[Zawgyi]

အဆိုေတာ္က်ားေပါက္(Big Bag Band) အဖြဲ႔နဲ႔ လာမယ့္သႀကၤန္မွာ အတူတူကဲခ်င္လား….

ပရိသတ္ေတြအားေပးမႈကို ခုခ်ိန္ထိရရွိေနတဲ့ အဖြဲ႔ေတြထဲကတစ္ဖြဲ႔ျဖစ္တဲ့ Big Bag Band ကေတာ့ လာမယ့္သႀကၤန္ရက္မ်ားမွာ WE L!T မ႑ပ္မွာ ရွိေနမွာပါလို႔သိရပါတယ္။ We LiT Water Festival မ႑ပ္ကို ရန္ကုန္ၿမိဳ႕ျပည္လမ္းေပၚမွာရွိမွာျဖစ္ၿပီး Big Bag Band အျပင္ တကယ့္နာမည္ႀကီး DJ အႏုပညာရွင္ေတြနဲ႔ တျခားဂီတအနုပညာရွင္ေတြလည္းပါဝင္ကာ ပရိသတ္ေတြနဲ႔အတူတူ ေဖ်ာ္ေျဖေပးသြားမွာျဖစ္ပါတယ္။

ဧၿပီ ၁၄ နဲ႔ ၁၅ ရက္မ်ားတြင္ We LiT Water Festival မ႑ပ္မွာ ပရိသတ္ေတြနဲ႔အတူ ျဖတ္သန္းသြားမွာျဖစ္ေၾကာင္းကို “၂၀၁၈ သႀကၤန္အက်ေန႔နဲ႔  အၾကတ္ေန႔ ၂ရက္ ကၽြန္ေတာ္တို႔ Big Bag က ျပည္လမ္းက We LiT Water Festival မွာ ရွိပါမယ္။ ႏွစ္သစ္မွာ Big Bag နဲ႔တူတူလာကဲဖို႔ ဖိတ္ေခၚပါတယ္” လို႔ အဆိုေတာ္က်ားေပါက္က သူရဲ႕ Big Bag Band ေပ့ခ်္မွာ ေရးသားဖိတ္ေခၚထားတာျဖစ္ပါတယ္။

အဆိုေတာ္က်ားေပါက္အေနနဲ႔ ယခုႏွစ္သႀကၤန္မွာ We L!T Team ရဲ႕အေကာင္းဆံုးတင္ဆက္မႈမ်ားထဲမွ တစ္ခုျဖစ္တဲ့ မတူညီတဲ့ဂီတအမ်ိဳးအစား EDM ၊ Rock နဲ႔ Punk တို႔ကို အခ်ိဳးညီညီေပါင္းစပ္ကာ ပရိတ္သတ္ေတြကို အျမင့္ဆံုး Tempo ထိေရာက္ေအာင္ ဆြဲေခၚသြားမွာျဖစ္တဲ့အတြက္ Big Bag ရဲ႕သီခ်င္းေတြနဲ႔ ေရပန္းေတြေအာက္မွာ ကဲမယ့္ပရိသတ္ေတြအေနနဲ႔ We LiT Water Festival မ႑ပ္ကို အေရာက္လာဖို႔ အဆိုေတာ္က်ားေပါက္က ဖိတ္ေခၚထားတာျဖစ္ပါတယ္။

We LiT Water Festival မ႑ပ္ရဲ႕တည္ေနရာကေတာ့ ျပည္လမ္း ေရႊဟသၤာ Condo အနီး RC 2 ထြက္ေပါက္နားမွာတည္ရွိတာျဖစ္ၿပီး လက္မွတ္ေစ်းႏႈန္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိတဲ့အတြက္ ႀကိဳတင္ဝယ္ယူထားဖို႔ေတာ့ သတိေပးခ်င္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အဆိုတော်ကျားပေါက်(Big Bag Band) အဖွဲ့နဲ့ လာမယ့်သင်္ကြန်မှာ အတူတူကဲချင်လား….

ပရိသတ်တွေအားပေးမှုကို ခုချိန်ထိရရှိနေတဲ့ အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ Big Bag Band ကတော့ လာမယ့်သင်္ကြန်ရက်များမှာ WE L!T မဏ္ဍပ်မှာ ရှိနေမှာပါလို့သိရပါတယ်။ We LiT Water Festival မဏ္ဍပ်ကို ရန်ကုန်မြို့ပြည်လမ်းပေါ်မှာရှိမှာဖြစ်ပြီး Big Bag Band အပြင် တကယ့်နာမည်ကြီး DJ အနုပညာရှင်တွေနဲ့ တခြားဂီတအနုပညာရှင်တွေလည်းပါဝင်ကာ ပရိသတ်တွေနဲ့အတူတူ ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။

ဧပြီ ၁၄ နဲ့ ၁၅ ရက်များတွင် We LiT Water Festival မဏ္ဍပ်မှာ ပရိသတ်တွေနဲ့အတူ ဖြတ်သန်းသွားမှာဖြစ်ကြောင်းကို “၂၀၁၈ သင်္ကြန်အကျနေ့နဲ့  အကြတ်နေ့ ၂ရက် ကျွန်တော်တို့ Big Bag က ပြည်လမ်းက We LiT Water Festival မှာ ရှိပါမယ်။ နှစ်သစ်မှာ Big Bag နဲ့တူတူလာကဲဖို့ ဖိတ်ခေါ်ပါတယ်” လို့ အဆိုတော်ကျားပေါက်က သူရဲ့ Big Bag Band ပေ့ချ်မှာ ရေးသားဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

အဆိုတော်ကျားပေါက်အနေနဲ့ ယခုနှစ်သင်္ကြန်မှာ We L!T Team ရဲ့အကောင်းဆုံးတင်ဆက်မှုများထဲမှ တစ်ခုဖြစ်တဲ့ မတူညီတဲ့ဂီတအမျိုးအစား EDM ၊ Rock နဲ့ Punk တို့ကို အချိုးညီညီပေါင်းစပ်ကာ ပရိတ်သတ်တွေကို အမြင့်ဆုံး Tempo ထိရောက်အောင် ဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် Big Bag ရဲ့သီချင်းတွေနဲ့ ရေပန်းတွေအောက်မှာ ကဲမယ့်ပရိသတ်တွေအနေနဲ့ We LiT Water Festival မဏ္ဍပ်ကို အရောက်လာဖို့ အဆိုတော်ကျားပေါက်က ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

We LiT Water Festival မဏ္ဍပ်ရဲ့တည်နေရာကတော့ ပြည်လမ်း ရွှေဟင်္သာ Condo အနီး RC 2 ထွက်ပေါက်နားမှာတည်ရှိတာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ အမျိုးမျိုးရှိတဲ့အတွက် ကြိုတင်ဝယ်ယူထားဖို့တော့ သတိပေးချင်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။