေႏၶသားေအာင္မႈႏႈန္း က်ဆင္းသြားတတ္တာကုိ သတိထားသင့္ပါတယ္။ အခ်ိဳ႕ေသာ အိမ္ေထာင္သည္ေတြမွာဆုိရင္ ကေလးေနာက္က်မွယူဖုိ႔အတြက္ အသက္ ၃၀ ေက်ာ္ဆုိတဲ့အခ်ိန္ကုိ ေစာင့္ဆုိင္းတတ္ၾကပါတယ္။ ဒါဟာ သိပ္ကုိ သတိထားဆင္ျခင္ရမယ့္ အခ်က္ပါပဲ။ ကေလးယူဖုိ႔အတြက္ မ်ိဳးပြားသေႏၶေအာင္မႈအျမင့္မားဆံုးဟာ အသက္ ၂၀ နဲ႔ ၃၀ ဝန္းက်င္မို႔ အသက္ ၃၀ ေနာက္ပုိင္းမွာဆုိရင္ေတာ့ လုိခ်င္တုိင္း ကေလးမရႏုိင္ေတာ့ပါဘူး။ အမ်ိဳးသမီးေဟာ္မုန္းဓာတ္က်ဆင္းျခင္းနဲ႔ သေႏၶေအာင္မႈေတြ က်ဆင္းသြားတဲ့အခါ ကေလးရဖုိ႔ ခက္ခဲသြားပါတယ္။

စိတ္ဖိစီးမႈမ်ား၊ စိတ္ပုိင္းဆုိင္ရာျပႆနာမ်ား ခံစားလာရတတ္ပါတယ္။ ျပႆနာေတြေၾကာင့္ျဖစ္ေစ၊ ခံစားခ်က္ျပင္းထန္လြန္းတာေၾကာင့္ျဖစ္ေစ အသက္ ၃၀ ေက်ာ္အရြယ္မွာဆုိရင္ စိတ္ဖိစီးမႈမ်ားကုိ ပုိမုိခံစားတတ္ၾကပါတယ္။ ဦးေႏွာက္ရဲ႕အလုပ္လုပ္ေဆာင္မႈေႏွးေကြးျခင္းေၾကာင့္လည္း စိတ္ခံစားမႈျပႆနာေတြကုိ ပုိမုိျဖစ္ေပၚေစပါတယ္။ ေဒါသထြက္တာ၊ စိတ္ခံစားခ်က္လြန္ကဲတာ၊ စိတ္ဓာတ္အတက္အက်မ်ားတာေတြက အသက္ ၃၀ ေက်ာ္အရြယ္မွာ အျဖစ္မ်ားပါတယ္။

ကဲအသက္ ၃၀ ေက်ာ္အရြယ္ေရာက္ရင္ ဒါေတြကအျဖစ္မ်ားလို႔ ငယ္ရြယ္စဥ္ကတည္းက က်န္းမာေရးဗဟုသုတေတြကို ရွာမွီးၿပီး အသက္အရြယ္ရလာတဲ့အခါမွာ က်န္းမာေရးေကာင္းေနေစဖို႔အတြက္ ႀကိဳးစားလုပ္ေဆာင္ကာ ေပ်ာ္ရႊင္ခ်မ္းေျမ့စြာနဲ႔ ဘဝကိုေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္းၾကရေအာင္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အသက် ၃၀ အရွယ်ရောက်လျှင် ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲမှုတွေ စတင်နိုင်မလဲ….

အသက်အရွယ်ရလာရင် ဇရာဆိုတာကို အံတုလို့မရပါဘူး။ အသက်တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ လူတိုင်းမှာလည်း အိုမင်ခြင်းဇရာနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေလည်း ရှိလာပါတယ်။ အသက်ငယ်ရွယ်နုပျိုနေစဉ်မှာ ဒီလိုမျိုး အိုမင်းခြင်းနဲ့ ပြောင်းလဲခြင်းတွေမရှိသေးပေမယ့် အသက်အရွယ်ရလာတဲ့အခါမှာတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းပြောင်းလဲခြင်းတွေ စတင်ဖြစ်ပေါ်လာပြီးတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း ပြောင်းလဲမှုတွေကို မြင်တွေ့လာရပါတယ်။ ဒါကို ဇရာလို့ သတ်မှတ်ကြပါတယ်။ အဲ့ဒါကြောင့်မို့လို့ အသက် ၃၀ အရွယ်မှာဆိုရင် ကျွန်တော်တို့တွေရဲ့ခန္ဓာကိုယ်မှာ ဘယ်လိုမျိုးပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်မလဲဆိုတာ စာဖတ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်…

ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်လုပ်ဆောင်မှုတွေ လျော့ကျလာစေနိုင်ပါတယ်။ ဒါဟာ ကျားမမရွေး အသက်အရွယ်အိုမင်းခြင်းနဲ့အတူ ပြောင်းလဲလာနိုင်တဲ့ ကိုယ်တွင်းဖြစ်စဉ်တွေပဲဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ် လုပ်ဆောင်ချက်တွေနှေးကွေးသွားလို့ ခန္ဓာကိုယ်မှာလိုအပ်တဲ့ အင်အားတွေ၊ စွမ်းအင်တွေဟာလည်း နှေးကွေးစွာ ဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်မို့လို့ အင်အားကုန်ခမ်းတာ၊ အားနည်းတာ၊ ကျန်းမာရေးချို့ယွင်းလာမှုတွေ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အရိုး၊ ကြွက်သားနဲ့ အရွတ်တွေမှာ အားနည်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အသက်ကြီးလာသူတွေမှာ အများဆုံးဖြစ်တတ်တာက အရိုးတွေပျော့လာတာ၊ အရိုးချဉ်ဆီတွေ ခမ်းသွားတာ၊ အရိုးတွေပါးလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒူးခေါင်း၊ ခါး၊ ခြေလက်၊ တံတောင်တွေမှာရှိနေတဲ့ အရိုးအဆစ်နေရာတွေက အရွတ်တွေမှာပါးခြင်း၊ အဆီခမ်းခြောက်ခြင်းတွေကြောင့် ကွေးနိုင် ဆန့်နိုင်တာမျိုးတွေ လှုပ်ရှားမှုအားနည်းသွားပါတယ်။ နောက်ပြီး အရိုးတွေ တဖြည်းဖြည်းပါးလာတဲ့အခါမှာလည်း ကျိုးလွယ်၊ ထိခိုက်လွယ်သွားလို့ အသက်ကြီးလာသူတွေမှာ ချော်လဲတာ၊ ပြုတ်ကျတာမျိုးတွေဆိုရင် တော်ရုံနဲ့ ပြန်လည်နလန်မထူနိုင်တော့ပါဘူး။

အရေးအကြောင်းတွေဖြစ်လာတာ၊ အရေပြားတွန့်လာတာမျိုးတွေ ဖြစ်ပေါ်လာပါတယ်။ ခန္ဓာကိုယ် အရေပြားများ တွဲကျခြင်း၊ အရေပြားကြွက်သားများ လျော့ရဲကျခြင်းတွေက လူကြီးတွေနဲ့ အသက်အရွယ်ကြီးသူတွေမှာ တဖြည်းဖြည်း ဖြစ်ပေါ်လာပါတယ်။ အသက် ၃၀ အရွယ်ရောက်လာတဲ့ သက်လတ်ပိုင်းလူတိုင်းမှာ မျက်နှာပြင်ပေါ်အရေးအကြောင်းနဲ့ အရေပြားတွန့်လာတာတွေကို စတင်ပြီး သတိထားမိလာနိုင်ပါတယ်။ ဒါဟာ ဇရာနဲ့ အသက်အရွယ်အိုမင်းခြင်းကို ပြသနေတဲ့ အနီးစပ်ဆုံးလက္ခဏာပါပဲ။

အမျိုးသမီးတွေမှာ အသက် ၃၀ နဲ့ ၃၅ နှစ်ရောက်လာတဲ့အခါ မျိုးပွားသန္ဓေသားအောင်မှုနှုန်း ကျဆင်းသွားတတ်တာကို သတိထားသင့်ပါတယ်။ အချို့သော အိမ်ထောင်သည်တွေမှာဆိုရင် ကလေးနောက်ကျမှယူဖို့အတွက် အသက် ၃၀ ကျော်ဆိုတဲ့အချိန်ကို စောင့်ဆိုင်းတတ်ကြပါတယ်။ ဒါဟာ သိပ်ကို သတိထားဆင်ခြင်ရမယ့် အချက်ပါပဲ။ ကလေးယူဖို့အတွက် မျိုးပွားသန္ဓေအောင်မှုအမြင့်မားဆုံးဟာ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်မို့ အသက် ၃၀ နောက်ပိုင်းမှာဆိုရင်တော့ လိုချင်တိုင်း ကလေးမရနိုင်တော့ပါဘူး။ အမျိုးသမီးဟော်မုန်းဓာတ်ကျဆင်းခြင်းနဲ့ သန္ဓေအောင်မှုတွေ ကျဆင်းသွားတဲ့အခါ ကလေးရဖို့ ခက်ခဲသွားပါတယ်။

စိတ်ဖိစီးမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ ခံစားလာရတတ်ပါတယ်။ ပြဿနာတွေကြောင့်ဖြစ်စေ၊ ခံစားချက်ပြင်းထန်လွန်းတာကြောင့်ဖြစ်စေ အသက် ၃၀ ကျော်အရွယ်မှာဆိုရင် စိတ်ဖိစီးမှုများကို ပိုမိုခံစားတတ်ကြပါတယ်။ ဦးနှောက်ရဲ့အလုပ်လုပ်ဆောင်မှုနှေးကွေးခြင်းကြောင့်လည်း စိတ်ခံစားမှုပြဿနာတွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒေါသထွက်တာ၊ စိတ်ခံစားချက်လွန်ကဲတာ၊ စိတ်ဓာတ်အတက်အကျများတာတွေက အသက် ၃၀ ကျော်အရွယ်မှာ အဖြစ်များပါတယ်။

ကဲအသက် ၃၀ ကျော်အရွယ်ရောက်ရင် ဒါတွေကအဖြစ်များလို့ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးဗဟုသုတတွေကို ရှာမှီးပြီး အသက်အရွယ်ရလာတဲ့အခါမှာ ကျန်းမာရေးကောင်းနေစေဖို့အတွက် ကြိုးစားလုပ်ဆောင်ကာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းကြရအောင်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။