[Zawgyi]

ခ်စ္လာေအာင္အတင္းေစခိုင္းလို႕မရပါဘူး အခ်စ္ခံ ထိုက္သူ ျဖစ္ေအာင္ႀကိဳးစား ပါလို႔ေျပာလိုက္တဲ့ ဘီလီလမင္းေအး

Myanmar Idol Season 2 ရဲ ႔ First Runner Up ျဖစ္သူ ဘီလီလမင္းေအး က သူမရဲ ႔သီဆိုထားတဲ့ “ကႏၱာရကမာၻ” လို႔ နာမည္ေပးထားတဲ့ သီခ်င္းေလးကို နားဆင္ေပးပါဆိုၿပီး ေျပာခဲ့သလို ခ်စ္လာေအာင္အတင္းေစခိုင္းလို႔ မရပါဘူး ၊ အခ်စ္ခံထိုက္သူ ျဖစ္ေအာင္ ႀကိဳးစားေနပါတယ္ဆိုတာေလးကို သူမရဲ ႔လူမႈကြန္ရက္စာမ်က္နွာေပၚမွာ ေဖာ္ျပထားတာေတြ႔ရပါတယ္။

“ေအာင္ျမင္မႈဆိုတာ က လွိဳင္းလုံး ေတြနဲ႔ တူတယ္တဲ့။ အရွိန္ျပင္းျပင္း နဲ႔ ေပၚလာၿပီး အျမင့္ႀကီး ျဖစ္ႏိုင္ေပမဲ့ အၿမဲၾကာရွည္ တည္တံ့ ဖို႔ေတာ့ ခက္ခဲပါတယ္။ ကိုယ္တိုင္ ႀကိဳးစားမွဳ အပါအဝင္… ေလနဲ႔ တူတဲ့ပရိတ္သတ္ ရဲ႕ ခ်စ္ျခင္း ေမတၱာ အားျဖင့္ ေပါင္းစပ္ ေထာက္ပံ့ မွ ပိုၾကာၾကာ တည္ရွိႏိုင္တာ မ်ိဳးပါ။

ကိုေဆာင္းဦး မူလ ေရးထားတဲ့ သီခ်င္းကို ဖူး နဲ႔ လိုက္ဖက္ေအာင္ နဲနဲေလး ျပန္ျပင္ထား တဲ့ “ကႏၲာရကမာၻ” ဆိုတဲ့ ဒီသီခ်င္းေလး ကို နားဆင္ၾကည့္ ေပး ၾက ပါ ဦး။

“ဘယ္သူ႔ကိုမွ ကိုယ့္ကို ခ်စ္လာေအာင္ အတင္းေစခိုင္းလို႔ မရဘူး။ ကိုယ္ကိုယ္ တိုင္ က အခ်စ္ခံထိုက္သူ ျဖစ္ေအာင္ပဲ ႀကိဳးစား လို႔ ရတယ္” … ဆိုတဲ့စကား အတိုင္း ဖူး ဘက္ ကလဲ အေကာင္းဆုံး ႀကိဳးစား ေနပါတယ္ ရွင့္။

ဖူးကို … ခ်စ္ခဲ့ေပးၾကတဲ့ ခ်စ္ခဲ့ဖူးၾကသူေတြ ေရာ
အခုထိ ခ်စ္ေပးၾက အနားမွာ ရွိေပးၾကတဲ့ သူေတြကိုပါ အရမ္းေက်းဇူး တင္ၿပီး ခ်စ္လဲ ခ်စ္ပါတယ္။

ေနာင္လဲ အၿမဲဆက္ခ်စ္ေပး ဖူးအနားမွာ ရွိေနေပး ၾက ပါ လို႔..”

ဘီလီလမင္းေအး ဟာ Season 2 မွာ Winner မျဖစ္ခဲ့ဘဲ ခ်မ္းေျမ ႔ေမာင္ခ်ိဳ လိုဘဲ ပရိသတ္ရဲ ႔ေဝဖန္ေျပာဆိုမႈေတြကို အေတာ္ကို ခံစားခဲ့ရတဲ့ ၿပိဳင္ပြဲဝင္တစ္ဦးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဝဖန္တဲ့ အရာေတြကို အေကာင္းဆံုးေက်ာ္ျဖတ္ခဲ့ၿပီး သူသြားခ်င္တဲ့ လမ္းေၾကာင္းတစ္ခုကို စိတ္ဓါတ္ခိုင္ခိုင္မာမာ နဲ႔ ရရွိနိုင္ေအာင္ၾကိဳးစားေနသူတစ္ဦး အျဖစ္အခုလိုျမင္ေတြ႔ရတာျဖစ္ပါတယ္။

အခုလိုမ်ိဳး တျခားသူေတြ ဘာေတြေျပာေနပါေစ အေကာင္းဆံုးကိုေရြးခ်ယ္ၿပီး လုပ္ေဆာင္ရမွာကို သက္ေသျပနိုင္ခဲ့တဲ့ ဘီလီလမင္းေအး ကို ခ်ီးက်ဴးသလို သူမရဲ ႔ စိတ္ဓါတ္ကို အတုယူနိုင္ေစရန္အတြက္လည္း သူမသီဆိုထားတဲ့ သီခ်င္းနဲ႔ သူမရဲ ႔ပံုေလးေတြကို ျပန္လည္မွ်ေဝလိုက္တာျဖစ္ပါတယ္။

