[Zawgyi]

အေကာင္းဆုံး ျမန္မာ့ရုိးရာလက္ေဝွ႔သမား (၅) ဦး

ျမန္မာ့လက္ေဝွ႔ဟာ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ႏုိင္ငံတကာကုိ ထုိးေဖာက္ေနတယ္လုိ႔ သတ္မွတ္လုိ႔ရပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဂ်ပန္ႏုိင္ငံ ၊ ထုိင္းႏုိင္ငံမွာေတာင္ ရုိးရာလက္ေဝွ႔ပြဲေတြ က်င္းပလာႏုိင္တဲ့အထိ သက္ေရာက္မႈရွိခဲ့သလုိ ႏုိင္ငံတကာအဆင့္မီ ကုိယ္ခံပညာရွင္ေတြကလည္း ရုိးရာလက္ေဝွ႔ကုိ ေျမစမ္းခရမ္းပ်ိဳး ထုိးသတ္ေနၾကတာေၾကာင့္ပါ။ အခုတစ္ပတ္မွာေတာ့ ရုိးရာလက္ေဝွ႔ေလာကမွာ အေကာင္းဆုံးလုိ႔ သတ္မွတ္ရတဲ့ ကစားသမား (၅) ဦးကုိ ေဖာ္ျပလုိက္ပါတယ္။

(၅) ေစာေဂၚမူဒုိ

ေစာေဂၚမူဒုိဟာ ျမန္မာျပည္အလြတ္တန္းခ်န္ပီယံေဟာင္း လုံးေခ်ာရဲ႕ တပည့္ရင္းျဖစ္ၿပီး  ထြန္းထြန္းမင္းကုိ ပထမဆုံးစိန္ေခၚထုိးသတ္ဖူးခဲ့သူလည္း ျဖစ္ပါတယ္။ ထြန္းထြန္းမင္းရဲ႕ အေကာင္းဆုံးအခ်ိန္မွာေတာင္ စိန္ေခၚရဲတဲ့ ပထမဆုံးလက္ေဝွ႔ေက်ာ္ျဖစ္ပါတယ္။ ထြန္းထြန္မင္းကုိ ရွံဴးနိမ့္ၿပီးေနာက္ပုိင္း လက္ရည္သိသိသာသာ တုိးတက္လာသူ ျဖစ္ပါတယ္။ ၂ဝ၁၆ခုႏွစ္ ေအာက္တုိဘာလ (၉) ရက္ေန႔တုန္းက ဖ်ံေသြးကုိ ရႈံးနိမ့္ခဲ့ေပမယ့္ ၂ဝ၁၇ခုႏွစ္ ဒီဇင္ဘာလ (၁ဝ) ရက္ေန႔မွာေတာ့ အစီးသေရရေအာင္ ထုိးသတ္ႏုိင္ခဲ့ပါတယ္။ ေစာေဂၚမူဒုိဟာ အရပ္ ၅ေပ၇လက္မ (ခန္႔) ႏွင့္ ကုိယ္အေလးခ်ိန္ ၇၁ကီလုိဂရမ္ (ဝန္းက်င္) ရွိသူလည္းျဖစ္ပါတယ္။

