သူေဌးၾကီးေတြနဲ႔ ေတာ္ဝင္မ်ိဳးႏြယ္ေတြေတာင္ အေလးထားသင္လာရတဲ့ တရုတ္စာနဲ႔ စကား

[Zawgyi]

သူေဌးၾကီးေတြနဲ႔ ေတာ္ဝင္မ်ိဳးႏြယ္ေတြေတာင္ အေလးထားသင္လာရတဲ့ တရုတ္စာနဲ႔ စကား

ဘာသာစကားတစ္ခုထက္ပုိတတ္ထားတယ္ဆိုတာ ဘာပဲျဖစ္ျဖစ္ သာပါတယ္လို႔ ေျပာလို႔ ရတဲ့အတြက္ လူေတြဟာ မိခင္ဘာသာစကားအျပင္ အျခားဘာသာစကားတစ္ခုေတာ့ အနည္းဆံုးသင္ယူေလ့ရွိၾကတာေပ့ါ။ အရင္ကေတာ့ မိခင္ဘာသာစကားျပီးလို႔ သင္ဖို႔ တျခားတစ္ခုေရြးပါဆိုရင္ အဂၤလိပ္ဘာသာစကားကိုသာ အမ်ားဆံုးေရြးခ်ယ္ခဲ့ၾကေပမယ့္ ကမာၻၾကီးရဲ့ အေရြ႕မွာ စီးပြားေရးခ်ိန္ခြင္လွ်ာအေျပာင္းအလဲေတြေပၚပါလိုက္ျပီး တရုတ္ၾကီးရဲ့ ဘာသာစကားနဲ႔ တရုတ္စာကို လိုက္သင္ေနၾကရပါျပီ။

ဒီလို သင္ေနၾကတဲ့အထဲမွာ သာမန္လူေတြတင္မဟုတ္ဘဲ နာမည္ၾကီး လူသိမ်ားတဲ့ လူေတြ၊ သူေဌးေတြနဲ႔ ေတာ္ဝင္မိသားစုေတြကပါ သူတို႔သားသမီးေတြကို တရုတ္စာသင္ဖို႔ ဒီလို အားေပးတာ ေတြ႔ရပါတယ္။

Jeff နဲ႔ MecKenzie Bezos ဇနီးေမာင္ႏွံ

Amazon ကိုတည္ေထာင္ခဲ့တဲ့ Jeff Bezos နဲ႔ သူ႔ရဲ့ဇနီး MacKenzie တို႔မွာ သားသမီးေလးဦးထြန္းကားျပီးေတာ့ သူတို႔ သားသမီးေတြကိုလည္း ပညာရပ္အမ်ိဳးအစားစံုလင္ေအာင္ သင္ေပးဖို႔ စီစဥ္ေနပါတယ္။ MacKenzie က Vogue မဂၢဇင္းကို ေျပာခဲ့တာကေတာ့ “ကၽြန္မတို႔အေနနဲ႔ ကေလးေတြအတြက္ ေကာင္းမယ္ထင္တဲ့ဟာမွန္သမွ် ၾကိဳးစားခဲ့ပါတယ္။ ခရီးသြားတာ၊ အျခားအိမ္နီးခ်င္းကေလးေတြနဲ႔ အားကစားအသင္းေတြ၊ ကလပ္ေတြ ဝင္ခုိင္းတာ၊ စကၤာပူသခ်ၤာ Program သင္ခုိင္းတာ၊ ၾကက္သားေဖာက္တာကအစ မန္ဒရင္းတရုတ္စာအထိ အားလံုးကို သင္ယူခုိင္းၾကည့္ခဲ့ပါတယ္” ။

Mark Zuckerberg နဲ႔ Priscilla Chan

Facebook CEO Mark Zuckerberg ကေတာ့ တရုတ္စကားသင္ေနတာ ႏွစ္အနည္းငယ္ေတာင္ၾကာပါျပီ။ ျပီးေတာ့ သူက တုိးတက္ႏႈန္းျမန္ျပီး အေမးအေျဖပံုစံတစ္ခုကို မိနစ္ ၃၀တည္းနဲ႔ ေျဖရတာမ်ိဳးကအစ လုပ္ႏုိင္ေနျပီျဖစ္ပါတယ္။ သူ႔မိန္းမ Priscilla Chan ကလည္း ဗီယက္နမ္ႏုိင္ငံကေန စြန္႔ခြာျပီး အေမရိကားမွာ အေျခခ်လာတဲ့ တရုတ္မိသားစုရဲ့ သမီးဆိုေတာ့ ကန္တုံတရုတ္စကားကို ေကာင္းေကာင္းေျပာတတ္ျပီးသားပါ။

