[Zawgyi]

ဒီရာသီမွာ ေျခစြမ္းျပေနတဲ့ လူငယ္ၾကယ္ပြင့္ကစားသမားမ်ား အပုိင္း(၁)

အခုေနာက္ပုိင္း ေမာ္ဒန္ေဘာလုံးေလာကမွာ ေရစီးေၾကာင္း ေျပာင္းလဲလာခဲ့ၿပီး နာမည္ႀကီး ကစားသမားေတြထက္ အရည္အေသြးျမင့္ လူငယ္ကစားသမားေတြက ေနရာပုိယူလာၾကတယ္။ ရာသီတိုင္းမွာ ထိပ္တန္းအဆင့္ရွိတဲ့ လူငယ္ကစားသမားေတြ အၿမဲလုိလုိထြက္ေပၚေလ့ရွိၿပီး ဥေရာပထိပ္သီးအသင္းမွာ ကစားေနတဲ့ လူငယ္ေလးေတြအတြက္ ပုံမွန္ကစားခြင့္ရဖုိ႔ဆုိတာက ႀကီးမားတဲ့ စိန္ေခၚမႈပါပဲ။ ဒီရာသီ ဥေရာပထိပ္သီးလိဂ္ေတြမွာ ေနရာအလုိက္ ေျခစြမ္းျပေနတဲ့ အသက္(၂၃)ႏွစ္ေအာက္ ကစားသမားေတြကုိ နာမည္ႀကီး sportskeeda.com က ေရြးခ်ယ္ခဲ့တာကုိ Akhayar Sports ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . . .

ဂုိး – လာဖြန္႔ Alban Lafont (ဖီအုိရင္တီးနား)

Alban-Lafont

Alban-Lafont

အသက္ (၁၆)ႏွစ္အရြယ္ကတည္းက တူးလူးအသင္းအတြက္ ပဲြထြက္ကစားခြင့္ရခဲ့ၿပီး ျပင္သစ္လီဂူးရဲ႕ အသက္အငယ္ဆုံး ဂုိးသမားအျဖစ္ သတ္မွတ္ခံထားရသူပါ။ ၿပီးခဲ့တဲ့ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ဖီအုိရင္တီးနားအသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ လာဖြန္႔ဟာ ဥေရာပရဲ႕ အေကာင္းဆုံး လူငယ္ဂုိးသမားေတြထဲမွာ တစ္ဦးအပါအ၀င္ ျဖစ္ပါတယ္။

ေနာက္တန္း – လူးကပ္စ္ဟာနန္ဒက္ဇ္ Lucas Hernandez (အက္သလက္တီကုိ)

Lucas-Hernandez

Lucas-Hernandez

ၿပီးခဲ့တဲ့ ၂၀၁၈ ကမၻာ႔ဖလားတုန္းက ျပင္သစ္အသင္းနဲ႔အတူ ေျခစြမ္းျပခဲ့တဲ့ ဘယ္ေနာက္ခံလူ လူးကပ္စ္ဟာနန္ဒက္ဇ္ဟာ အသက္(၂၂)ႏွစ္အရြယ္သာ ရွိေသးလုိ႔ ေနာက္ထပ္ အမ်ားႀကီးတိုးတက္လာဦးမယ့္ အေနအထားပါပဲ။ သူ႔ရဲ႕ေျခစြမ္းေၾကာင့္ အက္သလက္တီကုိနည္းျပ ဆီျမြန္နီ Diego Simeone ဟာ ဘယ္ေနာက္ခံလူအျဖစ္ ဟာနန္ဒက္ဇ္ကုိ သုံးရမလား၊ ဖိလစ္ပီလူး၀စ္ Filipe Luis ကုိ ဦးစားေပး အသုံးျပဳရမလားဆုိတာ ေခါင္းခဲေနရတယ္။

ေနာက္တန္း – ဂ်ိဳးဂုိးမက္ဇ္ Joseph Gomez (လီဗာပူးလ္)

Joseph-Gomez

Joseph-Gomez

၂၀၁၅၊ ေအာက္တိုဘာလတုန္းက ျပင္းထန္တဲ့ ဒဏ္ရာရရွိခဲ့လုိ႔ ကာလအေတာ္ၾကာ အနားယူခဲ့ရေပမယ့္ ဂုိးမက္ဇ္ဟာ ျပင္းထန္တဲ့စိတ္ဓာတ္၊ မေလ်ာ႔ေသာ ဇဲြလုံ႔လတို႔နဲ႔အတူ ျပန္လာႏုိင္ခဲ့တယ္။ အသက္(၂၁)ႏွစ္သာ ရွိေသးေပမယ့္ အသက္နဲ႔မလုိက္ေအာင္ ေျခစြမ္းျပေနတဲ့ ဂုိးမက္ဇ္ဟာ လီဗာပူးလ္အသင္း ခံစစ္မွာ ေနရာတစ္ေနရာကုိ အပုိင္စားရယူထားသူပါ။

