[Zawgyi]

အေမမ်ားေန႔မွာ ေမေမ့ကို ဒီစကားေလးေတြ ေျပာျဖစ္ေအာင္ေျပာေပးပါ

လူသားေတြအားလံုး လူ႕ေလာကထဲမွာရွင္သန္ၾကီးျပင္းလားႏိုင္ေအာင္ ေမြးထုတ္ေပးလာခဲ့တဲ့ အသက္သခင္ေက်းဇူးရွင္က မိခင္ပဲျဖစ္ပါတယ္။ အားႏြဲ႔လြန္းတယ္လုိ႔ဆုိေနၾကတဲ႔ မိန္းမသားေတြဟာ မိခင္ျဖစ္လာခ်ိန္မွာေတာ႔ စိတ္ဓာတ္အၾက႕ံခိုင္ဆံုးေသာ အမ်ိဳးသမီးေတြျဖစ္လာၾကပါတယ္။ ဒီမိန္းမသားေတြက မိခင္စိတ္ျဖစ္တည္လာၿပီဆိုရင္ သာမန္စိတ္ဓာတ္ၾကံ႕ခိုင္တာထက္ အဆေပါင္းမ်ားစြာပိုျပီး ၾက ႔ံခိုင္လာၾကတာပါ။ ကိုယ့္ကို လူတစ္လံုးသူတစ္လံုးျဖစ္ေအာင္ပ်ိဳးေထာင္ေပးလာခဲ့တဲ့ အလြန္အင္မတန္မွ စိတ္ဓာတ္ၾကံ႕ခိုင္လြန္းတဲ့ ေမေမတုိ႔ရဲ႕မိခင္ေမတၱာကိုထာဝရ အသိအမွတ္ျပဳေပးသင့္တယ္မဟုတ္ပါလား။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

မိဘနဲ႔သားသမီးၾကားမွာ မျပတ္ႏိုင္တဲ႔ခ်စ္ျခင္းတရားေတြရွိၾကေပမယ္႔ ဒီခ်စ္ျခင္းေမတၱာကိုထုတ္ေဖာ္ျပဖို႔ ခ်စ္ေၾကာင္းထုတ္ေျပာဖုိ႔ကုိေတာ႔ ဝန္ေလးေနတတ္ၾကပါတယ္။ ဒါေပမဲ႔ Mother’s Day ေလးမွာေတာ႔ ကိုယ္႔ေမေမကိုဘယ္ေလာက္ခ်စ္ေၾကာင္း ႏႈတ္နဲ႔ေရာ အမူအရာနဲ႔ပါ သက္ေသျပႏိုင္တဲ႔ေန႔ရက္ေလးပါပဲ။ ဘယ္လိုစကားလံုးေတြကို ေရြးခ်ယ္ရမယ္မွန္းမသိခဲ့ရင္ ကြ်န္မအေနနဲ႔ ေမေမေၾကာင့္ဘယ္ေလာက္အထိ တိုးတက္လာခဲ့ရတယ္ဆိုတဲ့စကားေလးေတြ၊ ေမေမ ယံုၾကည္ေအာင္ႀကိဳးစားျပမယ့္ သားသမီးရတနာေကာင္းေလးမ်ားအျဖစ္ရပ္တည္သြားမယ္ဆိုတာကို နက္နက္ရိႈင္းရိႈင္းေဖာ္ျပေပးနိုင္မယ့္ စကားေလးေတြကို အၾကံအဉာဏ္ေပးသြားမွာျဖစ္ပါတယ္။

Mother's Day

Mother’s Day

“A mother’s arms are made of tenderness and children sleep soundly in them.”

