ငယ်ငယ်တုန်းက Super Nintendo/NES ဂိမ်းစက်ပေါ်မှာ Contra ဂိမ်းအလုရက်ဆော့ပြီး သူငယ်ချင်းတွေနဲ့ အမှတ်ပြိုင်၊ အကောင်ပြိုင်ခဲ့တာ မှတ်မိဦးမယ်ထင်ပါတယ်။ အဲ့ချိန်တုန်းက ဖုန်းဆိုတာလည်း ခေတ်မစားသေးသလို PC ၊ Console ဆိုတာလည်း အိမ်တိုင်းမရှိသေးလို့ ဂိမ်းဆိုင်မှာ ၁ နာရီ ၂၀ ၊ ၅၀ ပေးဆော့ရင်း ကျော်ဖြတ်ခဲ့တာကိုလည်း အမှတ်ရမယ်ထင်ပါတယ်။

In-game Footage

In-game Footage

အခု Blazing Chrome လေးနဲ့ ရင်းနှီးသွားအောင် မိတ်ဆက်ပေးရမယ်ဆိုရင် Contra 3: Alien Wars ကို သိသေးရဲ့လား မသိဘူး။ ၁၉၉၂ မှာ ထွက်ခဲ့တယ်ဆိုမယ့် ကျနော်တို့ဆီမှာ ခေတ်စားတာက ၉၇ လောက်ဆိုတော့ နည်းနည်းလေးတော့ ကွာတာပေါ့။ ဇာတ်လမ်းကို ၂၆၃၆ မှာ ဇာတ်အိမ်တည်ထားပြီး ဂြိုလ်သားတွေ လာတိုက်လို့ ကမ္ဘာပျက်လုနီးနီးဖြစ်နေတာကို ကာကွယ်ရမယ့် ရမ်ဘိုနေရာက ဆော့ရတယ်။

Mission ၆ ခုလောက်ပဲ ရှိတယ်ဆိုမယ့် အကောင်ခိုးဆော့တယ်၊ ကျနော်ကတော့ Weapon C (Crush Gun) ကို အကြိုက်ဆုံးဖြစ်ပြီး Range နည်းနည်းနဲ့ အရမ်း Powerful ဖြစ်တဲ့အတွက် Primary ထားသုံးတယ်၊ Secondary ကိုတော့ H (Homing Gun) သုံးပြီး ပလူပြန်နေတဲ့ ရန်သူတွေနဲ့ Boss အားနည်းချက်သိဖို့ လိုက်ဒုံးကျည်သုံးတယ်။

In-game Footage

ပြောနေရင်းတောင် ကလေးဆန်နေလားမသိ Controller ဘယ်၊ ညာခလုတ် ၂ ခု ပြိုင်နှိပ်ပြီး C နဲ့ H စုံပစ်ရင် ဒုံးကျည်တွေ Screen အပြည့်ဖြစ်သွားတာကို သဘောကျခဲ့တယ်၊ ကြားထဲ လျှာရှည်ပြီး Super Power က ထုတ်သုံးလိုက်သေးတယ်။

In-game Footage

ဘာလို့ Alien 3 ကို Focus ထားပြောရသလဲဆိုရင် အခုတင်ပြသွားမယ့် Blazing Chrome ဟာ Contra 3 ကို Reference ယူထားလို့ပဲဖြစ်ပါတယ်။ Contra သမိုင်းတလျှောက်မှာလည်း အအောင်မြင်ဆုံး ဂိမ်းဖြစ်ခဲ့တာကြောင့် Anniversary ကို ဂုဏ်ပြုတဲ့အနေနဲ့ 16-bit Graphics ပုံစံအတိုင်းပဲ ကစားရမှာဖြစ်ပါတယ်။

In-game Footage

လက်နက်၊ Gameplay နဲ့ Boss တွေကလည်း Contra 3 နဲ့ Contra: Hard Corps ရဲ့ Easter Egg တွေပဲ ဖြစ်နေလို့ ဂိမ်မာတွေလည်း နှစ်သက်မယ်ထင်ပါတယ်။ ထပ်ပြီးသတင်းပါးချင်သေးတာက Konami အနေနဲ့ Contra Collection ကို Remaster Version ပုံစံ ထပ်ထုတ်ပေးသွားမှာဖြစ်ပြီး စက်တင်ဘာလအတွင်း ထွက်လာမယ်လို့ သိရပါတယ်။

In-game Footage

အခုဖော်ပြထားတဲ့ Blazing Chrome ကိုတော့ Nintendo Switch ၊ PlayStation 4 ၊ Xbox နဲ့ PC အတွက် ထုတ်ပေးသွားမှာဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့ကျ ဆော့ကစားနိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့် 16-bit ဂိမ်းကို မိုဘိုင်း Version ထုတ်မပေးလဲ မပြောတတ်ပေမယ့် ဝမ်းနည်းပါတယ် မိုဘိုင်းဂိမ်မာတို့ရေ။

2B (Akhayar)
www.akhayar.com