ေနာက္တန္း – ဒီလိဂ္ De Ligt (ေအဂ်က္စ္)

De-Ligt-

De-Ligt-

ပဲြတစ္ပဲြကုိ အေကာင္းဆုံး သုံးသပ္ႏုိင္စြမ္းရွိတဲ့အျပင္ ေနာက္ခံလူတစ္ဦးျဖစ္ေပမယ့္ Ball Passing Skill ၊ Composure စတဲ့ အရည္အေသြးနဲ႔ ျပည့္စုံသူပါ။ ဒီရာသီ ဒတ္ခ်္ျပည္တြင္းလိဂ္မွာ ဒီလိဂ္ရဲ႕ တစ္ပဲြပ်မ္းမွ် ေဘာလုံးေပးပုိ႔တ့ဲအႀကိမ္က (၆၇.၁)ႀကိမ္ ရွိခဲ့ၿပီး တိက်တဲ့ ေဘာလုံးေပးပုိ႔မႈ ရာခုိင္ႏႈန္းက (၉၁.၄)ရာခုိင္ႏႈန္အထိ ရွိတယ္။ ခႏၶာကုိယ္ေသးေပမယ့္ Aerial Challenge ေတြမွာ အသာစီးရယူေလ့ရွိသူပါ။

ေနာက္တန္း – အလက္ဇႏၵားအာႏုိးလ္ Alexander Arnold (လီဗာပူးလ္)

Alexander-Arnold-

Alexander-Arnold-

အသက္ (၂၀)ႏွစ္အရြယ္သာရွိေသးေပမယ့္ လီဗာပူးလ္အသင္းအတြက္ ပဲြ(၆၀)နီးပါး ကစားထားသူ အလက္ဇႏၵားအာႏုိးလ္ဟာ တစ္ခ်ိန္ခ်ိန္မွာ ကမၻာ႔အဆင့္ ညာေနာက္ခံလူျဖစ္လာဖုိ႔ အရွိန္ယူေနပါၿပီ။ သူ႔ရဲ႕ အႀကီးမားဆုံး အရည္အေသြးက ေဘာလုံးေပးပုိ႔မႈ တိက်ေကာင္းမြန္တာျဖစ္ၿပီး သူ႔ရဲ႕ တိက်ေသခ်ာတဲ့ ျဖတ္တင္ေဘာေတြက လီဗာပူးလ္အသင္းအတြက္ အက်ိဳးအမ်ားႀကီးရွိေစတယ္။

ဒါကေတာ့ sportskeeda.com က ေရြးခ်ယ္ခဲ့တဲ့ လူငယ္ကစားသမား (၁၁)ဦးထဲက (၅)ဦးကုိ အရင္ဦးဆုံး ေဖာ္ျပလုိက္တာျဖစ္ပါတယ္။ က်န္တဲ့ (၆)ဦးကုိ အပုိင္း(၂)အျဖစ္ ဆက္လက္ေဖာ္ျပသြားဦးမွာပါ . .

REF:sportskeeda
Photo:MondoFutbol,Getty Images,The Independent,De Telegraaf,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်ကစားသမားများ အပိုင်း(၁)

အခုနောက်ပိုင်း မော်ဒန်ဘောလုံးလောကမှာ ရေစီးကြောင်း ပြောင်းလဲလာခဲ့ပြီး နာမည်ကြီး ကစားသမားတွေထက် အရည်အသွေးမြင့် လူငယ်ကစားသမားတွေက နေရာပိုယူလာကြတယ်။ ရာသီတိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ လူငယ်ကစားသမားတွေ အမြဲလိုလိုထွက်ပေါ်လေ့ရှိပြီး ဥရောပထိပ်သီးအသင်းမှာ ကစားနေတဲ့ လူငယ်လေးတွေအတွက် ပုံမှန်ကစားခွင့်ရဖို့ဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒီရာသီ ဥရောပထိပ်သီးလိဂ်တွေမှာ နေရာအလိုက် ခြေစွမ်းပြနေတဲ့ အသက်(၂၃)နှစ်အောက် ကစားသမားတွေကို နာမည်ကြီး sportskeeda.com က ရွေးချယ်ခဲ့တာကို Akhayar Sports ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

ဂိုး – လာဖွန့် Alban Lafont (ဖီအိုရင်တီးနား)

Alban-Lafont

Alban-Lafont

အသက် (၁၆)နှစ်အရွယ်ကတည်းက တူးလူးအသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပြင်သစ်လီဂူးရဲ့ အသက်အငယ်ဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခံထားရသူပါ။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ လာဖွန့်ဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ်ဂိုးသမားတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

