[Zawgyi]

ဒီရာသီမွာ ေျခစြမ္းျပေနတဲ့ လူငယ္ၾကယ္ပြင့္ကစားသမားမ်ား အပုိင္း(၂)

အခုေနာက္ပုိင္း ေမာ္ဒန္ေဘာလုံးေလာကမွာ ေရစီးေၾကာင္း ေျပာင္းလဲလာခဲ့ၿပီး နာမည္ႀကီး ကစားသမားေတြထက္ အရည္အေသြးျမင့္ လူငယ္ကစားသမားေတြက ေနရာပုိယူလာၾကတယ္။ ရာသီတိုင္းမွာ ထိပ္တန္းအဆင့္ရွိတဲ့ လူငယ္ကစားသမားေတြ အၿမဲလုိလုိထြက္ေပၚေလ့ရွိၿပီး ဥေရာပထိပ္သီးအသင္းမွာ ကစားေနတဲ့ လူငယ္ေလးေတြအတြက္ ပုံမွန္ကစားခြင့္ရဖုိ႔ဆုိတာက ႀကီးမားတဲ့ စိန္ေခၚမႈပါပဲ။ ဒီရာသီ ဥေရာပထိပ္သီးလိဂ္ေတြမွာ ေနရာအလုိက္ ေျခစြမ္းျပေနတဲ့ အသက္(၂၃)ႏွစ္ေအာက္ ကစားသမားေတြကုိ နာမည္ႀကီး sportskeeda.com က ေရြးခ်ယ္ခဲ့တာကုိ Akhayar Sports ပရိသတ္ေတြ သိရွိႏုိင္ေအာင္ အပုိင္း(၂)အျဖစ္ ဆက္လက္ ေဖာ္ျပလုိက္ပါတယ္ .

ကြင္းလယ္ – ႐ုိဒရီဂုိဟာနန္ဒက္ဇ္ Rodrigo Hernández (အက္သလက္တီကုိ)

Rodrigo-Hernández-

Rodrigo-Hernández-

အသက္ (၂၂)ႏွစ္သာ ရွိေသးတဲ့ စပိန္လူငယ္ကြင္းလယ္လူ ႐ုိဒရီဂုိဟာ အက္သလက္တီကုိအသင္းရဲ႕ ကြင္းလယ္ကုိ ဟန္ခ်က္ညီေအာင္ အဓိက ထိန္းညႇိေပးေနတဲ့ ကစားသမားပါ။ ၿပိဳင္ဘက္ရဲ႕ တိုက္စစ္ကုိ တားဆီးတဲ့ေနရာမွာသာမက Passing ပုိင္းမွာလည္း သူမတူေအာင္ ထူးခၽြန္သူလည္းျဖစ္ပါတယ္။ ဘာစီလုိနာ ကြင္းလယ္လူ ဘူးစကြက္စ္ Sergio Busquets နဲ႔ ကစားပုံ တူတယ္လုိ႔ မီဒီယာေတြရဲ႕ ခ်ီးက်ဴးျခင္းကုိ ခံထားရသူျဖစ္ပါတယ္။

ကြင္းလယ္ – အာသာမယ္လုိ Arthur Melo (ဘာစီလုိနာ)

Arthur-Melo

Arthur-Melo

ဘရာဇီးလ္လူငယ္ ၾကယ္ပြင့္ အာသာကုိလည္း ဒီစာရင္းမွာ မျဖစ္မေနထည့္သြင္းရမွာပါ။ ဒီရာသီမွာ သူ႔ရဲ႕ တစ္ပဲြပ်မ္းမွ် ေဘာလုံးေပးပုိ႔တဲ့အႀကိမ္က (၈၈)ႀကိမ္အထိရွိၿပီး ေအာင္ျမင္မႈႏႈန္းက (၉၄.၈)ရာခုိင္ႏႈန္းအထိ ရွိတယ္။ အင္နီေယစတာ Iniesta – ဇာဗီ Xavi မရွိေတာ့တဲ့ ဘာစီလုိနာကြင္းလယ္ကုိ အေကာင္းဆုံး ထိန္းေၾကာင္းေပးေနတဲ့သူလုိ႔ ဆုိရမွာျဖစ္ပါတယ္။

ကြင္းလယ္ – ဟူဆန္ေအာ္ယာ Houssem Aouar (လုိင္ယြန္)