ဒီစာေလးကေတာ့ မိခင္ေမတၱာဘယ္ေလာက္တန္ဖိုးရွိတယ္ဆိုတာကို ခိုင္းႏိႈင္းျပထားတာျဖစ္ပါတယ္။ အႏၱရာယ္မွန္သမွ်ကိုဖယ္ရွားႏိုင္စြမ္းရွိတဲ႔မိခင္ေမတၱာေၾကာင္႔သာ ကြ်န္မတို႔သားသမီးေတြ လံုျခံဳေဘးကင္းစြာနဲ႔ အသက္ရွင္ေနႏိုင္တယ္။ စိတ္ခ်လက္ခ်နဲ႔ အရာအားလံုးကို ေမေမရဲ႕ အုပ္ထိန္းမႈေၾကာင့္ရင္ဆိုင္ႏိုင္လာခဲ့တယ္ဆိုတာကို ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။ စိတ္ညစ္စရာရွိလာတိုင္းမွာ တိုင္ပင္စရာလူဟာလည္း ေမေမ၊ ကိုယ္ေနမေကာင္းတိုင္းေ ဆးခန္းကို လက္ဆြဲျပီးေခၚသြားတာလည္း ေမေမ၊ မ်က္ရည္က်ေနခ်ိန္ေတာင္ မ်က္ရည္သုတ္ေပးျပီး အိပ္မက္ဆိုးေတြမက္ေနမိလုိ႔ ေခ်ာ့သိပ္ေပးခဲ့တာလည္း ေမေမျဖစ္လို႔ေနပါတယ္။

Mother's Day

Mother’s Day

“Everything I am, you helped me to be.”

ကြ်န္မတို႔တစ္ေတြ လူတစ္လံုးသူတစ္လံုးျဖစ္လာေအာင္ သင္ၾကားေပးတယ္။ ေထာက္ပံ့ေပးတယ္။ အမုန္းခံျပီး ျဖစ္သင့္တာနဲ႔ ျဖစ္ထိုက္တာေတြကိုစိတ္ရွည္လက္ရွည္နဲ႔ လမ္းေၾကာင္းေပးတယ္။ လုပ္ငန္းတစ္ခုကို ဦးေဆာင္ႏုိင္ေအာင္၊ အသိပညာ ဗဟုသုတေတြအျပည့္နဲ႔ အားလံုးရဲ႕အထက္မွာေနႏိုင္ေအာင္ အရာရာသြန္သင္ဆံုးမျပီး အေနာက္ကေန မားမားမတ္မတ္နဲ႔ ရပ္တည္ေနေပးခဲ႔သူဟာ ေမေမပါပဲ။

Mother's Day

Mother’s Day

“Mens are what their mother made them.”

လူသားေတြအားလံုးျဖစ္တည္လာခဲ့တာ မိခင္ဆိုတဲ့ မိန္းမသားေတြေၾကာင့္ပါဆိုတဲ့အဓိပၸါယ္နဲ႔ေဖာ္ျပထားတာျဖစ္ပါတယ္။ တကယ္တမ္းေတာ့ ဒါဟာ ျငင္းပယ္လို႔မရတဲ့ အမွန္တရားပါ။ ဘာေၾကာင့္လဲဆိုရင္ မိန္းမသားေတြက ေပ်ာ့ညံ့တယ္၊အားႏြဲ႔တယ္လုိ႔သတ္မွတ္ၾကပါတယ္။ ျပန္စဥ္းစားၾကည့္ရင္ ေအာင္ျမင္ေနတဲ့သူေတြရဲ႕ ကနဦးျဖစ္တည္မႈက မိခင္ဝမ္းဗိုက္ထဲကသေႏၶသားေလးပါ။ မိခင္ဆိုတဲ့ မိန္းမသားတစ္ေယာက္ေၾကာင့္သာ လူ႔ေလာကထဲကိုေရာက္လာၾကတာျဖစ္ပါတယ္။ ဒီမိခင္ဆိုတဲ့ မိန္းမသားကပဲ အုပ္ထိန္းသင္ၾကားေပးခဲ့ျပီး အရာရာကို ဆိုးရာညႊန္ျပ ေကာင္းရာသင္ေပးရင္း ၾကီးပြားေအာင္ျမင္ေနတဲ့လူတစ္ေယာက္အျဖစ္ရပ္တည္ေနႏိုင္ခဲ့တာျဖစ္ပါတယ္။

Mother's Day

Mother’s Day

“Motherhood is the greatest thing and the hardest thing.”