Photo Credit: Billy Phoo Phoo Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

ချစ်လာအောင်အတင်းစေခိုင်းလို့မရပါဘူး အချစ်ခံ ထိုက်သူ ဖြစ်အောင်ကြိုးစား ပါလို့ပြောလိုက်တဲ့ ဘီလီလမင်းအေး

Myanmar Idol Season 2 ရဲ့ First Runner Up ဖြစ်သူ ဘီလီလမင်းအေး က သူမရဲ့သီဆိုထားတဲ့ “ကန္တာရကမ္ဘာ” လို့ နာမည်ပေးထားတဲ့ သီချင်းလေးကို နားဆင်ပေးပါဆိုပြီး ပြောခဲ့သလို ချစ်လာအောင်အတင်းစေခိုင်းလို့ မရပါဘူး ၊ အချစ်ခံထိုက်သူ ဖြစ်အောင် ကြိုးစားနေပါတယ်ဆိုတာလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

“အောင်မြင်မှုဆိုတာ က လှိုင်းလုံး တွေနဲ့ တူတယ်တဲ့။ အရှိန်ပြင်းပြင်း နဲ့ ပေါ်လာပြီး အမြင့်ကြီး ဖြစ်နိုင်ပေမဲ့ အမြဲကြာရှည် တည်တံ့ ဖို့တော့ ခက်ခဲပါတယ်။ ကိုယ်တိုင် ကြိုးစားမှု အပါအဝင်… လေနဲ့ တူတဲ့ပရိတ်သတ် ရဲ့ ချစ်ခြင်း မေတ္တာ အားဖြင့် ပေါင်းစပ် ထောက်ပံ့ မှ ပိုကြာကြာ တည်ရှိနိုင်တာ မျိုးပါ။

ကိုဆောင်းဦး မူလ ရေးထားတဲ့ သီချင်းကို ဖူး နဲ့ လိုက်ဖက်အောင် နဲနဲလေး ပြန်ပြင်ထား တဲ့ “ကန္တာရကမ္ဘာ” ဆိုတဲ့ ဒီသီချင်းလေး ကို နားဆင်ကြည့် ပေး ကြ ပါ ဦး။

“ဘယ်သူ့ကိုမှ ကိုယ့်ကို ချစ်လာအောင် အတင်းစေခိုင်းလို့ မရဘူး။ ကိုယ်ကိုယ် တိုင် က အချစ်ခံထိုက်သူ ဖြစ်အောင်ပဲ ကြိုးစား လို့ ရတယ်” … ဆိုတဲ့စကား အတိုင်း ဖူး ဘက် ကလဲ အကောင်းဆုံး ကြိုးစား နေပါတယ် ရှင့်။

ဖူးကို … ချစ်ခဲ့ပေးကြတဲ့ ချစ်ခဲ့ဖူးကြသူတွေ ရော
အခုထိ ချစ်ပေးကြ အနားမှာ ရှိပေးကြတဲ့ သူတွေကိုပါ အရမ်းကျေးဇူး တင်ပြီး ချစ်လဲ ချစ်ပါတယ်။

နောင်လဲ အမြဲဆက်ချစ်ပေး ဖူးအနားမှာ ရှိနေပေး ကြ ပါ လို့..”

ဘီလီလမင်းအေး ဟာ Season 2 မှာ Winner မဖြစ်ခဲ့ဘဲ ချမ်းမြေ့မောင်ချို လိုဘဲ ပရိသတ်ရဲ့ဝေဖန်ပြောဆိုမှုတွေကို အတော်ကို ခံစားခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝေဖန်တဲ့ အရာတွေကို အကောင်းဆုံးကျော်ဖြတ်ခဲ့ပြီး သူသွားချင်တဲ့ လမ်းကြောင်းတစ်ခုကို စိတ်ဓါတ်ခိုင်ခိုင်မာမာ နဲ့ ရရှိနိုင်အောင်ကြိုးစားနေသူတစ်ဦး အဖြစ်အခုလိုမြင်တွေ့ရတာဖြစ်ပါတယ်။

အခုလိုမျိုး တခြားသူတွေ ဘာတွေပြောနေပါစေ အကောင်းဆုံးကိုရွေးချယ်ပြီး လုပ်ဆောင်ရမှာကို သက်သေပြနိုင်ခဲ့တဲ့ ဘီလီလမင်းအေး ကို ချီးကျူးသလို သူမရဲ့ စိတ်ဓါတ်ကို အတုယူနိုင်စေရန်အတွက်လည်း သူမသီဆိုထားတဲ့ သီချင်းနဲ့ သူမရဲ့ပုံလေးတွေကို ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။

Photo Credit: Billy Phoo Phoo Facebook Page

ကြည်သာ (Akhayar)

www.akhayar.com