[Zawgyi]

ဆန္းၾကယ္ေကာ့ေတးလ္ေတြနဲ႔ ဆြဲညိဳ႕ေနတဲ့ ျမိဳ႔ျပရဲ႕ အႏုပညာအဆန္ဆံုး The Blind Tiger

နံရံတစ္ခုလံုးက ပန္းခ်ီလား၊ ပံုရိပ္လားမသဲကြဲေလာက္ေအာင္ အႏုပညာေျမာက္ ႂကြရြလြန္းတဲ႔ ပါးကြက္က်ားနဲ႔ မိန္းမပ်ိဳပံုေလးေတြ…

မွိန္ပ်ပ်နီယြန္မီးေရာင္ေအာက္က မာန္ဖီေနတဲ့ က်ား႐ိုင္းႀကီးရဲ႕ မ်က္လံုးလို နီေဖ်ာ့ေဖ်ာ့ အေရာင္ေသြးအျပင္ဆင္ေတြ…

ကမ႓ာအႏွံ့ကေန ျမန္မာျပည္ ရန္ကုန္ၿမိဳ႕ရဲ႕ အသံလံုအဆင့္ျမင့္ Bar ႀကီးတစ္ခုမွာ လာဆံုေတြ႕ၾကတဲ့ ပံုသဏၭာန္အေရာင္ေသြးစံု Wine၊ Champagne ၊ Cocktails နဲ႔ Drinks ေရာင္စံုပုလင္းစံုေတြ….နဲ႔

အိပ္ေပ်ာ္ေနတဲ့မ်က္ကန္းက်ားႀကီးတစ္ေကာင္ဟာ ဆိပ္ကမ္းသာလမ္းေအာက္ဘေလာက္မွာ ည ၈နာရီဝန္းက်င္ဆို မာန္ဖီႏိုးထလာခဲ့တာ ခုဆို အခ်ိန္ကာလတစ္ခုထိ တည္ၿမဲ ေအာင္ျမင္ေနခဲ့ပါၿပီ။ အျပင္ကၾကည့္ရင္ေတာ့ သူ႕ရဲ႕ ခန္႔ထည္မႈေတြ၊ အရွိန္အဝါေတြကို ဖံုးအုပ္ထားေပမယ့္ ဆိုင္ထဲတံခါးေခါက္ဝင္လိုက္တာနဲ႔ ညသန္းေခါင္အခ်ိန္ၾကာၾကာထိ ျပန္မထတမ္းထိုင္ခ်င္စရာ လြတ္လပ္မႈေတြထံုလႊမ္းေနတဲ့ Bar ပါ။

ျမန္မာလူမ်ိဳးေတြရဲ႕ အေၾကာင္းကိုစိတ္ဝင္စားတဲ့ ႏိုင္ငံျခားသူဖြင့္ထားတာမို႔ Bar ရဲ႕ Culture ကိုက ျမန္မာ့အႏုပညာေတြနဲ႔ တ႐ုတ္အေငြ႕အသက္ေတြ၊ အေနာက္ႏိုင္ငံရဲ႕ Modern Living Style ကို The Blind Tiger က အျပည့္အဝ ေဖာ္ျပပါလိမ့္မယ္။

အဓိက လူစုေဝးၾကတာကေတာ့ ႏိုင္ငံျခားသားအမ်ားဆံုးျဖစ္ၿပီး ခုေနာက္ပိုင္း ေနထိုင္မႈအဆင့္တန္းျမင့္တဲ့ ေခတ္လူငယ္ မိန္းမပ်ိဳေတြရဲ႕ Ladies Night တစ္ခုအျဖစ္ ဆံုစည္းရာေနရာတစ္ခုျဖစ္လာပါၿပီ။ တျခား Bar ေတြနဲ႔ ပံုစံအသြင္ျပင္မတူရံုမက Bar တစ္ခုစစ္စစ္ဆိုတာထက္ အေပါင္းအသင္းမိတ္ေဆြေတြ စကားစၿမည္ေျပာၾက၊ ညေနတိုင္းဆံုေတြ႕ၾကဖို႔ လာစုေဝးၾကတဲ့ ဒီ Blind Tiger ရဲ႕ နာမည္ေက်ာ္ေတြကေတာ့ Cocktails ေတြပါပဲ။

တကယ့္ကို ႏိုင္ငံတကာမွာ လက္ရည္၊ပညာရည္ကြ်မ္းက်င္လာတဲ့ Bartender ဆရာႀကီးေတြရဲ႕ အႏုပညာေျမာက္ေဖ်ာ္ေျဖမႈေတြ၊ ကိုယ့္ေရွ႕မွာတင္ မ်က္စိတမွိတ္အတြင္း တသသျပန္ခံစားမဝတဲ့ Cocktails နဲ႔ Drinks အရသာေတြက Blind Tiger ေရာက္တိုင္း ေနာက္တခါထပ္မလာဘဲ မေနႏိုင္ေအာင္ ညိဳ႕ႏိုင္ပါတယ္။

