[Zawgyi]

ေမြးေန႔အမွတ္တရအျဖစ္ သမီးေလး Stormi နဲ႔ Portrait ပံုေတြ တင္လိုက္တဲ႔ Kylie

မၾကာေသးခင္ကမွ အေမရိကန္ရဲ႕ ကိုယ္ထူးကုိယ္ခၽြန္ အသက္အငယ္ဆံုး အမ်ိဳးသမီး ဘီလ်ံနာျဖစ္လာတဲ့ Kylie Jenner ဟာ အခုခ်ိန္မွာေတာ့ အသက္(၂၁) ႏွစ္ျပည့္သြားပါၿပီ။ ေမြးေန႔ရွင္ ဘီလ်ံနာမေလးဟာ သူမေမြးေန႔မွာ အျခားသူေတြလို ေမြးေန႔ပါတီ ႀကီးႀကီးက်ယ္က်ယ္မျပဳလုပ္ဘဲ သူမရဲ႕ကေလး Stormi နဲ႔ Portrait ဓာတ္ပံုေလးေတြသာ ရုိက္ကူးကာ အမွတ္တရေလးေတြ ျပဳလုပ္ၿပီး ရုိးရုိးရွင္းရွင္း ျဖတ္သန္းလုိက္တာကို ေတြ႔ရပါတယ္။

Stormi နဲ႔ ရုိက္ကူးထားတဲ႔ Portrait ဓာတ္ပံုေတြကိုေတာ့ Instagram မွာ တင္ၿပီး မွ်ေဝခဲ႔တာ ျဖစ္ပါတယ္။ သူမမွ်ေဝခဲ့တဲ႔ ပထမဆံုးပံုမွာဆိုရင္ Kylie က Stormi ကို ရင္ခြင္ထဲမွာ ေပြ႔ဖက္ထားၿပီး Stormi ေခါင္းေလးကို သူမရဲ႕ပါးနဲ႔နီးကပ္စြာ ထားရွိထားတာကို ေတြ႔ရပါတယ္။

Kylie Jenner

Kylie Jenner

အဲဒီပံုရဲ႕ေအာက္မွာေတာ့ သူမက “ဒီႏွစ္ ေမြးေန႔ညမွာေတာ့ အေကာင္းမြန္ဆံုးလက္ေဆာင္တစ္ခုဟာ သူမနဲ႔အတူ ရွိေနခဲ႔ပါၿပီ။ အဲဒါကေတာ့ သူမရဲ႕သမီးေလးျဖစ္တဲဲ ့ Stormi နဲ႔ အတူရွိခြင္႔ရျခင္းပဲ ျဖစ္ပါတယ္။ အရမ္းခ်စ္တယ္ ငါရဲ႕နတ္သမီးေလး” ဆိုၿပီး ေရးသားထားပါတယ္။

ဒုတိယပံုမွာေတာ့ Kylie ဟာ Stormi နဲ႔ အနည္းငယ္အကြာေဝးအေနအထားမွာရွိေနၿပီး ကုတင္ေပၚမွာထိုင္ေနကာ ႏွစ္ေယာက္စလံုးက ကင္မရာကို တည္႔တည္႔စိုက္ၾကည္႔ေနတဲ႔ပံုစံနဲ႔ ရုိက္ကူးထားတာကို ေတြ႔ရပါတယ္။

Kylie Jenner

Kylie Jenner

အဲလိုရုိက္ကူးထားတဲ႔အျပင္ သူမက သူမ Fan ေတြ ျပဳလုပ္ေပးထားတဲ့ Stormi ရဲ႕ပံုေလးေတြနဲ႔ Stormi ကို ေပြ႔ခ်ီထားတဲ႔ Kris ရဲ႕ပံုေတြကို Instagram မွာတင္ကာ သူမဘယ္ေလာက္သေဘာက်ႏွစ္သက္လဲဆိုတာကို ေရးသားေဖာ္ျပကာ Fan ေတြကို ခ်စ္ေၾကာင္း ေျပာထားတာကိုလည္း ေတြ႔ရပါတယ္။ ဒါအျပင္ Stormi ဟာ သူမအတြက္ေတာ့ သူမရဲ႕အေသးစားအမႊာေလးပါပဲလုိ႔လည္း ဆိုထားပါေသးတယ္။

