အောင်မြင်သူတွေဆီမှာ အောင်မြင်ရခြင်းလျှို့ဝှက်ချက်တွေရှိသလို မအောင်မြင်သူတွေဆီမှာလည်း မအောင်မြင်ရခြင်း အကြောင်းတရား အကျင့်ဆိုးတွေ ရှိကြပါတယ်။ Bill Gates ၊ Elon Musk နဲ့ Mark Cuban လို ဘီလျံနာကြီးတွေမှာလည်း တချိန်က အကျင့်ဆိုးတွေ ရှိခဲ့ဖူးပါတယ်တဲ့။ သူတို့ဟာ ဒီလို အကျင့်ဆိုးတွေကို ဖျောက်ပြီး ဘီလျံနာ လမ်းကြောင်းပေါ် ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ဘယ်လို အကျင့်ဆိုးတွေကို ဖျောက်ခဲ့ရပါသလဲ။

Bill Gates

Bill Gates

Bill Gates

ခင်ဗျားက ကိုယ်လုပ်ရမယ့် အရာတွေကို နောက်ဆုံးမိနစ်ကျမှ ကပ်ကပ်ပြီး လုပ်တတ်တဲ့သူလား၊ ဒါမျိုးကို Bill Gates ငယ်ငယ်ကလည်း လုပ်ခဲ့ပါတယ်။ Bill Gates ဟာ Harvard University မှာ ကျောင်းတက်နေတဲ့ ကျောင်းသားဘဝတုန်းက အရမ်းအချိန်ဆွဲတဲ့သူ ဖြစ်ခဲ့ဖူးပါတယ်။ ( စကားချပ်- Bill Gates ဟာ Harvard မှာ ၂ နှစ်တက်ပြီး ကျောင်းက ထွက်လာခဲ့သူပါ။)

စီးပွားရေးနယ်ပယ်ထဲကို ဝင်လာတဲ့အခါမှာတော့ Deadline အမီလုပ်ရမှာနဲ့ အချိန်မီလုပ်ဖို့က လိုကို လိုလာခဲ့ပါတယ်။ ဒါနဲ့ပဲ သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်ခဲ့ပြီး အစီအစဉ်တကျနဲ့ အရာရာကို အချိန်မှန်လုပ်နိုင်တဲ့သူ ဖြစ်ဖို့ ပြောင်းလဲခဲ့ပါတယ်။ အခုထိလည်း ပြောင်းလဲနေရဆဲလို့ ဆိုခဲ့ပြီး အချိန်ဆွဲခြင်းဟာ အကျင့်ကောင်းလုံးဝမဟုတ်ဘူးလို့ပါ ပြောကြားခဲ့ပါတယ်။

အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် အချိန်ဆွဲနေသေးတယ်ထင်ရင် Kevin O’ Leary ပြောတဲ့ ဒီအချက်လေးကို လိုက်လုပ်ကြည့်သင့်ပါတယ်။

‘ နေ့တစ်နေ့ရဲ့ အချိန်၁၅ မိနစ်တိုင်းကို ပိုင်းခြားပါ။ ပိုက်ဆံရတဲ့ အလုပ်က ဘယ်အလုပ်လဲလို့ တွေးပြီး အဲဒီအလုပ်ကို အရင်လုပ်ဖြစ်အောင် လုပ်ပါ” ဆိုတဲ့ အကြံပေးချက်လေးကို လိုက်လုပ်ကြည့်သင့်ပါတယ်။

Elon Musk

Elon Musk

Elon Musk

Tesla တည်ထောင်သူဖြစ်တဲ့ Elon Musk ဟာ တစ်ပတ်ကို နာရီ ၁၂၀ လောက် အလုပ်လုပ်တဲ့အတွက် အိပ်ချင်စိတ်ပြေပျောက်အောင် တစ်နေ့ကို Caffeine ပါတဲ့ အရည်တွေ အများကြီး သောက်ခဲ့ပါတယ်။