Alcohol ေရွာင္ခ်င္တဲ့ မိန္းကေလးေတြအတြက္ေတာ့ မမွာမျဖစ္က Blind Tiger ရဲ႕ Signature Mocktail ေတြပါပဲ။ အသီးေတြကို Dehydrate လုပ္ထားၿပီး အရသာကို လွ်ာထဲစြဲေအာင္ေဖ်ာ္ႏိုင္တာမ်ား ခံစားဖူးရင္ စြဲလန္းသြားမွာ ေသခ်ာေလာက္တဲ့ထိကို ေႂကြက်ေစတဲ့ Drinks ေတြပါပဲ။

အစားအစာအေနနဲ႔ကေတာ့ Mediterranian Food ေတြကိုမွ အနည္းအက်ဥ္းေလာက္ပဲ ေရာင္းခ်ေပမယ့္ Tapas ေလးေတြကိုေတာ့ ေရာက္ရင္ Try ခဲ့ေစခ်င္ပါတယ္။ FOC ခ်ေပးတဲ့ ေျမပဲေလွာ္နံ့ကလည္း သင္းလြန္းလို႔ ဝါးရင္းဝါးရင္းကို လက္က မထိန္းႏိုင္တဲ့ထိပါပဲ။

Quality ေကာင္းတဲ့ အရာေတြက တန္ဖိုးလည္း ရွိပါတယ္။ တန္ဖိုးလည္း ႀကီးပါတယ္။ အဲ့လိုပဲ ဘယ္မွာမွမရတဲ့ Drinks အရသာေတြနဲ႔ နာမည္ေက်ာ္အေဖ်ာ္ဆရာေတြရဲ႕ လက္ရာအတြက္ တန္ဖိုးကလည္း ပ်မ္းမွ် ၅၀၀၀ က်ပ္နဲ႔အထက္ရွိပါတယ္။ ဒါေပမယ့္ The Blind Tiger ကေတာ့ ရန္ကုန္ရဲ႕ ၿမိဳ႕ျပညေတြထဲက ခုန္ထြက္ဖို႔ အသံလံုတဲ႔ Soundproof wallpaper ေတြနဲ႔ ရန္ကုန္မွာေနရင္းကို ရန္ကုန္ကကင္းလြတ္ေစမယ့္ ခံစားခ်က္အထူးအဆန္းေတြကို ပံုေဖာ္ဖန္တီးႏိုင္မယ့္ နီပ်ပ်ညတစ္ညအျဖစ္ ေစာင့္ႀကိဳေနမွာပါ…

လိပ္စာကေတာ့ အမွတ္ ၉၃၊ ၉၅ ေျမညီထပ္၊ ဆိပ္ကမ္းသာလမ္း ေအာက္ဘေလာက္၊ ေက်ာက္တံတားၿမိဳ႕နယ္ပါ။ ညေန ၄နာရီကေန ည ၁၂ နာရီအထိ မျပန္ခ်င္တမ္း Chill out လုပ္လို႔ရပါတယ္။

ခ်စ္လွစြာေသာ-

FoodieEi (Akhayar)

[Unicode]

ဆန်းကြယ်ကော့တေးလ်တွေနဲ့ ဆွဲညို့နေတဲ့ မြို့ပြရဲ့ အနုပညာအဆန်ဆုံး The Blind Tiger

နံရံတစ်ခုလုံးက ပန်းချီလား၊ ပုံရိပ်လားမသဲကွဲလောက်အောင် အနုပညာမြောက် ကြွရွလွန်းတဲ့ ပါးကွက်ကျားနဲ့ မိန်းမပျိုပုံလေးတွေ…

မှိန်ပျပျနီယွန်မီးရောင်အောက်က မာန်ဖီနေတဲ့ ကျားရိုင်းကြီးရဲ့ မျက်လုံးလို နီဖျော့ဖျော့ အရောင်သွေးအပြင်ဆင်တွေ…

ကမ္ဘာအနှံ့ကနေ မြန်မာပြည် ရန်ကုန်မြို့ရဲ့ အသံလုံအဆင့်မြင့် Bar ကြီးတစ်ခုမှာ လာဆုံတွေ့ကြတဲ့ ပုံသဏ္ဌာန်အရောင်သွေးစုံ Wine၊ Champagne ၊ Cocktails နဲ့ Drinks ရောင်စုံပုလင်းစုံတွေ….နဲ့

အိပ်ပျော်နေတဲ့မျက်ကန်းကျားကြီးတစ်ကောင်ဟာ ဆိပ်ကမ်းသာလမ်းအောက်ဘလောက်မှာ ည ၈နာရီဝန်းကျင်ဆို မာန်ဖီနိုးထလာခဲ့တာ ခုဆို အချိန်ကာလတစ်ခုထိ တည်မြဲ အောင်မြင်နေခဲ့ပါပြီ။ အပြင်ကကြည့်ရင်တော့ သူ့ရဲ့ ခန့်ထည်မှုတွေ၊ အရှိန်အဝါတွေကို ဖုံးအုပ်ထားပေမယ့် ဆိုင်ထဲတံခါးခေါက်ဝင်လိုက်တာနဲ့ ညသန်းခေါင်အချိန်ကြာကြာထိ ပြန်မထတမ်းထိုင်ချင်စရာ လွတ်လပ်မှုတွေထုံလွှမ်းနေတဲ့ Bar ပါ။

