
BitTorrent




Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Torrent File တွေကို Download ပြုလုပ်ဖို့ပဲဖြစ်ဖြစ် File တွေကို Sharing ပြုလုပ်ဖို့ပဲဖြစ်ဖြစ် BitTorrent ကို သိကြမှာပါ။ အခုအချိန်မှာတော့ အဆိုပါ BitTorrent ကုမ္ပဏီကို Blockchain Startup ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tron က ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

BitTorrent

အခုဝယ်ယူမှုအပေါ်မှာ ကုမ္ပဏီ ၂ ဖက်စလုံးက ဘယ်လောက်နဲ့ အရောင်းအဝယ်ဖြစ်သွားသလဲဆိုတာကို အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် TechCrunch ရဲ့ သတင်းပို့ချက်အရ အခု ဝယ်ယူမှုဟာ ငွေသား ဒေါ်လာ ၁၂၆ သန်းဝန်းကျင်ဖြစ်မယ်လို့ ယူဆရပါတယ်။ အခုလိုမျိုး ဝယ်ယူပြီးသွားတဲ့အတွက် BitTorrent ရဲ့ ဝန်ထမ်းတွေက San Francisco မှာရှိတဲ့ Tron ရုံးမှာ သွားရောက်အလုပ်ဆင်းရတော့မှာဖြစ်ပါတယ်။

Tron ကုမ္ပဏီရဲ့ Founder ဖြစ်တဲ့ Justin Sun ကတော့ အခုလိုမျိုး ဝယ်ယူမှုပြုလုပ်လိုက်တာက သူရဲ့ ကုမ္ပဏီကို တကမ္ဘာလုံးမှာ အကြီးမားဆုံးသော Decentralized Internet Ecosystem တစ်ခုဖြစ်လာခဲ့တယ် လို့ ပြောကြားခဲ့ပါတယ်။ BitTorrent ဟာ ပြီးခဲ့တဲ့ လတုန်းက သူရဲ့ Service တွေကို ပြောင်းလဲသွားဖို့နဲ့ Crytocurrency ကို Mining ပြုလုပ်သွားဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပေမယ့် အခုလိုမျိုး Tron ကနေ ဝယ်ယူလိုက်တဲ့အတွက် ဘယ်လိုမျိုး ပြောင်းလဲသွားဦးမလဲဆိုတာကတော့ မှန်းဆရခက်နေပါတယ်။

ဘာပဲဖြစ်ဖြစ် BitTorrent ဟာ အခုနောက်ပိုင်းမှာ Torrent Client အနေနဲ့လည်း အသုံးပြုမှုနည်းပါးနေပြီဖြစ်ပြီးတော့ File Sharing Service အနေနဲ့ BitTorrent က ထင်သလောက်မအောင်မြင်သေးတဲ့အတွက် အခုလိုမျိုး Tron ရဲ့ ဝယ်ယူမှုက ပြောင်းလဲသွားစေမလားဆိုတာက ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com