[Zawgyi]

အေပၚပိုင္းဗလာက်င္းပံုေတြတင္ခဲ့တယ္လို႔ ေဝဖန္ခံေနရတဲ့ BlackPink အဖြဲ႕ဝင္ Jennie

BlackPink အဖြဲ႕ဆိုတာကေတာ့ KPop ဂီတေလာကတစ္ခုလံုးမွာ နာမည္ႀကီးေက်ာ္ၾကားခဲ့တဲ့ အမ်ိဳးသမီးဂီတအဖြဲ႔ 2NE1 ၿပီးရင္ YG Entertainment ကေန ထပ္မံေမြးထုတ္လိုက္တဲ့ Girl Band တစ္ခုပါ။

Fashion အလန္းစားေတြနဲ႔ အၿမဲတမ္း ပရိသတ္အာရံုကိုဆြဲေဆာင္ခဲ့တဲ့ YG Entertainment ရဲ႕ ထံုးစံအတိုင္း BlackPink အဖြဲ႔ရဲ႕ ေနာက္ဆံုးထြက္ရွိခဲ့တဲ့ “Duu-Du-Duu-Du” ဆိုတဲ့ သီခ်င္း MTV ဟာဆိုရင္လည္း ေစ်းႀကီးအဝတ္အစားအသံုးအေဆာင္ေတြသံုးထားၿပီး အထာက်တဲ့ အကအလွနဲ႔ သီခ်င္းသံစဥ္ေတြေၾကာင့္ လတ္တေလာပရိသတ္အားေပးမႈအမ်ားဆံုးရေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ခုေနာက္ဆံုးထြက္ရွိလာတဲ့ BlackPink အဖြဲ႕ဝင္ Jennie ရဲ႕ ဓါတ္ပံုေတြဟာေတာ့ အေပၚပိုင္းဗလာက်င္းၿပီး ႐ိုက္ထားတယ္ထင္ရေလာက္ေအာင္ ပရိသတ္ေတြ ေဝခြဲမရျဖစ္ၿပီး ေဝဖန္သံေတြဆူညံခဲ့ပါတယ္။

ပိပိရိရိ Crop လုပ္ထားတဲ့ ဒီဓါတ္ပံုေတြကေတာ့ ၾကည့္လိုက္တာနဲ႔ကို အဝတ္အစားဝတ္ထားမွန္း၊ မဝတ္ထားမွန္းမေသခ်ာေအာင္ကို ျဖစ္ေနတာမို႔ လူမႈကြန္ရက္သံုးစြဲသူပရိသတ္ေတြရဲ႕ ဆက္တိုက္ေဝဖန္သံေတြ ထြက္ေပၚလာပါတယ္။

Jennie ဆိုတာက အဖြဲ႕ထဲမွာ ဆြဲေဆာင္မႈရွိတဲ့မိန္းကေလးျဖစ္တဲ့အျပင္ ညိဳ႕အားျပင္းျပင္းဆြဲေဆာင္မႈရွိတဲ့အဝတ္အစားဝတ္ဆင္မႈေတြေၾကာင့္ ေယာက္်ားေလးပရိသတ္ေတြပါ ေႂကြၾကတဲ့သူပါ။

ဒါေပမယ့္ ဗလာက်င္း ဝတ္စားဆင္ယင္မႈေတြကေတာ့ Jennie ရဲ႕ Style လံုးဝမဟုတ္တာမို႔ ပရိသတ္ေတြ သို႔ေလာသို႔ေလာျဖစ္ေနတုန္းမွာပဲ သူမကိုယ္တိုင္ အဲ့ဒီဓါတ္ပံုကို မျဖတ္ေတာက္ထားတဲ့ မူရင္းပံုေလးကို တင္ေပးခဲ့ပါတယ္။

ရင္ျပတ္ Pattern Dress ေလးကို ဝတ္ဆင္ထားတဲ့ သူမရဲ႕ပံုအျပည့္ကို ျမင္ရမွ ပရိသတ္ေတြ သက္ျပင္းခ်ႏိုင္ပါေတာ့တယ္။

မိန္းကေလးတစ္ေယာက္ ရင္ျပတ္အက်ႌေလးေတြ ဝတ္ဆင္တဲ့အခါ အဲ့ဒီလို အထင္အျမင္လြဲမွားေစတဲ့ ဓါတ္ပံုျဖတ္ေတာက္မႈေတြက ကာယကံရွင္မိန္းကေလးရဲ႕ ဂုဏ္သိကၡာကိုပါ အမ်ားႀကီး ထိခိုက္ႏိုင္တဲ့ အေျခအေနပါ။ ဒါ့ေၾကာင့္မို႔ တတ္ႏိုင္သေရြ႕ အဲ့လိုအေျခအေနမ်ိဳးမျဖစ္ရေလေအာင္ BlackPink အဖြဲ႔ရဲ႕ Jennie က လက္ေတြ႕နမူနာျပလိုက္သလိုပါပဲ။

