[Zawgyi]

Hazard အတြက္ ကမၻာ႔စံခ်ိန္တင္ ေပါင္သန္း(၂၀၀)ရရင္ ရီးယဲလ္ကုိ ေရာင္းခ်သြားဖုိ႔ရွိေနတဲ့ ခ်ယ္လ္ဆီး

ခ်ယ္လ္ဆီးအသင္းဟာ သူတို႔အသင္းရဲ႕ ဘယ္လ္ဂ်ီယံလက္ေရြးစင္ေတာင္ပံကစားသမား ဟာဇက္ Hazard ကုိ ရီးယဲလ္အသငး္က ေျပာင္းေရႊ႕ေၾကးေပါင္သန္း(၂၀၀)အထိေပးၿပီး ကမ္းလွမ္းမယ္ဆုိရင္ ေရာင္းခ်သြားမယ့္အေနအထားရွိတယ္လုိ႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ ဟာဇက္ဟာ ၿပီးခဲ့တဲ့ရက္ပုိင္းတုန္းက ခ်ယ္လ္ဆီးအသင္းက ထြက္ခြာမယ္လုိ႔ အရိပ္အျမြက္ေျပာဆုိခဲ့ၿပီး ရီးယဲလ္အသင္းကလည္း သူ႔ကုိ ေခၚဖုိ႔ ပစ္မွတ္ထားေနတယ္။ ဟာဇက္က”ခ်ယ္လ္ဆီးအသင္းမွာ ကစားခဲ့တဲ့(၆)ႏွစ္တာကာလအတြင္း ေအာင္ျမင္မႈ၊ က်႐ႈံးမႈေတြကုိ ရင္ဆုိင္ျဖတ္သန္ခဲ့ၿပီးတဲ့ေနာက္ အခုအခ်ိန္ဟာ အေျပာင္းအလဲတစ္ခုကုိ စတင္ရေတာ့မယ့္ အခ်ိန္ေရာက္လာပါၿပီ။ ေသခ်ာတာကေတာ့ ၂၀၁၈ ကမၻာ႔ဖလားအၿပီးမွာ ကၽြန္ေတာ့္အနာဂတ္အတြက္ အေျဖတစ္ခုထြက္လာမွာပါ။ ခ်ယ္လ္ဆီးမွာ ဆက္ကစားမလား၊ လမ္းခဲြမလားဆုိတာနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ့္မွာ ကုိယ္ပုိင္ဆုံးျဖတ္ခြင့္ရွိေပမယ့္ Final Decision ကေတာ့ ခ်ယ္လ္ဆီးအသင္းပဲ ခ်မွတ္သြားမွာျဖစ္ပါတယ္။ တကယ္လုိ႔ ခ်ယ္လ္ဆီးအသင္းက ကၽြန္ေတာ့္ကုိ ေရာင္းဖုိ႔ ဆုံးျဖတ္လုိက္ရင္ ဘယ္အသင္းကုိ ကၽြန္ေတာ္သြားမလဲဆုိတာ ခင္ဗ်ားတို႔(မီဒီယာမ်ားကုိဆုိလုိ) သိၿပီးသားပါပဲ”လုိ႔ ေျပာၾကားခဲ့တယ္။

Hazard-made-it-clear-he-wants-a-move-to-Real-Madrid

Hazard-made-it-clear-he-wants-a-move-to-Real-Madrid

အခုအခ်ိန္မွာ ရီးယဲလ္အသင္းကလည္း သူတို႔ရဲ႕ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ C.Ronaldo ကုိ ဂ်ဴဗင္တပ္စ္အသင္းဆီ ေရာင္းခ်ခဲ့ၿပီးျဖစ္တာေၾကာင့္ အဲဒီေနရာမွာ အစားထုိးဖုိ႔ ကစားသမားတစ္ဦး မျဖစ္မေန ေခၚယူရမွာျဖစ္ၿပီး ဟာဇက္ကုိ ႀကိဳးပမ္းဖုိ႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္းကေတာ့ ဟာဇက္ကုိ လြယ္လြယ္ကူကူနဲ႔ လက္လႊတ္ခံဖုိ႔ မရွိဘဲ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၂၀၀)အထိရမွ ေရာင္းခ်သြားမယ့္အေနအထားပါ။ ခ်ယ္လ္ဆီးအသင္းအေနနဲ႔လည္း ဟာဇက္ဟာ ၿပီးခဲ့တဲ့ရာသီက PSG အသင္းကုိ လက္ရွိကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၁၉၈)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ေနမာ Neymar ထက္ ပုိတန္ဖုိးရွိတယ္လုိ႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

