Marvel Fan တိုင်းတော့ သူတို့ရဲ့ အကြိုက်ဆုံးဇာတ်ကောင်တစ်ကောင်ကို ကိုယ်ပိုင်ဇာတ်လမ်းလေးနဲ့ ပွဲထွက်လာတာကို မြင်ချင်ကြမှာပါ။ ဖြစ်နိုင်ရင် Avengers ထဲကဇာတ်ကောင်တိုင်းကို ကိုယ်ပိုင်ဇာတ်လမ်းတွေ ရိုက်ပေးစေချင်တယ်။ MCU မှာဆိုရင် Iron Man ၊ Thor ၊ Captain America ၊ Spider Man ၊ Black Panther အပြင် Hulk တောင်ကိုယ်ပိုင်ဇာတ်ကားတွေနဲ့ရှိနေပါပြီ။ ဒီတော့ Black Widow နဲ့ Hawkeye ကိုလည်း သူတို့ကိုယ်ပိုင်ကားလေးရှိစေချင်တာ တရားပါတယ်။ အရင်ကထွက်မယ်ထွက်မယ်လို့ ကောလဟာလတွေထွက်ပြီး ရင်တမမစောင်နေ့ခဲ့ရတဲ့ Black Widow ရဲ့ တစ်ကိုယ်တော်ရုပ်ရှင်ဇာတ်ကားလေးက အမှန်တကယ်ထွက်လာတော့မှာပါ။


ဟုတ်ပါတယ်။ ဒီတစ်ခေါက်ကတော့ လုံးဝကောလာဟလမဟုတ်တော့ပါဘူး။ ထွက်မယ့်နေ့ကိုတော့အတိအကျမသိရသေးပေမယ့် ၂ဝ၂ဝ မှာထွက်မယ်ဆိုတာတော့ သေချာပါတယ်။ တချို့တွေကလည်း ၂ဝ၂ဝ မေလလို့ပြောနေကြပါတယ်။ ကောလာဟလမဟုတ်တော့ဘူးလို့ ပြောရတဲ့အကြောင်းအရင်းက ရုပ်ရှင်အတွက် ဒါရိုက်တာတွေ ၊ ဇာတ်ညွှန်းရေးမယ့်သူတွေကို အတည်ပြုပြီးပြီမို့လို့ပါနော်။ Black Widow ကို သြစတြေးလျဒါရိုက်တာ Cate Shortland ကရိုက်ကူးသွားမှာဖြစ်ပါတယ်။ Script Writer ကတော့ Jac Schaeffer ဖြစ်ပါတယ်။ Jac Schaeffer က ဇာတ်ညွှန်းလောကမှာတော့ တော်တော်ကိုအားပေးခံရတဲ့ ဇာတ်ညွှန်းရေးဆရာမဖြစ်ပါတယ်။

Production Weekly  သတင်းဌာနက ဇာတ်လမ်းအတိုချုပ်ကို သတင်းပေါက်သွားစေတဲ့အတိုင်းပြောရရင် မွေးမွေးချင်းမှာတင် Natasha Romanoff (Black Widow) ကို KGB ကို့ပို့လိုက်ပြီး လေ့ကျင့်ပေးခဲ့တယ်။ နောက်ပိုင်း U.S.S.R ပြိုကွဲပြီးနောက်တော့ ရုရှားအစိုးရက သူ့ကိုလိုက်သတ်တယ်။ အဲဒီအချိန်မှာသူက နယူးယောက်မြို့မှာ Freelance Assassin အနေနဲ့လုပ်နေပြီဖြစ်တယ်။ ဒီတစ်ကိုယ်တော်ရုပ်ရှင်ဇာတ်ကားက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး ၁၅ နှစ်အကြာမှာ အမေရိကားမှာနေနေတဲ့ Romanoff ရဲ့ဘဝကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီတော့ဇာတ်လမ်းက Black Widow S.H.I.E.L.D ကိုမရောက်လာခင် ငယ်ဘဝကို အသားပေးရိုက်မှာဖြစ်တယ်ပေါ့။ ၈ နှစ် ၉ နှစ်သမီးအရွယ်မှာ ရုရှားစပိုင်အနေနဲ့လေ့ကျင့်ခံရတယ်။ လိင်ကိုအသုံးချပြီးရန်သူကိုလုပ်ကြံသတ်ဖြတ်တဲ့ Red Room က စပိုင်မလေးဘဝကနေစပြီးတော့ ရိုက်မှာဖြစ်လို့ Marvel ရဲ့ ပထမဆုံး R-rated ဇာတ်ကားဖြစ်လာမယ်လို့ သတင်းတွေလည်း ထွက်နေပါသေးတယ်။ ပြောရရင်တော့ ဒါက Black Widow ဇာတ်ကောင်ရဲ့ Prequel လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းသွားအရဆိုရင် စစ်ဆေးတိုက်ပွဲအပြီး Black Widow နဲ့ Winter Soldier ရဲ့ အချစ်ဇာတ်လမ်းတွေလည်းပါလာနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကာတွန်းစာအုပ်ထဲမှာ Bucky နဲ့ Romanoff တို့က ချစ်ကျွမ်းဝင်ခဲ့ကြပါသေးတယ်။ ကာတွန်းထဲမှာက Bucky က Black Widow ကို KGB မှာလေ့ကျင့်ပေးခဲ့တာလေ။ ဒါပေမယ့် Marvel ကဘယ်လိုတွေဇာတ်လမ်းဆင်မလဲတော့ မပြောတတ်ဘူးပေါ့။