မိခင္တစ္ေယာက္ရဲ႕ ေမတၱာတန္ဖိုးေတြ၊ မိခင္တစ္ေယာက္ရဲ႕ ျဖစ္တည္မႈေနာက္ကြယ္ကအခက္အခဲေတြကို စာဖြဲ႕ထားတာျဖစ္ပါတယ္။ ဒီစာသားကေတာ့ မိခင္တစ္ေယာက္ျဖစ္တည္မႈကို တန္ဖိုးထားေစခ်င္တယ္။ တန္ဖိုးရွိတယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ေရးသားထားတဲ့စာတိုေလးျဖစ္ပါတယ္။ မိခင္တစ္ေယာက္ျဖစ္တည္မႈကို မလိုလားခဲ့တဲ့သူေတြအတြက္ လူသားတစ္ေယာက္ကို ေမြးထုတ္ေပးတာက အခက္အခဲေတြရွိေနေပမယ့္လည္း ကိုယ္ပိ်ိဳးေထာင္လိုက္တဲ့ ဒီလူသားတစ္ေယာက္ တိုးတက္ျပီး ေအာင္ျမင္လာမႈေတြကို ကိုယ္ကိုယ္တိုင္ျမင္ရတဲ့ ခံစားခ်က္က ဘာအရာနဲ႔မွကို မလဲႏိုင္ခဲ့ဘူးဆိုတာကို သိနားလည္ေအာင္ ေျပာျပေနတာျဖစ္ပါတယ္။ မိခင္တစ္ေယာက္ရဲ႕ပီတိဆိုတာ ေငြနဲ႔ ဝယ္ယူလို႔လည္း မရခဲ့သလို လုပ္ယူလို႔မရနိုင္ခဲ့တဲ့အတြက္ မိခင္ျဖစ္လာခဲ့ရင္ ကိုယ့္ရဲ႕ မ်ိဳးဆက္ေလးကို ဘယ္ေတာ့မွ စြန္႔ပစ္ဖို႔မၾကိဳးစားမိဖို႔ ဒီစကားေလးနဲ႔ အားေပးလိုက္ပါေနာ္။

Mother's Day

Mother’s Day

“Unconditional love is only exit in Mothers’ heart.”

ကမာၻေပၚမွာ တစ္သက္လံုး ကြ်န္မတို႔ရဲ႕ ေဘးမွာ ဘယ္ေလာက္ပဲ ေဒါသထြက္ေနပါေစ၊ ဘယ္ေလာက္ပဲ မၾကိဳက္ႏွစ္သက္တာေတြမွန္သမွ်ကို လုပ္ေနမိလုိ႔ စိတ္နာပါေစ အျမဲတမ္းနားလည္ခြင့္လႊတ္ေပးျပီး ေဘးနားမွာ မားမားမတ္မတ္နဲ႔ ရပ္တည္ေပးေနတဲ့ တစ္သက္စာ မလံုေလာက္တဲ့အခ်စ္ေတြေပးႏိုင္တာ ကိုယ့္ရဲ႕ ခ်စ္သူေကာင္ေလး၊ ခင္ပြန္းမဟုတ္ခဲ့ပါဘူး။ ကြ်န္မတို႔ရဲ႕ အသက္သခင္ေက်းဇူးရွင္..မိခင္ပဲျဖစ္ပါတယ္။ ေမေမၾကိဳးစားခဲ့သမွ်အားလံုး အေမာေျပေအာင္ “အဆံုးမရွိတဲ့ခ်စ္ျခင္းမ်ားကို ေမေမ့ရဲ႕ရင္ထဲမွာ တည္ရွိေနတယ္ဆိုတာ လက္ေတြ႔ ေတြ႔ရွိလိုက္ရျပီ” ဆုိတဲ့စကားေလးတစ္ခြန္းကိုေျပာလိုက္ပါေနာ္။ ေမေမလည္း အရမ္းကို ေပ်ာ္သြားမွာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ဒီစကားေလးေတြနဲ႔ ေမေမ့ရဲ႕ ခ်စ္ျခင္းေတြနဲ႔ ေက်းဇူးေတြကို ျပန္လည္ျပီး ေက်းဇူးျပဳေပးပါ။ လံုေလာက္မွာမဟုတ္ေပမယ့္ ေမေမၾကိဳးစားခဲဲ့ရသမွ်အခက္အခဲေတြနဲ႔ ရုန္းကန္ခဲ့ရတာေတြအားလံုးအတြက္ အေမာေျပေစမွာျဖစ္ပါတယ္။ အေမမ်ားေန႔မွာ ေမေမနဲ႔နီးေနတဲ့သူအတြက္ေရာ ေဝးေနတဲ့သူေတြအတြက္ပါ ေမေမ့ကို ေပ်ာ္ေအာင္လုပ္ေပးနိုင္မွျဖစ္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အမေများနေ့မှာ မေမေ့ကို ဒီစကားလေးတွေ ပြောဖြစ်အောင်ပြောပေးပါ

