ဒီနေ့ရဲ့ နာမည်အကြီးဆုံး သတင်းပိုင်ရှင် Betsy DeVos

 

ဒီနေ့ အတွက် Google News မှာ အလှုပ်ခတ်ဆုံး သတင်းဖြစ်နေတဲ့ Betsy DeVos ရဲ့ လွှတ်တော်ကြားနာမှု အကြောင်းကို အခရာပရိသတ်ကြီးအတွက် သယ်ဆောင်လာခဲ့ပါတယ် ခင်ဗျာ။ အမည်ရင်း Elisabeth Betsy DeVos လို့ ခေါ်တဲ့ Betsy DeVos ဟာ အမေရိကန်လူမျိုး လုပ်ငန်းရှင်၊ ပရဟိတသမားနဲ့ ပညာရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ အပြင် Republican Party ရဲ့ ထင်ရှားတဲ့  ပါတီဝင်တစ်ယောက်လည်း ဖြစ်ပါသေးတယ်။ Donald Trump ဟာ DeVos ကို သူ့ရဲ့ လာမယ့် အစိုးရအဖွဲ့အသစ်မှာလည်း နိုင်ငံတော် ပညာရေး အတိုင်ပင်ခံ အနေနဲ့ ခန့်အပ်ဖို့ ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။

 

You May Also Like : “Brexit အကြောင်း သိကောင်းစရာ (၅) ချက်

 

ဒါပေမယ့် DeVos ဟာ ခုလတ်တလောတော့ ပြီးခဲ့တဲ့ အဂါင်္နေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတော် ပညာရေး အတိုင်အပင်ခံ အဖြစ် ခန့်အပ်မှု အတည်ပြုရေး လွှတ်တော် ကြားနာမှုမှာ လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။  New Hampshire နယ် အမတ် Sen. Margaret Hassen က DeVos ကို သူ့အမေရဲ့ Foundation တစ်ခုဖြစ်တဲ့ Prince Foundation ကနေ လိင်တူချင်းလက်ထပ်မှုကို ပြင်းထန်စွာ ဆန့်ကျင်ပြီး ရှေးရိုးစွဲခရစ်ယာန်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်တဲ့ Focus on the Family ကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ အချိန်မှာ ဘုတ်အဖွဲ့ဝင်တစ်ယောက်အဖြစ် ရှိနေခဲ့ပါသလားလို့ မေးတဲ့ အခါ DeVos က ဘုတ်အဖွဲ့မှာ မပါဝင်ခဲ့ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် Prince Foundation ရဲ့ အခွန်ပုံစံ စာရွက်စာတမ်းတွေမှာတော့ Betsy Devos ရဲ့ နာမည်ကို ဘုတ်အဖွဲ့ရဲ့ ဒုတိယဥက္ကဌ တစ်ယောက်အနေနဲ့ ရှင်းလင်းစွာ ဖော်ပြထားတာကို တွေ့ရှိရတဲ့ အတွက် DeVos ရဲ့ အတိုင်ပင်ခံ အရည်အချင်း အပေါ် မေးခွန်းထုတ်စရာတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com