[ZawGyi]

ေနေလာင္ဒဏ္နဲ႔ညိဳညစ္သြားတဲ႔အသားအေရအတြက္ အေကာင္းဆံုး Treatment နဲ႔ Spa မ်ား

စူးရွပူျပင္းလြန္းတဲ႔ ေနေရာင္ျခည္ဒဏ္ကို ဒီရက္ပိုင္းပုိမိုခံစားလာရတယ္ေနာ္။ သၾကၤန္တုန္းကလည္း အျပင္ထြက္လည္ခဲ႔ေတာ႔ အသားအေရက ပံုမွန္အသားအေရကိုျပန္ရဖုိ႔ အားလံုးအခ်ိန္ေပးျပီးျပန္ Care လုပ္ျဖစ္ေနမယ္ထင္ပါတယ္။ ဒီေတာ႔ ေနေလာင္ညိဳမည္းသြားတဲ႔ ကိုယ္႔အသားအေရေလးနဂိုအတိုင္းျမန္ျမန္ျပန္ေကာင္းဖုိ႔ ဘယ္လုိထိေရာက္တဲ႔ နည္းေတြသံုးမလဲဆုိတာမွ်ေဝေပးခ်င္ပါေသးတယ္။ အိမ္မွာကိုယ္တိုင္ထိထိေရာက္ေရာက္ Skincare မလုပ္ျဖစ္ဘူးဆုိရင္လည္း စိတ္ပူစရာေတာ႔မရွိပါဘူး။ ရန္ကုန္ကနာမည္ၾကီး Spa ေတြမွာ ေနေလာင္ပ်က္စီးအသားအေရနဲ႔ ဆံပင္ေတြအတြက္ အထူး Treatment ေပးတဲ႔အစီအစဥ္ေတြရွိသလုိ ပရုိမိုးရွင္းေတြလည္းရွိတာမို႔ Spa မွာ Treatment လုပ္ခ်င္သူေတြလည္းအဆင္ေျပပါတယ္။

ေနေလာင္ခဲ႔ရင္

ေနေလာင္ခဲ႔ရင္ ခ်က္ခ်င္းဆိုသလိုလုပ္ေဆာင္ရမယ္႔ အခ်က္ေတြလည္းရွိပါတယ္။

-ေနေလာင္ဒဏ္ရာကို ေရေအးေအးနဲ႔ပဲေဆးပါ။

-ႏြားႏို႔သန္႔သန္႔ေအးေအးေလး ဒိန္ခ်ဥ္အသန္႔ေအးေအးေလးေတြကပ္ပါ။ သခြားသီး၊အာလူးျပဳတ္၊ အေအးခံထားတဲ႔ လက္ဖက္ေျခာက္အိတ္၊ ရွားေစာင္းလက္ပတ္ အတြင္းသားေလးေတြလည္း ကပ္ေပးႏိုင္ပါတယ္။

-Mask ကပ္တာေတြ ေခ်းခၽြတ္တာေတြ မလုပ္ပါနဲ႔ဦး။ အသားအေရအရမ္းတင္းေနရင္ ဗီတာမင္ E ေလးလိမ္းေပးႏိုင္ပါတယ္။

-ေတာ္ေတာ္ဆုိးဆိုးရြားရြား Sunburn ျဖစ္သြားရင္ေတာ႔ ဆရာဝန္နဲ႔တိုင္ပင္ျပီးေသာက္ေဆးေသာက္ေပးႏိုင္ပါတယ္။

အသားအေရျပန္လည္ၾကည္စင္လာေစမယ္႔ Treatment

ဘယ္ေလာက္ျပီးညိဳညစ္ေနတဲ႔အသားအေရျဖစ္ျဖစ္ ဒီ Treatment ကိုမွန္မွန္ေလးျပဳလုပ္သြားမယ္ဆုိရင္ အိုခ်ိန္တိုအတြင္းမွာၾကည္လင္ျဖဴစင္တဲ႔ အသားအေရကိုျပန္ရမွာအေသအခ်ာပါ။ ဒါေၾကာင္႔စမ္းၾကည္႔ပါဦးေနာ္။