လူသားတွေအားလုံး လူ့လောကထဲမှာရှင်သန်ကြီးပြင်းလားနိုင်အောင် မွေးထုတ်ပေးလာခဲ့တဲ့ အသက်သခင်ကျေးဇူးရှင်က မိခင်ပဲဖြစ်ပါတယ်။ အားနွဲ့လွန်းတယ်လို့ဆိုနေကြတဲ့ မိန်းမသားတွေဟာ မိခင်ဖြစ်လာချိန်မှာတော့ စိတ်ဓာတ်အကြံ့ခိုင်ဆုံးသော အမျိုးသမီးတွေဖြစ်လာကြပါတယ်။ ဒီမိန်းမသားတွေက မိခင်စိတ်ဖြစ်တည်လာပြီဆိုရင် သာမန်စိတ်ဓာတ်ကြံ့ခိုင်တာထက် အဆပေါင်းများစွာပိုပြီး ကြံ့ခိုင်လာကြတာပါ။ ကိုယ့်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင်ပျိုးထောင်ပေးလာခဲ့တဲ့ အလွန်အင်မတန်မှ စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့ မေမေတို့ရဲ့မိခင်မေတ္တာကိုထာဝရ အသိအမှတ်ပြုပေးသင့်တယ်မဟုတ်ပါလား။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

မိဘနဲ့သားသမီးကြားမှာ မပြတ်နိုင်တဲ့ချစ်ခြင်းတရားတွေရှိကြပေမယ့် ဒီချစ်ခြင်းမေတ္တာကိုထုတ်ဖော်ပြဖို့ ချစ်ကြောင်းထုတ်ပြောဖို့ကိုတော့ ဝန်လေးနေတတ်ကြပါတယ်။ ဒါပေမဲ့ Mother’s Day လေးမှာတော့ ကိုယ့်မေမေကိုဘယ်လောက်ချစ်ကြောင်း နှုတ်နဲ့ရော အမူအရာနဲ့ပါ သက်သေပြနိုင်တဲ့နေ့ရက်လေးပါပဲ။ ဘယ်လိုစကားလုံးတွေကို ရွေးချယ်ရမယ်မှန်းမသိခဲ့ရင် ကျွန်မအနေနဲ့ မေမေကြောင့်ဘယ်လောက်အထိ တိုးတက်လာခဲ့ရတယ်ဆိုတဲ့စကားလေးတွေ၊ မေမေ ယုံကြည်အောင်ကြိုးစားပြမယ့် သားသမီးရတနာကောင်းလေးများအဖြစ်ရပ်တည်သွားမယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်းဖော်ပြပေးနိုင်မယ့် စကားလေးတွေကို အကြံအဉာဏ်ပေးသွားမှာဖြစ်ပါတယ်။

Mother's Day

Mother’s Day

“A mother’s arms are made of tenderness and children sleep soundly in them.”

ဒီစာလေးကတော့ မိခင်မေတ္တာဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို ခိုင်းနှိုင်းပြထားတာဖြစ်ပါတယ်။ အန္တရာယ်မှန်သမျှကိုဖယ်ရှားနိုင်စွမ်းရှိတဲ့မိခင်မေတ္တာကြောင့်သာ ကျွန်မတို့သားသမီးတွေ လုံခြုံဘေးကင်းစွာနဲ့ အသက်ရှင်နေနိုင်တယ်။ စိတ်ချလက်ချနဲ့ အရာအားလုံးကို မေမေရဲ့ အုပ်ထိန်းမှုကြောင့်ရင်ဆိုင်နိုင်လာခဲ့တယ်ဆိုတာကို ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ စိတ်ညစ်စရာရှိလာတိုင်းမှာ တိုင်ပင်စရာလူဟာလည်း မေမေ၊ ကိုယ်နေမကောင်းတိုင်းေ ဆးခန်းကို လက်ဆွဲပြီးခေါ်သွားတာလည်း မေမေ၊ မျက်ရည်ကျနေချိန်တောင် မျက်ရည်သုတ်ပေးပြီး အိပ်မက်ဆိုးတွေမက်နေမိလို့ ချော့သိပ်ပေးခဲ့တာလည်း မေမေဖြစ်လို့နေပါတယ်။

Mother's Day

Mother’s Day

“Everything I am, you helped me to be.”

