[Zawgyi]

မ်က္မျမင္ေခြးအိုႀကီးကို လမ္းျပေပးတဲ့ေၾကာင္ေလးနဲ႔ သူတို႔ႏွစ္ဦးရဲ႕ အံ့ဖြယ္ကံၾကမၼာအေၾကာင္း

အဂၤလန္ႏိုင္ငံ ေဝးလ္ျပည္နယ္ ေျမာက္ပိုင္းေဒသမွာ Labrador နဲ႔ Golden Retriever ကိုစပ္ၿပီး သားေဖာက္ထားတဲ့ Labrador Retriever ဆိုတဲ့ ေခ်ာကလက္ေရာင္ ေခြးတစ္ေကာင္ရွိပါတယ္။ သူ႔နာမည္က Terfel လို႔ေခၚၿပီး အသက္က ၈ ႏွစ္ရွိပါၿပီ။ ေခြးတစ္ေကာင္ရဲ႕ ပ်မ္းမွ်သက္တမ္း ၁၅ ႏွစ္မွာ အသက္ ၈ ႏွစ္ဆိုတာက လူ႔သက္တမ္း ၈၀ နဲ႔တြက္မယ္ဆိုရင္ Terfel ႀကီးဟာ အသက္ေလးဆယ္ေက်ာ္ငါးဆယ္နီးပါးရွိတဲ့ လူအိုတစ္ေယာက္လိုပါပဲ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ေျပာရမယ္ဆိုရင္ ေခြးသက္တမ္းအရ အိုမင္းေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ၂၀၁၂ ခုႏွစ္မွာ သူ႔ရဲ႕က်န္းမာေရးအေျခအေန တျဖည္းျဖည္း ယိုယြင္းလာခဲ့ပါတယ္။ သိသိသာသာခံစားခဲ့ရတာကေတာ့ သူ႔ရဲ႕အျမင္အာရံုေတြပါ။ အဲဒီႏွစ္ထဲမွာပဲ Terfel ႀကီးဟာ မ်က္စိတိမ္စြဲေရာဂါကို စတင္ခံစားခဲ့ရပါတယ္။ သူ႔ရဲ႕မ်က္လံုးက်န္းမာေရး ဘယ္ေလာက္ေတာင္ခ်ိဳ႕ယြင္းလာလဲဆိုရင္ သူ႔သခင္ဧည့္ခန္းထဲက စားပြဲခံု၊ ထိုင္ခံုေတြကိုပါ ဝင္တိုက္မိပါေတာ့တယ္။ တခါတေလ အခန္းနံရံေတြကိုေတာင္ မျမင္္ေတာ့ဘဲ မၾကာခဏဆိုသလို ဝင္ဝင္တိုက္မိေနပါတယ္။

သနားစရာ Terfel ႀကီး တစ္ခ်ိန္တစ္ခါတုန္းကေတာ့ သန္မာဖ်က္လတ္ၿပီး က်န္းက်န္းမာမာနဲ႔ ေခြးတစ္ေကာင္ရဲ႕ အင္အားေတြအျပည့္ရွိခဲ့ပါတယ္။ ဒါေပမဲ့ သိပ္မၾကာခင္မွာပဲ Terfel ႀကီးဟာ လမ္းေတာင္ေကာင္းေကာင္းမေလွ်ာက္ႏိုင္ေတာ့လို႔ အိပ္ယာထဲမွာပဲ သူ႔ဘဝရဲ႕ေနာက္ဆံုးလက္က်န္အခ်ိန္ေတြကိုကုန္ဆံုးရေတာ့မွာပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဒါေပမဲ့ Terfel ကံေကာင္းတာလား ေရစက္ပါလာၾကသလားမေျပာတတ္ေပမယ့္ တစ္ရက္မွာ Terfel ရဲ႕သခင္ျဖစ္သူ Judy Godfrey-Brown က ေလလြင့္ေၾကာင္ေလးတစ္ေကာင္ကိုေတြ႔လို႔ သူ႔အိမ္ကိုေခၚလာခဲ့ပါတယ္။ အဲဒီေၾကာင္ေလးက အမေလးျဖစ္ၿပီး သူမကို Pwditat လို႔ အမည္ေပးထားပါတယ္။ အဲဒီမွာတင္ Terfel နဲ႔ Pwditat တို႔ၾကားက အံ့ၾသစရာေကာင္းတဲ့ ခ်စ္ျခင္းေမတၱာနဲ႔ ေရစက္ကိုျမင္ေတြ႕ရေတာ့တာပါပဲ။

အေၾကာင္းကေတာ့ တိရစာၦန္အုပ္ေတြမွာ ေခါင္းေဆာင္ဦးတည္သြားတဲ့ေနာက္ကို က်န္တဲ့ ေနာက္လိုက္ငယ္သားေတြက တစိုက္မတ္မတ္လိုက္သလိုမ်ိဳး ေၾကာင္ကေလး Pwditat ရဲ႕ေနာက္ကို Terfel က လိုက္ပါၿပီး အခုဆိုရင္ Terfel သြားခ်င္တဲ့ေနရာတိုင္းကို Pwditat က လမ္းေၾကာင္းရွာတာ၊ လမ္းေၾကာင္းေပးတာမ်ိဳးေတြ လုပ္ေပးေလ့ရွိပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အျမင္အာရံုးလံုးဝနီးပါးဆံုးရံႈးေနၿပီျဖစ္တဲ့ Terfel ႀကီးအတြက္ေတာ့ Pwditat ေလးေရာက္လာတာဟာ ကံေကာင္းျခင္းလက္ေဆာင္ပဲျဖစ္ပါတယ္။သူတို႔ႏွစ္ဦးရဲ႕ပံုကိုၾကည့္ျခင္းအားျဖင့္ Pwditat ေလးကလည္း Terfel သြားခ်င္တဲ့ ေနရာမွန္သမွ်ကို မညည္းမညဴဘဲ ကူညီလမ္းျပေပးမယ္ဆိုတာေသခ်ာပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မျက်မမြင်ခွေးအိုကြီးကို လမ်းပြပေးတဲ့ကြောင်လေးနဲ့ သူတို့နှစ်ဦးရဲ့ အံ့ဖွယ်ကံကြမ္မာအကြောင်း