 ေစာေဂၚမူဒုိ

ေစာေဂၚမူဒုိ

(၄) ဖ်ံေသြး

ဖ်ံေသြးဟာ ၂ဝ၁၅ခုႏွစ္ ၇၁ကီလုိတန္းေရႊခါးပတ္ခ်န္ပီယံရရွိတဲ့အခ်ိန္ကစၿပီး နာမည္ေက်ာ္လာတဲ့ကစားသမားျဖစ္ပါတယ္။ ဝါရင့္ကစားသမားေတြျဖစ္တဲ့ ေစာေဂၚမူဒုိ ၊ သေျပညိဳတုိ႔ကုိ အလဲထိုးအႏုိင္ယူလုိက္ၿပီး ၂ဝ၁၇ခုႏွစ္ မတ္လ (၂၆) ေန႔မွာ ပထမတန္းလက္ေဝွ႔ေက်ာ္ စုိးလင္းဦးနဲ႔ လက္ရည္တူထုိးသတ္ႏုိင္ခဲ့ၿပီး ထိပ္တန္းကစားသမားျဖစ္ေၾကာင္း သက္ေသျပႏုိင္ခဲ့ပါတယ္။ အသက္အရြယ္ငယ္ေသးေပမယ့္ နည္းစနစ္ေကာင္းမြန္မႈ၊ လက္သီးျပင္းထန္မႈတုိ႔ေၾကာင့္ အလားအလာေကာင္းတဲ့ လက္ေဝွ႔ေက်ာ္ျဖစ္ပါတယ္။ ဘယ္လုိပဲဆုိပါေစ၊ ဖ်ံေသြးဟာ တူးတူး၊ ထြန္းထြန္းမင္းစတဲ့ ထိပ္တန္းလက္ေဝွ႔ေက်ာ္ေတြနဲ႔ မထုိးဖူးေသးတဲ့အတြက္ နံပါတ္ (၄) မွာပဲ သတ္မွတ္ထားပါတယ္။ ဖ်ံေသြးဟာ အရပ္ ၅ေပ၅လက္မ (ဝန္းက်င္) နဲ႔ ကုိယ္အေလးခ်ိန္ ၇ဝကီလုိဂရမ္ရွိပါတယ္။

ဖ်ံေသြး

ဖ်ံေသြး

(၃) စုိးလင္းဦး

စုိးလင္းဦးဟာ လက္ေဝွ႔ထုိးသတ္ရာမွာ အေစာပုိင္းအခ်ီေတြမွာ ေသြးေအးေလ့ရွိၿပီး ေနာက္ပုိင္းေရာက္တာနဲ႔ တုိက္စစ္အားသန္လာတဲ့သူ ျဖစ္ပါတယ္။ သက္လုံေကာင္းမြန္မႈ ၊ ခံႏုိင္ရည္ေကာင္းမႈ၊ အၿမဲမပ်တ္ေလ့က်င့္မႈေတြဟာ ျပည္သူ႕အခ်စ္ေတာ္စုိးလင္းဦးရဲ႕ မဟာအားသာခ်က္ျဖစ္ၿပီး အျမင့္ကန္ခ်က္လုံးဝ မသုံးတတ္တာေတြနဲ႔ သက္ကြက္မစုံတာက အားနည္းခ်က္ျဖစ္ပါတယ္။ မာဂုဏ္ျမင့္မႈတုိ႔ေၾကာင့္ သံမဏိစတားလုိ႔ တင္စားၾကတဲ့အျပင္ စိတ္သေဘာထားျဖဴစင္မႈ ၊ ရုိးသားေအးေဆးမႈတုိ႔ေၾကာင့္ လူခ်စ္လူခင္မ်ားတဲ့ ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ ေမြထုိင္းခ်န္ပီယံ Iquezang ကုိ အလဲထုိးအႏုိင္ယူခဲ့ၿပီး ထုိင္းကစားသမားေတြအတြက္ အိပ္မက္ဆုိးျဖစ္လာခဲ့ပါတယ္။

တျခားၿပိဳင္ဘက္မ်ားႏွင့္ ႏႈိင္းယွဥ္ရင္ သက္ကြက္စုံလင္မႈ ႏွင့္ ဝိတ္တန္းပုိင္းတုိ႔မွာ အားနည္းခ်က္ေတြ ရွိေပမယ့္လည္း ေလ့က်င့္မႈပုိင္းမွာ အားသာတဲ့အတြက္ နံပါတ္ (၃) ေနရာမွာ ရပ္တည္ေနျခင္းျဖစ္ပါတယ္။ လက္ရွိ အရပ္ ၅ေပ၈လက္မ (ဝန္းက်င္) နဲ႔ ကုိယ္အေလးခ်ိန္မွာ ၆၈ကီလုိဂရမ္ (ဝန္းက်င္) ရွိပါတယ္။