ဒီလိုဇာတ်လမ်းအသွားအလာနဲ့ဆိုရင် ပါဝင်လာနိုင်ခြေရှိတဲ့ ဇာတ်ကောင်တွေက
Black Widow/Natasha Romanoff – Scarlett Johansson

Black Widow ကို အဲဒီအချိန်မှာလုပ်ကြံဖို့လာရင်း ထွက်ပြေးလို့ရအောင် ကူညီဖြစ်သွားတဲ့ Hawkeye – Clint Barton

Black Widow နဲ့အတူတူလေ့ကျင့်ခဲ့တဲ့ရုရှားစပိုင်မလေးနေရာမှာ Florence Pugh ကသရုပ်ဆောင်သွားမယ်။ တော်တော်များများကတော့ ဒီစပိုင်မလေးကို ကာတွန်းစာအုပ်ထဲက Romanoff ရဲ့နောက်ထပ်ပြိုင်ဖက် Black Widow တစ်ယောက်ဖြစ်တဲ့ Yelena Belova ဖြစ်မယ်လို့ ခန့်မှန်းနေကြတယ်။

Nick Fury နဲ့ S.H.I.E.L.D ရဲ့အေးဂျင့်တွေဖြစ်တဲ့ Maria Hill နဲ့ Phil Coulson
CIA အေးဂျင့် အမျိုးသမီးတစ်ယောက် ၊ အမျိုးသားတစ်ယောက်နဲ့ အဓိကလူဆိုးဇာတ်ကောင်တစ်ကောင်ကိုလည်း ရှာနေတယ်လို့ သတင်းရပါတယ်။

နောက်ပြီး Winter Solider Bucky Barnes လည်းပါဝင်လာနိုင်ခြေရှိပါတယ်။

ဟူး………. ပြောပြရတာတော့ မောသွားပြီ။ ဒါပေမယ့် ပြောရကျိုးနပ်ပါတယ်။ ဒီဇာတ်လမ်းလေးကို စာရေးသူနဲ့အတူ ပရိသတ်ကြီးတို့လည်း စောင့်ကြည့်မှာပဲလို့ မျှော်လင့်မိတယ်။ Scarlett Johansson ရဲ့တိုက်ခိုက်တဲ့အကွက်အကြမ်းတွေ ၊ လုပ်ကြံဇာတ်လမ်းတွေ ၊ အရှုပ်တော်ပုံတွေ S.H.I.E.L.D ကိုဝင်ဖြစ်သွားပုံတွေ အားလုံးကို အရသာရှိရှိခံစားရမယ်ဆိုတာ သေချာပါတယ်။ ပြောရရင် R-rated ဖြစ်တာကိုကြိုက်တယ်။ Dark ဖြစ်တဲ့ Black Widow ရဲ့အတိတ်ကို ပေါ်လွင်အောင် ပုံဖော်နိုင်ပါစေလို့လည်း မျှော်လင့်ပါနေပါတယ်။

Piki (Akhayar)

www.akhayar.com

Ref : www.screenrant.com

 www.mirror.co.uk