[Zawgyi]

ဘီလ်ံနာျဖစ္ေနေပမယ့္ မိဘေတြကုိ မေထာက္ပံ့ေသးတဲ့ Google CEO ဆန္ဒါပီေခ်း (Sundar Pichai)

ဆန္ဒါပီေခ်း (Sundar Pichai) ဟာ ၁၉၇၂ခုႏွစ္ ဇူလိုင္လ ၁၂ရက္ေန႔မွာ အိႏၵိယႏိုင္ငံ မက္ဒူ႐ိုင္ၿမိဳ႕ (Madurai) မွာေမြးဖြားခဲ့ေပမယ့္ ခ်န္ႏိုင္းၿမိဳ႕ (Chennai) မွာပဲ ႀကီးျပင္းခဲ့ပါတယ္။ မိဘေတြကေတာ့ ရာဂန္နာသာပီေခ်း (Ragunatha Pichai) နဲ႔ လက္ခ်မီး (Lakshmi) တို႔ပဲျဖစ္ပါတယ္။ အခန္း၂ခန္းပါတဲ့ တိုက္ခန္းက်ဥ္းေလးထဲမွာ မိသားစုဝင္ေတြနဲ႔ ႀကီးျပင္းခဲ့ရတဲ့ အိႏၵိယႏိုင္ငံသားတစ္ေယာက္ျဖစ္ပါတယ္။

Chennai

Chennai

ဆန္ဒါပီေခ်းတို႔မိသားစုဟာ ဖခင္ျဖစ္သူရာဂန္နာသာပီေခ်းရဲ႕ဝင္ေငြတစ္ခုတည္းကိုသာ မွီခိုခဲ့ရပါတယ္။ လွ်ပ္စစ္အင္ဂ်င္နီယာျဖစ္တဲ့ ရာဂန္နာသာပီေခ်းရဲ႕ဝင္ေငြဟာ တစ္လမွာ ႐ူပီး ၃ဝဝဝသာ ရေပမယ့္ မိသားစုကို ေလာက္ငွေအာင္ ေကြၽးေမြးႏိုင္ခဲ့ပါတယ္။ ေငြပိုေငြလွ်ံရယ္လို႔ မရွိလွတဲ့အတြက္ စကူတာဆိုင္ကယ္ (Scooter) တစ္စီးဝယ္ဖို႔ ၃ႏွစ္ေလာက္ ေငြစုရတယ္လို႔ သိရပါတယ္။ အေမွ်ာ္အျမင္ႀကီးလွတဲ့ဖခင္ဟာ ေငြေၾကးမႂကြယ္ေဝမယ့္ သားျဖစ္တဲ့ ဆန္ဒါပီေခ်းကိုေတာ့ ေက်ာင္းေကာင္းေကာင္းမွာ ပညာသင္ေစခဲ့ပါတယ္။

Sundar Pichai

Sundar Pichai

ဆန္ဒါပီေခ်းဟာ ကေလးဘဝတည္းက ဖခင္ရဲ႕လွ်ပ္စစ္လုပ္ငန္းေတြကို နားရည္ဝလာၿပီးေတာ့ နည္းပညာလုပ္ငန္းမွာ စိတ္ဝင္စားလာတာျဖစ္ပါတယ္။ ဆန္ဒါပီေခ်းဟာ ခါရာေပါနည္းပညာတကၠသိုလ္ (Institute of Technology Kharagpur) ကေန အင္ဂ်င္နီယာဘြဲ႕ရရွိခဲ့တာျဖစ္ပါတယ္။