စုိးလင္းဦး

စုိးလင္းဦး

(၂) တူးတူး

တူးတူးကေတာ့ လက္ေဝွ႔ထုိးသတ္ရာမွာ ေသြးေအးတဲ့ ကစားသမားျဖစ္ၿပီး တန္ျပန္တုိက္စစ္ေကာင္းမြန္မႈ ၊ နည္းစနစ္ေကာင္းမြန္မႈနဲ႔ လက္သီးျပင္းအားတုိ႔ေၾကာင့္ ထိပ္တန္းကစားသမားျဖစ္ေနတာပါ။ သူဟာ World Lethwei Championship (WLC) ရဲ႕ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံလည္း ျဖစ္ပါတယ္။ သတ္လုံးသတ္ကြက္ စုံလင္ေပမယ့္ ေနာက္ပုိင္းအခ်ီေတြမွာ အေမာမခံႏုိင္တဲ့အတြက္ ေဝဖန္မႈမ်ားေနတဲ့ ကစားသမားပဲျဖစ္ပါတယ္။ တူးတူးဟာ အရပ္ ၅ေပ၉လက္မ (ဝန္းက်င္) ရွိၿပီး ကုိယ္အေလးခ်ိန္မွာ ၇၅ကီလုိဂရမ္ (ဝန္းက်င္) ျဖစ္ပါတယ္။

တူးတူး

တူးတူး

(၁) Dave Leduc (ေဒဝ)

Dave Leduc (ေဒဝ) ဟာ ျမန္မာ့လက္ေဝွ႔ကမၻာ့ခ်န္ပီယံျဖစ္ပါတယ္။ Dave Leduc (ေဒဝ) ကုိ ျမန္မာပရိသတ္ေတြ သတိထားမိတာက Myanmar Lethwei World Championship (MLWC) ရဲ႕ ၇၅ ကီလုိတန္းဗုိလ္လုပြဲမွာပါ။ လက္ရည္ေကာင္းလွပါတယ္လုိ႔ သတ္မွတ္ထားၾကတဲ့ တူးတူးကုိ အစီးသေရထုိးသတ္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ေမတၱာကုိ ခံယူႏုိင္ခဲ့ပါတယ္။ တူးတူးကုိ အစီးသေရထုိးသတ္ႏုိင္ခဲ့တဲ့အတြက္ ပြဲစီစဥ္သူေတြက ျမန္မာ့လက္ေဝွ႔အလြတ္တန္းခ်န္ပီယံ ထြန္းထြန္းမင္းနဲ႔ ၂ဝ၁၆ခုႏွစ္ ေအာက္တုိဘာလ (၉) ရက္ေန႔မွာ ယွဥ္ၿပိဳင္ေစပါတယ္။ သေရရလဒ္သာ ထြက္ေပၚခဲ့ေပမယ့္ ပရိသတ္ေတြ ႏွစ္သက္ၾကလုိ႔ ဒီဇင္ဘာလ (၁၁) ရက္ေန႔မွာ ဒုတိယအႀကိမ္ထုိးသတ္ၾကရာမွာ တတိယအခ်ီမွာပဲ အႏုိင္ရခဲ့ၿပီး ျမန္မာ့လက္ေဝွ႔အလြတ္တန္းခ်န္ပီယံျဖစ္လာခဲ့ပါတယ္။

(Dave Leduc (ေဒဝ) ဟာ Air KBZ ေအာင္လံသာ ရခဲ့ၿပီး ျမန္မာျပည္အလြတ္တန္းခ်န္ပီယံအျဖစ္ တခ်ိဳ႕ေတြက မသတ္မွတ္ၾကပါဘူး။) ဒါေပမယ့္ သူဟာ MLWC နဲ႔ International Lethwei Federation Japan (ILFJ) တုိ႔ရဲ႕  ျမန္မာ့လက္ေဝွ႔ကမၻာ့ခ်န္ပီယံျဖစ္ပါတယ္။ ဒါ့အျပင္ ၂ဝ၁၈ခုႏွစ္ ၾသဂုတ္လ (၁၉) ရက္ေန႔မွာ ထုိင္းလက္ေဝွ႔ေက်ာ္ Diesellek ကုိ ပထမအခ်ီမွာပဲ အလဲထုိးႏုိင္ၿပီး MLWC ရဲ႕ျမန္မာ့လက္ေဝွ႔ကမၻာ့ခ်န္ပီယံျဖစ္လာပါတယ္။ အရပ္ ၆ေပ၂လက္မရွိၿပီး ကုိယ္အေလးခ်ိန္ ၈ဝကီလုိဂရမ္ရွိပါတယ္။

