[Zawgyi]

ထိပ္ေျပာင္သူေတြဟာ ပုိမုိစမတ္က်သူ၊ စြဲေဆာင္မႈရွိသူေတြျဖစ္ေၾကာင္း သုေတသနျပဳခ်က္အသစ္မွေဖာ္ျပ

ေလ့လာစမ္းသပ္မႈ၊ သုေတသနျပဳမႈအသစ္ေတြအရ ထိပ္ေျပာင္တဲ့ အမ်ိဳးသားေတြဟာဆုိရင္ သာမန္ဆံပင္ပုံစံရွိတဲ့ အမ်ိဳးသားေတြထက္ကုိ ပုိၿပီးေတာ့ စမတ္က်တယ္၊ သန္မာတယ္။ စြဲေဆာင္မႈပုိမုိရွိေနတယ္လုိ႔ သိရပါတယ္။ သက္လတ္ပုိင္းအရြယ္ေရာက္ရွိၿပီးသား အမ်ိဳးသားအမ်ားစုမွာ ထိပ္ေျပာင္ျခင္းစတင္မႈကုိ ျဖစ္ေပၚလာရတာကာ ေမြးရာပါ အေမႊးအမွ်င္နည္းပါးျခင္း၊ မသန္ျခင္းနဲ႔ က်န္းမာေရးခ်ိဳ႕ယြင္းမႈျပႆနာတစ္ခုခုေၾကာင့္ ဆံသားေတြခ်ိဳ႕ယြင္းကာ ဦးေခါင္းေျပာင္ျခင္းကုိ ျဖစ္ေပၚေစတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ ဦးေခါင္းေျပာင္ေနတဲ့ အမ်ိဳးသားေတြဟာ တျခားေသာအမ်ိဳးသားေတြထက္စာရင္ ပုိၿပီးေတာ့ စြဲေဆာင္မႈေတြရွိေနတယ္ဆုိတာကုိ သုေတသနျပဳစစ္တမ္းအသစ္ေတြမွာ ေဖာ္ျပလုိက္ပါတယ္။

ဖေလာ္ရီဒါျပည္နယ္တကၠသုိလ္က သုေတသနျပဳဆရာဝန္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ဖရန္႔မက္စ္ကယ္လာဆုိသူက အမ်ိဳးသားေတြရဲ႕ ပံုပန္းသ႑ာန္ပံုစံ ေလ့လာခြဲျခမ္းစိတ္ျဖာမႈအစု ၄ ခုကုိ လုပ္ေဆာင္ခဲ့ပါတယ္။ ရုပ္ပုိင္းဆုိင္ရာ စြဲေဆာင္မႈရွိျခင္း၊ အရြယ္ေရာက္ရွိျခင္း၊ စိတ္ပုိင္းဆုိင္ရာေက်နပ္ႏွစ္သိမ့္မႈရွိျခင္းနဲ႔ ယံုၾကည္မႈရွိျခင္း စတာေတြမွာ ထိပ္ေျပာင္တဲ့အမ်ိဳးသားေတြကုိ ေလ့လာမႈအရ ေကာင္းတဲ့ အေျဖရလဒ္ေတြကို ရရွိခဲ့တယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ ေနာက္ထပ္သုေတသနျပဳမႈမွတ္တမ္းေတြမွာဆုိရင္လည္း ေခါင္းေျပာင္တဲ့ အမ်ိဳးသားေတြကုိ ခြဲျခမ္းစိတ္ျဖာၾကည့္ရႈလုိက္မယ္ဆုိရင္ ပုိမုိရိုးသားမႈရွိျခင္း၊ ဥာဏ္ေကာင္းျခင္းနဲ႔ ယံုၾကည္မႈရွိျခင္းေတြကုိ ေတြ႔ရွိခဲ့ရပါတယ္။ ထိပ္ေျပာင္ျခင္း၊ ဦးေခါင္းေျပာင္ျခင္းေတြက ရုပ္ပုိင္းဆုိင္ရာ ရုပ္ရည္မွာ ၾကည့္ေကာင္းမႈ အျပည့္အဝမရရွိေပမယ္လည္း သူတုိ႔ေတြဟာ စြဲေဆာင္မႈအျပည့္ရွိၿပီးေတာ့ ဆုိရွယ္နဲ႔ ပတ္ဝန္းက်င္ေလ့လာလုိက္စားမႈ၊ ဆက္ဆံေရးေကာင္းမြန္သူေတြျဖစ္ၾကတယ္လုိ႔ သိရပါတယ္။ သူတုိ႔ကုိယ္ သူတုိ႔လည္း ယံုၾကည္မႈအျပည့္အဝရွိသူေတြျဖစ္ၾကတာကုိလည္း ေတြ႕ရွိရပါေသးတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ ထိပ္ေျပာင္သူေတြ၊ ေခါင္းေျပာင္သူေတြဟာ ပုိၿပီးေတာ့ စမတ္က်ကာ ၾကံ႕ခုိင္သန္မာသူေတြပဲ ျဖစ္ၾကပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ထိပ်ပြောင်သူတွေဟာ ပိုမိုစမတ်ကျသူ၊ စွဲဆောင်မှုရှိသူတွေဖြစ်ကြောင်း သုတေသနပြုချက်အသစ်မှဖော်ပြ