Family

Family

ပညာတတ္ႀကီးျဖစ္ဖို႔ ဖခင္ဟာ မိသားစုေငြထဲက သူ႔ရဲ႕လုပ္အားခတစ္ႏွစ္စာကို ထုတ္ယူၿပီး ဆန္ဒါပီေခ်းတစ္ေယာက္ စတန္းဖို႔ဒ္တကၠသိုလ္ (Stanford University) မွာ ပညာသင္ဖို႔ ေထာက္ပံ့ခဲ့ရပါတယ္။ ဆန္ဒါပီေခ်းေက်ာင္းတက္ေနတဲ့အခ်ိန္မွာ မိသားစုဟာ လူတန္းေစ့မေနႏိုင္ခဲ့ပါဘူး။ ပညာေရးထူးခြၽန္လွတဲ့ ဆန္ဒါပီေခ်းဟာ စတန္းဖို႔ဒ္တကၠသိုလ္ကေန မဟာသိပၸံဘြဲ႕ (Master of Science) ရရွိခဲ့႐ုံမက ပန္ဆိုေဗးနီးယားတကၠသိုလ္ (University of Pennsylvania) ကေနလည္း စီးပြားေရးစီမံခန္႔ခြဲမႈမဟာဘြဲ႕ (Master of Business Adminstration – MBA) ဘြဲ႕ရရွိခဲ့ပါတယ္။

Institute of Technology Kharagpur

Institute of Technology Kharagpur

ပညာေရးပိုင္းမွာ ထူးခြၽန္ခဲ့တဲ့ ဆန္ဒါပီေခ်းရဲ႕ မွတ္ဉာဏ္ဟာ ကိစၥတစ္ခုကို ဓာတ္ပုံ႐ိုက္ထားသလို သိမ္းဆည္းႏိုင္စြမ္းရွိပါတယ္။ ေက်ာင္းသားဘဝတုန္းကဆိုရင္ အရွက္အေၾကာက္ႀကီးၿပီး အျပင္ကိုလည္း သိပ္ထြက္တဲ့လူ မဟုတ္ပါဘူး။ သားျဖစ္သူရဲ႕ ဉာဏ္ေကာင္းပုံကို ရာဂန္နာသာပီေခ်းက အခုလိုေျပာပါေသးတယ္။

“တစ္ခါတုန္းက မိတ္ေဆြတစ္ေယာက္က ကြၽန္ေတာ့္ကို
ဖုန္းနံပါတ္ေပးခဲ့တယ္။ ကြၽန္ေတာ္ကလည္း မိန္းမကို
မွတ္ထားလိုက္လို႔ ေျပာခဲ့တယ္။ လက္ခ်မီး ေမ့သြားတယ္ထင္ပါတယ္။
ေနာက္လနည္းနည္းၾကာေတာ့ ျပန္ေမးၾကည့္ေတာ့ မသိေတာ့ဘူးတဲ့
ဆန္ဒါပီေခ်းက ေကာက္ခနဲ ဖုန္းနံပါတ္ကို ေျပာလိုက္တာ
တကယ္မွတ္ဉာဏ္ေကာင္းတဲ့ ကြၽန္ေတာ့္သားပါဗ်ာ”

ပညာေရးၿပီးေတာ့ ၂ဝဝ၄ခုႏွစ္မွာ Google ရဲ႕ ထုတ္ကုန္စီမံခန္႔ခြဲမႈ (Product Management) အပိုင္းမွာ ဦးေဆာင္ခဲ့ပါတယ္။ Google Chrome နဲ႔ Chrome OS တို႔မွာ အဓိကပါဝင္ၿပီး Google Drive ၊ Google Map နဲ႔ Gmail ထုတ္ကုန္ေတြမွာလည္း ပါဝင္ခဲ့သူပါ။ ၂ဝ၁၁ခုႏွစ္ ဧၿပီလကေန ၂ဝ၁၃ခုႏွစ္ ဇူလိုင္လ ၃ဝအထိ Jive Software ရဲ႕ Director ျဖစ္ခဲ့ပါတယ္။ ၂ဝ၁၄ခုႏွစ္မွာ ဆန္ဒါပီေခ်းဟာ Microsoft ရဲ႕ CEO ျဖစ္လာမယ္လို႔ ေရပန္းစားခဲ့ပါေသးတယ္။ ဒါေပမယ့္ Google တည္ေထာင္သူ လယ္ရီေပ့ခ်္ (Larry Page) က ေဒၚလာသန္း ၅ဝတန္ေၾကးရွိတဲ့ အစုရွယ္ယာေတြေပးၿပီး ဆြဲေဆာင္ထားခဲ့လို႔ Google မွာပဲ ဆက္ေနျဖစ္ခဲ့ပါတယ္။ ၂ဝ၁၅ခုႏွစ္ ၾသဂုတ္လ ၁ဝရက္ေန႔မွာ Google ရဲ႕ CEO အျဖစ္ေ႐ြးခ်ယ္ခံၿပီးေတာ့ ေအာက္တိုဘာလ ၂ရက္ေန႔မွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

