[Zawgyi]
ရိုးလူ (Akhayar)
www.akhayar.com
[Unicode]
Big Bag က”Nostalgia” Music Video အသစ်နဲ့ ခပ်ကြမ်းကြမ်း ပွဲခံလိုက်ပြန်ပါပြီ
Big Bag ရဲ့ သီချင်းသစ်ကို စောင့်မျှော်နေတဲ့ Big Bag Band ရဲ့ အမာခံပရိသတ်အတွက် “Nostalgia (အတိတ်)” ဆိုတဲ့ သီချင်းရဲ့ Music Video ကို Cherry FM Page ကနေ တင်ပေးလိုက်ပါတယ်။ သင်္ကြန်လက်ဆောင်လို့ ဆိုထားပြီး ဒီ Music Video အတွက် Download Link တွေပါ ပေးထားတဲ့အတွက် တဝကြီးနားဆင်ရုံတင်မဟုတ်ဘဲ သိမ်းထားလို့ပါ ရနေပါပြီ။
ဒီသီချင်း MV ရဲ့ ထူးခြားချက်ကတော့ ပါနေကျ Big Bag ဝိုင်းတော်သားတွေအပြင် အခြားသရုပ်ဆောင်တွေနဲ့ အတူ အောင်မြင့်မြတ်က ပီပီပြင်ပြင် သဘာဝကျကျ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ထားပါတယ်။ ဒါတင်မဟုတ်ဘဲ ကျားပေါက်ကိုယ်တိုင်လည်း Boss နေရာက သရုပ်ဆောင်ထားတဲ့အတွက် ဒီ Music Video ကို အခုပဲ ပြေးကြည့်လိုက်ပါဦးလို့ လက်တို့လိုက်ပါရစေ။