နည္းလမ္း ၁

ပထမဆံုးအဆင္႔အေနနဲ႔ Oil Cleansing လုပ္ပါမယ္။ Oil Cleansing အတြက္ Castor Oil နဲ႔ Olive Oil တို႔လုိပါတယ္။ Castor Oil ကို စူပါမားကက္ေတြမွာဝယ္ႏိုင္ပါတယ္။

Olive Oil – ထမင္းစားဇြန္း ၁ ဇြန္း (သူကအသားအေရကိုသဘာဝအတိုင္းအစိုဓာတ္ျဖည္႔ေပးပါတယ္)

Castor Oil – ထမင္းစားဇြန္း ၁ ဇြန္း (သူကေတာ႔ အသားအေရေပၚက အညိဳအမည္းေတြကိုဖယ္ရွားေပးပါတယ္)
ကိုေရာေႏွာပါ။

oils

-ဒီအေရာအေႏွာကို မ်က္ႏွာျပင္အႏွ႔ံလိမ္းျပီးလက္ေခ်ာင္းေလးနဲ႔ ၂ မိနစ္ခန္႔ဖြဖြႏွိပ္နယ္ေပးပါ။ အဆီရဲ႕အာနိသင္ေတြ အသားထဲစိမ္႔ဝင္သြားျပီးေခၽြးေပါက္ထဲမွာရွိတဲ႔အညစ္အေၾကးေတြေပ်ာ္ဝင္လာေစဖုိ႔ ဆယ္မိနစ္ခန္႔ထားပါ။
ျပီးရင္ ေရေႏြးေႏြးထဲကိုပဝါေလးႏွစ္ပါ။ ေရညွစ္လုိက္ပါ။ ပဝါေႏြးေႏြးေလးရလာျပီဆုိရင္ မ်က္ႏွာနားကိုကပ္ျပီးအပူေငြ႔ရေအာင္လုပ္ပါ။ (မ်က္ႏွာေပၚတုိက္ရုိက္ကပ္လုိက္ဖုိ႔ မလုိပါဘူးေနာ္)။ ဒီလိုအပူေငြ႔ေပးတာက ေခၽြးေပါက္ေတြပြင္႔ျပီး မ်က္ႏွာကအညစ္အေၾကးေတြလြယ္လြယ္ေပ်ာ္က်လာေစဖို႔အတြက္ျဖစ္ပါတယ္။

warm towel

– ပဝါအပူနည္းနည္းေလးေလ်ာ႔သြားျပီဆိုရင္ ပဝါေထာင္႔ေလးနဲ႔ မ်က္ႏွာေပၚကဆီေတြကိုသုတ္ျပီးဖယ္ရွားႏိုင္ပါတယ္။
ဒီ Treatment ကို ၁၅ ရက္တစ္ၾကိမ္ လုပ္ေပးမယ္ဆုိရင္ မ်က္ႏွာအသားအေရကျမန္ျမန္ စိုျပည္ၾကည္လင္လာတာကိုေတြ႔ရမွာပါ။

နည္းလမ္း ၂

Lemon, Honey and Brown Sugar

lemon,honey,brown sugar scrub

ဒီနည္းလမ္းကေတာ႔ အသားအေရကိုျမန္ျမန္ေခ်းခၽြတ္ျပီးေတာက္ပလာေစမယ္႔ နည္းလမ္းပါ။ ဒီ ၃ မ်ိဳးကို စားပြဲတင္ဇြန္း ၁ ဇြန္းစာစီယူျပီးေရာေႏွာပါ။ ဒီ Scrub ကိုယူျပီးမ်က္ႏွာေပၚမွာ ၅ မိနစ္မွ ၇ မိနစ္ခန္႔ သုတ္လိမ္းႏွိပ္နယ္ေပးပါ။ ျပီးရင္ေတာ႔ ေျခာက္ေသြ႔သြားေအာင္ ၅ မိနစ္ထားပါ။ ျပီးရင္ ေရေႏြးေႏြးေလးနဲ႔မ်က္ႏွာသစ္လိုက္ပါ။ ဒီနည္းအတိုင္း တစ္ပတ္မွာ ၂ ၾကိမ္ျပဳလုပ္ေပးဖုိ႔လိုပါတယ္။