Google CEO Sundar Pichai

Google CEO Sundar Pichai

ဆန္ဒါပီေခ်းရဲ႕ဝင္ေငြဟာ လစာအျပင္ Google က ေပးတဲ့ အစုရွယ္တန္ဖိုးေတြေရာ ပါဝင္ခဲ့ပါတယ္။ ၂ဝ၁၅ခုႏွစ္မွာ အေမရိကန္ေဒၚလာ သန္း၁ဝဝသာရွိခဲ့ရာမွ ၂ဝ၁၆ခုႏွစ္မွာ ၁၉၉.၇သန္း (သန္း၂ဝဝ) အထိရွိခဲ့ပါတယ္။ တစ္ႏွစ္ဝင္ေငြ အေမရိကန္သန္း ၂ဝဝကို ႐ူပီးေျပာင္းလဲၿပီး တစ္ရက္ဝင္ေငြတြက္ခ်က္လိုက္မယ္ဆိုရင္ ဆန္ဒါပီေခ်းရဲ႕တစ္ေန႔ဝင္ေငြဟာ ႐ူပီး ၃၈.၂သန္းအထိ ရွိပါၿပီ။ ဆန္ဒါပီေခ်းရဲ႕ႂကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၁.၂ ဘီလီယံ (၁,၂ဝဝ သန္း) အထိရွိလာၿပီျဖစ္ပါတယ္။ တစ္ရက္တည္းနဲ႔တင္ အိႏၵိယ႐ူပီးသန္းေပါင္းမ်ားစြာ ဝင္ေနေပမယ့္ သူ႔ရဲ႕မိသားစုကေတာ့ ခ်န္ႏိုင္းၿမိဳ႕မွာရွိတဲ့ အိမ္ခန္းအေဟာင္းထဲမွာပဲ အခုခ်ိန္ထိ ေနရေသးတယ္ဆိုရင္ ဆန္ဒါပီေခ်းတစ္ေယာက္ မိဘေက်းဇူးကို နားမလည္ေသးဘူးလို႔ ဆိုရမွာပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘီလျံနာဖြစ်နေပေမယ့် မိဘတွေကို မထောက်ပံ့သေးတဲ့ Google CEO ဆန်ဒါပီချေး (Sundar Pichai)

ဆန်ဒါပီချေး (Sundar Pichai) ဟာ ၁၉၇၂ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မှာ အိန္ဒိယနိုင်ငံ မက်ဒူရိုင်မြို့ (Madurai) မှာမွေးဖွားခဲ့ပေမယ့် ချန်နိုင်းမြို့ (Chennai) မှာပဲ ကြီးပြင်းခဲ့ပါတယ်။ မိဘတွေကတော့ ရာဂန်နာသာပီချေး (Ragunatha Pichai) နဲ့ လက်ချမီး (Lakshmi) တို့ပဲဖြစ်ပါတယ်။ အခန်း၂ခန်းပါတဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ မိသားစုဝင်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။

