[Zawgyi]

ၿဗိတိန္ အားကစားေလာက သမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံးအျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့ Bobby Moore

၁၉၆၆ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ အဂၤလန္အသင္းအတြက္ ကမၻာ႔ဖလားခ်န္ပီယံဆု ရရွိခဲ့တဲ့ ေဘာ္ဘီမုိး Bobby Moore ဟာ ၿဗိတိန္အားကစားေလာက သမုိင္းတစ္ေလွ်ာက္ ထာ၀ရအေကာင္းဆုံး ကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ၿဗိတိန္နာမည္ေက်ာ္ မဂၢဇင္းတစ္ခုျဖစ္တဲ့ Radio Times ဟာ ဒီဆုအတြက္ ၁၉၅၄ ခုႏွစ္က စတင္ခ်ီးျမႇင့္ခဲ့တဲ့ BBC’s Sports Personality of the Year ဆုကုိ ရရွိခဲ့သူ အမ်ိဳးသား၊ အမ်ိဳးသမီး အားကစားသမားေတြထဲကေန ပရိသတ္ဆီက မဲဆႏၵေကာက္ခံၿပီး ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

Bobby-Moore

Bobby-Moore

၀က္စ္ဟမ္းအသင္းရဲ႕ ဂႏၳ၀င္တစ္ဦးလည္းျဖစ္တဲ့ ေဘာ္ဘီမုိးဟာ နာမည္ေက်ာ္ တင္းနစ္ကစားသမား အန္ဒီမာေရး Andy Murray ၊ ေဖာ္ျမဴလာ၀မ္းကားေမာင္းသမား ဟာမီလ္တန္ Lewis Hamilton ၊ အုိလံပစ္ၿပိဳင္ပဲြမွာ ေအာင္ျမင္မႈေတြ အမ်ားႀကီးရယူခဲ့ၾကတဲ့ စတိဗ္ရက္ဒ္ဂေရ႕ဗ္ Steve Redgrave ၊ ခရစၥဟိြဳင္ Chris Hoy တို႔ကုိ ေက်ာ္ျဖတ္ၿပီး ၿဗိတိန္အားကစားေလာကရဲ႕ ထာ၀ရအေကာင္းဆုံး ကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရတာပါ။

Bobby-Moore-West-Ham

Bobby-Moore-West-Ham

ေဘာလုံးသမုိင္းမွာ အေကာင္းဆုံး ေနာက္ခံလူစာရင္း၀င္ ေဘာ္ဘီမုိးဟာ ၀က္စ္ဟမ္းအသင္းမွာ ၁၉၅၈ ကေန ၁၉၇၄ ခုႏွစ္အထိ ကစားခဲ့ၿပီး FA ဖလား၊ UEFA Cup Winners’ Cup တို႔ကုိ ဆြတ္ခူးခဲ့တယ္။ ေဘာ္ဘီမုိးဟာ အဂၤလန္အသင္းအတြက္လညး္ ၁၉၆၂ ကေန ၁၉၇၃ ခုႏွစ္အထိ ကစားခဲ့ၿပီး ၁၉၆၆ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ရရွိခဲ့ပါတယ္။ ၁၉၉၃၊ ေဖေဖာ္၀ါရီလ (၂၄)ရက္မွာ ကြယ္လြန္ခဲ့သူ ေဘာ္ဘီမုိးကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ၀က္စ္ဟမ္းအသင္းဟာ ေဘာ္ဘီမုိး၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္(၆)အက်ႌကုိ အနားေပးခဲ့ၿပီး သူကြယ္လြန္တဲ့ ရက္ေရာက္တိုင္း ၀မ္းနည္းျခင္းအထိမ္းအမွတ္ေတြ ျပဳလုပ္ခဲ့ပါတယ္။

Bobby Moore-Statute

Bobby Moore-Statute

ေဘာ္ဘီမုိးရဲ႕ သမီးျဖစ္သူ ေရာ္ဘတ္တာ Roberta က”ဒီေလာက္ႏွစ္ေတြ အမ်ားႀကီးၾကာတာေတာင္ ကၽြန္မ ဖခင္ရဲ႕ စြမ္းေဆာင္မႈေတြကုိ အသိအမွတ္ျပဳၿပီး အခုလုိ သတ္မွတ္ခံခ့ဲရတဲ့အတြက္ အရမ္းဂုဏ္ယူမိပါတယ္။ ကၽြန္မတို႔ မိသားစုအတြက္လည္း တကယ့္ကုိ စိတ္လႈပ္ရွားစရာ၊ ေက်နပ္စရာပါပဲ” လုိ႔ ေျပာၾကားခဲ့ပါတယ္။