Dave Leduc (ေဒဝ)

Dave Leduc (ေဒဝ)

တူးတူးဟာ WLC ရဲ႕ကမၻာ့ခ်န္ပီယံျဖစ္သလို Dave Leduc (ေဒဝ) ဟာ WLWC နဲ႔ ILFJ တုိ႔ရဲ႕ ကမၻာ့ခ်န္ပီယံျဖစ္ပါတယ္။ ကမၻာႏွစ္လုံး ဘယ္သူက ပုိႀကီးသလဲလုိ႔ ေမးစရာရွိပါတယ္။ တကယ္ေတာ့ ကမၻာကေတာ့ အတူတူပါပဲ။ ေဘာက္ဆင္မွာလည္း WBA ၊ WBO ၊ WBC နဲ႔ IBF တုိ႔လုိ အဖြဲ႕အစည္းေတြက ကမၻာ့ခ်န္ပီယံေတြ ေပးေနတာပါပဲ။ Dave Leduc (ေဒဝ) ဟာ တူးတူးကုိ အစီးသေရထုိးဖူးတာေၾကာင့္ ဒီစာရင္းမွာ နံပါတ္ (၁) ျဖစ္ေနတာပါ။

အေကာင္းဆုံးကစားသမား (၅) ဦးစာရင္းထဲမွာ ထြန္းထြန္းမင္းကုိ ထည့္မထားတဲ့အတြက္ ပရိသတ္တခ်ိဳ႕က သေဘာထားကြဲလြဲႏုိင္ပါတယ္။ ၂ဝ၁၇ခုႏွစ္ မတ္လ (၃) ရက္ေန႔မွာ နီကုိးလပ္စ္ ကာတာ (Nicholas Carter) ကုိ အႏုိင္ယူခဲ့တဲ့ပြဲအၿပီးမွာ ဒဏ္ရာျပႆနာေၾကာင့္ အနားယူခဲ့ရပါတယ္။ ၂ဝ၁၈ခုႏွစ္ ဇူလုိင္လ (၂၂) ရက္တုန္းက ေမြထုိင္းထိပ္သီး ဆုိင္းေယာ့ (Saiyok) နဲ႔ ထုိးသတ္ခဲ့တဲ့အခါမွာလည္း ပုံမွန္လက္စြမ္းေပ်ာက္ဆုံးခဲ့တဲ့အျပင္ ကြန္ဂုိလက္ေဝွ႔သမား Lokuku နဲ႔ ထုိးသတ္တုန္းကလည္း အစီးသေရသာ ထုိးသတ္ႏုိင္ခဲ့တဲ့အတြက္ ဒီစာရင္းမွာ ဖယ္ထားတာျဖစ္ပါတယ္။

ထြန္းထြန္းမင္းဟာ တစ္ႏွစ္ေက်ာ္အနားယူၿပီး ျပန္ကစားတဲ့အခ်ိန္မွာ ေျခကန္ခ်က္အားနည္းသြားျခင္း၊ ယုံၾကည္မႈေပ်ာက္ဆုံးသြားျခင္းနဲ႔ ပြဲသိမ္းတုိက္ကြက္ေပ်ာက္ဆုံးေနျခင္းေၾကာင့္ ဒီစာရင္းမွာ ယာယီဖယ္ထုတ္ထားတာပါ။ (အခရာရဲ႕သီးသန္႔အျမင္ကုိသာ ေဖာ္ျပထားတဲ့အတြက္ ပရိသတ္အျမင္ေတြနဲ႔ လြဲေကာင္းလြဲႏုိင္ပါေသးတယ္။)