Chennai

Chennai

ဆန်ဒါပီချေးတို့မိသားစုဟာ ဖခင်ဖြစ်သူရာဂန်နာသာပီချေးရဲ့ဝင်ငွေတစ်ခုတည်းကိုသာ မှီခိုခဲ့ရပါတယ်။ လျှပ်စစ်အင်ဂျင်နီယာဖြစ်တဲ့ ရာဂန်နာသာပီချေးရဲ့ဝင်ငွေဟာ တစ်လမှာ ရူပီး ၃ဝဝဝသာ ရပေမယ့် မိသားစုကို လောက်ငှအောင် ကျွေးမွေးနိုင်ခဲ့ပါတယ်။ ငွေပိုငွေလျှံရယ်လို့ မရှိလှတဲ့အတွက် စကူတာဆိုင်ကယ် (Scooter) တစ်စီးဝယ်ဖို့ ၃နှစ်လောက် ငွေစုရတယ်လို့ သိရပါတယ်။ အမျှော်အမြင်ကြီးလှတဲ့ဖခင်ဟာ ငွေကြေးမကြွယ်ဝေမယ့် သားဖြစ်တဲ့ ဆန်ဒါပီချေးကိုတော့ ကျောင်းကောင်းကောင်းမှာ ပညာသင်စေခဲ့ပါတယ်။

Sundar Pichai

Sundar Pichai

ဆန်ဒါပီချေးဟာ ကလေးဘဝတည်းက ဖခင်ရဲ့လျှပ်စစ်လုပ်ငန်းတွေကို နားရည်ဝလာပြီးတော့ နည်းပညာလုပ်ငန်းမှာ စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ဆန်ဒါပီချေးဟာ ခါရာပေါနည်းပညာတက္ကသိုလ် (Institute of Technology Kharagpur) ကနေ အင်ဂျင်နီယာဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။

Family

Family

ပညာတတ်ကြီးဖြစ်ဖို့ ဖခင်ဟာ မိသားစုငွေထဲက သူ့ရဲ့လုပ်အားခတစ်နှစ်စာကို ထုတ်ယူပြီး ဆန်ဒါပီချေးတစ်ယောက် စတန်းဖို့ဒ်တက္ကသိုလ် (Stanford University) မှာ ပညာသင်ဖို့ ထောက်ပံ့ခဲ့ရပါတယ်။ ဆန်ဒါပီချေးကျောင်းတက်နေတဲ့အချိန်မှာ မိသားစုဟာ လူတန်းစေ့မနေနိုင်ခဲ့ပါဘူး။ ပညာရေးထူးချွန်လှတဲ့ ဆန်ဒါပီချေးဟာ စတန်းဖို့ဒ်တက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ (Master of Science) ရရှိခဲ့ရုံမက ပန်ဆိုဗေးနီးယားတက္ကသိုလ် (University of Pennsylvania) ကနေလည်း စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Business Adminstration – MBA) ဘွဲ့ရရှိခဲ့ပါတယ်။

Institute of Technology Kharagpur

Institute of Technology Kharagpur

ပညာရေးပိုင်းမှာ ထူးချွန်ခဲ့တဲ့ ဆန်ဒါပီချေးရဲ့ မှတ်ဉာဏ်ဟာ ကိစ္စတစ်ခုကို ဓာတ်ပုံရိုက်ထားသလို သိမ်းဆည်းနိုင်စွမ်းရှိပါတယ်။ ကျောင်းသားဘဝတုန်းကဆိုရင် အရှက်အကြောက်ကြီးပြီး အပြင်ကိုလည်း သိပ်ထွက်တဲ့လူ မဟုတ်ပါဘူး။ သားဖြစ်သူရဲ့ ဉာဏ်ကောင်းပုံကို ရာဂန်နာသာပီချေးက အခုလိုပြောပါသေးတယ်။