အင်္ဂလန်နိုင်ငံ ဝေးလ်ပြည်နယ် မြောက်ပိုင်းဒေသမှာ Labrador နဲ့ Golden Retriever ကိုစပ်ပြီး သားဖောက်ထားတဲ့ Labrador Retriever ဆိုတဲ့ ချောကလက်ရောင် ခွေးတစ်ကောင်ရှိပါတယ်။ သူ့နာမည်က Terfel လို့ခေါ်ပြီး အသက်က ၈ နှစ်ရှိပါပြီ။ ခွေးတစ်ကောင်ရဲ့ ပျမ်းမျှသက်တမ်း ၁၅ နှစ်မှာ အသက် ၈ နှစ်ဆိုတာက လူ့သက်တမ်း ၈၀ နဲ့တွက်မယ်ဆိုရင် Terfel ကြီးဟာ အသက်လေးဆယ်ကျော်ငါးဆယ်နီးပါးရှိတဲ့ လူအိုတစ်ယောက်လိုပါပဲ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ပြောရမယ်ဆိုရင် ခွေးသက်တမ်းအရ အိုမင်းနေပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၁၂ ခုနှစ်မှာ သူ့ရဲ့ကျန်းမာရေးအခြေအနေ တဖြည်းဖြည်း ယိုယွင်းလာခဲ့ပါတယ်။ သိသိသာသာခံစားခဲ့ရတာကတော့ သူ့ရဲ့အမြင်အာရုံတွေပါ။ အဲဒီနှစ်ထဲမှာပဲ Terfel ကြီးဟာ မျက်စိတိမ်စွဲရောဂါကို စတင်ခံစားခဲ့ရပါတယ်။ သူ့ရဲ့မျက်လုံးကျန်းမာရေး ဘယ်လောက်တောင်ချို့ယွင်းလာလဲဆိုရင် သူ့သခင်ဧည့်ခန်းထဲက စားပွဲခုံ၊ ထိုင်ခုံတွေကိုပါ ဝင်တိုက်မိပါတော့တယ်။ တခါတလေ အခန်းနံရံတွေကိုတောင် မမြင်တော့ဘဲ မကြာခဏဆိုသလို ဝင်ဝင်တိုက်မိနေပါတယ်။

သနားစရာ Terfel ကြီး တစ်ချိန်တစ်ခါတုန်းကတော့ သန်မာဖျက်လတ်ပြီး ကျန်းကျန်းမာမာနဲ့ ခွေးတစ်ကောင်ရဲ့ အင်အားတွေအပြည့်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ Terfel ကြီးဟာ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့လို့ အိပ်ယာထဲမှာပဲ သူ့ဘဝရဲ့နောက်ဆုံးလက်ကျန်အချိန်တွေကိုကုန်ဆုံးရတော့မှာပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ဒါပေမဲ့ Terfel ကံကောင်းတာလား ရေစက်ပါလာကြသလားမပြောတတ်ပေမယ့် တစ်ရက်မှာ Terfel ရဲ့သခင်ဖြစ်သူ Judy Godfrey-Brown က လေလွင့်ကြောင်လေးတစ်ကောင်ကိုတွေ့လို့ သူ့အိမ်ကိုခေါ်လာခဲ့ပါတယ်။ အဲဒီကြောင်လေးက အမလေးဖြစ်ပြီး သူမကို Pwditat လို့ အမည်ပေးထားပါတယ်။ အဲဒီမှာတင် Terfel နဲ့ Pwditat တို့ကြားက အံ့သြစရာကောင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ ရေစက်ကိုမြင်တွေ့ရတော့တာပါပဲ။

အကြောင်းကတော့ တိရစ္ဆာန်အုပ်တွေမှာ ခေါင်းဆောင်ဦးတည်သွားတဲ့နောက်ကို ကျန်တဲ့ နောက်လိုက်ငယ်သားတွေက တစိုက်မတ်မတ်လိုက်သလိုမျိုး ကြောင်ကလေး Pwditat ရဲ့နောက်ကို Terfel က လိုက်ပါပြီး အခုဆိုရင် Terfel သွားချင်တဲ့နေရာတိုင်းကို Pwditat က လမ်းကြောင်းရှာတာ၊ လမ်းကြောင်းပေးတာမျိုးတွေ လုပ်ပေးလေ့ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမြင်အာရုံးလုံးဝနီးပါးဆုံးရှုံးနေပြီဖြစ်တဲ့ Terfel ကြီးအတွက်တော့ Pwditat လေးရောက်လာတာဟာ ကံကောင်းခြင်းလက်ဆောင်ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ပုံကိုကြည့်ခြင်းအားဖြင့် Pwditat လေးကလည်း Terfel သွားချင်တဲ့ နေရာမှန်သမျှကို မညည်းမညူဘဲ ကူညီလမ်းပြပေးမယ်ဆိုတာသေချာပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။