[Zawgyi]

အရည္အခ်င္းရွိေပမယ့္ ကုိယ့္ဘ၀ကုိ အဆုံး႐ႈံးခံခဲ့တဲ့ နာမည္ေက်ာ္ ေဘာလုံးသမားမ်ား

ေအာင္ျမင္တဲ့ ေဘာလုံးသမားတစ္ေယာက္ျဖစ္ဖုိ႔ဆုိတာက လြယ္ကူတဲ့ ခရီးလမ္းေတာ့ မဟုတ္ဘူး။ အရည္အခ်င္းရွိရမယ္၊ ေအာင္ျမင္မႈ ပန္းတိုင္ကုိ အေရာက္သြားဖုိ႔ ခုိင္မာတဲ့ ယုံၾကည္ခ်က္၊ ဇဲြ၊ လုံလ။ ဒါတင္မကေသးဘူး ေအာင္ျမင္မႈ လမ္းေၾကာင္းေပၚ ေရာက္လာခဲ့ရင္ ေက်နပ္ယစ္မူး မသြားဖုိ႔ပါပဲ။ ေဘာလုံးေလာကမွာ အရည္အခ်င္းရွိရဲ႕သားနဲ႔ ကုိယ့္ဘ၀ကုိယ္ ဖ်က္ဆီးခဲ့တဲ့ နာမည္ေက်ာ္ေဘာလုံးသမားေတြ အမ်ားႀကီးပါ။ အဲဒီထဲကမွ ပရိသတ္ေတြ ရင္းႏွီးၿပီးသား ကစားသမားေတြကုိ ေရြးခ်ယ္ေဖာ္ျပလုိက္ပါတယ္ . . .

အက္ဒရီယာႏုိ Adriano (ဘရာဇီးလ္)

Adriano-Drinking-Beer

Adriano-Drinking-Beer

တစ္ခ်ိန္က နာမည္ေက်ာ္ခဲ့တဲ့ ဘရာဇီးလ္နဲ႔ အင္တာမီလန္ တိုက္စစ္မွဴးေဟာင္း အက္ဒရီယာႏုိရဲ႕ ေဘာလုံးသမားဘ၀ အဆုံးသတ္က စိတ္ပ်က္၀မ္းနည္းစရာပါ။ ေျခစြမ္းလည္းေကာင္း၊ အရည္အခ်င္းလည္း ရွိပါရက္နဲ႔ အရက္ႏံြထဲမွာ ကုိယ့္ဘ၀ကုိ နစ္မြန္းခံခဲ့တယ္။ အသက္(၁၈)ႏွစ္အရြယ္မွာကတည္းက ေဘာလုံးစင္ျမင့္ထက္မွာ ေတာက္ၾကြားလာခဲ့တဲ့ လူငယ္ၾကယ္ပြင့္တစ္ဦး။ ဘရာဇီးလ္ဂႏၳ၀င္ ေရာ္နယ္လ္ဒုိ Ronaldo ရဲ႕ ေျခရာနင္းမယ့္သူအျဖစ္ သတ္မွတ္ခံခဲ့ရသူ။ ေရႊေရာင္ေတာက္ပေနတဲ့ အနာဂတ္က သူ႔အတြက္ ေစာင့္ႀကိဳေနေပမယ့္ အက္ဒရီယာႏုိရဲ႕ ဘ၀အခ်ိဳးအေကြ႕က ျမန္ဆန္ခဲ့တယ္။ ၂၀၀၄ ခုႏွစ္မွာ သူ႔ဘ၀ရဲ႕ ပဲ့ကုိင္ ဖခင္ျဖစ္သူ ဆုံးပါးသြားကတည္းက အရက္ရဲ႕ေက်းကၽြန္ျဖစ္ခဲ့ၿပီး အဲဒီေနာက္ပုိင္းႏွစ္ေတြဟာ အက္ဒရီယာႏုိအတြက္ ငရဲပါပဲ။ ေနာက္ဆုံးမွာေတာ့ ပရိသတ္ေတြ သိတဲ့အတိုင္း လူမသိသူမသိဘ၀နဲ႔ အဆုံးသတ္ခဲ့ရပါေတာ့တယ္။

