၂၀၁၇ မှာ အလုံးရေ ၈သိန်းခွဲပဲ တင်ပို့ရောင်းချနိုင်ခဲ့တဲ့ Blackberry
Ref : PhoneArena
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Blackberry က အခုအချိန်မှာ အောင်မြင်တဲ့စမတ်ဖုန်းကုမ္ပဏီတစ်ခုလို့ ပြောဖို့ခက်ခဲနေတာပဲဖြစ်ပါတယ်။ ယခင်တုန်းက Blackberry ဟာ Signature Keypad ဖုန်းတွေနဲ့ အောင်မြင်ခဲ့တာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ TCL ကုမ္ပဏီကနေ ဝယ်ယူပြီး စမတ်ဖုန်းတွေထုတ်လုပ်နိုင်စွမ်းလျော့ကျသွားတာပဲဖြစ်ပါတယ်။
အခုအချိန်မှာ Blackberry ပြီးခဲ့တဲ့နှစ်တုန်းက Blackberry ဖုန်း ၂ ခုဖြစ်တဲ့ Blackberry KEYone နဲ့ Signature QWERTY Keyboard ပါဝင်ခြင်းမရှိတော့တဲ့ Blackberry Motion စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် Blackberry ဟာ ယခင်နှစ်တွေကလိုမျျိုး နိုင်ငံတွေအများအပြားမှာ ရောင်းချနိုင်ခြင်းမရှိတော့ပဲနဲ့ နိုင်ငံပေါင်း ၅၀ နဲ့ ဆက်သွယ်ရေးအော်ပရေတာ အခု ၁၁၀ မှာပဲ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Blackberry ရဲ့ ရောင်းချနိုင်မှုက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ စမတ်ဖုန်းအလုံးရေ ၈သိန်းခွဲ (၈၅၀,၀၀၀) ပဲရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုသတင်းကိုတော့ IDC ရဲ့ Francisco Jeronimo ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး Blackberry စမတ်ဖုန်းတွေအနေနဲ့ ရောင်းအားကျဆင်းနေတဲ့အချိန်မှာ Nokia ကို ဝယ်ယူသွားတဲ့ HMD Global ကတော့ ယခင်တုန်းက Nokia ဖုန်းတွေလိုဖြစ်တဲ့အထိ အရှိန်အဟုန်ကောင်းကောင်းနဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေတာဖြစ်ပါတယ်။ အခုအချိန်မှာ Nokia ကအောင်မြင်နေပေမယ့် အခုအချိန်အထိတော့ Blackberry က စမတ်ဖုန်းတွေမထုတ်လုပ်နိုင်သေးတဲ့အပြင် ဒီအတိုင်းဆက်သွားမယ်ဆိုရင် အခြေအနေမဟန်တော့ဘူးလို့တောင် ပြောလို့ရနေပါပြီ။
Ref : PhoneArena
Zawyè (Akhayar) 
www.akhayar.com