ေနာက္ထပ္ထူးျခားတာတစ္ခုကေတာ့ Stormi ရဲ႕ မ်က္ႏွာကို အရင္ကတင္သလိုမ်ဳိး ကြယ္ထားျဖတ္ထားတာမ်ဳိးမရွိဘဲ ၾကံဳေတာင့္ၾကံဳခဲ မ်က္ႏွာတစ္ခုလုံးပံုကို သူမရဲ႕ေမြးေန႔အမွတ္တရအေနနဲ႕ Instagram ေပၚတင္ၿပီး မွ်ေဝေပးခဲ႔ျခင္းပဲ ျဖစ္ပါတယ္။ Kylie က Stormi နဲ႔႔ပတ္သက္ၿပီး ဘယ္ေလာက္ထိ အေလးအနက္ထားလဲဆုိေတာ့ အရင္က Stormi ရဲ႕မ်က္ႏွာတစ္ခုလံုးေပၚေနတဲ႔  ပံုေတြအကုန္လံုး တင္ထားတာကို ျပန္ဖ်က္ခဲ႔ဖူးတာမ်ဳိးေတာင္ ရွိခဲ႔ပါတယ္။  ကြယ္ထား ျဖတ္ထားတဲ့ပံုေတြ တင္ခဲ့တာနဲ႔ပတ္သက္ၿပီး ဇြန္လတုန္းက Instagram ရဲ႕ Comment မွာ Kylie က သူမရဲ႕ရင္ေသြးေလးပံုကို လူအမ်ားမွ်ေဝကာ မွတ္ခ်က္ျပဳမွာကို မလုိလားတဲ႔အတြက္ေၾကာင္႔ပါလုိ႔ ေရးသားကာ ေျဖရွင္းခဲ႔တာကို ေတြ႔ရပါတယ္။

Kylie Jenner

Kylie Jenner

အရင္က ကြယ္ထားဝွက္ထားခဲ႔ေပမယ့္လည္း သူမေမြးေန႔လို ထူးျခားတဲ႔ ေန႔ရက္မ်ဳိးမွာေတာ့ Stormi နဲ႔ တဲြဖက္ရုိက္ကူးထားတဲ႔ Portrait ပံုေတြကို ျခြင္းခ်က္အေနနဲ႔ မွ်ေဝေပးခဲ႔ျခင္း ျဖစ္ပံုရပါတယ္။ ဘာပဲျဖစ္ျဖစ္ Kylie နဲ႔ Stormi တို႔ ေမြးေန႔မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အမွတ္တရေတြရွိေနတဲ႔ ပံုရိပ္ေတြကိုၾကည္႔ၿပီး ပရိသတ္ႀကီးလည္း အေပ်ာ္ေတြကူးစက္သြားမယ္လို႔ ထင္ပါတယ္။ ပရိသတ္ႀကီးလည္း Kylie နဲ႔ Stormi တုိ႔ရဲ႕ ပံုရိပ္ေလးေတြကိုၾကည့္ၿပီး မေမ႔မေလ်ာ့နဲ႔ Birthday Wish ေလးေတြ ျပဳလုပ္ေပးသြားၾကပါဦးေနာ္။

H.H(Akhayar)

www.akhayar.com

[Zawgyi]

မွေးနေ့အမှတ်တရအဖြစ် သမီးလေး Stormi နဲ့ Portrait ပုံတွေ တင်လိုက်တဲ့ Kylie

မကြာသေးခင်ကမှ အမေရိကန်ရဲ့ ကိုယ်ထူးကိုယ်ချွန် အသက်အငယ်ဆုံး အမျိုးသမီး ဘီလျံနာဖြစ်လာတဲ့ Kylie Jenner ဟာ အခုချိန်မှာတော့ အသက်(၂၁) နှစ်ပြည့်သွားပါပြီ။ မွေးနေ့ရှင် ဘီလျံနာမလေးဟာ သူမမွေးနေ့မှာ အခြားသူတွေလို မွေးနေ့ပါတီ ကြီးကြီးကျယ်ကျယ်မပြုလုပ်ဘဲ သူမရဲ့ကလေး Stormi နဲ့ Portrait ဓာတ်ပုံလေးတွေသာ ရိုက်ကူးကာ အမှတ်တရလေးတွေ ပြုလုပ်ပြီး ရိုးရိုးရှင်းရှင်း ဖြတ်သန်းလိုက်တာကို တွေ့ရပါတယ်။

Stormi နဲ့ ရိုက်ကူးထားတဲ့ Portrait ဓာတ်ပုံတွေကိုတော့ Instagram မှာ တင်ပြီး မျှဝေခဲ့တာ ဖြစ်ပါတယ်။ သူမမျှဝေခဲ့တဲ့ ပထမဆုံးပုံမှာဆိုရင် Kylie က Stormi ကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားပြီး Stormi ခေါင်းလေးကို သူမရဲ့ပါးနဲ့နီးကပ်စွာ ထားရှိထားတာကို တွေ့ရပါတယ်။