တာရက္ဘ္ Adel Taarabt (ေမာ္႐ုိကုိ)

Adel-Taarabt

Adel-Taarabt

”တာရက္ဘ္ဟာ ဒီကာနီယုိ Di Canio လုိ ထိပ္တန္းအဆင့္ အရည္အေသြးရွိတဲ့ ကစားသမားတစ္ဦးပါ။ သူ ကၽြန္ေတာ္တုိ႔အသင္းကုိ စေရာက္လာတုန္းက ‘ဇီဒန္း Zidane’ လက္သစ္လုိ႔ေတာင္ သတ္မွတ္ခဲ့ၾကပါတယ္”။ ဒီစကားေတြက ၂၀၀၇ ခုႏွစ္မွာ စပါးအသင္းကုိ တာရက္ဘ္ စေရာက္ခဲ့တုန္းက နည္းျပရက္နက္ပ္ Redknapp ေျပာဆုိခဲ့တာပဲျဖစ္ပါတယ္။ သူေျပာသလုိပဲ တာရက္ဘ္ဟာ ေမာ္႐ုိကုိေဘာလုံးေလာကကုိ ကမၻာ႔ေဘာလုံးစင္ျမင့္မွာ ျပန္လည္ဦးေမာ့လာေအာင္ ဦးေဆာင္ေပးႏုိင္မယ့္သူအျဖစ္ မီဒီယာေတြက သတ္မွတ္ခဲ့ၾကတယ္။ Dribbling Skill ၊ Finishing Skill ဘာမွ ေျပာစရာမရွိဘူး။ ဒါေပမဲ့ ”ကုိယ့္ကုိယ္ကုိယ္ဖ်က္ သံေခ်းတက္”ဆုိသလုိပဲ တာရက္ပ္က အရည္အေသြးရွိေပမယ့္ ႀကိဳးစားခ်င္စိတ္ မရွိတာက ျပႆနာျဖစ္ခဲ့တယ္။ အေနအထုိင္ အစားအေသာက္က အစ ဆင္ျခင္မႈမရွိ၊ ေလ့က်င့္ခန္းလည္း မဆင္းခ်င္ဆုိေတာ့ သူဟာ ေအာင္ျမင္တဲ့ ေဘာလုံးသမားျဖစ္ဖုိ႔ ခုိင္မာတဲ့ယုံၾကည္ခ်က္ မရွိဘူးလုိ႔ပဲ ဆုိရမယ္။ အခုေတာ့ တာရက္ဘ္ဟာ စီးရီးေအကလပ္ ဂ်ီႏုိအာအသင္းမွာ မထင္မရွား က်င္လည္ေနရပါၿပီ။

ကာဆာႏုိ Antonio Cassano (အီတလီ)

Antonio-Cassano

Antonio-Cassano

ဆယ္ေက်ာ္သက္ ကစားသမားဘ၀ကတည္းက တစ္ခ်ိန္က်ရင္ အီတလီေဘာလုံးေလာကအတြက္ အားထားရမယ့္ ကစားသမားလုိ႔ သတ္မွတ္ခံခဲ့ရေပမယ့္ ကာဆာႏုိက ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ကုိ ေရစုန္ေမ်ာပစ္ခဲ့တယ္။ ထိပ္တန္းအဆင့္ ေျခစြမ္းကုိ ပုိင္ဆုိင္ထားေပမယ့္ ရမ္းကားခ်င္တဲ့ စိတ္ဓာတ္က သူ႔ဘ၀တက္လမ္းအတြက္ အႀကီးမားဆုံး အဟန္႔အတားျဖစ္ခဲ့ရပါတယ္။ ျပင္ပလူေနမႈဘ၀မွာလည္း စိတ္ထင္တိုင္းႀကဲခဲ့တဲ့ ကာဆာႏုိ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚကေန သက္ဆင္းခဲ့ရတာ သိပ္ေတာ့ မဆန္းပါဘူး။

