[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ကျော်ထက်အောင်ရဲ့မွေးနေ့မှာ ရုပ်ပြောင်ဓါတ်ပုံတွေမှတ်တမ်းတင်ခဲ့တဲ့ ဘီလီလမင်းအေး

ကျော်ထက်အောင်ရဲ့မွေးနေ့ ညစာစားပွဲမှာ ဘီလီလမင်းအေးလည်း တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။ ဘီလီဟာ ပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်တွေ နဲ့လည်းပျော်ပျော်ရွှင်ရွှင် ဓါတ်ပုံလေးတွေကို ရိုက်ကူးခဲ့တာကို သူမရဲ့လူမှုကွန်ရက်မှာ တင်ထားတာတွေ့ရပါတယ်။

ဘီလီလမင်းအေး ဟာ Myanmar Idol Season 2 မှာ First Winner Up နေရာကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း တေးသီချင်းတွေကို သီဆိုဖျော်နေရပြီလည်း ဖြစ်ပါတယ်။ နိုင်ငံခြားနိုင်ငံတွေမှာပါ ဖျော်ဖြေရေးအစီအစဉ်တွေကို ပါဝင်ဖျော်ဖြေနေ ပြီဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ခဲ့စဉ်က သူမကိုလည်း ပရိသတ်က အပြင်းအထန်ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပေမယ့်လည်း ဒီအခက်အခဲတွေကိုအောင်မြင်စွာကျော်ဖြတ်ရင်း နဲ့ အခုဆိုရင် အနုပညာအလုပ်တွေကို ပိုမိုတိုးလို့လုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit:Billy La Min Aye Facebook

ကြည်သာ (Akhayar)

www.akhayar.com