ေသြးသစ္ဝင္းလႈိင္၊ ေစာဘဦး၊ ရာမာန္နဲ႔ သေျပညိဳနဲ႔ ေသြးသစ္ေအာင္တုိ႔လုိ ကစားသမားေတြက ဒီစာရင္းမွာ မပါေသးေပမယ့္ ၿခိမ္းေျခာက္ဖြယ္ရွိတဲ့ ကစားသမားေတြပါ။ ဒါေပမယ့္ ၂ဝ၁၇ခုႏွစ္အတြင္းမွာ သိသိသာသာ တုိးတက္လာတဲ့ကစားသမားက ရာမာန္ပဲျဖစ္ပါတယ္။ ကဲ . . . အႀကိဳက္ဆုံးလက္ေဝွ႔သမားကုိ ေရးသြားေပးၾကပါလား။

မွတ္ခ်က္ ။  ။ အခုေဆာင္းပါးမွာ အသုံးျပဳထားတဲ့ ပုံရိပ္မ်ားဟာ သက္ဆုိင္ရာမီဒီယာေတြမွာသာ ပုိင္ဆုိင္ပါတယ္။ Credit ေပးပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အကောင်းဆုံး မြန်မာ့ရိုးရာလက်ဝှေ့သမား (၅) ဦး

မြန်မာ့လက်ဝှေ့ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ နိုင်ငံတကာကို ထိုးဖောက်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်နိုင်ငံ ၊ ထိုင်းနိုင်ငံမှာတောင် ရိုးရာလက်ဝှေ့ပွဲတွေ ကျင်းပလာနိုင်တဲ့အထိ သက်ရောက်မှုရှိခဲ့သလို နိုင်ငံတကာအဆင့်မီ ကိုယ်ခံပညာရှင်တွေကလည်း ရိုးရာလက်ဝှေ့ကို မြေစမ်းခရမ်းပျိုး ထိုးသတ်နေကြတာကြောင့်ပါ။ အခုတစ်ပတ်မှာတော့ ရိုးရာလက်ဝှေ့လောကမှာ အကောင်းဆုံးလို့ သတ်မှတ်ရတဲ့ ကစားသမား (၅) ဦးကို ဖော်ပြလိုက်ပါတယ်။

(၅) စောဂေါ်မူဒို

စောဂေါ်မူဒိုဟာ မြန်မာပြည်အလွတ်တန်းချန်ပီယံဟောင်း လုံးချောရဲ့ တပည့်ရင်းဖြစ်ပြီး  ထွန်းထွန်းမင်းကို ပထမဆုံးစိန်ခေါ်ထိုးသတ်ဖူးခဲ့သူလည်း ဖြစ်ပါတယ်။ ထွန်းထွန်းမင်းရဲ့ အကောင်းဆုံးအချိန်မှာတောင် စိန်ခေါ်ရဲတဲ့ ပထမဆုံးလက်ဝှေ့ကျော်ဖြစ်ပါတယ်။ ထွန်းထွန်မင်းကို ရှူံးနိမ့်ပြီးနောက်ပိုင်း လက်ရည်သိသိသာသာ တိုးတက်လာသူ ဖြစ်ပါတယ်။ ၂ဝ၁၆ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တုန်းက ဖျံသွေးကို ရှုံးနိမ့်ခဲ့ပေမယ့် ၂ဝ၁၇ခုနှစ် ဒီဇင်ဘာလ (၁ဝ) ရက်နေ့မှာတော့ အစီးသရေရအောင် ထိုးသတ်နိုင်ခဲ့ပါတယ်။ စောဂေါ်မူဒိုဟာ အရပ် ၅ပေ၇လက်မ (ခန့်) နှင့် ကိုယ်အလေးချိန် ၇၁ကီလိုဂရမ် (ဝန်းကျင်) ရှိသူလည်းဖြစ်ပါတယ်။

