[Zawgyi]

အျမင္အာရုံဆံုးရႈံးသြားေစႏိုင္တဲ့ ကြန္ပ်ဴတာနဲ႔ဖုန္းက အျပာေရာင္အလင္း

ယေန႔ေခတ္မွာ ဖံြ႔ၿဖိဳးတိုးတက္လာတာနဲ႔အမွ် နည္းပညာအသစ္အဆန္းေတြ အမ်ားႀကီးထြက္ေပၚလို႔ လာပါတယ္။ လူတိုင္းက ေခတ္ေနာက္က်မက်န္ရစ္ေစဖို႔ နည္းပညာေနာက္ကို လိုက္ပါစီးေမ်ာၾကရင္း ကြန္ပ်ဴတာေတြ၊ ဖုန္းေတြကို အလြန္အက်ဴးသံုးစဲြမိလာၾကပါတယ္။ အဲဒီလိုအလြန္အက်ဴးသံုးစဲြတဲ့အတြက္ ကြန္ပ်ဴတာေတြ၊ ဖုန္းေတြက ထြက္ရွိလာတဲ႔ အျပာေရာင္အလင္းေၾကာင့္ မ်က္လံုးဟာ ထိခိုက္လာၿပီး နဂိုအတိုင္းျပန္မေကာင္းေအာင္ ပ်က္စီးသြားႏိုင္ပါတယ္။

Looking Phone in darkness

Looking Phone in darkness

ဒီလိုထိခိုက္ပ်က္စီးႏုိင္တဲ႔အေၾကာင္းကို အေမရိကန္ေလ့လာမႈတစ္ခုကေန ရွာေဖြေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

Ohio ျပည္နယ္ Toledo University မွ သုေတသီေတြက ဇူလုိင္လအတြင္းေလ့လာခဲ႔တဲ႔ ေလ့လာမႈေတြအရ ထုတ္ျပန္ခဲ႔တာကေတာ့ ဒစ္ဂ်စ္တယ္ပစၥည္းေတြကေနထြက္ရွိတဲ႔ အျပာေရာင္အလင္းေၾကာင့္ ဗဟုိအာရုံေၾကာပ်က္စီးျခင္းနဲ႔ ညဘက္အျမင္အာရုံေဝဝါးျခင္း အစရွိတဲ႔ ေရာဂါေတြ ျဖစ္ပြားႏိုင္ပါတယ္။ Project တစ္ခုရဲ႕ သုေတသနျပဳလုပ္သူ Dr Ajith Karunarathne က တကၠသိုလ္ website မွာေျပာျပခဲ႔ပံုအရ လူေတြဟာ ဖုန္းေတြ၊ကြန္ပ်ဴတာေတြကို အဆက္မျပတ္အသံုးျပဳတဲ႔အတြက္ အျပာေရာင္အလင္းနဲ႔ အဆက္မျပတ္ ထိေတြ႔မႈျဖစ္လာတဲ႔အခါ မ်က္ၾကည္လႊာကို ပိတ္ဆို႔မႈ ျဖစ္လာၿပီး ေရာင္ျပန္ဟပ္ႏိုင္စြမ္း မရွိေတာ့ပါဘူး။ ဒါ့အျပင္ သူမက“အျပာေရာင္အလင္းဟာ အျမင္အာရုံကိုသာ ထိခုို္က္ေစတာမဟုတ္ဘဲ မ်က္လံုးရဲ႕ေနာက္ဘက္ရွိ အလႊာကိုပါ ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္” လို႔ ထပ္ေပါင္းေျပာၾကားခဲ႔ပါတယ္။

Man using laptop on his bed at night

Man using laptop on his bed at night

အျပာေရာင္အလင္းက တျခားျမင္ႏို္င္ေသာ အျမင္အာရုံနဲ႔ ဆက္စပ္မႈရွိၿပီး အလြန္တိုေတာင္းတဲ႔ လိုင္းအလ်ားျဖစ္ကာ စြမ္းအင္ပမာဏေျမာက္ျမားစြာကုိ ထုတ္လုပ္ေပးပါတယ္။ UT Researchers ေတြရဲ႕ ေျပာၾကားခ်က္အရ အျပာေရာင္အလင္းနဲ႔ မ်က္လံုးကို ထိေတြ႔ျခင္းက အဆိပ္ရွိတဲ႔ ေမာ္လီက်ဴးနဲ႔ မ်က္လံုးထဲရွိ အထိခိုက္မခံတဲ႔ဆဲလ္ကို ထိေတြ႕တာနဲ႔ တူပါတယ္။ အဲ့ဒီလို ထိေတြ႕ျခင္းကေန Age-related Macular Degeneration (AMD) လို႔ေခၚတဲ႔ ေရာဂါနဲ႔ ညဘက္အျမင္အာရုံေဝဝါးျခင္းေတြ ျဖစ္ေပၚလာေစႏိုင္ပါတယ္။ National Eye Center ရဲ႕ေျပာၾကားခ်က္အရ AMD ဟာ ျပန္လည္ကုသလို႔မရတဲ႔ က်န္းမာေရးအေျခအေနျဖစ္ၿပီး အသက္(၅၀) အရြယ္ေတြ အျမင္အာရုံဆံုးရႈံးရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းကလည္း AMD ေၾကာင္႔ပဲ ျဖစ္ပါတယ္။