Musk က ‘Auto Bild’  Automobile Magazine ကို ၂၀၁၄ မှာ ပြောခဲ့တာက “တစ်နေ့ကို Diet Cokes ၈ ဘူးလောက်သောက်ခဲ့တာကို စဉ်းစားကြည့်ရုံနဲ့တင် ရယ်ဖွယ်ကောင်းပါတယ်။ အခုတော့ ကျွန်တော် တစ်နေ့ကို တစ်ဗူး၊ နှစ်ဗူးလောက်ပဲ သောက်ပါတော့တယ်” တဲ့။

Musk ဟာ ကော်ဖီစွဲနေတာကိုလည်း ဖြတ်ခဲ့ရသူဖြစ်ပြီး ကျန်းမာရေးပညာရှင်တွေရဲ့ အဆိုအရ တစ်နေ့မှာ Caffeine ပါတဲ့ အစားအသောက်တွေ အများကြီး စားသုံးတာက စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု Level ကို မြင့်တက်စေပါတယ်။ ကော်ဖီနဲ့ အိပ်ခြင်းကို ဆန့်ကျင့်တောင့်ခံပြီးနေရင် နောက်နေ့ အားနည်းပြီး ဖျားတတ်နာတတ်တာကြောင့်လည်း ကော်ဖီကို လျှော့သောက်သင့်ပါတယ်။

Musk ကတော့ Caffeine  သောက်ချင်တိုင်း ရေသောက်ပြီး ဖြေဖျောက်ပါတယ်တဲ့။ တကယ်လို့ လုံးဝမဖြတ်နို်င်သေးရင်လည်း ကော်ဖီကို တဖြည်းဖြည်းလျှော့ချပြီး သင့်တော်ရုံပဲ သောက်သုံးသင့်ပါတယ်။

Mark Cuban

Mark Cuban

Mark Cuban

ရင်းနှီးမြှုပ်နှံသူနဲ့ လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်တဲ့ Mark Cuban ကတော့ ဆက်ဆံရေးမကောင်းတဲ့သူ တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်တဲ့။ ကျွန်တော်ဟာ လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ Martin Woodall ကအစ အော်ဟစ်ပြောဆိုခဲ့သူပါလို့ ဝန်ခံဖူးပါတယ်။

MicroSolutions ရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်တဲ့ Mark Cuban ဟာ သူ့ရဲ့ Blog မှာ “သူကလည်း ကျွန်တော့်ကို ဘယ်လောက် ဖြစ်ကတတတ်ဆန်းနိုင်တယ်ဆိုတာကို ပြောခဲ့သလို ကျွန်တော်ကလည်း သူ့ကို အခွင့်အလမ်းတွေ လက်လွှတ်ဆုံးရှုံးခဲ့တဲ့အတွက် အော်ဟစ်ခဲ့တယ်” လို့ ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒီလို ကြမ်းကြမ်းတမ်းတမ်းပြောဆိုတာ ဘာမှ အကျိုးမဖြစ်ဘူးဆိုတာကို Cuban က သိရှိခဲ့ကြောင်းကို “ဒီလို လုပ်တာဟာ စိတ်ဖိစီးမှုတွေ ပိုတိုးလာဖို့ပဲ ရှိပါတယ်။ ကိုယ်က Stress တွေ များနေရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အလုပ်ပြီးမြောက်မှုနှုန်းနဲ့ ပြိုင်ဆိုင်မှုကို သွားထိခိုက်တော့တာပါပဲ” လို့ ပြောပြခဲ့တာပါ။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီက အကြံဥာဏ်ကောင်းတွေ ရရှိဖို့ လိုပါတယ်။ LinkedIn ရဲ့ ဖြစ်တဲ့ Jeff Weiner ဆိုရင် အမေရိကန်နိုင်ငံ အလုပ်သမားဈေးကွက်မှာ လူလူချင်းဆက်ဆံမှုနဲ့ ဆိုင်တဲ့ Skill က လိုအပ်နေတယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးဆိုတာ သင်ယူလို့ ရတဲ့အရာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အသံ Tone၊ မျက်နှာ အမူအရာနဲ့ သူတစ်ပါးပြောတာကို နားထောင်တတ်ဖို့ကို သင်ယူပြီး လူမှုဆက်ဆံရေးတိုးတက်လာအောင် လုပ်ယူလို့ ရပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : cnbc.com