သူတို႔ဇနီးေမာင္ႏွံဟာ သူတို႔ရဲ့ သမီးေလး Max ကို တရုတ္စကားတစ္ခြန္းစ ႏွစ္ခြန္းစ အိမ္မွာ သင္ေပးေနျပီျဖစ္ပါတယ္။ Zuckerberg ဟာ သူ႔ရဲ့ AI Personal Assistant က Max ကို မန္ဒရင္းတရုတ္စကားသင္ေပးေနတဲ့ ဗြီဒီယုိကိုေတာင္ Facebook ေပၚ တင္ခဲ့ပါေသးတယ္။

Ivanka Trump နဲ႔ Jared Kushner

ေဒၚနယ္ထရမ့္ပ္ရဲ့ သမီး Ivanka Trump နဲ႔ သူ႔အမ်ိဳးသား Jared Kushner မွာေတာ့ သားသမီး ၃ ေယာက္ရွိျပီး မန္ဒရင္းတရုတ္စကားေျပာတတ္တဲ့ ကေလးထိန္းကို အိမ္အတြက္ ငွားထားၾကသူေတြပါ။ သူတို႔ရဲ့ သမီးအၾကီးဆံုးေလး အသက္ ၅ ႏွစ္သာရွိေသးတဲ့ Arabella  ေလးကေတာ့ သူ႔ရဲ့ တရုတ္စာကၽြမ္းက်င္မႈကို ႏွစ္သစ္ကူးသီခ်င္းကို မန္ဒရင္းတရုတ္လို ဆုိျပျပီး ျပသခဲ့သူေလးပါ။

ျဗိတိန္ေတာ္ဝင္မင္းသားဝီလ်ံနဲ႔ ကိတ္မစ္ဒယ္လ္တန္

ဒီေတာ္ဝင္မိသားစုကေတာ့ သားသမီးႏွစ္ေယာက္ေမြးဖြားခဲ့ျပီး တတိယေျမာက္ရင္ေသြးငယ္ကိုလည္း လြယ္ထားရျပီျဖစ္ပါတယ္။ သူတို႔ရဲ့ အၾကီးဆံုးသား အသက္ ၄ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ေဂ်ာ့ဂ်္ေတာင္မွ လန္ဒန္ျမိဳ႕မွာရွိတဲ့ Thomas’ Battersea မွာ ေက်ာင္းစတက္ေနျပီျဖစ္ပါတယ္။ ဒီေက်ာင္းက ေဂ်ာ့ဂ်္ေလးကို တရုတ္စာ၊ တရုတ္စကားသင္ေပးမွာလည္း ျဖစ္ပါတယ္။ ေဂ်ာ့ဂ်္တင္ တရုတ္စာသင္ခုိင္းခဲ့တာ မဟုတ္ဘဲ မင္းသားဝီလ်ံကလည္း ျပီးခဲတဲ့ႏွစ္အနည္းငယ္က ေပ်ာ္ရႊင္စရာ ႏွစ္သစ္ကူးျဖစ္ပါေစဆိုတာကို တရုတ္လို ဆုေတာင္းေပးခဲ့သူ ျဖစ္ပါတယ္။

ရုိးလူ (အခရာ)

www.akhayar.com

Ref : Business Insider

[Unicode]

သူဌေးကြီးတွေနဲ့ တော်ဝင်မျိုးနွယ်တွေတောင် အလေးထားသင်လာရတဲ့ တရုတ်စာနဲ့ စကား

ဘာသာစကားတစ်ခုထက်ပိုတတ်ထားတယ်ဆိုတာ ဘာပဲဖြစ်ဖြစ် သာပါတယ်လို့ ပြောလို့ ရတဲ့အတွက် လူတွေဟာ မိခင်ဘာသာစကားအပြင် အခြားဘာသာစကားတစ်ခုတော့ အနည်းဆုံးသင်ယူလေ့ရှိကြတာပေ့ါ။ အရင်ကတော့ မိခင်ဘာသာစကားပြီးလို့ သင်ဖို့ တခြားတစ်ခုရွေးပါဆိုရင် အင်္ဂလိပ်ဘာသာစကားကိုသာ အများဆုံးရွေးချယ်ခဲ့ကြပေမယ့် ကမ္ဘာကြီးရဲ့ အရွေ့မှာ စီးပွားရေးချိန်ခွင်လျှာအပြောင်းအလဲတွေပေါ်ပါလိုက်ပြီး တရုတ်ကြီးရဲ့ ဘာသာစကားနဲ့ တရုတ်စာကို လိုက်သင်နေကြရပါပြီ။

ဒီလို သင်နေကြတဲ့အထဲမှာ သာမန်လူတွေတင်မဟုတ်ဘဲ နာမည်ကြီး လူသိများတဲ့ လူတွေ၊ သူဌေးတွေနဲ့ တော်ဝင်မိသားစုတွေကပါ သူတို့သားသမီးတွေကို တရုတ်စာသင်ဖို့ ဒီလို အားပေးတာ တွေ့ရပါတယ်။