အျမင္အာရုံေဝဝါးလာတဲ့လူေတြဟာ ေန႔စဥ္လႈပ္ရွားမႈေတြျဖစ္တဲ႔ ကားေမာင္းရာမွာ အခက္အခဲျဖစ္လာျခင္း၊ မ်က္ႏွာေတြကို မွတ္မိဖို႔ခက္ခဲလာျခင္းနဲ႔ စာဖတ္ရအခက္အခဲျဖစ္လာျခင္းေတြ ေတြ႔ၾကံဳခံစားရႏိုင္ပါတယ္။ UT က သုေတသနျပဳလုပ္သူေတြဟာ အျမင္အာရုံေဝဝါးျခင္း၊ ဆံုးရႈံးျခင္းေတြ ျဖစ္တာကို ကာကြယ္ႏိုင္ဖို႔အတြက္ အျပာေရာင္အလင္းထိေတြ႔မႈကို နားလည္ႏိုင္ရန္ တီဗီ၊ ဖုန္းနဲ႔ Tablet ေတြမွ ထြက္ရွိတဲ႔ အလင္းေတြကို တိုင္းတာမႈေတြ ျပဳလုပ္ေနၾကပါတယ္။ အျပာေရာင္အလင္း မ်က္စိနဲ႔ တိုက္ရုိက္ထိေတြ႔မႈကို ကာကြယ္ခ်င္ရင္ေတာ့ အေမွာင္ထဲမွာ ဆဲလ္ဖုန္းေတြနဲ႔ Tablet ေတြ ၾကည္႔ျခင္းကို တတ္ႏုိင္သမွ် ေရွာင္ၾကဥ္ျခင္း၊ မ်က္လံုးကို တိုက္ရုိက္ထိေတြ႔ေစတဲ့ ခရမ္းလြန္ေရာင္ျခည္နဲ႔ အျပာေရာင္အလင္း ႏွစ္မ်ဳိးစလံုးကို ကာကြယ္ႏိုင္တဲ႔ မ်က္မွန္ေတြဝတ္ၿပီး မ်က္လံုးကို ကာကြယ္ေစာင္႔ေရွာက္သင္႔ပါတယ္။

မ်က္လံုးဟာ လူတစ္ေယာက္အတြက္ မရွိမျဖစ္အေရးႀကီးတဲ႔ အစိတ္အပိုင္းျဖစ္လုိ႔ မလိုအပ္တဲ႔ေနရာမွာ အရမ္းအသံုးခ်ၿပီး အျမင္အာရုံဆံုးရႈံးသြားတာမ်ဳိး ျဖစ္ေအာင္ မျပဳလုပ္သင့္ပါဘူး။ အေရးႀကီးတဲ႔ အစိတ္အပိုင္းဆံုးရႈံးျခင္းမျဖစ္ေစဖို႔ မ်က္လံုးကုိ အနားေပးခ်္ိန္တန္ အနားေပးၿပီး အခ်ိန္အကန္႔အသတ္ေလးနဲ႔ ဆင္ဆင္ျခင္ျခင္အသံုးျပဳၾကဖို႔ တိုက္တြန္းလိုက္ခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အမြင်အာရုံဆုံးရှုံးသွားစေနိုင်တဲ့ ကွန်ပျူတာနဲ့ဖုန်းက အပြာရောင်အလင်း

ယနေ့ခေတ်မှာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နည်းပညာအသစ်အဆန်းတွေ အများကြီးထွက်ပေါ်လို့ လာပါတယ်။ လူတိုင်းက ခေတ်နောက်ကျမကျန်ရစ်စေဖို့ နည်းပညာနောက်ကို လိုက်ပါစီးမျောကြရင်း ကွန်ပျူတာတွေ၊ ဖုန်းတွေကို အလွန်အကျူးသုံးစွဲမိလာကြပါတယ်။ အဲဒီလိုအလွန်အကျူးသုံးစွဲတဲ့အတွက် ကွန်ပျူတာတွေ၊ ဖုန်းတွေက ထွက်ရှိလာတဲ့ အပြာရောင်အလင်းကြောင့် မျက်လုံးဟာ ထိခိုက်လာပြီး နဂိုအတိုင်းပြန်မကောင်းအောင် ပျက်စီးသွားနိုင်ပါတယ်။

