ကမ္ဘာ့သန်းကြွယ်သူဌေးတယောက်က အတိတ်ကဒဏ်ရာဟောင်းတွေ တူးဆမိတယ်ဆိုရင် ဘာကြောင့်ဖြစ်မယ်ထင်လဲ? တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ဆောင်ချင်တဲ့ အနာဂတ်အိမ်မက်တခုလို ဖြစ်လာမယ်လို့ မျှော်လင့်ရင်း မျှော်လင့်ရင်း အဆုံးသတ်မှာ တိုက်စားခံလိုက်ရတဲ့ ဝေဒနာလို ကျန်ရစ်နေတာလို့ Bill Gates နဲ့အင်တာဗျူးခဲ့တဲ့ Venture Capital Company “Village Global” အဆိုရ သိလိုက်ရပါတယ်။

ဒီတွေ့ဆုံပွဲမှာတော့ အနားယူသွားပြီဖြစ်တဲ့ Legend ကြီးက “Google ကို အနိုင်ယူပြီး Non Apple Phone Platform ဖန်တီးဖို့ Microsoft ကြိုးပမ်းခဲ့တာ မဟာအမှားပဲလို့” ဝန်ခံသွားခဲ့ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး Venture Capital ကောက်နှုတ်ချက်ကို တင်ပြရမယ်ဆိုရင်

Photo Credit Chesnot (Getty Images)

“Software ပညာချင်းယှဉ်မယ်ဆိုရင် လှမ်းကြည့်လိုက်၊ Apple Market မှာလည်း Microsoft Platform ဘောင်ဝင်ဆန့်တယ်။ ငါ့ဘဝရဲ့ အကြီးကျယ်ဆုံး အမှားတခုကို ပြုလုပ်မိတဲ့အချိန်က Android ဆိုတာ Microsoft အပိုင်ဖြစ်လာရမယ်ဆိုတဲ့ အိမ်မက်ကြီးပဲ။ ဟုတ်တယ်၊ Android ဆိုတာ Apple မဟုတ်တဲ့ တခြား Platform လေး၊ ငါတို့အနေနဲ့ အသာလေး Fight လို့ရတယ်။”

“ဒါပေမယ့် ဈေးကွက်ထဲမှာ မင်းရဲ့ဖောက်သည် ၉၀ ရာခိုင်နှုန်းလောက်မရှိဘဲ သူများထက် ပိုရောင်းချင်လို့မရဘူး။ ငါပြောချင်တာအဲ့ဒါပဲ (သွယ်ဝိုက်ပြောရမယ်ဆိုရင် Windows Phone Platform ဟာ Developer Support နည်းသလို အသုံးပြုနိုင်တဲ့ Apps လည်း တွင်တွင်ကျယ်ကျယ် မရှိတာပါ) အဲ့တော့ ငါတို့တွေ ဆုံးဆုံးမြှုပ်သွားခဲ့တာပဲ၊ တကယ်လို့သာ ငါတို့ Winner ဖြစ်ခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း Company G ကနေ M ကို ဒေါ်လာ ၄၀၀ ဘီလီယံ ပေးရဖို့ရှိမှာပဲလို့” Bill Gates ပြောခဲ့တာကို အတိုချုံးတင်ပြလိုက်ပါတယ်။

Photo Credit Stephen Brashear (Getty Images)

ကျွမ်းကျင်သူ “Steve Ballmer” ကလည်း Android ကို Microsoft မယှဉ်နိုင်ခဲ့တာ အပြစ်မဟုတ်ဘဲ Apple ကို အနိုင်လုဖို့ ကျရှုံးသွားတဲ့ Nokia စမတ်ဖုန်းလုပ်ငန်းကို အစကတည်းက မဝယ်ခဲ့သင့်ဘူးလို့ တင်ပြခဲ့ပါတယ်။ Windows Phone ထုတ်ဖို့ စိတ်ကူးတာ ကောင်းတယ်ဆိုမယ့် လက်တွေ့မှာ Android နဲ့ Apple ကို ယှဉ်ဖို့ Developer Support မရခဲ့ဘူး။

Photo: Business Insider

နောက်ပြီး Windows Phone ဆိုတာလည်း PC Version လိုပဲ ဖြစ်နေတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ စိတ်ဝင်စားမှုမရခဲ့တာလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဘယ်လိုပဲပြောပြော Android စမတ်ဖုန်းလောကကို လွှမ်းမိုးဖို့ ကြိုးစားတာ Microsoft မအောင်မြင်ခဲ့ဘူးဆိုမယ့် CEO “Satya Nadella” လက်ထက်မှာ ထရီလီယံဒေါ်လာတန် ကုမ္ပဏီဖြစ်လာတာ ထောက်ကြည့်ရင် စီးပွားရေး ဘယ်လောက်ကောင်းနေလဲ မှန်းဆနိုင်ပါတယ်။ အဲ့မှာ Android ကို အလှဲထိုးနိုင်ခဲ့မယ်ဆိုရင်တော့ ဘယ်လောက်များ ထိုးထောင်နေမလဲဆိုတဲ့ အတွေးက Bill Gates ကို အဆိပ်ချသွားတယ်လို့ပဲ အင်တာဗျူးကို သုံးသပ်ကြည့်ရမှာပါ။

Source: The Verge
2B (Akhayar)
www.akhayar.com