နည္းလမ္း ၃

baking soda

ဒီနည္းကေတာ႔ ျပဳလုပ္ရလြယ္ကူမွာပါ။ အုန္းဆီနဲ႔ Baking Soda ကို စားပြဲတင္ဇြန္း တစ္ဇြန္းဆီေရာေႏွာျပီး မ်က္ႏွာကိုလိမ္းဖို႔ပါပဲ။ ၅ မိနစ္ပဲထားျပီးေရေႏြးေႏြးေလးနဲ႔မ်က္ႏွာသစ္ပါ။

မွတ္ခ်က္- Baking Soda က Sensitive Skin ေတြနဲ႔မတည္႔တာမ်ိဳးရွိတာမုိ႔ ထိခိုက္လြယ္တဲ႔အသားအေရပိုင္ရွင္ေတြအေနနဲ႔သတိထားဖုိ႔လုိပါတယ္။

နည္းလမ္း ၄

coffee scrub

ေကာ္ဖီမႈန္႔နဲ႔ အုန္းဆီကိုေရာေႏွာတဲ႔ Coffee Scrub ကလည္း အသားအေရကိုျမန္ျမန္ေကာင္းေစပါတယ္။ ေကာ္ဖီေစ႔ကိုၾကိတ္ထားတဲ႔ ေကာ္ဖီမႈန္႔ၾကမ္းစစ္စစ္ရျပီဆုိရင္ အုန္းဆီနဲ႔ဆတူေရာေႏွာပါ။ ျပီးရင္မ်က္ႏွာေပၚသုတ္လိမ္းျပီး ၁၅ မိနစ္ထားဖုိ႔ပါပဲ။ ေရေႏြးေလးနဲ႔မ်က္ႏွာျပန္သစ္ေပးပါ။
တစ္ပတ္မွာ ၂ ၾကိမ္မွ ၃ ၾကိမ္ ျပဳလုပ္ေပးႏိုင္ပါတယ္ေနာ္။

ဒီနည္းလမ္းေလးေတြထဲက ကိုယ္နဲ႔အဆင္ေျပတဲ႔နည္းတစ္မ်ိဳးမ်ိဳးကို သံုးျပီး Treatment လုပ္ေပးပါ။ ဒီလို Treatment လုပ္တဲ႔အျပင္ကိုယ္သံုးေနက် Whitening Effect ပါတဲ႔ Skincare ကိုပံုမွန္သံုးေပးမယ္ဆုိရင္ အသားအေရကအျမန္ဆံုးၾကည္လင္ျဖဴစင္လာမွာပါ။ Body အတြက္လည္း ဒီနည္းေတြကို သံုးလုိ႔ရတယ္ေနာ္။ Body Lotion ေကာင္းေကာင္းေလးပံုမွန္လိမ္းေပးေပါ႔။

ဒီလို Treatment ေတြလုပ္တဲ႔အျပင္ Spa သြားျပီး Treatment ယူခ်င္ပါတယ္ဆုိရင္ေတာ႔ ဒီ Spa ေတြကို ေရြးခ်ယ္ႏိုင္ပါတယ္။ ေနေလာင္ျပီးပ်က္စီးေနတဲ႔ အသားအေရနဲ႔ဆံပင္အတြက္ အထူး Treatment ေတြေပးေနတဲ႔အျပင္ တခ်ိဳ႕ဆိုင္ေတြမွာဒီလကုန္အထိပရိုမိုးရွင္းေတြလည္းရွိေနပါတယ္ေနာ္။