Kylie Jenner

Kylie Jenner

အဲဒီပုံရဲ့အောက်မှာတော့ သူမက “ဒီနှစ် မွေးနေ့ညမှာတော့ အကောင်းမွန်ဆုံးလက်ဆောင်တစ်ခုဟာ သူမနဲ့အတူ ရှိနေခဲ့ပါပြီ။ အဲဒါကတော့ သူမရဲ့သမီးလေးဖြစ်တဲ့ Stormi နဲ့ အတူရှိခွင့်ရခြင်းပဲ ဖြစ်ပါတယ်။ အရမ်းချစ်တယ် ငါရဲ့နတ်သမီးလေး” ဆိုပြီး ရေးသားထားပါတယ်။

ဒုတိယပုံမှာတော့ Kylie ဟာ Stormi နဲ့ အနည်းငယ်အကွာဝေးအနေအထားမှာရှိနေပြီး ကုတင်ပေါ်မှာထိုင်နေကာ နှစ်ယောက်စလုံးက ကင်မရာကို တည့်တည့်စိုက်ကြည့်နေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာကို တွေ့ရပါတယ်။

Kylie Jenner

Kylie Jenner

အဲလိုရိုက်ကူးထားတဲ့အပြင် သူမက သူမ Fan တွေ ပြုလုပ်ပေးထားတဲ့ Stormi ရဲ့ပုံလေးတွေနဲ့ Stormi ကို ပွေ့ချီထားတဲ့ Kris ရဲ့ပုံတွေကို Instagram မှာတင်ကာ သူမဘယ်လောက်သဘောကျနှစ်သက်လဲဆိုတာကို ရေးသားဖော်ပြကာ Fan တွေကို ချစ်ကြောင်း ပြောထားတာကိုလည်း တွေ့ရပါတယ်။ ဒါအပြင် Stormi ဟာ သူမအတွက်တော့ သူမရဲ့အသေးစားအမွှာလေးပါပဲလို့လည်း ဆိုထားပါသေးတယ်။

နောက်ထပ်ထူးခြားတာတစ်ခုကတော့ Stormi ရဲ့ မျက်နှာကို အရင်ကတင်သလိုမျိုး ကွယ်ထားဖြတ်ထားတာမျိုးမရှိဘဲ ကြုံတောင့်ကြုံခဲ မျက်နှာတစ်ခုလုံးပုံကို သူမရဲ့မွေးနေ့အမှတ်တရအနေနဲ့ Instagram ပေါ်တင်ပြီး မျှဝေပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ Kylie က Stormi နဲ့ပတ်သက်ပြီး ဘယ်လောက်ထိ အလေးအနက်ထားလဲဆိုတော့ အရင်က Stormi ရဲ့မျက်နှာတစ်ခုလုံးပေါ်နေတဲ့  ပုံတွေအကုန်လုံး တင်ထားတာကို ပြန်ဖျက်ခဲ့ဖူးတာမျိုးတောင် ရှိခဲ့ပါတယ်။  ကွယ်ထား ဖြတ်ထားတဲ့ပုံတွေ တင်ခဲ့တာနဲ့ပတ်သက်ပြီး ဇွန်လတုန်းက Instagram ရဲ့ Comment မှာ Kylie က သူမရဲ့ရင်သွေးလေးပုံကို လူအများမျှဝေကာ မှတ်ချက်ပြုမှာကို မလိုလားတဲ့အတွက်ကြောင့်ပါလို့ ရေးသားကာ ဖြေရှင်းခဲ့တာကို တွေ့ရပါတယ်။

Kylie Jenner

Kylie Jenner

အရင်က ကွယ်ထားဝှက်ထားခဲ့ပေမယ့်လည်း သူမမွေးနေ့လို ထူးခြားတဲ့ နေ့ရက်မျိုးမှာတော့ Stormi နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ Portrait ပုံတွေကို ခြွင်းချက်အနေနဲ့ မျှဝေပေးခဲ့ခြင်း ဖြစ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် Kylie နဲ့ Stormi တို့ မွေးနေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရတွေရှိနေတဲ့ ပုံရိပ်တွေကိုကြည့်ပြီး ပရိသတ်ကြီးလည်း အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးလည်း Kylie နဲ့ Stormi တို့ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး မမေ့မလျော့နဲ့ Birthday Wish လေးတွေ ပြုလုပ်ပေးသွားကြပါဦးနော်။

H.H(Akhayar)

www.akhayar.com