နောက်တန်း – လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernandez (အက်သလက်တီကို)

Lucas-Hernandez

Lucas-Hernandez

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ဘယ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ဟာ အသက်(၂၂)နှစ်အရွယ်သာ ရှိသေးလို့ နောက်ထပ် အများကြီးတိုးတက်လာဦးမယ့် အနေအထားပါပဲ။ သူ့ရဲ့ခြေစွမ်းကြောင့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ Diego Simeone ဟာ ဘယ်နောက်ခံလူအဖြစ် ဟာနန်ဒက်ဇ်ကို သုံးရမလား၊ ဖိလစ်ပီလူးဝစ် Filipe Luis ကို ဦးစားပေး အသုံးပြုရမလားဆိုတာ ခေါင်းခဲနေရတယ်။

နောက်တန်း – ဂျိုးဂိုးမက်ဇ် Joseph Gomez (လီဗာပူးလ်)

Joseph-Gomez

Joseph-Gomez

၂၀၁၅၊ အောက်တိုဘာလတုန်းက ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့လို့ ကာလအတော်ကြာ အနားယူခဲ့ရပေမယ့် ဂိုးမက်ဇ်ဟာ ပြင်းထန်တဲ့စိတ်ဓာတ်၊ မလျော့သော ဇွဲလုံ့လတို့နဲ့အတူ ပြန်လာနိုင်ခဲ့တယ်။ အသက်(၂၁)နှစ်သာ ရှိသေးပေမယ့် အသက်နဲ့မလိုက်အောင် ခြေစွမ်းပြနေတဲ့ ဂိုးမက်ဇ်ဟာ လီဗာပူးလ်အသင်း ခံစစ်မှာ နေရာတစ်နေရာကို အပိုင်စားရယူထားသူပါ။

နောက်တန်း – ဒီလိဂ် De Ligt (အေဂျက်စ်)

De-Ligt-

De-Ligt-

ပွဲတစ်ပွဲကို အကောင်းဆုံး သုံးသပ်နိုင်စွမ်းရှိတဲ့အပြင် နောက်ခံလူတစ်ဦးဖြစ်ပေမယ့် Ball Passing Skill ၊ Composure စတဲ့ အရည်အသွေးနဲ့ ပြည့်စုံသူပါ။ ဒီရာသီ ဒတ်ချ်ပြည်တွင်းလိဂ်မှာ ဒီလိဂ်ရဲ့ တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့တဲ့အကြိမ်က (၆၇.၁)ကြိမ် ရှိခဲ့ပြီး တိကျတဲ့ ဘောလုံးပေးပို့မှု ရာခိုင်နှုန်းက (၉၁.၄)ရာခိုင်နှုန်အထိ ရှိတယ်။ ခန္ဓာကိုယ်သေးပေမယ့် Aerial Challenge တွေမှာ အသာစီးရယူလေ့ရှိသူပါ။

နောက်တန်း – အလက်ဇန္ဒားအာနိုးလ် Alexander Arnold (လီဗာပူးလ်)

Alexander-Arnold-

Alexander-Arnold-

အသက် (၂၀)နှစ်အရွယ်သာရှိသေးပေမယ့် လီဗာပူးလ်အသင်းအတွက် ပွဲ(၆၀)နီးပါး ကစားထားသူ အလက်ဇန္ဒားအာနိုးလ်ဟာ တစ်ချိန်ချိန်မှာ ကမ္ဘာ့အဆင့် ညာနောက်ခံလူဖြစ်လာဖို့ အရှိန်ယူနေပါပြီ။ သူ့ရဲ့ အကြီးမားဆုံး အရည်အသွေးက ဘောလုံးပေးပို့မှု တိကျကောင်းမွန်တာဖြစ်ပြီး သူ့ရဲ့ တိကျသေချာတဲ့ ဖြတ်တင်ဘောတွေက လီဗာပူးလ်အသင်းအတွက် အကျိုးအများကြီးရှိစေတယ်။

ဒါကတော့ sportskeeda.com က ရွေးချယ်ခဲ့တဲ့ လူငယ်ကစားသမား (၁၁)ဦးထဲက (၅)ဦးကို အရင်ဦးဆုံး ဖော်ပြလိုက်တာဖြစ်ပါတယ်။ ကျန်တဲ့ (၆)ဦးကို အပိုင်း(၂)အဖြစ် ဆက်လက်ဖော်ပြသွားဦးမှာပါ . .

REF:sportskeeda
Photo:MondoFutbol,Getty Images,The Independent,De Telegraaf,
Naing Linn(Akhayar)
www.akhayar.com