This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ရုရွားသမၼတ ပူတင္ရဲ႕ ဖိတ္ၾကားခံ ဧည့္သည္ေတာ္အေနနဲ႔ ကမၻာ႔ဖလားဖြင့္ပြဲ တက္ေရာက္မယ့္ ဘလတၱာ

ရုရွားႏိုင္ငံ သမၼတ ပူတင္ Putin ရဲ႕ ဖိတ္ၾကားမႈေၾကာင့္ ကမၻာ႔ဖလားၿပိဳင္ပြဲ ဖြင့္ပြဲအခမ္းအနားကို ဖီဖာ ဥကၠဌေဟာင္း ဘလတၱာ Blatter တက္ေရာက္ဖို႔ ရွိေနပါတယ္။ ဖီဖာဥကၠဌအျဖစ္ ဘလတၱာ Blatter တာဝန္ယူခဲ့တဲ့ ကာလအတြင္း ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ကို ရရွိခဲ့တာေၾကာင့္ ရုရွားႏိုင္ငံက ဖိတ္ၾကားခဲ့တာ ျဖစ္ပါတယ္။ ဘလတၱာ Blatter  ဟာ ဖီဖာဥကၠဌအျဖစ္ (၁၇)ႏွစ္ၾကာ တာဝန္ယူခဲ့ၿပီး အက်င့္ပ်က္ ခ်စားမႈေတြမွာ ပါဝင္ခဲ့တာေၾကာင့္ ၂၀၁၅ ခုႏွစ္၊ ဒီဇင္ဘာလမွာ ရာထူးက ႏႈတ္ထြက္ခဲ့ရပါတယ္။ အက်င့္ပ်က္ခ်စားမႈေတြေၾကာင့္ ဖီဖာအက်င့္ပ်က္ ခ်စားမႈ တိုက္ဖ်က္ေရး ေကာ္မတီက ဘလတၱာ Blatter ကို (၈)ႏွစ္အထိ ေဘာလံုးေလာကနဲ႔ ဆက္ႏြယ္ခြင့္ ပိတ္ပင္ထားတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ အက်င့္ပ်က္ ခ်စားမႈ တိုက္ဖ်က္ေရး ေကာ္မတီက ဘလတၱာ Blatter အေပၚ ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ကို (၆)ႏွစ္အထိ ေလ်ာ႔ခ်ေပးခဲ့ပါတယ္။ ေဘာလံုးေလာကနဲ႔ ဆက္ႏြယ္ခြင့္ကို ပိတ္ပင္ခံထားရေပမယ့္ ဖိတ္ၾကားခံ ဧည့္သည္ေတာ္ တစ္ဦးအေနနဲ႔ ကမၻာ႔ဖလား ဖြင့္ပြဲ အခမ္းအနားကို ဘလတၱာ Blatter တက္ေရာက္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။

Sepp-Blatter-Claims-Russia-Was-Given-World-Cup-Before-Vote

Sepp-Blatter-Claims-Russia-Was-Given-World-Cup-Before-Vote

အသက္ (၈၂)ႏွစ္ အရြယ္ရွိ ဘလတၱာ Blatter  ဟာ ရုရွားႏိုင္ငံကို ေရာက္ရွိစဥ္ သမၼတ ပူတင္ Putin နဲ႔ ေတြ႔ဆံုမႈေတြ ျပဳလုပ္သြားဖို႔လည္း ရွိေနပါတယ္။ ဘလတၱာ Blatter က “သမၼတ ပူတင္ Putin ရဲ႕ ဧည့္သည္ေတာ္ အေနနဲ႔ တက္ေရာက္မွာပါ၊ ေတြ႔ဆံုမႈေတြ ျပဳလုပ္သြားဖို႔လည္း ရွိေနၿပီး ဘယ္မွာေတြ႔မယ္ဆိုတာေတာ့ မသိေသးပါဘူး၊ သူ႔တို႔ဘက္က ေနရာအတိအက်ကို ထုတ္ေဖာ္ မေျပာၾကားေသးပါဘူး၊ ရုရွားႏိုင္ငံ အားကစားေရးရာ သံတမန္ကိစၥေတြအတြက္ ေတြ႔ဆံုသြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ ဖြင့္ပြဲအခမ္းအနားကို တက္ေရာက္မယ့္ ဘလတၱာ Blatter အေနနဲ႔ လက္ရွိ ဖီဖာဥကၠဌ အင္ဖန္တီႏို Infantino နဲ႔ ထိပ္တိုက္ရင္ဆိုင္ သြားရဖို႔လည္း ရွိေနပါတယ္။