Looking Phone in darkness

Looking Phone in darkness

ဒီလိုထိခိုက်ပျက်စီးနိုင်တဲ့အကြောင်းကို အမေရိကန်လေ့လာမှုတစ်ခုကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Ohio ပြည်နယ် Toledo University မှ သုတေသီတွေက ဇူလိုင်လအတွင်းလေ့လာခဲ့တဲ့ လေ့လာမှုတွေအရ ထုတ်ပြန်ခဲ့တာကတော့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကနေထွက်ရှိတဲ့ အပြာရောင်အလင်းကြောင့် ဗဟိုအာရုံကြောပျက်စီးခြင်းနဲ့ ညဘက်အမြင်အာရုံဝေဝါးခြင်း အစရှိတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ Project တစ်ခုရဲ့ သုတေသနပြုလုပ်သူ Dr Ajith Karunarathne က တက္ကသိုလ် website မှာပြောပြခဲ့ပုံအရ လူတွေဟာ ဖုန်းတွေ၊ကွန်ပျူတာတွေကို အဆက်မပြတ်အသုံးပြုတဲ့အတွက် အပြာရောင်အလင်းနဲ့ အဆက်မပြတ် ထိတွေ့မှုဖြစ်လာတဲ့အခါ မျက်ကြည်လွှာကို ပိတ်ဆို့မှု ဖြစ်လာပြီး ရောင်ပြန်ဟပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါ့အပြင် သူမက“အပြာရောင်အလင်းဟာ အမြင်အာရုံကိုသာ ထိခိုက်စေတာမဟုတ်ဘဲ မျက်လုံးရဲ့နောက်ဘက်ရှိ အလွှာကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်” လို့ ထပ်ပေါင်းပြောကြားခဲ့ပါတယ်။

Man using laptop on his bed at night

Man using laptop on his bed at night

အပြာရောင်အလင်းက တခြားမြင်နိုင်သော အမြင်အာရုံနဲ့ ဆက်စပ်မှုရှိပြီး အလွန်တိုတောင်းတဲ့ လိုင်းအလျားဖြစ်ကာ စွမ်းအင်ပမာဏမြောက်မြားစွာကို ထုတ်လုပ်ပေးပါတယ်။ UT Researchers တွေရဲ့ ပြောကြားချက်အရ အပြာရောင်အလင်းနဲ့ မျက်လုံးကို ထိတွေ့ခြင်းက အဆိပ်ရှိတဲ့ မော်လီကျူးနဲ့ မျက်လုံးထဲရှိ အထိခိုက်မခံတဲ့ဆဲလ်ကို ထိတွေ့တာနဲ့ တူပါတယ်။ အဲ့ဒီလို ထိတွေ့ခြင်းကနေ Age-related Macular Degeneration (AMD) လို့ခေါ်တဲ့ ရောဂါနဲ့ ညဘက်အမြင်အာရုံဝေဝါးခြင်းတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ National Eye Center ရဲ့ပြောကြားချက်အရ AMD ဟာ ပြန်လည်ကုသလို့မရတဲ့ ကျန်းမာရေးအခြေအနေဖြစ်ပြီး အသက်(၅၀) အရွယ်တွေ အမြင်အာရုံဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းကလည်း AMD ကြောင့်ပဲ ဖြစ်ပါတယ်။

အမြင်အာရုံဝေဝါးလာတဲ့လူတွေဟာ နေ့စဉ်လှုပ်ရှားမှုတွေဖြစ်တဲ့ ကားမောင်းရာမှာ အခက်အခဲဖြစ်လာခြင်း၊ မျက်နှာတွေကို မှတ်မိဖို့ခက်ခဲလာခြင်းနဲ့ စာဖတ်ရအခက်အခဲဖြစ်လာခြင်းတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။ UT က သုတေသနပြုလုပ်သူတွေဟာ အမြင်အာရုံဝေဝါးခြင်း၊ ဆုံးရှုံးခြင်းတွေ ဖြစ်တာကို ကာကွယ်နိုင်ဖို့အတွက် အပြာရောင်အလင်းထိတွေ့မှုကို နားလည်နိုင်ရန် တီဗီ၊ ဖုန်းနဲ့ Tablet တွေမှ ထွက်ရှိတဲ့ အလင်းတွေကို တိုင်းတာမှုတွေ ပြုလုပ်နေကြပါတယ်။ အပြာရောင်အလင်း မျက်စိနဲ့ တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ချင်ရင်တော့ အမှောင်ထဲမှာ ဆဲလ်ဖုန်းတွေနဲ့ Tablet တွေ ကြည့်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ မျက်လုံးကို တိုက်ရိုက်ထိတွေ့စေတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အပြာရောင်အလင်း နှစ်မျိုးစလုံးကို ကာကွယ်နိုင်တဲ့ မျက်မှန်တွေဝတ်ပြီး မျက်လုံးကို ကာကွယ်စောင့်ရှောက်သင့်ပါတယ်။

မျက်လုံးဟာ လူတစ်ယောက်အတွက် မရှိမဖြစ်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လို့ မလိုအပ်တဲ့နေရာမှာ အရမ်းအသုံးချပြီး အမြင်အာရုံဆုံးရှုံးသွားတာမျိုး ဖြစ်အောင် မပြုလုပ်သင့်ပါဘူး။ အရေးကြီးတဲ့ အစိတ်အပိုင်းဆုံးရှုံးခြင်းမဖြစ်စေဖို့ မျက်လုံးကို အနားပေးချိန်တန် အနားပေးပြီး အချိန်အကန့်အသတ်လေးနဲ့ ဆင်ဆင်ခြင်ခြင်အသုံးပြုကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

H.H(Akhayar)

www.akhayar.com