1) Fancy House Beauty & Spa

fancy-house

fancy-house

ရန္ကုန္ရဲ႕နာမည္ၾကီး Fancy House Beauty & Spa မွာေတာ႔ ေနေလာင္ပ်က္စီးအသားအေရအတြက္အထူး Treatment ေတြနဲ႔ ပရိုမိုးရွင္းအစီအစဥ္ေတြရွိပါတယ္။ Body Scrub ၊ Oil Massage ၊ Mask ေတြအတြက္ ၁၀% Discount ျဖစ္ပါတယ္။
ဧျပီလ ၂၁ ရက္ေန႔ကေန ေမလ ၂၀ ရက္ေန႔အထိ ပရိုမိုးရွင္းခ်ထားပါတယ္။

ဆိုင္ဖြင္႔ခ်ိန္ – မနက္ ၉ မွ ည ၇ နာရီ

လိပ္စာ – အမွတ္(၅၆/ဘီ)၊ ကမၻာေအးဘုရားလမ္း။

ဖုန္း – 09 263 200 033

2) Inya Day Spa

Inya Day Spa

Inya Day Spa

ရန္ကုန္ရဲ႕ နာမည္ၾကီး Spa ေတြထဲမွာပါတဲ႔ Inya Day Spa မွာေတာ႔ Body Scrub၊ Body Mask ေတြကို ၁၀% ၂၀% Discount ေတြရွိတယ္လုိ႔သိရပါတယ္။
အင္းယားလမး္မွာရွိတဲ႔ဆုိင္အျပင္ Junction City, Wyne Hotel နဲ႔ Star Cityတုိ႔မွာလည္း ဒီပရိုမုိးရွင္းရွိေနမွာပါ။

ဆိုင္ဖြင္႔ခ်ိန္ – မနက္ ၁၀ နာရီမွ ည ၈ နာရီ

လိပ္စာ – ၁၆/၂ ၊ အင္းယားလမ္း၊ ရန္ကုန္။

ဖုန္း- 01 537 907

3) la source beauty spa

la source beauty spa

la source beauty spa

ေအးခ်မ္းဆိတ္ျငိမ္တဲ႔ ပတ္ဝန္းက်င္၊ ေမႊးပ် ံ႔ေနတဲ႔အခန္းေလးေတြ၊ တီးလံုးသံျငိမ္႔ျငိမ္႔ေလးနဲ႔စိတ္ေရာလူပါ အပန္းေျပသြားေစမယ္႔ la source beauty spa မွာလည္း Damaged Skin နဲ႔ဆံေကသာအတြက္ Treatment ေပးတဲ႔အထူးအစီအစဥ္ေတြရွိပါတယ္တဲ႔။

ဆိုင္ဖြင္႔ခ်ိန္ – မနက္ ၉နာရီမွ ည ၉နာရီ

လိပ္စာ – 12-E ၊အင္းယားလမ္း၊ ကမာရြတ္ျမိဳ႕နယ္။

ဖုန္း – (95-1) 512-380 / 526-653, 09445382186

4) Yangon Sanctuary Spa

Yangon Sanctuary Spa

Yangon Sanctuary Spa

ရန္ကုန္ရဲ႕ နာမည္ၾကီး Shopping Center ေတြမွာရွိျပီးသြားလာရအဆင္ေျပတဲ႔ Yangon Sanctuary Spa မွာေတာ႔ Damaged Skin ေတြအတြက္ Treatment ေတြရွိသလို ၅ ေသာင္းဖုိးသံုးရင္ ၅၀၀၀ ေလွ်ာ႔မယ္ပရိုမုိးရွင္းရွိပါတယ္။ ဒီလကုန္ထိပါတဲ႔ေနာ္။

ဆိုင္ဖြင္႔ခ်ိန္ – မနက္ ၁၀နာရီခြဲ မွ ည ၉ နာရီ

ဖုန္း – 09977803404 (Myanmar Plaza)
– 0931551844 (Taw Win Center)
– 09428937330 (City Mall St. John)