Houssem-Aouar

Houssem-Aouar

ကြင္းလယ္ တိုက္စစ္ကစားသမားျဖစ္ေပမယ့္ ဟူဆန္ေအာ္ယာဟာ ခံစစ္ကုိ လုိက္ပါကစားႏုိင္သူလည္း ျဖစ္ပါတယ္။ ဂုိးသြင္းစြမ္းရည္ ေကာင္းမြန္သူ၊ Final Passing နဲ႔ အကြက္ျမင္ျမင္ ဖန္တီးေပးႏုိင္တဲ့ Creative Player တစ္ဦးပါပဲ။ ဒီရာသီမွာ လုိင္ယြန္အသင္းအတြက္ (၂)ဂုိးသြင္း၊ ဂုိးဖန္တီးမႈ (၂)ႀကိမ္ရွိခဲ့ၿပီး တစ္ပဲြပ်မ္းမွ် ဂုိးေပါက္ကန္သြင္းမႈက (၂.၅)ႀကိမ္၊ ပ်မ္းမွ် ဂုိးဖန္တီးမႈ (၁.၁)ႀကိမ္အထိျပဳလုပ္ထားသူပါ။

ကြင္းလယ္ – ပူလီရွစ္ Christian Pulisic (ေဒါ့မြန္)

Christian-Pulisic

Christian-Pulisic

အသက္ (၂၀)သာ ရွိေသးေပမယ့္ ပူလီရွစ္ဟာ ေဒ့ါမြန္အသင္းရဲ႕ ဘယ္ေတာင္ပံေနရာကုိ အပုိင္သိမ္းပုိက္ထားၿပီး အခုဆုိရင္ အသင္းအတြက္ ပဲြ(၁၀၀)ေက်ာ္ ကစားထားသူျဖစ္ပါတယ္။ ေဘာလုံးမ်ိဳးဆက္ ျပတ္သလုိျဖစ္ေနတဲ့ အေမရိကန္အသင္းအတြက္ အားထားရတဲ့ ကစားသမားတစ္ဦးပါပဲ။ ေမာ္ဒန္ေဘာလုံးေလာကမွာ ေတာင္ပံကစားသမားတစ္ဦးဟာ Speed ေကာင္း႐ုံ၊ ဂုိးဖန္တီးႏုိင္႐ုံနဲ႔တင္ မလုံေလာက္ေတာ့ဘဲ ဂုိးသြင္းစြမ္းရည္ေကာင္းဖုိ႔ လုိအပ္ၿပီး ပူလီရွစ္က အဲဒီအရည္အေသြးေတြနဲ႔ ကုိက္ညီသူလုိ႔ သတ္မွတ္ရမွာပါ။

ေရွ႕တန္း – မက္ဆီဂုိးမက္ဇ္ Maxi Gomez (ဆယ္လ္တာဗီဂုိ)

Maxi-Gomez

Maxi-Gomez

အသက္(၂၂)ႏွစ္အရြယ္ ဥ႐ုေဂြးလူငယ္ၾကယ္ပြင့္ တိုက္စစ္မွဴး မက္ဆီဂုိးမက္ဇ္အတြက္ ၂၀၁၈-၁၉ ရာသီက လာျခင္းေကာင္းတဲ့ ရာသီတစ္ခုလုိ႔ ဆုိရမယ္။ ဆယ္လ္တာဗီဂုိအသင္းအတြက္ (၄)ဂုိးသြင္း၊ ဂုိးဖန္တီးမႈ (၄)ႀကိမ္လုပ္ထားၿပီး တိုက္စစ္ကုိ အေကာင္းဆုံး ဦးေဆာင္ေနတဲ့သူပါပဲ။ ခြန္အားသုံး ကစားတတ္သူ၊ ႏုိင္လုိစိတ္ ျပင္းထန္ၿပီး Aggressive ျဖစ္တဲ့ ကစားဟန္ေၾကာင့္ ဘာစီလုိနာတိုက္စစ္မွဴး ဆြာရက္ဇ္ Luis Suarez နဲ႔ ပုံစံတူတယ္လုိ႔ သတ္မွတ္ခံထားရသူပါ။

ေရွ႕တန္း – ဘာေပ Kylian Mbappe (PSG)

Kylian-Mbappe

Kylian-Mbappe

ဘာေပရဲ႕ အရည္အေသြးကုိေတာ့ အထူး ခ်ီးက်ဴးဖဲြ႕ႏဲႊ႕စရာ မလုိေလာက္ဘူးထင္ပါတယ္။ လ်င္ျမန္တဲ့ ေျပးအား၊ Pace နဲ႔ Intelligent Movement ေတြ ေကာင္းခဲ့အျပင္ Skill ပါ ေကာင္းမြန္တာေၾကာင့္ ၿပီးျပည့္စုံတဲ့ ကစားသမားတစ္ဦးလုိ႔ ဆုိရမယ္။ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo – မက္ဆီ Messi ေခတ္လြန္မွာ ကမၻာ႔အေကာင္းဆုံး ကစားသမားေနရာကုိ တက္လွမ္းႏုိင္မယ့္သူလုိ႔ မီဒီယာေတြက သတ္မွတ္ထားၾကတယ္။

ဒီကစားသမားေတြကေတာ့ အခုလက္ရွိ ရာသီမွာ သက္ဆုိင္ရာအသင္းေတြအတြက္ ေျခစြမ္းျပေနတဲ့ လူငယ္ကစားသမားေတြပါပဲ။ sportskeeda.com ရဲ႕ ေရြးခ်ယ္မႈအေပၚ ပရိသတ္ေတြလည္း အျမင္တူလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္ . . .