[Unicode]

အပေါ်ပိုင်းဗလာကျင်းပုံတွေတင်ခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ BlackPink အဖွဲ့ဝင် Jennie

BlackPink အဖွဲ့ဆိုတာကတော့ KPop ဂီတလောကတစ်ခုလုံးမှာ နာမည်ကြီးကျော်ကြားခဲ့တဲ့ အမျိုးသမီးဂီတအဖွဲ့ 2NE1 ပြီးရင် YG Entertainment ကနေ ထပ်မံမွေးထုတ်လိုက်တဲ့ Girl Band တစ်ခုပါ။

Fashion အလန်းစားတွေနဲ့ အမြဲတမ်း ပရိသတ်အာရုံကိုဆွဲဆောင်ခဲ့တဲ့ YG Entertainment ရဲ့ ထုံးစံအတိုင်း BlackPink အဖွဲ့ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ “Duu-Du-Duu-Du” ဆိုတဲ့ သီချင်း MTV ဟာဆိုရင်လည်း ဈေးကြီးအဝတ်အစားအသုံးအဆောင်တွေသုံးထားပြီး အထာကျတဲ့ အကအလှနဲ့ သီချင်းသံစဉ်တွေကြောင့် လတ်တလောပရိသတ်အားပေးမှုအများဆုံးရနေတာဖြစ်ပါတယ်။

ဒါပေမယ့် ခုနောက်ဆုံးထွက်ရှိလာတဲ့ BlackPink အဖွဲ့ဝင် Jennie ရဲ့ ဓါတ်ပုံတွေဟာတော့ အပေါ်ပိုင်းဗလာကျင်းပြီး ရိုက်ထားတယ်ထင်ရလောက်အောင် ပရိသတ်တွေ ဝေခွဲမရဖြစ်ပြီး ဝေဖန်သံတွေဆူညံခဲ့ပါတယ်။

ပိပိရိရိ Crop လုပ်ထားတဲ့ ဒီဓါတ်ပုံတွေကတော့ ကြည့်လိုက်တာနဲ့ကို အဝတ်အစားဝတ်ထားမှန်း၊ မဝတ်ထားမှန်းမသေချာအောင်ကို ဖြစ်နေတာမို့ လူမှုကွန်ရက်သုံးစွဲသူပရိသတ်တွေရဲ့ ဆက်တိုက်ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။

Jennie ဆိုတာက အဖွဲ့ထဲမှာ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးဖြစ်တဲ့အပြင် ညို့အားပြင်းပြင်းဆွဲဆောင်မှုရှိတဲ့အဝတ်အစားဝတ်ဆင်မှုတွေကြောင့် ယောက်ျားလေးပရိသတ်တွေပါ ကြွေကြတဲ့သူပါ။

ဒါပေမယ့် ဗလာကျင်း ဝတ်စားဆင်ယင်မှုတွေကတော့ Jennie ရဲ့ Style လုံးဝမဟုတ်တာမို့ ပရိသတ်တွေ သို့လောသို့လောဖြစ်နေတုန်းမှာပဲ သူမကိုယ်တိုင် အဲ့ဒီဓါတ်ပုံကို မဖြတ်တောက်ထားတဲ့ မူရင်းပုံလေးကို တင်ပေးခဲ့ပါတယ်။

ရင်ပြတ် Pattern Dress လေးကို ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံအပြည့်ကို မြင်ရမှ ပရိသတ်တွေ သက်ပြင်းချနိုင်ပါတော့တယ်။

မိန်းကလေးတစ်ယောက် ရင်ပြတ်အကျႌလေးတွေ ဝတ်ဆင်တဲ့အခါ အဲ့ဒီလို အထင်အမြင်လွဲမှားစေတဲ့ ဓါတ်ပုံဖြတ်တောက်မှုတွေက ကာယကံရှင်မိန်းကလေးရဲ့ ဂုဏ်သိက္ခာကိုပါ အများကြီး ထိခိုက်နိုင်တဲ့ အခြေအနေပါ။ ဒါ့ကြောင့်မို့ တတ်နိုင်သရွေ့ အဲ့လိုအခြေအနေမျိုးမဖြစ်ရလေအောင် BlackPink အဖွဲ့ရဲ့ Jennie က လက်တွေ့နမူနာပြလိုက်သလိုပါပဲ။