5) Creation Beauty & Spa

Creation Beauty & Spa

Creation Beauty & Spa

ေနေလာင္ဒဏ္ခံရျပီး ပ်က္စီးေနတဲ႔အသားအေရအတြက္Creation Beauty & Spa မွာအထူးသီးသန္႔ 3 in 1 package ရွိပါတယ္တဲ႔။

ဆိုင္ဖြင္႔ခ်ိန္ – မနက္ ၉ နာရီမွ ည ၉ နာရီ

လိပ္စာ – အမွတ္(၄၉၁/ေအ)၊ ရတနာလမ္း၊ ၁၁ရပ္ကြက္၊ ေမခလာခန္းမႏွင့္ ဧရာဝတီဘဏ္အနီး၊ ေတာင္ဥကၠလာ။

ဖုန္း – 09 43110673,09 798457069

အားလံုးပဲ အသားအေရေလးျမန္ျမန္ေကာင္းမြန္လွပျပီး စိတ္ေရာလူေရာအပန္းေျပပါေစလို႔ ဆုေတာင္းေပးပါတယ္ေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

နေလောင်ဒဏ်နဲ့ညိုညစ်သွားတဲ့အသားအရေအတွက် အကောင်းဆုံး Treatment နဲ့ Spa များ

စူးရှပူပြင်းလွန်းတဲ့ နေရောင်ခြည်ဒဏ်ကို ဒီရက်ပိုင်းပိုမိုခံစားလာရတယ်နော်။ သင်္ကြန်တုန်းကလည်း အပြင်ထွက်လည်ခဲ့တော့ အသားအရေက ပုံမှန်အသားအရေကိုပြန်ရဖို့ အားလုံးအချိန်ပေးပြီးပြန် Care လုပ်ဖြစ်နေမယ်ထင်ပါတယ်။ ဒီတော့ နေလောင်ညိုမည်းသွားတဲ့ ကိုယ့်အသားအရေလေးနဂိုအတိုင်းမြန်မြန်ပြန်ကောင်းဖို့ ဘယ်လိုထိရောက်တဲ့ နည်းတွေသုံးမလဲဆိုတာမျှဝေပေးချင်ပါသေးတယ်။ အိမ်မှာကိုယ်တိုင်ထိထိရောက်ရောက် Skincare မလုပ်ဖြစ်ဘူးဆိုရင်လည်း စိတ်ပူစရာတော့မရှိပါဘူး။ ရန်ကုန်ကနာမည်ကြီး Spa တွေမှာ နေလောင်ပျက်စီးအသားအရေနဲ့ ဆံပင်တွေအတွက် အထူး Treatment ပေးတဲ့အစီအစဉ်တွေရှိသလို ပရိုမိုးရှင်းတွေလည်းရှိတာမို့ Spa မှာ Treatment လုပ်ချင်သူတွေလည်းအဆင်ပြေပါတယ်။

နေလောင်ခဲ့ရင်

နေလောင်ခဲ့ရင် ချက်ချင်းဆိုသလိုလုပ်ဆောင်ရမယ့် အချက်တွေလည်းရှိပါတယ်။

-နေလောင်ဒဏ်ရာကို ရေအေးအေးနဲ့ပဲဆေးပါ။

-နွားနို့သန့်သန့်အေးအေးလေး ဒိန်ချဉ်အသန့်အေးအေးလေးတွေကပ်ပါ။ သခွားသီး၊အာလူးပြုတ်၊ အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်၊ ရှားစောင်းလက်ပတ် အတွင်းသားလေးတွေလည်း ကပ်ပေးနိုင်ပါတယ်။

-Mask ကပ်တာတွေ ချေးချွတ်တာတွေ မလုပ်ပါနဲ့ဦး။ အသားအရေအရမ်းတင်းနေရင် ဗီတာမင် E လေးလိမ်းပေးနိုင်ပါတယ်။

-တော်တော်ဆိုးဆိုးရွားရွား Sunburn ဖြစ်သွားရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်ဆေးသောက်ပေးနိုင်ပါတယ်။