REF:Daily Mail
Photo:Football Purists,Reader’s Digest,Rare Historical Photos,British GQ,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဗြိတိန် အားကစားလောက သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံးအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Bobby Moore

၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့တဲ့ ဘော်ဘီမိုး Bobby Moore ဟာ ဗြိတိန်အားကစားလောက သမိုင်းတစ်လျှောက် ထာဝရအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဗြိတိန်နာမည်ကျော် မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Radio Times ဟာ ဒီဆုအတွက် ၁၉၅၄ ခုနှစ်က စတင်ချီးမြှင့်ခဲ့တဲ့ BBC’s Sports Personality of the Year ဆုကို ရရှိခဲ့သူ အမျိုးသား၊ အမျိုးသမီး အားကစားသမားတွေထဲကနေ ပရိသတ်ဆီက မဲဆန္ဒကောက်ခံပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Bobby-Moore

Bobby-Moore

ဝက်စ်ဟမ်းအသင်းရဲ့ ဂန္ထဝင်တစ်ဦးလည်းဖြစ်တဲ့ ဘော်ဘီမိုးဟာ နာမည်ကျော် တင်းနစ်ကစားသမား အန်ဒီမာရေး Andy Murray ၊ ဖော်မြူလာဝမ်းကားမောင်းသမား ဟာမီလ်တန် Lewis Hamilton ၊ အိုလံပစ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ အများကြီးရယူခဲ့ကြတဲ့ စတိဗ်ရက်ဒ်ဂရေ့ဗ် Steve Redgrave ၊ ခရစ္စဟွိုင် Chris Hoy တို့ကို ကျော်ဖြတ်ပြီး ဗြိတိန်အားကစားလောကရဲ့ ထာဝရအကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

Bobby-Moore-West-Ham

Bobby-Moore-West-Ham

ဘောလုံးသမိုင်းမှာ အကောင်းဆုံး နောက်ခံလူစာရင်းဝင် ဘော်ဘီမိုးဟာ ဝက်စ်ဟမ်းအသင်းမှာ ၁၉၅၈ ကနေ ၁၉၇၄ ခုနှစ်အထိ ကစားခဲ့ပြီး FA ဖလား၊ UEFA Cup Winners’ Cup တို့ကို ဆွတ်ခူးခဲ့တယ်။ ဘော်ဘီမိုးဟာ အင်္ဂလန်အသင်းအတွက်လည်း ၁၉၆၂ ကနေ ၁၉၇၃ ခုနှစ်အထိ ကစားခဲ့ပြီး ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ၁၉၉၃၊ ဖေဖော်ဝါရီလ (၂၄)ရက်မှာ ကွယ်လွန်ခဲ့သူ ဘော်ဘီမိုးကို ဂုဏ်ပြုတဲ့အနေနဲ့ ဝက်စ်ဟမ်းအသင်းဟာ ဘော်ဘီမိုးဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၆)အင်္ကျီကို အနားပေးခဲ့ပြီး သူကွယ်လွန်တဲ့ ရက်ရောက်တိုင်း ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ပြုလုပ်ခဲ့ပါတယ်။

Bobby Moore-Statute

Bobby Moore-Statute

ဘော်ဘီမိုးရဲ့ သမီးဖြစ်သူ ရော်ဘတ်တာ Roberta က”ဒီလောက်နှစ်တွေ အများကြီးကြာတာတောင် ကျွန်မ ဖခင်ရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုပြီး အခုလို သတ်မှတ်ခံခဲ့ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်မတို့ မိသားစုအတွက်လည်း တကယ့်ကို စိတ်လှုပ်ရှားစရာ၊ ကျေနပ်စရာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

REF:Daily Mail
Photo:Football Purists,Reader’s Digest,Rare Historical Photos,British GQ,Twitter
Naing Linn(Akhayar)
www.akhayar.com