ဒီရာသီမွာ ေျခစြမ္းျပေနတဲ့ လူငယ္ၾကယ္ပြင့္ကစားသမားမ်ား အပုိင္း(၁)

REF: sportskeeda.com
Photo:Getty Image,Diario AS,The18,europeansoccer,International Champions Cup,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်ကစားသမားများ အပိုင်း(၂)

အခုနောက်ပိုင်း မော်ဒန်ဘောလုံးလောကမှာ ရေစီးကြောင်း ပြောင်းလဲလာခဲ့ပြီး နာမည်ကြီး ကစားသမားတွေထက် အရည်အသွေးမြင့် လူငယ်ကစားသမားတွေက နေရာပိုယူလာကြတယ်။ ရာသီတိုင်းမှာ ထိပ်တန်းအဆင့်ရှိတဲ့ လူငယ်ကစားသမားတွေ အမြဲလိုလိုထွက်ပေါ်လေ့ရှိပြီး ဥရောပထိပ်သီးအသင်းမှာ ကစားနေတဲ့ လူငယ်လေးတွေအတွက် ပုံမှန်ကစားခွင့်ရဖို့ဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒီရာသီ ဥရောပထိပ်သီးလိဂ်တွေမှာ နေရာအလိုက် ခြေစွမ်းပြနေတဲ့ အသက်(၂၃)နှစ်အောက် ကစားသမားတွေကို နာမည်ကြီး sportskeeda.com က ရွေးချယ်ခဲ့တာကို Akhayar Sports ပရိသတ်တွေ သိရှိနိုင်အောင် အပိုင်း(၂)အဖြစ် ဆက်လက် ဖော်ပြလိုက်ပါတယ် .

ကွင်းလယ် – ရိုဒရီဂိုဟာနန်ဒက်ဇ် Rodrigo Hernández (အက်သလက်တီကို)

Rodrigo-Hernández-

Rodrigo-Hernández-

အသက် (၂၂)နှစ်သာ ရှိသေးတဲ့ စပိန်လူငယ်ကွင်းလယ်လူ ရိုဒရီဂိုဟာ အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ်ကို ဟန်ချက်ညီအောင် အဓိက ထိန်းညှိပေးနေတဲ့ ကစားသမားပါ။ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို တားဆီးတဲ့နေရာမှာသာမက Passing ပိုင်းမှာလည်း သူမတူအောင် ထူးချွန်သူလည်းဖြစ်ပါတယ်။ ဘာစီလိုနာ ကွင်းလယ်လူ ဘူးစကွက်စ် Sergio Busquets နဲ့ ကစားပုံ တူတယ်လို့ မီဒီယာတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူဖြစ်ပါတယ်။

ကွင်းလယ် – အာသာမယ်လို Arthur Melo (ဘာစီလိုနာ)

Arthur-Melo

Arthur-Melo

ဘရာဇီးလ်လူငယ် ကြယ်ပွင့် အာသာကိုလည်း ဒီစာရင်းမှာ မဖြစ်မနေထည့်သွင်းရမှာပါ။ ဒီရာသီမှာ သူ့ရဲ့ တစ်ပွဲပျမ်းမျှ ဘောလုံးပေးပို့တဲ့အကြိမ်က (၈၈)ကြိမ်အထိရှိပြီး အောင်မြင်မှုနှုန်းက (၉၄.၈)ရာခိုင်နှုန်းအထိ ရှိတယ်။ အင်နီယေစတာ Iniesta – ဇာဗီ Xavi မရှိတော့တဲ့ ဘာစီလိုနာကွင်းလယ်ကို အကောင်းဆုံး ထိန်းကြောင်းပေးနေတဲ့သူလို့ ဆိုရမှာဖြစ်ပါတယ်။

ကွင်းလယ် – ဟူဆန်အော်ယာ Houssem Aouar (လိုင်ယွန်)