အသားအရေပြန်လည်ကြည်စင်လာစေမယ့် Treatment

ဘယ်လောက်ပြီးညိုညစ်နေတဲ့အသားအရေဖြစ်ဖြစ် ဒီ Treatment ကိုမှန်မှန်လေးပြုလုပ်သွားမယ်ဆိုရင် အိုချိန်တိုအတွင်းမှာကြည်လင်ဖြူစင်တဲ့ အသားအရေကိုပြန်ရမှာအသေအချာပါ။ ဒါကြောင့်စမ်းကြည့်ပါဦးနော်။

နည်းလမ်း ၁

ပထမဆုံးအဆင့်အနေနဲ့ Oil Cleansing လုပ်ပါမယ်။ Oil Cleansing အတွက် Castor Oil နဲ့ Olive Oil တို့လိုပါတယ်။ Castor Oil ကို စူပါမားကက်တွေမှာဝယ်နိုင်ပါတယ်။

Olive Oil – ထမင်းစားဇွန်း ၁ ဇွန်း (သူကအသားအရေကိုသဘာဝအတိုင်းအစိုဓာတ်ဖြည့်ပေးပါတယ်)

Castor Oil – ထမင်းစားဇွန်း ၁ ဇွန်း (သူကတော့ အသားအရေပေါ်က အညိုအမည်းတွေကိုဖယ်ရှားပေးပါတယ်)
ကိုရောနှောပါ။

oils

-ဒီအရောအနှောကို မျက်နှာပြင်အနှံ့လိမ်းပြီးလက်ချောင်းလေးနဲ့ ၂ မိနစ်ခန့်ဖွဖွနှိပ်နယ်ပေးပါ။ အဆီရဲ့အာနိသင်တွေ အသားထဲစိမ့်ဝင်သွားပြီးချွေးပေါက်ထဲမှာရှိတဲ့အညစ်အကြေးတွေပျော်ဝင်လာစေဖို့ ဆယ်မိနစ်ခန့်ထားပါ။
ပြီးရင် ရေနွေးနွေးထဲကိုပဝါလေးနှစ်ပါ။ ရေညှစ်လိုက်ပါ။ ပဝါနွေးနွေးလေးရလာပြီဆိုရင် မျက်နှာနားကိုကပ်ပြီးအပူငွေ့ရအောင်လုပ်ပါ။ (မျက်နှာပေါ်တိုက်ရိုက်ကပ်လိုက်ဖို့ မလိုပါဘူးနော်)။ ဒီလိုအပူငွေ့ပေးတာက ချွေးပေါက်တွေပွင့်ပြီး မျက်နှာကအညစ်အကြေးတွေလွယ်လွယ်ပျော်ကျလာစေဖို့အတွက်ဖြစ်ပါတယ်။

warm towel

– ပဝါအပူနည်းနည်းလေးလျော့သွားပြီဆိုရင် ပဝါထောင့်လေးနဲ့ မျက်နှာပေါ်ကဆီတွေကိုသုတ်ပြီးဖယ်ရှားနိုင်ပါတယ်။
ဒီ Treatment ကို ၁၅ ရက်တစ်ကြိမ် လုပ်ပေးမယ်ဆိုရင် မျက်နှာအသားအရေကမြန်မြန် စိုပြည်ကြည်လင်လာတာကိုတွေ့ရမှာပါ။

နည်းလမ်း ၂

Lemon, Honey and Brown Sugar

lemon,honey,brown sugar scrub

ဒီနည်းလမ်းကတော့ အသားအရေကိုမြန်မြန်ချေးချွတ်ပြီးတောက်ပလာစေမယ့် နည်းလမ်းပါ။ ဒီ ၃ မျိုးကို စားပွဲတင်ဇွန်း ၁ ဇွန်းစာစီယူပြီးရောနှောပါ။ ဒီ Scrub ကိုယူပြီးမျက်နှာပေါ်မှာ ၅ မိနစ်မှ ၇ မိနစ်ခန့် သုတ်လိမ်းနှိပ်နယ်ပေးပါ။ ပြီးရင်တော့ ခြောက်သွေ့သွားအောင် ၅ မိနစ်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။ ဒီနည်းအတိုင်း တစ်ပတ်မှာ ၂ ကြိမ်ပြုလုပ်ပေးဖို့လိုပါတယ်။