 စောဂေါ်မူဒို

စောဂေါ်မူဒို

(၄) ဖျံသွေး

ဖျံသွေးဟာ ၂ဝ၁၅ခုနှစ် ၇၁ကီလိုတန်းရွှေခါးပတ်ချန်ပီယံရရှိတဲ့အချိန်ကစပြီး နာမည်ကျော်လာတဲ့ကစားသမားဖြစ်ပါတယ်။ ဝါရင့်ကစားသမားတွေဖြစ်တဲ့ စောဂေါ်မူဒို ၊ သပြေညိုတို့ကို အလဲထိုးအနိုင်ယူလိုက်ပြီး ၂ဝ၁၇ခုနှစ် မတ်လ (၂၆) နေ့မှာ ပထမတန်းလက်ဝှေ့ကျော် စိုးလင်းဦးနဲ့ လက်ရည်တူထိုးသတ်နိုင်ခဲ့ပြီး ထိပ်တန်းကစားသမားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ အသက်အရွယ်ငယ်သေးပေမယ့် နည်းစနစ်ကောင်းမွန်မှု၊ လက်သီးပြင်းထန်မှုတို့ကြောင့် အလားအလာကောင်းတဲ့ လက်ဝှေ့ကျော်ဖြစ်ပါတယ်။ ဘယ်လိုပဲဆိုပါစေ၊ ဖျံသွေးဟာ တူးတူး၊ ထွန်းထွန်းမင်းစတဲ့ ထိပ်တန်းလက်ဝှေ့ကျော်တွေနဲ့ မထိုးဖူးသေးတဲ့အတွက် နံပါတ် (၄) မှာပဲ သတ်မှတ်ထားပါတယ်။ ဖျံသွေးဟာ အရပ် ၅ပေ၅လက်မ (ဝန်းကျင်) နဲ့ ကိုယ်အလေးချိန် ၇ဝကီလိုဂရမ်ရှိပါတယ်။

ဖျံသွေး

ဖျံသွေး

(၃) စိုးလင်းဦး

စိုးလင်းဦးဟာ လက်ဝှေ့ထိုးသတ်ရာမှာ အစောပိုင်းအချီတွေမှာ သွေးအေးလေ့ရှိပြီး နောက်ပိုင်းရောက်တာနဲ့ တိုက်စစ်အားသန်လာတဲ့သူ ဖြစ်ပါတယ်။ သက်လုံကောင်းမွန်မှု ၊ ခံနိုင်ရည်ကောင်းမှု၊ အမြဲမပျတ်လေ့ကျင့်မှုတွေဟာ ပြည်သူ့အချစ်တော်စိုးလင်းဦးရဲ့ မဟာအားသာချက်ဖြစ်ပြီး အမြင့်ကန်ချက်လုံးဝ မသုံးတတ်တာတွေနဲ့ သက်ကွက်မစုံတာက အားနည်းချက်ဖြစ်ပါတယ်။ မာဂုဏ်မြင့်မှုတို့ကြောင့် သံမဏိစတားလို့ တင်စားကြတဲ့အပြင် စိတ်သဘောထားဖြူစင်မှု ၊ ရိုးသားအေးဆေးမှုတို့ကြောင့် လူချစ်လူခင်များတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ မွေထိုင်းချန်ပီယံ Iquezang ကို အလဲထိုးအနိုင်ယူခဲ့ပြီး ထိုင်းကစားသမားတွေအတွက် အိပ်မက်ဆိုးဖြစ်လာခဲ့ပါတယ်။

တခြားပြိုင်ဘက်များနှင့် နှိုင်းယှဉ်ရင် သက်ကွက်စုံလင်မှု နှင့် ဝိတ်တန်းပိုင်းတို့မှာ အားနည်းချက်တွေ ရှိပေမယ့်လည်း လေ့ကျင့်မှုပိုင်းမှာ အားသာတဲ့အတွက် နံပါတ် (၃) နေရာမှာ ရပ်တည်နေခြင်းဖြစ်ပါတယ်။ လက်ရှိ အရပ် ၅ပေ၈လက်မ (ဝန်းကျင်) နဲ့ ကိုယ်အလေးချိန်မှာ ၆၈ကီလိုဂရမ် (ဝန်းကျင်) ရှိပါတယ်။