Houssem-Aouar

Houssem-Aouar

ကွင်းလယ် တိုက်စစ်ကစားသမားဖြစ်ပေမယ့် ဟူဆန်အော်ယာဟာ ခံစစ်ကို လိုက်ပါကစားနိုင်သူလည်း ဖြစ်ပါတယ်။ ဂိုးသွင်းစွမ်းရည် ကောင်းမွန်သူ၊ Final Passing နဲ့ အကွက်မြင်မြင် ဖန်တီးပေးနိုင်တဲ့ Creative Player တစ်ဦးပါပဲ။ ဒီရာသီမှာ လိုင်ယွန်အသင်းအတွက် (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၂)ကြိမ်ရှိခဲ့ပြီး တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှုက (၂.၅)ကြိမ်၊ ပျမ်းမျှ ဂိုးဖန်တီးမှု (၁.၁)ကြိမ်အထိပြုလုပ်ထားသူပါ။

ကွင်းလယ် – ပူလီရှစ် Christian Pulisic (ဒေါ့မွန်)

Christian-Pulisic

Christian-Pulisic

အသက် (၂၀)သာ ရှိသေးပေမယ့် ပူလီရှစ်ဟာ ဒေ့ါမွန်အသင်းရဲ့ ဘယ်တောင်ပံနေရာကို အပိုင်သိမ်းပိုက်ထားပြီး အခုဆိုရင် အသင်းအတွက် ပွဲ(၁၀၀)ကျော် ကစားထားသူဖြစ်ပါတယ်။ ဘောလုံးမျိုးဆက် ပြတ်သလိုဖြစ်နေတဲ့ အမေရိကန်အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ဦးပါပဲ။ မော်ဒန်ဘောလုံးလောကမှာ တောင်ပံကစားသမားတစ်ဦးဟာ Speed ကောင်းရုံ၊ ဂိုးဖန်တီးနိုင်ရုံနဲ့တင် မလုံလောက်တော့ဘဲ ဂိုးသွင်းစွမ်းရည်ကောင်းဖို့ လိုအပ်ပြီး ပူလီရှစ်က အဲဒီအရည်အသွေးတွေနဲ့ ကိုက်ညီသူလို့ သတ်မှတ်ရမှာပါ။

ရှေ့တန်း – မက်ဆီဂိုးမက်ဇ် Maxi Gomez (ဆယ်လ်တာဗီဂို)

Maxi-Gomez

Maxi-Gomez

အသက်(၂၂)နှစ်အရွယ် ဥရုဂွေးလူငယ်ကြယ်ပွင့် တိုက်စစ်မှူး မက်ဆီဂိုးမက်ဇ်အတွက် ၂၀၁၈-၁၉ ရာသီက လာခြင်းကောင်းတဲ့ ရာသီတစ်ခုလို့ ဆိုရမယ်။ ဆယ်လ်တာဗီဂိုအသင်းအတွက် (၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၄)ကြိမ်လုပ်ထားပြီး တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေတဲ့သူပါပဲ။ ခွန်အားသုံး ကစားတတ်သူ၊ နိုင်လိုစိတ် ပြင်းထန်ပြီး Aggressive ဖြစ်တဲ့ ကစားဟန်ကြောင့် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် Luis Suarez နဲ့ ပုံစံတူတယ်လို့ သတ်မှတ်ခံထားရသူပါ။

ရှေ့တန်း – ဘာပေ Kylian Mbappe (PSG)

Kylian-Mbappe

Kylian-Mbappe

ဘာပေရဲ့ အရည်အသွေးကိုတော့ အထူး ချီးကျူးဖွဲ့နွဲှ့စရာ မလိုလောက်ဘူးထင်ပါတယ်။ လျင်မြန်တဲ့ ပြေးအား၊ Pace နဲ့ Intelligent Movement တွေ ကောင်းခဲ့အပြင် Skill ပါ ကောင်းမွန်တာကြောင့် ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးလို့ ဆိုရမယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo – မက်ဆီ Messi ခေတ်လွန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားနေရာကို တက်လှမ်းနိုင်မယ့်သူလို့ မီဒီယာတွေက သတ်မှတ်ထားကြတယ်။

ဒီကစားသမားတွေကတော့ အခုလက်ရှိ ရာသီမှာ သက်ဆိုင်ရာအသင်းတွေအတွက် ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေပါပဲ။ sportskeeda.com ရဲ့ ရွေးချယ်မှုအပေါ် ပရိသတ်တွေလည်း အမြင်တူလိမ့်မယ်လို့ မျှော်လင့်ပါတယ် . . .

ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့်ကစားသမားများ အပိုင်း(၁)

REF: sportskeeda.com
Photo:Getty Image,Diario AS,The18,europeansoccer,International Champions Cup,Twitter
Naing Linn(Akhayar)
www.akhayar.com