နည်းလမ်း ၃

baking soda

ဒီနည်းကတော့ ပြုလုပ်ရလွယ်ကူမှာပါ။ အုန်းဆီနဲ့ Baking Soda ကို စားပွဲတင်ဇွန်း တစ်ဇွန်းဆီရောနှောပြီး မျက်နှာကိုလိမ်းဖို့ပါပဲ။ ၅ မိနစ်ပဲထားပြီးရေနွေးနွေးလေးနဲ့မျက်နှာသစ်ပါ။

မှတ်ချက်- Baking Soda က Sensitive Skin တွေနဲ့မတည့်တာမျိုးရှိတာမို့ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့သတိထားဖို့လိုပါတယ်။

နည်းလမ်း ၄

coffee scrub

ကော်ဖီမှုန့်နဲ့ အုန်းဆီကိုရောနှောတဲ့ Coffee Scrub ကလည်း အသားအရေကိုမြန်မြန်ကောင်းစေပါတယ်။ ကော်ဖီစေ့ကိုကြိတ်ထားတဲ့ ကော်ဖီမှုန့်ကြမ်းစစ်စစ်ရပြီဆိုရင် အုန်းဆီနဲ့ဆတူရောနှောပါ။ ပြီးရင်မျက်နှာပေါ်သုတ်လိမ်းပြီး ၁၅ မိနစ်ထားဖို့ပါပဲ။ ရေနွေးလေးနဲ့မျက်နှာပြန်သစ်ပေးပါ။
တစ်ပတ်မှာ ၂ ကြိမ်မှ ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်နော်။

ဒီနည်းလမ်းလေးတွေထဲက ကိုယ်နဲ့အဆင်ပြေတဲ့နည်းတစ်မျိုးမျိုးကို သုံးပြီး Treatment လုပ်ပေးပါ။ ဒီလို Treatment လုပ်တဲ့အပြင်ကိုယ်သုံးနေကျ Whitening Effect ပါတဲ့ Skincare ကိုပုံမှန်သုံးပေးမယ်ဆိုရင် အသားအရေကအမြန်ဆုံးကြည်လင်ဖြူစင်လာမှာပါ။ Body အတွက်လည်း ဒီနည်းတွေကို သုံးလို့ရတယ်နော်။ Body Lotion ကောင်းကောင်းလေးပုံမှန်လိမ်းပေးပေါ့။

ဒီလို Treatment တွေလုပ်တဲ့အပြင် Spa သွားပြီး Treatment ယူချင်ပါတယ်ဆိုရင်တော့ ဒီ Spa တွေကို ရွေးချယ်နိုင်ပါတယ်။ နေလောင်ပြီးပျက်စီးနေတဲ့ အသားအရေနဲ့ဆံပင်အတွက် အထူး Treatment တွေပေးနေတဲ့အပြင် တချို့ဆိုင်တွေမှာဒီလကုန်အထိပရိုမိုးရှင်းတွေလည်းရှိနေပါတယ်နော်။

1) Fancy House Beauty & Spa

fancy-house

fancy-house

ရန်ကုန်ရဲ့နာမည်ကြီး Fancy House Beauty & Spa မှာတော့ နေလောင်ပျက်စီးအသားအရေအတွက်အထူး Treatment တွေနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေရှိပါတယ်။ Body Scrub ၊ Oil Massage ၊ Mask တွေအတွက် ၁၀% Discount ဖြစ်ပါတယ်။
ဧပြီလ ၂၁ ရက်နေ့ကနေ မေလ ၂၀ ရက်နေ့အထိ ပရိုမိုးရှင်းချထားပါတယ်။