စိုးလင်းဦး

စိုးလင်းဦး

(၂) တူးတူး

တူးတူးကတော့ လက်ဝှေ့ထိုးသတ်ရာမှာ သွေးအေးတဲ့ ကစားသမားဖြစ်ပြီး တန်ပြန်တိုက်စစ်ကောင်းမွန်မှု ၊ နည်းစနစ်ကောင်းမွန်မှုနဲ့ လက်သီးပြင်းအားတို့ကြောင့် ထိပ်တန်းကစားသမားဖြစ်နေတာပါ။ သူဟာ World Lethwei Championship (WLC) ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလည်း ဖြစ်ပါတယ်။ သတ်လုံးသတ်ကွက် စုံလင်ပေမယ့် နောက်ပိုင်းအချီတွေမှာ အမောမခံနိုင်တဲ့အတွက် ဝေဖန်မှုများနေတဲ့ ကစားသမားပဲဖြစ်ပါတယ်။ တူးတူးဟာ အရပ် ၅ပေ၉လက်မ (ဝန်းကျင်) ရှိပြီး ကိုယ်အလေးချိန်မှာ ၇၅ကီလိုဂရမ် (ဝန်းကျင်) ဖြစ်ပါတယ်။

တူးတူး

တူးတူး

(၁) Dave Leduc (ဒေဝ)

Dave Leduc (ဒေဝ) ဟာ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံဖြစ်ပါတယ်။ Dave Leduc (ဒေဝ) ကို မြန်မာပရိသတ်တွေ သတိထားမိတာက Myanmar Lethwei World Championship (MLWC) ရဲ့ ၇၅ ကီလိုတန်းဗိုလ်လုပွဲမှာပါ။ လက်ရည်ကောင်းလှပါတယ်လို့ သတ်မှတ်ထားကြတဲ့ တူးတူးကို အစီးသရေထိုးသတ်ခဲ့ပြီး ပရိသတ်တွေရဲ့မေတ္တာကို ခံယူနိုင်ခဲ့ပါတယ်။ တူးတူးကို အစီးသရေထိုးသတ်နိုင်ခဲ့တဲ့အတွက် ပွဲစီစဉ်သူတွေက မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနဲ့ ၂ဝ၁၆ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှာ ယှဉ်ပြိုင်စေပါတယ်။ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပေမယ့် ပရိသတ်တွေ နှစ်သက်ကြလို့ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ဒုတိယအကြိမ်ထိုးသတ်ကြရာမှာ တတိယအချီမှာပဲ အနိုင်ရခဲ့ပြီး မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံဖြစ်လာခဲ့ပါတယ်။

(Dave Leduc (ဒေဝ) ဟာ Air KBZ အောင်လံသာ ရခဲ့ပြီး မြန်မာပြည်အလွတ်တန်းချန်ပီယံအဖြစ် တချို့တွေက မသတ်မှတ်ကြပါဘူး။) ဒါပေမယ့် သူဟာ MLWC နဲ့ International Lethwei Federation Japan (ILFJ) တို့ရဲ့  မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံဖြစ်ပါတယ်။ ဒါ့အပြင် ၂ဝ၁၈ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့မှာ ထိုင်းလက်ဝှေ့ကျော် Diesellek ကို ပထမအချီမှာပဲ အလဲထိုးနိုင်ပြီး MLWC ရဲ့မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံဖြစ်လာပါတယ်။ အရပ် ၆ပေ၂လက်မရှိပြီး ကိုယ်အလေးချိန် ၈ဝကီလိုဂရမ်ရှိပါတယ်။

Dave Leduc (ဒေဝ)

Dave Leduc (ဒေဝ)