Jeff နဲ့ MecKenzie Bezos ဇနီးမောင်နှံ

Amazon ကိုတည်ထောင်ခဲ့တဲ့ Jeff Bezos နဲ့ သူ့ရဲ့ဇနီး MacKenzie တို့မှာ သားသမီးလေးဦးထွန်းကားပြီးတော့ သူတို့ သားသမီးတွေကိုလည်း ပညာရပ်အမျိုးအစားစုံလင်အောင် သင်ပေးဖို့ စီစဉ်နေပါတယ်။ MacKenzie က Vogue မဂ္ဂဇင်းကို ပြောခဲ့တာကတော့ “ကျွန်မတို့အနေနဲ့ ကလေးတွေအတွက် ကောင်းမယ်ထင်တဲ့ဟာမှန်သမျှ ကြိုးစားခဲ့ပါတယ်။ ခရီးသွားတာ၊ အခြားအိမ်နီးချင်းကလေးတွေနဲ့ အားကစားအသင်းတွေ၊ ကလပ်တွေ ဝင်ခိုင်းတာ၊ စင်္ကာပူသင်္ချာ Program သင်ခိုင်းတာ၊ ကြက်သားဖောက်တာကအစ မန်ဒရင်းတရုတ်စာအထိ အားလုံးကို သင်ယူခိုင်းကြည့်ခဲ့ပါတယ်” ။

Mark Zuckerberg နဲ့ Priscilla Chan

Facebook CEO Mark Zuckerberg ကတော့ တရုတ်စကားသင်နေတာ နှစ်အနည်းငယ်တောင်ကြာပါပြီ။ ပြီးတော့ သူက တိုးတက်နှုန်းမြန်ပြီး အမေးအဖြေပုံစံတစ်ခုကို မိနစ် ၃၀တည်းနဲ့ ဖြေရတာမျိုးကအစ လုပ်နိုင်နေပြီဖြစ်ပါတယ်။ သူ့မိန်းမ Priscilla Chan ကလည်း ဗီယက်နမ်နိုင်ငံကနေ စွန့်ခွာပြီး အမေရိကားမှာ အခြေချလာတဲ့ တရုတ်မိသားစုရဲ့ သမီးဆိုတော့ ကန်တုံတရုတ်စကားကို ကောင်းကောင်းပြောတတ်ပြီးသားပါ။

သူတို့ဇနီးမောင်နှံဟာ သူတို့ရဲ့ သမီးလေး Max ကို တရုတ်စကားတစ်ခွန်းစ နှစ်ခွန်းစ အိမ်မှာ သင်ပေးနေပြီဖြစ်ပါတယ်။ Zuckerberg ဟာ သူ့ရဲ့ AI Personal Assistant က Max ကို မန်ဒရင်းတရုတ်စကားသင်ပေးနေတဲ့ ဗွီဒီယိုကိုတောင် Facebook ပေါ် တင်ခဲ့ပါသေးတယ်။

Ivanka Trump နဲ့ Jared Kushner

ဒေါ်နယ်ထရမ့်ပ်ရဲ့ သမီး Ivanka Trump နဲ့ သူ့အမျိုးသား Jared Kushner မှာတော့ သားသမီး ၃ ယောက်ရှိပြီး မန်ဒရင်းတရုတ်စကားပြောတတ်တဲ့ ကလေးထိန်းကို အိမ်အတွက် ငှားထားကြသူတွေပါ။ သူတို့ရဲ့ သမီးအကြီးဆုံးလေး အသက် ၅ နှစ်သာရှိသေးတဲ့ Arabella  လေးကတော့ သူ့ရဲ့ တရုတ်စာကျွမ်းကျင်မှုကို နှစ်သစ်ကူးသီချင်းကို မန်ဒရင်းတရုတ်လို ဆိုပြပြီး ပြသခဲ့သူလေးပါ။

ဗြိတိန်တော်ဝင်မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်လ်တန်

ဒီတော်ဝင်မိသားစုကတော့ သားသမီးနှစ်ယောက်မွေးဖွားခဲ့ပြီး တတိယမြောက်ရင်သွေးငယ်ကိုလည်း လွယ်ထားရပြီဖြစ်ပါတယ်။ သူတို့ရဲ့ အကြီးဆုံးသား အသက် ၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျော့ဂျ်တောင်မှ လန်ဒန်မြို့မှာရှိတဲ့ Thomas’ Battersea မှာ ကျောင်းစတက်နေပြီဖြစ်ပါတယ်။ ဒီကျောင်းက ဂျော့ဂျ်လေးကို တရုတ်စာ၊ တရုတ်စကားသင်ပေးမှာလည်း ဖြစ်ပါတယ်။ ဂျော့ဂျ်တင် တရုတ်စာသင်ခိုင်းခဲ့တာ မဟုတ်ဘဲ မင်းသားဝီလျံကလည်း ပြီးခဲတဲ့နှစ်အနည်းငယ်က ပျော်ရွှင်စရာ နှစ်သစ်ကူးဖြစ်ပါစေဆိုတာကို တရုတ်လို ဆုတောင်းပေးခဲ့သူ ဖြစ်ပါတယ်။