ဆိုင်ဖွင့်ချိန် – မနက် ၉ မှ ည ၇ နာရီ

လိပ်စာ – အမှတ်(၅၆/ဘီ)၊ ကမ္ဘာအေးဘုရားလမ်း။

ဖုန်း – 09 263 200 033

2) Inya Day Spa

Inya Day Spa

Inya Day Spa

ရန်ကုန်ရဲ့ နာမည်ကြီး Spa တွေထဲမှာပါတဲ့ Inya Day Spa မှာတော့ Body Scrub၊ Body Mask တွေကို ၁၀% ၂၀% Discount တွေရှိတယ်လို့သိရပါတယ်။
အင်းယားလမ်းမှာရှိတဲ့ဆိုင်အပြင် Junction City, Wyne Hotel နဲ့ Star Cityတို့မှာလည်း ဒီပရိုမိုးရှင်းရှိနေမှာပါ။

ဆိုင်ဖွင့်ချိန် – မနက် ၁၀ နာရီမှ ည ၈ နာရီ

လိပ်စာ – ၁၆/၂ ၊ အင်းယားလမ်း၊ ရန်ကုန်။

ဖုန်း- 01 537 907

3) la source beauty spa

la source beauty spa

la source beauty spa

အေးချမ်းဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်၊ မွှေးပျ ံ့နေတဲ့အခန်းလေးတွေ၊ တီးလုံးသံငြိမ့်ငြိမ့်လေးနဲ့စိတ်ရောလူပါ အပန်းပြေသွားစေမယ့် la source beauty spa မှာလည်း Damaged Skin နဲ့ဆံကေသာအတွက် Treatment ပေးတဲ့အထူးအစီအစဉ်တွေရှိပါတယ်တဲ့။

ဆိုင်ဖွင့်ချိန် – မနက် ၉နာရီမှ ည ၉နာရီ

လိပ်စာ – 12-E ၊အင်းယားလမ်း၊ ကမာရွတ်မြို့နယ်။

ဖုန်း – (95-1) 512-380 / 526-653, 09445382186

4) Yangon Sanctuary Spa

Yangon Sanctuary Spa

Yangon Sanctuary Spa

ရန်ကုန်ရဲ့ နာမည်ကြီး Shopping Center တွေမှာရှိပြီးသွားလာရအဆင်ပြေတဲ့ Yangon Sanctuary Spa မှာတော့ Damaged Skin တွေအတွက် Treatment တွေရှိသလို ၅ သောင်းဖိုးသုံးရင် ၅၀၀၀ လျှော့မယ်ပရိုမိုးရှင်းရှိပါတယ်။ ဒီလကုန်ထိပါတဲ့နော်။

ဆိုင်ဖွင့်ချိန် – မနက် ၁၀နာရီခွဲ မှ ည ၉ နာရီ

ဖုန်း – 09977803404 (Myanmar Plaza)
– 0931551844 (Taw Win Center)
– 09428937330 (City Mall St. John)

5) Creation Beauty & Spa

Creation Beauty & Spa

Creation Beauty & Spa

နေလောင်ဒဏ်ခံရပြီး ပျက်စီးနေတဲ့အသားအရေအတွက်Creation Beauty & Spa မှာအထူးသီးသန့် 3 in 1 package ရှိပါတယ်တဲ့။

ဆိုင်ဖွင့်ချိန် – မနက် ၉ နာရီမှ ည ၉ နာရီ

လိပ်စာ – အမှတ်(၄၉၁/အေ)၊ ရတနာလမ်း၊ ၁၁ရပ်ကွက်၊ မေခလာခန်းမနှင့် ဧရာဝတီဘဏ်အနီး၊ တောင်ဥက္ကလာ။

ဖုန်း – 09 43110673,09 798457069

အားလုံးပဲ အသားအရေလေးမြန်မြန်ကောင်းမွန်လှပပြီး စိတ်ရောလူရောအပန်းပြေပါစေလို့ ဆုတောင်းပေးပါတယ်နော်။

ဂျူဂျူး(Akhayar)

www.akhayar.com