လူတစ္ေယာက္ ေအာင္ျမင္ဖုိ႔ဆုိတာက အရည္အခ်င္းရွိရုံ တစ္ခုတည္းနဲ႔ မျဖစ္ႏုိင္ပါဘူး။ ဒီ ေဘာလုံးသမားေတြရဲ႕ ေျခစြမ္းက Top Class မွာရွိေပမယ့္ ႀကိဳးစားလုိစိတ္၊ ေအာင္ျမင္လုိစိတ္ မရွိေတာ့ ေရာက္သင့္တဲ့အဆင့္ကုိ မေရာက္ခဲ့တာပါပဲ။ တက္သစ္စ လူငယ္ေဘာလုံးသမားေလးေတြအေနနဲ႔ အခုေဖာ္ျပခဲ့တဲ့ သူေတြလုိ မျဖစ္ေအာင္ နမူနာယူၿပီး ကုိယ့္ရည္မွန္းခ်က္ ပန္းတိုင္ေရာက္ေအာင္ ႀကိဳးစားသြားရမွာပဲ ျဖစ္ပါတယ္ . . .

REF:sportskeeda
Photo:Vaaju,Calcio Fanpage,RTE
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အရည်အချင်းရှိပေမယ့် ကိုယ့်ဘဝကို အဆုံးရှုံးခံခဲ့တဲ့ နာမည်ကျော် ဘောလုံးသမားများ

အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ဆိုတာက လွယ်ကူတဲ့ ခရီးလမ်းတော့ မဟုတ်ဘူး။ အရည်အချင်းရှိရမယ်၊ အောင်မြင်မှု ပန်းတိုင်ကို အရောက်သွားဖို့ ခိုင်မာတဲ့ ယုံကြည်ချက်၊ ဇွဲ၊ လုံလ။ ဒါတင်မကသေးဘူး အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်လာခဲ့ရင် ကျေနပ်ယစ်မူး မသွားဖို့ပါပဲ။ ဘောလုံးလောကမှာ အရည်အချင်းရှိရဲ့သားနဲ့ ကိုယ့်ဘဝကိုယ် ဖျက်ဆီးခဲ့တဲ့ နာမည်ကျော်ဘောလုံးသမားတွေ အများကြီးပါ။ အဲဒီထဲကမှ ပရိသတ်တွေ ရင်းနှီးပြီးသား ကစားသမားတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ် . . .

အက်ဒရီယာနို Adriano (ဘရာဇီးလ်)

Adriano-Drinking-Beer

Adriano-Drinking-Beer

တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ ဘရာဇီးလ်နဲ့ အင်တာမီလန် တိုက်စစ်မှူးဟောင်း အက်ဒရီယာနိုရဲ့ ဘောလုံးသမားဘ၀ အဆုံးသတ်က စိတ်ပျက်ဝမ်းနည်းစရာပါ။ ခြေစွမ်းလည်းကောင်း၊ အရည်အချင်းလည်း ရှိပါရက်နဲ့ အရက်နွံထဲမှာ ကိုယ့်ဘဝကို နစ်မွန်းခံခဲ့တယ်။ အသက်(၁၈)နှစ်အရွယ်မှာကတည်းက ဘောလုံးစင်မြင့်ထက်မှာ တောက်ကြွားလာခဲ့တဲ့ လူငယ်ကြယ်ပွင့်တစ်ဦး။ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို Ronaldo ရဲ့ ခြေရာနင်းမယ့်သူအဖြစ် သတ်မှတ်ခံခဲ့ရသူ။ ရွှေရောင်တောက်ပနေတဲ့ အနာဂတ်က သူ့အတွက် စောင့်ကြိုနေပေမယ့် အက်ဒရီယာနိုရဲ့ ဘဝအချိုးအကွေ့က မြန်ဆန်ခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ သူ့ဘဝရဲ့ ပဲ့ကိုင် ဖခင်ဖြစ်သူ ဆုံးပါးသွားကတည်းက အရက်ရဲ့ကျေးကျွန်ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းနှစ်တွေဟာ အက်ဒရီယာနိုအတွက် ငရဲပါပဲ။ နောက်ဆုံးမှာတော့ ပရိသတ်တွေ သိတဲ့အတိုင်း လူမသိသူမသိဘဝနဲ့ အဆုံးသတ်ခဲ့ရပါတော့တယ်။

