[Zawgyi]

‘A Road to Starry Night’ ဆိုတဲ့ ပထမဆံုး Unplugged Concert ျပဳလုပ္မယ့္ Big Bag

သတင္းကေတာ့ သတင္းေကာင္းပါပဲ၊ Big Bag ရဲ့ တကုိယ္ေတာ္ရႈိးပြဲေတြကို ငတ္မြတ္ေနတဲ့ အမာခံပရိသတ္ၾကီးအတြက္ ‘A Road to Starry Night” ဆိုတဲ့ သူတို႔အဖြဲ႕ရဲ့ ပထမဆံုး Unplugged ပြဲၾကီးကို ျပဳလုပ္ပါေတာ့မယ္။Big Bag အတြက္လည္း ဒီလို Unplugged ပြဲၾကီးတစ္ပြဲဟာ ပထမဆံုး ျဖစ္သလို ပရိသတ္ေတြအတြက္လည္း မတူညီတဲ့ ရသကို ခံစားရမွာ အေသအခ်ာပါပဲ။

A Road to Starry Night ေၾကာ္ျငာ

A Road to Starry Night ေၾကာ္ျငာ

Big Bag Band ရဲ့ အဆုိရွင္ က်ားေပါက္ဟာ လက္ရွိေတာ့ သီခ်င္းေရးဆုိ ဖန္တီးတဲ့ အလုပ္ေတြ လုပ္ျဖစ္ေနသလို တျခားအႏုပညာႏြယ္တဲ့ လုပ္ငန္းေတြျဖစ္တဲ့ Knotfunni လို ေခတ္ကို၊ လူေတြကို သေရာ္တဲ့ ခပ္သြက္သြက္ကာတြန္းေတြ၊ ပန္းခ်ီကားေတြလည္း ေရးဆြဲျဖစ္ေနပါတယ္။

#Knotfunni

#Knotfunni

ဒါတင္မဟုတ္ဘဲ ျပီီးဆံုးသြားျပီျဖစ္တဲ့ The Voice Myanmar Season 1 မွာလည္း ဒိုင္တစ္ေယာက္အျဖစ္ပါဝင္ခဲ့သူပါ။

The Voice Myanmar မွာ ဒိုင္လုပ္စဥ္

The Voice Myanmar မွာ ဒိုင္လုပ္စဥ္

အခုေနာက္ပိုင္း ထြက္ရွိတဲ့ Big Bag ရဲ႕ Music Video ေတြျဖစ္တဲ့ “သတိရတယ္” တို႔ ၊ “Nostalgia” တို႔ဟာလည္း ပိုျပီး အႏုပညာခံစားမႈအားေကာင္းလာျပီး ပုိျပီး ပံုစံအသစ္ေတြ ေပးစြမ္းလာႏုိင္တယ္လို႔ ထင္ပါတယ္။

သတိရတယ္ Music Video

သတိရတယ္ Music Video

ဒါေၾကာင့္လည္း အခုလာမယ့္ ရႈိးပြဲမွာ Big Bag Band ရဲ႕ လံုးဝထူးျခားတဲ့ ပံုစံအသစ္ကို ျမင္ေတြ႔ရမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ Big Bag ရဲ႕“A Road to Starry Night” Unplugged Concert ၾကီးကုိေတာ့ လာမယ့္ ဇူလိုင္လ ၁ ရက္ေန႔၊ Myanmar Event Park မွာ ျပဳလုပ္မွာ ျဖစ္တဲ့အတြက္ အေသးစိတ္အစီအစဥ္ေတြကိုေတာ့ ဆက္လက္ေစာင့္ေမွ်ာ္ရမွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Big Bag Band’s Page ၊ Han Htue Lwin’s Facebook
[Unicode]

‘A Road to Starry Night’ ဆိုတဲ့ ပထမဆုံး Unplugged Concert ပြုလုပ်မယ့် Big Bag

သတင်းကတော့ သတင်းကောင်းပါပဲ၊ Big Bag ရဲ့ တကိုယ်တော်ရှိုးပွဲတွေကို ငတ်မွတ်နေတဲ့ အမာခံပရိသတ်ကြီးအတွက် ‘A Road to Starry Night” ဆိုတဲ့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Unplugged ပွဲကြီးကို ပြုလုပ်ပါတော့မယ်။Big Bag အတွက်လည်း ဒီလို Unplugged ပွဲကြီးတစ်ပွဲဟာ ပထမဆုံး ဖြစ်သလို ပရိသတ်တွေအတွက်လည်း မတူညီတဲ့ ရသကို ခံစားရမှာ အသေအချာပါပဲ။

A Road to Starry Night ကြော်ငြာ

A Road to Starry Night ကြော်ငြာ

Big Bag Band ရဲ့ အဆိုရှင် ကျားပေါက်ဟာ လက်ရှိတော့ သီချင်းရေးဆို ဖန်တီးတဲ့ အလုပ်တွေ လုပ်ဖြစ်နေသလို တခြားအနုပညာနွယ်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ Knotfunni လို ခေတ်ကို၊ လူတွေကို သရော်တဲ့ ခပ်သွက်သွက်ကာတွန်းတွေ၊ ပန်းချီကားတွေလည်း ရေးဆွဲဖြစ်နေပါတယ်။

#Knotfunni

#Knotfunni

ဒါတင်မဟုတ်ဘဲ ပြီးဆုံးသွားပြီဖြစ်တဲ့ The Voice Myanmar Season 1 မှာလည်း ဒိုင်တစ်ယောက်အဖြစ်ပါဝင်ခဲ့သူပါ။

The Voice Myanmar မှာ ဒိုင်လုပ်စဉ်

The Voice Myanmar မှာ ဒိုင်လုပ်စဉ်

အခုနောက်ပိုင်း ထွက်ရှိတဲ့ Big Bag ရဲ့ Music Video တွေဖြစ်တဲ့ “သတိရတယ်” တို့ ၊ “Nostalgia” တို့ဟာလည်း ပိုပြီး အနုပညာခံစားမှုအားကောင်းလာပြီး ပိုပြီး ပုံစံအသစ်တွေ ပေးစွမ်းလာနိုင်တယ်လို့ ထင်ပါတယ်။

သတိရတယ် Music Video

သတိရတယ် Music Video

ဒါကြောင့်လည်း အခုလာမယ့် ရှိုးပွဲမှာ Big Bag Band ရဲ့ လုံးဝထူးခြားတဲ့ ပုံစံအသစ်ကို မြင်တွေ့ရမယ်လို့ မျှော်လင့်ထားပါတယ်။ Big Bag ရဲ့“A Road to Starry Night” Unplugged Concert ကြီးကိုတော့ လာမယ့် ဇူလိုင်လ ၁ ရက်နေ့၊ Myanmar Event Park မှာ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အသေးစိတ်အစီအစဉ်တွေကိုတော့ ဆက်လက်စောင့်မျှော်ရမှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Big Bag Band’s Page ၊ Han Htue Lwin’s Facebook