ကျောင်းသုံးဖို့ပဲဖြစ်ဖြစ် ရုံးသုံးဖို့ပဲဖြစ်ဖြစ် လိုအပ်တဲ့ Laptop တွေက ဈေးကြီးနေလို့ စိတ်ညစ်နေသလား ? ဒါမှမဟုတ် ဈေးနှုန်းသက်သက်သာသာနဲ့ ၀ယ်ပြီးမှ မကောင်းမှာစိုးရိမ်နေတာလား ? ဒါဆိုရင်တော့ အခရာပရိတ်သတ်တွေအတွက် ဈေးနှုန်းအသင့်အတင့် နဲ့ Review ကောင်းကောင်းရထားတဲ့ Laptop 4မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

  1. Asus VivoBook E200 HA

ဒီ Laptop ရဲ့အလေးချိန်ကတော့ 980ဂရမ် ရှိပြီး Quad-Core Intel Atom X5-Z8350 Processor အသုံးပြုထားတယ်လို့သိရပါတယ်။ မျက်နှာပြင် အကျယ်အ၀န်းအနေနဲ့၁၁.၆ လက်မရှိပြီး အထူအနေနဲ့17mm ရှိပါတယ်။ Pixel Screen ကတော့ 1366×768 ရှိတယ်လို့သိရပါတယ်။ Battery သက်တမ်း ၁၂နာရီထိအသုံးပြုနိုင်ပြီး Browser ကိုဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် တခြား Tabs တွေကိုပါ လျင်မြန်စွာဖွင့်နိုင်ပါတယ်။ MicroSD Slot ၊ Micro HDMI Socket နဲ့ USB 3.0 အထောက်အပံ့ပေးထားပြီး ဈေးနှုန်းအနေနဲ့ကတော့ မြန်မာကျပ် ၃၇၂,၀၀၀ ခန့်ရှိတယ်လို့သိရပါတယ်။

  1. HP Stream 11

တကယ်လို့ သင့်အနေနဲ့ ငွေကြေးအခြေအနေအရ ၃သိန်းကျော်ပဲ သုံးချင်ပြီး Chromebook ကိုလည်း မသုံးချင်ဘူးဆိုရင်တော့ HP Stream 11 က အသင့်တော်ဆုံးဖြစ်တယ်လို့သိရပါတယ်။ Windoss 8.1 အသုံးပြုထားတဲ့ ဒီ Laptop ဟာ မျက်နှာပြင်အကျယ်အ၀န်း 11.6လက်မရှိပြီး Display ကတော့ 1366×768 ရှိပါတယ်။ Microsoft Office 365 Personal ပါဝင်ပြီး ဓာတ်ပုံတွေ အလုပ်ဒါမှမဟုတ် ကျောင်းစာတွေကို သိမ်းဆည်းနိုင်ဖို့ အတွက် OneDrive Cloud Storage 1TB ပါရှိပါတယ်။ ပေါ့ပါးပြီးသယ်ဆောင်ရလွယ်ကူစေတဲ့ဒီဇိုင်းနဲ့ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ DTS Stereo Speakers ပါဝင်တာကြောင့် အခွေကြည့်တာ ဒါမှမဟုတ် သီချင်းနားထောင်တဲ့ အခါမှာ ကြည်လင်တဲ့အသံစွမ်းရည်ကိုရရှိစေမှာပါ။ HP Truevision HD webcam ပါဝင်တာကြောင့် Skype Video Calls ပြောတဲ့အခါအဆင်ပြေစေမှာပါ။ Intel Celeron N2840 Processor နဲ့ Ram 2GB အထောက်အပံ့ပေးထားပါတယ်။ Battery အနေနဲ့ကတော့ 8နာရီသက်တမ်းရှိပြီး ဈေးနှုန်းကတော့ မြန်မာကျပ် ၂၆၆,၀၀၀ခန့်ရှိတယ်လို့သိရပါတယ်။

  1. Acer Chromebook 14

ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ထောင့်ချိုး နဲ့အစွန်းတွေဟာ MacBook Air နဲ့ဆင်ပါတယ်။ Acer Chromebook ရဲ့ Body ဟာ100% အလူမီနီယံနဲ့ပြုလုပ်ထားပြီး Keyboard ကတော့ MackBook Air ပုံစံအတိုင်းအနက်ရောင်ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Operating System ကတော့ Chrome OS ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်း 14လက်မရှိပြီး အလေးချိန်အနေနဲ့ 1.55ကီလိုဂရမ် ရှိပါတယ်။  Intel Celeron N3060 အသုံးပြုထားပြီး Dual Core Chip 1.6GHz နဲ့ 2.48GHz လည်းပါဝင်ပါတယ်။ အသုံးပြုနေကျ Laptop တွေမှာပါတဲ့ Cooling Fan မပါတာကြောင့် ပန်ကာသံကိုတော့ မကြားရပါဘူး။ Battery ကတော့ 10နာရီကြာအသုံးပြုနိုင်မယ်လို့ သတင်းတွေအရ သိရပါတယ်။ ဈေးနှုန်းအနေနဲ့ မြန်မာကျပ် ၄၂၇,၀၀၀ ရှိတယ်လို့သိရပါတယ်။

  1. HP Pavilion 15-AU072SA

သေးငယ်တဲ့ ဒီဇိုင်းမျိုးနဲ့ မဟုတ်ပေမယ့် အသုံးပြုရတာအဆင်ပြေစေမယ့် Laptop တစ်ခုဖြစ်ပြီး နောက်ဆုံးပေါ်Wireless နည်းပညာ ဖြစ်တဲ့ 802.11ac Wi-Fi နဲ့ Bluetooth 4.2ပါဝင်ပါတယ်။ Core i3-6100U အသုံးပြုထားတာကြောင့် အသုံးပြုရတာ အဆင်ပြေစေမှာပါ။ RAM 8GB နဲ့ Hard Drive 1TB ပါဝင်တယ်လို့သိရပါတယ်။ Resolution ကတော့ လက်ရှိအသစ်အသစ်ထွက်ပေါ်နေတဲ့ Device တွေနဲ့ယှဉ်ရင် နည်းတယ်ဆိုလို့ရပေမယ့် Screen Resolution ကိုလိုအပ်တဲ့အခါ တိုးမြှင့်အသုံးပြုနိုင်ကြောင်းသိရပါတယ်။ Battery အနေနဲ့ ၉နာရီကျော်ထိ အသုံးပြုနိုင်ပြီး ဈေးနှုန်းအနေနဲ့ မြန်မာကျပ် ၅၈၉,၅၀၀ ခန့်ရှိတယ်လို့သိရပါတယ်။

 

Jan (Akhayar)

www.akhayar.com

Ref: trustedreviews.com