လေ့လာစမ်းသပ်မှု၊ သုတေသနပြုမှုအသစ်တွေအရ ထိပ်ပြောင်တဲ့ အမျိုးသားတွေဟာဆိုရင် သာမန်ဆံပင်ပုံစံရှိတဲ့ အမျိုးသားတွေထက်ကို ပိုပြီးတော့ စမတ်ကျတယ်၊ သန်မာတယ်။ စွဲဆောင်မှုပိုမိုရှိနေတယ်လို့ သိရပါတယ်။ သက်လတ်ပိုင်းအရွယ်ရောက်ရှိပြီးသား အမျိုးသားအများစုမှာ ထိပ်ပြောင်ခြင်းစတင်မှုကို ဖြစ်ပေါ်လာရတာကာ မွေးရာပါ အမွှေးအမျှင်နည်းပါးခြင်း၊ မသန်ခြင်းနဲ့ ကျန်းမာရေးချို့ယွင်းမှုပြဿနာတစ်ခုခုကြောင့် ဆံသားတွေချို့ယွင်းကာ ဦးခေါင်းပြောင်ခြင်းကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဦးခေါင်းပြောင်နေတဲ့ အမျိုးသားတွေဟာ တခြားသောအမျိုးသားတွေထက်စာရင် ပိုပြီးတော့ စွဲဆောင်မှုတွေရှိနေတယ်ဆိုတာကို သုတေသနပြုစစ်တမ်းအသစ်တွေမှာ ဖော်ပြလိုက်ပါတယ်။

ဖလော်ရီဒါပြည်နယ်တက္ကသိုလ်က သုတေသနပြုဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဖရန့်မက်စ်ကယ်လာဆိုသူက အမျိုးသားတွေရဲ့ ပုံပန်းသဏ္ဍာန်ပုံစံ လေ့လာခွဲခြမ်းစိတ်ဖြာမှုအစု ၄ ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စွဲဆောင်မှုရှိခြင်း၊ အရွယ်ရောက်ရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာကျေနပ်နှစ်သိမ့်မှုရှိခြင်းနဲ့ ယုံကြည်မှုရှိခြင်း စတာတွေမှာ ထိပ်ပြောင်တဲ့အမျိုးသားတွေကို လေ့လာမှုအရ ကောင်းတဲ့ အဖြေရလဒ်တွေကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်သုတေသနပြုမှုမှတ်တမ်းတွေမှာဆိုရင်လည်း ခေါင်းပြောင်တဲ့ အမျိုးသားတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရှုလိုက်မယ်ဆိုရင် ပိုမိုရိုးသားမှုရှိခြင်း၊ ဉာဏ်ကောင်းခြင်းနဲ့ ယုံကြည်မှုရှိခြင်းတွေကို တွေ့ရှိခဲ့ရပါတယ်။ ထိပ်ပြောင်ခြင်း၊ ဦးခေါင်းပြောင်ခြင်းတွေက ရုပ်ပိုင်းဆိုင်ရာ ရုပ်ရည်မှာ ကြည့်ကောင်းမှု အပြည့်အဝမရရှိပေမယ်လည်း သူတို့တွေဟာ စွဲဆောင်မှုအပြည့်ရှိပြီးတော့ ဆိုရှယ်နဲ့ ပတ်ဝန်းကျင်လေ့လာလိုက်စားမှု၊ ဆက်ဆံရေးကောင်းမွန်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။ သူတို့ကိုယ် သူတို့လည်း ယုံကြည်မှုအပြည့်အဝရှိသူတွေဖြစ်ကြတာကိုလည်း တွေ့ရှိရပါသေးတယ်။ ဒါ့ကြောင့်မို့လို့ ထိပ်ပြောင်သူတွေ၊ ခေါင်းပြောင်သူတွေဟာ ပိုပြီးတော့ စမတ်ကျကာ ကြံ့ခိုင်သန်မာသူတွေပဲ ဖြစ်ကြပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။