[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

မွေးနေ့ ညမှာ ဆီမီး တစ်သောင်းတစ်ထောင် ကပ်လှူပူဇော်ခဲ့တဲ့ ဖွေးဖွေးရဲ့ပုံရိပ်များ

သြဂုတ်လ ၉ ရက်နေ့ က ကျရောက်တဲ့ ဖွေးဖွေး ရဲ့အသက် ၃၀ နှစ်ပြည့်မွေးနေ့မှာ ဆီမီးတစ်သောင်းတစ်ထောင် ကပ်လှူခဲ့တဲ့ ပုံတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဖွေးဖွေးက သူမရဲ့မွေးနေ့မှာ ကုသိုလ်ပြုအလှူလုပ်တဲ့အနေနဲ့ မနက်ပိုင်းမှာ ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များနှင့်မွေးစကလေးငယ်
များကူညီရေးဖောင်ဒေးရှင်း Mommy Cook သို့ အလှူငွေ(၁၁)သိန်း၊ မေရီချက်(ပ်) နားမကြားသောကလေးများကျောင်းသို့
အလှူငွေ(၉)သိန်း လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ညနေပိုင်းမှာတော့ မိသားစုတွေနဲ့ အတူတူ ရွှေတိဂုံစေတီတော်ပေါ်မှာ ဆီမီးတစ်သောင်းတစ်ထောင်ကို ကပ်လှူပူဇော်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Phway Phway(Amazing Grace)

ကြည်သာ (Akhayar)

www.akhayar.com