REF:Daily Mail
Photo:Unilad, The Independent
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရုရှားသမ္မတ ပူတင်ရဲ့ ဖိတ်ကြားခံ ဧည့်သည်တော်အနေနဲ့ ကမ္ဘာ့ဖလားဖွင့်ပွဲ တက်ရောက်မယ့် ဘလတ္တာ

ရုရှားနိုင်ငံ သမ္မတ ပူတင် Putin ရဲ့ ဖိတ်ကြားမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖီဖာ ဥက္ကဌဟောင်း ဘလတ္တာ Blatter တက်ရောက်ဖို့ ရှိနေပါတယ်။ ဖီဖာဥက္ကဌအဖြစ် ဘလတ္တာ Blatter တာဝန်ယူခဲ့တဲ့ ကာလအတွင်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ရရှိခဲ့တာကြောင့် ရုရှားနိုင်ငံက ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဘလတ္တာ Blatter  ဟာ ဖီဖာဥက္ကဌအဖြစ် (၁၇)နှစ်ကြာ တာဝန်ယူခဲ့ပြီး အကျင့်ပျက် ချစားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ရာထူးက နှုတ်ထွက်ခဲ့ရပါတယ်။ အကျင့်ပျက်ချစားမှုတွေကြောင့် ဖီဖာအကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး ကော်မတီက ဘလတ္တာ Blatter ကို (၈)နှစ်အထိ ဘောလုံးလောကနဲ့ ဆက်နွယ်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး ကော်မတီက ဘလတ္တာ Blatter အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို (၆)နှစ်အထိ လျော့ချပေးခဲ့ပါတယ်။ ဘောလုံးလောကနဲ့ ဆက်နွယ်ခွင့်ကို ပိတ်ပင်ခံထားရပေမယ့် ဖိတ်ကြားခံ ဧည့်သည်တော် တစ်ဦးအနေနဲ့ ကမ္ဘာ့ဖလား ဖွင့်ပွဲ အခမ်းအနားကို ဘလတ္တာ Blatter တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Sepp-Blatter-Claims-Russia-Was-Given-World-Cup-Before-Vote

Sepp-Blatter-Claims-Russia-Was-Given-World-Cup-Before-Vote

အသက် (၈၂)နှစ် အရွယ်ရှိ ဘလတ္တာ Blatter  ဟာ ရုရှားနိုင်ငံကို ရောက်ရှိစဉ် သမ္မတ ပူတင် Putin နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်သွားဖို့လည်း ရှိနေပါတယ်။ ဘလတ္တာ Blatter က “သမ္မတ ပူတင် Putin ရဲ့ ဧည့်သည်တော် အနေနဲ့ တက်ရောက်မှာပါ၊ တွေ့ဆုံမှုတွေ ပြုလုပ်သွားဖို့လည်း ရှိနေပြီး ဘယ်မှာတွေ့မယ်ဆိုတာတော့ မသိသေးပါဘူး၊ သူ့တို့ဘက်က နေရာအတိအကျကို ထုတ်ဖော် မပြောကြားသေးပါဘူး၊ ရုရှားနိုင်ငံ အားကစားရေးရာ သံတမန်ကိစ္စတွေအတွက် တွေ့ဆုံသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မယ့် ဘလတ္တာ Blatter အနေနဲ့ လက်ရှိ ဖီဖာဥက္ကဌ အင်ဖန်တီနို Infantino နဲ့ ထိပ်တိုက်ရင်ဆိုင် သွားရဖို့လည်း ရှိနေပါတယ်။

REF:Daily Mail
Photo:Unilad, The Independent
Aung Kyaw Wai (Akhayar)
www.akhayar.com