World-Record-Transfer-Fee1

World-Record-Transfer-Fee1

ဟာဇက္ဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ (၂)ႏွစ္စာခ်ဳပ္က်န္ရွိေနသလုိ ခ်ယ္လ္ဆီးအသင္းက သူ႔ကုိ တစ္ပတ္ေပါင္(၃)သိန္းအထိေပးၿပီး ကမ္းလွမ္းဖုိ႔ စီစဥ္ေနတယ္လုိ႔လည္း သတင္းေတြထြက္ေပၚေနတယ္။ ဒါေပမဲ့ ဟာဇက္ကုိယ္တိုင္က ရီးယဲလ္အသင္းမွာ ကစားခြင့္ရဖုိ႔ ဆႏၵရွိေနပုံရတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းရဲ႕ စာခ်ဳပ္သစ္ကမ္းလွမ္းမႈကုိ ျငင္းပယ္မယ့္အေနအထားပါပဲ။ ဟာဇက္နဲ႔ရီးယဲလ္အသငး္ရဲ႕ အေျပာင္းအေရႊ႕ပုံျပင္က ဒီေႏြရာသီမွာ အေျဖထြက္လာမလားဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္ . . .

REF:The Sun
Photo:The Sun,JoniNet.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Hazard အတွက် ကမ္ဘာ့စံချိန်တင် ပေါင်သန်း(၂၀၀)ရရင် ရီးယဲလ်ကို ရောင်းချသွားဖို့ရှိနေတဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်တောင်ပံကစားသမား ဟာဇက် Hazard ကို ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀၀)အထိပေးပြီး ကမ်းလှမ်းမယ်ဆိုရင် ရောင်းချသွားမယ့်အနေအထားရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ချယ်လ်ဆီးအသင်းက ထွက်ခွာမယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပြီး ရီးယဲလ်အသင်းကလည်း သူ့ကို ခေါ်ဖို့ ပစ်မှတ်ထားနေတယ်။ ဟာဇက်က”ချယ်လ်ဆီးအသင်းမှာ ကစားခဲ့တဲ့(၆)နှစ်တာကာလအတွင်း အောင်မြင်မှု၊ ကျရှုံးမှုတွေကို ရင်ဆိုင်ဖြတ်သန်ခဲ့ပြီးတဲ့နောက် အခုအချိန်ဟာ အပြောင်းအလဲတစ်ခုကို စတင်ရတော့မယ့် အချိန်ရောက်လာပါပြီ။ သေချာတာကတော့ ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော့်အနာဂတ်အတွက် အဖြေတစ်ခုထွက်လာမှာပါ။ ချယ်လ်ဆီးမှာ ဆက်ကစားမလား၊ လမ်းခွဲမလားဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပေမယ့် Final Decision ကတော့ ချယ်လ်ဆီးအသင်းပဲ ချမှတ်သွားမှာဖြစ်ပါတယ်။ တကယ်လို့ ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို ရောင်းဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်အသင်းကို ကျွန်တော်သွားမလဲဆိုတာ ခင်ဗျားတို့(မီဒီယာများကိုဆိုလို) သိပြီးသားပါပဲ”လို့ ပြောကြားခဲ့တယ်။

Hazard-made-it-clear-he-wants-a-move-to-Real-Madrid

Hazard-made-it-clear-he-wants-a-move-to-Real-Madrid

အခုအချိန်မှာ ရီးယဲလ်အသင်းကလည်း သူတို့ရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို C.Ronaldo ကို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချခဲ့ပြီးဖြစ်တာကြောင့် အဲဒီနေရာမှာ အစားထိုးဖို့ ကစားသမားတစ်ဦး မဖြစ်မနေ ခေါ်ယူရမှာဖြစ်ပြီး ဟာဇက်ကို ကြိုးပမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းကတော့ ဟာဇက်ကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်ခံဖို့ မရှိဘဲ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)အထိရမှ ရောင်းချသွားမယ့်အနေအထားပါ။ ချယ်လ်ဆီးအသင်းအနေနဲ့လည်း ဟာဇက်ဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းကို လက်ရှိကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၉၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နေမာ Neymar ထက် ပိုတန်ဖိုးရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

World-Record-Transfer-Fee1

World-Record-Transfer-Fee1

ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့ (၂)နှစ်စာချုပ်ကျန်ရှိနေသလို ချယ်လ်ဆီးအသင်းက သူ့ကို တစ်ပတ်ပေါင်(၃)သိန်းအထိပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေတယ်။ ဒါပေမဲ့ ဟာဇက်ကိုယ်တိုင်က ရီးယဲလ်အသင်းမှာ ကစားခွင့်ရဖို့ ဆန္ဒရှိနေပုံရတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်မယ့်အနေအထားပါပဲ။ ဟာဇက်နဲ့ရီးယဲလ်အသင်းရဲ့ အပြောင်းအရွှေ့ပုံပြင်က ဒီနွေရာသီမှာ အဖြေထွက်လာမလားဆိုတာ စောင့်ကြည့်လိုက်ရအောင် . . .

REF:The Sun
Photo:The Sun,JoniNet.com
Naing Linn(Akhayar)
www.akhayar.com