BlackBerry ရဲ့ပွဲဦးထွက် Android ဖုန်းဖြစ်တဲ့ Priv ကို US မှာ ဒေါ်လာ၂၈၀ အောက်နဲ့ Ebay Stores ရဲ့ Mobilepros1 မှာ  ရောင်းချ လျက်ရှိပါတယ်။  Blackberry ရဲ့ တရားဝင် Website မှာ ဒီ Device ရဲ့ ဈေးနှုန်းကို ဒေါ်လာ ၄၉၉ လို့တင်ထားပေမယ့် Ebay မှာတော့ ဒေါ်လာ ၂၂၀ ၀န်းကျင်ခန့် နဲ့သာရောင်းချလျက်ရှိတာကို တွေ့ရပါတယ်။ Seller တွေဘက်ကတော့ BlackBerry Priv ရောင်းချမှုကို ဘယ်အချိန်မှာ ရပ်မလည်းဆိုတာ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး လက်ရှိအချိန်မှာတော့ BlackBerry Priv ၆၀၀ ခန့်ရောင်းပြီးပြီ ဖြစ်ကြောင်းကို သိရပါတယ်။

ဒီတော့ အခရာ ပရိတ်သတ်တွေထဲမှာ BlackBerry ချစ်သူတွေအတွက် BlackBerry Priv ရဲ့ အကြောင်းကို Akhayar.com မှ ဖော်ပြပေးလိုက်ပါတယ်။

BlackBerry Priv ရဲ့ မျက်နှာပြင်ဟာ ၅.၄လက်မ ကျယ်ဝန်းပါတယ်။ ရုပ်သံတွေကို ကြည်လင်ပြတ်သားစွာ ကြည့်နိုင်တဲ့ စွမ်းရည်ကတော့ 1440 x 2560 Pixels ရှိပြီး တစ်လက်မှ ရဲ့ Pixels သိပ်သည်းဆဟာ 540ppi ရှိပါတယ်။ Keyboard ကတော့ QWERTY ဖြစ်ပြီး Nano-Sim အသုံးပြုတဲ့ အမျိုးအစားဖြစ်ပါတယ်။  လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Multitouch စနစ်ပါဝင်ပြီး မျက်နှာပြင်ကို ကာကွယ်ပေးထားတာကတော့ Corning Gorilla Glass 4 ဖြစ်ကာ Curved Edge Screen လည်းဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုထားတဲ့ Android Version ကတော့ 5.1.1 Lollipop ဖြစ်ပြီး Version 6.0.1 Marshmallow ထိ တိုးမြှင့် အသုံးပြုလို့ရပါတယ်။ Chipset ကတော့ Qualcomm MSM8992 Snapdragon 808 သုံးထားပြီး CPU ကတော့ Hexa-Core ( 4×1.4 GHz Cortex-A53 & 2×1.8 GHz Cortex-A57 ) နဲ့ GPU ကတော့ Adreno 418 သုံးထားပါတယ်။ RAM3GB နဲ့ မှတ်ဥာဏ်စွမ်းရည် 32GB ပါဝင်ပြီး MicroSD Card ကို 256GB ထိ ထပ်တိုး အသုံးပြုနိုင်ပါတယ်။

အရှေ့ဘက်ကင်မရာ 18MP ရှိပြီး Dual-LED (Dual Tone)flash, Phase Detection Autofocus ပါဝင်တာကိုတွေ့ရပါတယ်။ အနောက်ဘက်ကင်မရာကတော့ 2MP သာပါဝင်ပြီး စွမ်းဆောင်နိုင်စွမ်းကတော့ 720P ဖြစ်ပါတယ်။ Battery ကတော့ Li-Ion 3410 ဖြစ်ပြီး မိနစ်၃၀ အတွင်းမှာ 60% ထိ အားဝင်တယ်ဆိုထားပါတယ်။ အားအမြန်သွင်းနိုင်ဖို့ Quick Charge 2.0 အထောက်အပံ့ပေးထားပါတယ်။

Jan ( Akhayar)

Ref : Gsmarena