မြန်မာလူမျိုးတွေရဲ့ အကြောင်းကိုစိတ်ဝင်စားတဲ့ နိုင်ငံခြားသူဖွင့်ထားတာမို့ Bar ရဲ့ Culture ကိုက မြန်မာ့အနုပညာတွေနဲ့ တရုတ်အငွေ့အသက်တွေ၊ အနောက်နိုင်ငံရဲ့ Modern Living Style ကို The Blind Tiger က အပြည့်အဝ ဖော်ပြပါလိမ့်မယ်။

အဓိက လူစုဝေးကြတာကတော့ နိုင်ငံခြားသားအများဆုံးဖြစ်ပြီး ခုနောက်ပိုင်း နေထိုင်မှုအဆင့်တန်းမြင့်တဲ့ ခေတ်လူငယ် မိန်းမပျိုတွေရဲ့ Ladies Night တစ်ခုအဖြစ် ဆုံစည်းရာနေရာတစ်ခုဖြစ်လာပါပြီ။ တခြား Bar တွေနဲ့ ပုံစံအသွင်ပြင်မတူရုံမက Bar တစ်ခုစစ်စစ်ဆိုတာထက် အပေါင်းအသင်းမိတ်ဆွေတွေ စကားစမြည်ပြောကြ၊ ညနေတိုင်းဆုံတွေ့ကြဖို့ လာစုဝေးကြတဲ့ ဒီ Blind Tiger ရဲ့ နာမည်ကျော်တွေကတော့ Cocktails တွေပါပဲ။

တကယ့်ကို နိုင်ငံတကာမှာ လက်ရည်၊ပညာရည်ကျွမ်းကျင်လာတဲ့ Bartender ဆရာကြီးတွေရဲ့ အနုပညာမြောက်ဖျော်ဖြေမှုတွေ၊ ကိုယ့်ရှေ့မှာတင် မျက်စိတမှိတ်အတွင်း တသသပြန်ခံစားမဝတဲ့ Cocktails နဲ့ Drinks အရသာတွေက Blind Tiger ရောက်တိုင်း နောက်တခါထပ်မလာဘဲ မနေနိုင်အောင် ညို့နိုင်ပါတယ်။

Alcohol ရှောင်ချင်တဲ့ မိန်းကလေးတွေအတွက်တော့ မမှာမဖြစ်က Blind Tiger ရဲ့ Signature Mocktail တွေပါပဲ။ အသီးတွေကို Dehydrate လုပ်ထားပြီး အရသာကို လျှာထဲစွဲအောင်ဖျော်နိုင်တာများ ခံစားဖူးရင် စွဲလန်းသွားမှာ သေချာလောက်တဲ့ထိကို ကြွေကျစေတဲ့ Drinks တွေပါပဲ။

အစားအစာအနေနဲ့ကတော့ Mediterranian Food တွေကိုမှ အနည်းအကျဉ်းလောက်ပဲ ရောင်းချပေမယ့် Tapas လေးတွေကိုတော့ ရောက်ရင် Try ခဲ့စေချင်ပါတယ်။ FOC ချပေးတဲ့ မြေပဲလှော်နံ့ကလည်း သင်းလွန်းလို့ ဝါးရင်းဝါးရင်းကို လက်က မထိန်းနိုင်တဲ့ထိပါပဲ။

Quality ကောင်းတဲ့ အရာတွေက တန်ဖိုးလည်း ရှိပါတယ်။ တန်ဖိုးလည်း ကြီးပါတယ်။ အဲ့လိုပဲ ဘယ်မှာမှမရတဲ့ Drinks အရသာတွေနဲ့ နာမည်ကျော်အဖျော်ဆရာတွေရဲ့ လက်ရာအတွက် တန်ဖိုးကလည်း ပျမ်းမျှ ၅၀၀၀ ကျပ်နဲ့အထက်ရှိပါတယ်။ ဒါပေမယ့် The Blind Tiger ကတော့ ရန်ကုန်ရဲ့ မြို့ပြညတွေထဲက ခုန်ထွက်ဖို့ အသံလုံတဲ့ Soundproof wallpaper တွေနဲ့ ရန်ကုန်မှာနေရင်းကို ရန်ကုန်ကကင်းလွတ်စေမယ့် ခံစားချက်အထူးအဆန်းတွေကို ပုံဖော်ဖန်တီးနိုင်မယ့် နီပျပျညတစ်ညအဖြစ် စောင့်ကြိုနေမှာပါ…

လိပ်စာကတော့ အမှတ် ၉၃၊ ၉၅ မြေညီထပ်၊ ဆိပ်ကမ်းသာလမ်း အောက်ဘလောက်၊ ကျောက်တံတားမြို့နယ်ပါ။ ညနေ ၄နာရီကနေ ည ၁၂ နာရီအထိ မပြန်ချင်တမ်း Chill out လုပ်လို့ရပါတယ်။

ချစ်လှစွာသော-
FoodieEI (Akhayar)