တူးတူးဟာ WLC ရဲ့ကမ္ဘာ့ချန်ပီယံဖြစ်သလို Dave Leduc (ဒေဝ) ဟာ WLWC နဲ့ ILFJ တို့ရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ပါတယ်။ ကမ္ဘာနှစ်လုံး ဘယ်သူက ပိုကြီးသလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ ကမ္ဘာကတော့ အတူတူပါပဲ။ ဘောက်ဆင်မှာလည်း WBA ၊ WBO ၊ WBC နဲ့ IBF တို့လို အဖွဲ့အစည်းတွေက ကမ္ဘာ့ချန်ပီယံတွေ ပေးနေတာပါပဲ။ Dave Leduc (ဒေဝ) ဟာ တူးတူးကို အစီးသရေထိုးဖူးတာကြောင့် ဒီစာရင်းမှာ နံပါတ် (၁) ဖြစ်နေတာပါ။

အကောင်းဆုံးကစားသမား (၅) ဦးစာရင်းထဲမှာ ထွန်းထွန်းမင်းကို ထည့်မထားတဲ့အတွက် ပရိသတ်တချို့က သဘောထားကွဲလွဲနိုင်ပါတယ်။ ၂ဝ၁၇ခုနှစ် မတ်လ (၃) ရက်နေ့မှာ နီကိုးလပ်စ် ကာတာ (Nicholas Carter) ကို အနိုင်ယူခဲ့တဲ့ပွဲအပြီးမှာ ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရပါတယ်။ ၂ဝ၁၈ခုနှစ် ဇူလိုင်လ (၂၂) ရက်တုန်းက မွေထိုင်းထိပ်သီး ဆိုင်းယော့ (Saiyok) နဲ့ ထိုးသတ်ခဲ့တဲ့အခါမှာလည်း ပုံမှန်လက်စွမ်းပျောက်ဆုံးခဲ့တဲ့အပြင် ကွန်ဂိုလက်ဝှေ့သမား Lokuku နဲ့ ထိုးသတ်တုန်းကလည်း အစီးသရေသာ ထိုးသတ်နိုင်ခဲ့တဲ့အတွက် ဒီစာရင်းမှာ ဖယ်ထားတာဖြစ်ပါတယ်။

ထွန်းထွန်းမင်းဟာ တစ်နှစ်ကျော်အနားယူပြီး ပြန်ကစားတဲ့အချိန်မှာ ခြေကန်ချက်အားနည်းသွားခြင်း၊ ယုံကြည်မှုပျောက်ဆုံးသွားခြင်းနဲ့ ပွဲသိမ်းတိုက်ကွက်ပျောက်ဆုံးနေခြင်းကြောင့် ဒီစာရင်းမှာ ယာယီဖယ်ထုတ်ထားတာပါ။ (အခရာရဲ့သီးသန့်အမြင်ကိုသာ ဖော်ပြထားတဲ့အတွက် ပရိသတ်အမြင်တွေနဲ့ လွဲကောင်းလွဲနိုင်ပါသေးတယ်။)

သွေးသစ်ဝင်းလှိုင်၊ စောဘဦး၊ ရာမာန်နဲ့ သပြေညိုနဲ့ သွေးသစ်အောင်တို့လို ကစားသမားတွေက ဒီစာရင်းမှာ မပါသေးပေမယ့် ခြိမ်းခြောက်ဖွယ်ရှိတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် ၂ဝ၁၇ခုနှစ်အတွင်းမှာ သိသိသာသာ တိုးတက်လာတဲ့ကစားသမားက ရာမာန်ပဲဖြစ်ပါတယ်။ ကဲ . . . အကြိုက်ဆုံးလက်ဝှေ့သမားကို ရေးသွားပေးကြပါလား။

မှတ်ချက် ။  ။ အခုဆောင်းပါးမှာ အသုံးပြုထားတဲ့ ပုံရိပ်များဟာ သက်ဆိုင်ရာမီဒီယာတွေမှာသာ ပိုင်ဆိုင်ပါတယ်။ Credit ပေးပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com