တာရက်ဘ် Adel Taarabt (မော်ရိုကို)

Adel-Taarabt

Adel-Taarabt

”တာရက်ဘ်ဟာ ဒီကာနီယို Di Canio လို ထိပ်တန်းအဆင့် အရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးပါ။ သူ ကျွန်တော်တို့အသင်းကို စရောက်လာတုန်းက ‘ဇီဒန်း Zidane’ လက်သစ်လို့တောင် သတ်မှတ်ခဲ့ကြပါတယ်”။ ဒီစကားတွေက ၂၀၀၇ ခုနှစ်မှာ စပါးအသင်းကို တာရက်ဘ် စရောက်ခဲ့တုန်းက နည်းပြရက်နက်ပ် Redknapp ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ သူပြောသလိုပဲ တာရက်ဘ်ဟာ မော်ရိုကိုဘောလုံးလောကကို ကမ္ဘာ့ဘောလုံးစင်မြင့်မှာ ပြန်လည်ဦးမော့လာအောင် ဦးဆောင်ပေးနိုင်မယ့်သူအဖြစ် မီဒီယာတွေက သတ်မှတ်ခဲ့ကြတယ်။ Dribbling Skill ၊ Finishing Skill ဘာမှ ပြောစရာမရှိဘူး။ ဒါပေမဲ့ ”ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်”ဆိုသလိုပဲ တာရက်ပ်က အရည်အသွေးရှိပေမယ့် ကြိုးစားချင်စိတ် မရှိတာက ပြဿနာဖြစ်ခဲ့တယ်။ အနေအထိုင် အစားအသောက်က အစ ဆင်ခြင်မှုမရှိ၊ လေ့ကျင့်ခန်းလည်း မဆင်းချင်ဆိုတော့ သူဟာ အောင်မြင်တဲ့ ဘောလုံးသမားဖြစ်ဖို့ ခိုင်မာတဲ့ယုံကြည်ချက် မရှိဘူးလို့ပဲ ဆိုရမယ်။ အခုတော့ တာရက်ဘ်ဟာ စီးရီးအေကလပ် ဂျီနိုအာအသင်းမှာ မထင်မရှား ကျင်လည်နေရပါပြီ။

ကာဆာနို Antonio Cassano (အီတလီ)

Antonio-Cassano

Antonio-Cassano

ဆယ်ကျော်သက် ကစားသမားဘဝကတည်းက တစ်ချိန်ကျရင် အီတလီဘောလုံးလောကအတွက် အားထားရမယ့် ကစားသမားလို့ သတ်မှတ်ခံခဲ့ရပေမယ့် ကာဆာနိုက ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ရေစုန်မျောပစ်ခဲ့တယ်။ ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားပေမယ့် ရမ်းကားချင်တဲ့ စိတ်ဓာတ်က သူ့ဘဝတက်လမ်းအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်ခဲ့ရပါတယ်။ ပြင်ပလူနေမှုဘဝမှာလည်း စိတ်ထင်တိုင်းကြဲခဲ့တဲ့ ကာဆာနို အောင်မြင်မှုလမ်းကြောင်းပေါ်ကနေ သက်ဆင်းခဲ့ရတာ သိပ်တော့ မဆန်းပါဘူး။

လူတစ်ယောက် အောင်မြင်ဖို့ဆိုတာက အရည်အချင်းရှိရုံ တစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒီ ဘောလုံးသမားတွေရဲ့ ခြေစွမ်းက Top Class မှာရှိပေမယ့် ကြိုးစားလိုစိတ်၊ အောင်မြင်လိုစိတ် မရှိတော့ ရောက်သင့်တဲ့အဆင့်ကို မရောက်ခဲ့တာပါပဲ။ တက်သစ်စ လူငယ်ဘောလုံးသမားလေးတွေအနေနဲ့ အခုဖော်ပြခဲ့တဲ့ သူတွေလို မဖြစ်အောင် နမူနာယူပြီး ကိုယ့်ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ် . . .

REF:sportskeeda
Photo:Vaaju,Calcio Fanpage,RTE
Naing Linn(Akhayar)
www.akhayar.com