“တစ်ခါတုန်းက မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို
ဖုန်းနံပါတ်ပေးခဲ့တယ်။ ကျွန်တော်ကလည်း မိန်းမကို
မှတ်ထားလိုက်လို့ ပြောခဲ့တယ်။ လက်ချမီး မေ့သွားတယ်ထင်ပါတယ်။
နောက်လနည်းနည်းကြာတော့ ပြန်မေးကြည့်တော့ မသိတော့ဘူးတဲ့
ဆန်ဒါပီချေးက ကောက်ခနဲ ဖုန်းနံပါတ်ကို ပြောလိုက်တာ
တကယ်မှတ်ဉာဏ်ကောင်းတဲ့ ကျွန်တော့်သားပါဗျာ”

ပညာရေးပြီးတော့ ၂ဝဝ၄ခုနှစ်မှာ Google ရဲ့ ထုတ်ကုန်စီမံခန့်ခွဲမှု (Product Management) အပိုင်းမှာ ဦးဆောင်ခဲ့ပါတယ်။ Google Chrome နဲ့ Chrome OS တို့မှာ အဓိကပါဝင်ပြီး Google Drive ၊ Google Map နဲ့ Gmail ထုတ်ကုန်တွေမှာလည်း ပါဝင်ခဲ့သူပါ။ ၂ဝ၁၁ခုနှစ် ဧပြီလကနေ ၂ဝ၁၃ခုနှစ် ဇူလိုင်လ ၃ဝအထိ Jive Software ရဲ့ Director ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၄ခုနှစ်မှာ ဆန်ဒါပီချေးဟာ Microsoft ရဲ့ CEO ဖြစ်လာမယ်လို့ ရေပန်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် Google တည်ထောင်သူ လယ်ရီပေ့ချ် (Larry Page) က ဒေါ်လာသန်း ၅ဝတန်ကြေးရှိတဲ့ အစုရှယ်ယာတွေပေးပြီး ဆွဲဆောင်ထားခဲ့လို့ Google မှာပဲ ဆက်နေဖြစ်ခဲ့ပါတယ်။ ၂ဝ၁၅ခုနှစ် သြဂုတ်လ ၁ဝရက်နေ့မှာ Google ရဲ့ CEO အဖြစ်ရွေးချယ်ခံပြီးတော့ အောက်တိုဘာလ ၂ရက်နေ့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Google CEO Sundar Pichai

Google CEO Sundar Pichai

ဆန်ဒါပီချေးရဲ့ဝင်ငွေဟာ လစာအပြင် Google က ပေးတဲ့ အစုရှယ်တန်ဖိုးတွေရော ပါဝင်ခဲ့ပါတယ်။ ၂ဝ၁၅ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း၁ဝဝသာရှိခဲ့ရာမှ ၂ဝ၁၆ခုနှစ်မှာ ၁၉၉.၇သန်း (သန်း၂ဝဝ) အထိရှိခဲ့ပါတယ်။ တစ်နှစ်ဝင်ငွေ အမေရိကန်သန်း ၂ဝဝကို ရူပီးပြောင်းလဲပြီး တစ်ရက်ဝင်ငွေတွက်ချက်လိုက်မယ်ဆိုရင် ဆန်ဒါပီချေးရဲ့တစ်နေ့ဝင်ငွေဟာ ရူပီး ၃၈.၂သန်းအထိ ရှိပါပြီ။ ဆန်ဒါပီချေးရဲ့ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ (၁,၂ဝဝ သန်း) အထိရှိလာပြီဖြစ်ပါတယ်။ တစ်ရက်တည်းနဲ့တင် အိန္ဒိယရူပီးသန်းပေါင်းများစွာ ဝင်နေပေမယ့် သူ့ရဲ့မိသားစုကတော့ ချန်နိုင်းမြို့မှာရှိတဲ့ အိမ်ခန်းအဟောင်းထဲမှာပဲ အခုချိန်ထိ နေရသေးတယ်ဆိုရင် ဆန်ဒါပီချေးတစ်ယောက် မိဘကျေးဇူးကို နားမလည်သေးဘူးလို့ ဆိုရမှာပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com