ကျွန်မတို့တစ်တွေ လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် သင်ကြားပေးတယ်။ ထောက်ပံ့ပေးတယ်။ အမုန်းခံပြီး ဖြစ်သင့်တာနဲ့ ဖြစ်ထိုက်တာတွေကိုစိတ်ရှည်လက်ရှည်နဲ့ လမ်းကြောင်းပေးတယ်။ လုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်အောင်၊ အသိပညာ ဗဟုသုတတွေအပြည့်နဲ့ အားလုံးရဲ့အထက်မှာနေနိုင်အောင် အရာရာသွန်သင်ဆုံးမပြီး အနောက်ကနေ မားမားမတ်မတ်နဲ့ ရပ်တည်နေပေးခဲ့သူဟာ မေမေပါပဲ။

Mother's Day

Mother’s Day

“Mens are what their mother made them.”

လူသားတွေအားလုံးဖြစ်တည်လာခဲ့တာ မိခင်ဆိုတဲ့ မိန်းမသားတွေကြောင့်ပါဆိုတဲ့အဓိပ္ပါယ်နဲ့ဖော်ပြထားတာဖြစ်ပါတယ်။ တကယ်တမ်းတော့ ဒါဟာ ငြင်းပယ်လို့မရတဲ့ အမှန်တရားပါ။ ဘာကြောင့်လဲဆိုရင် မိန်းမသားတွေက ပျော့ညံ့တယ်၊အားနွဲ့တယ်လို့သတ်မှတ်ကြပါတယ်။ ပြန်စဉ်းစားကြည့်ရင် အောင်မြင်နေတဲ့သူတွေရဲ့ ကနဦးဖြစ်တည်မှုက မိခင်ဝမ်းဗိုက်ထဲကသန္ဓေသားလေးပါ။ မိခင်ဆိုတဲ့ မိန်းမသားတစ်ယောက်ကြောင့်သာ လူ့လောကထဲကိုရောက်လာကြတာဖြစ်ပါတယ်။ ဒီမိခင်ဆိုတဲ့ မိန်းမသားကပဲ အုပ်ထိန်းသင်ကြားပေးခဲ့ပြီး အရာရာကို ဆိုးရာညွှန်ပြ ကောင်းရာသင်ပေးရင်း ကြီးပွားအောင်မြင်နေတဲ့လူတစ်ယောက်အဖြစ်ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။

Mother's Day

Mother’s Day

“Motherhood is the greatest thing and the hardest thing.”

မိခင်တစ်ယောက်ရဲ့ မေတ္တာတန်ဖိုးတွေ၊ မိခင်တစ်ယောက်ရဲ့ ဖြစ်တည်မှုနောက်ကွယ်ကအခက်အခဲတွေကို စာဖွဲ့ထားတာဖြစ်ပါတယ်။ ဒီစာသားကတော့ မိခင်တစ်ယောက်ဖြစ်တည်မှုကို တန်ဖိုးထားစေချင်တယ်။ တန်ဖိုးရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားထားတဲ့စာတိုလေးဖြစ်ပါတယ်။ မိခင်တစ်ယောက်ဖြစ်တည်မှုကို မလိုလားခဲ့တဲ့သူတွေအတွက် လူသားတစ်ယောက်ကို မွေးထုတ်ပေးတာက အခက်အခဲတွေရှိနေပေမယ့်လည်း ကိုယ်ပျိုးထောင်လိုက်တဲ့ ဒီလူသားတစ်ယောက် တိုးတက်ပြီး အောင်မြင်လာမှုတွေကို ကိုယ်ကိုယ်တိုင်မြင်ရတဲ့ ခံစားချက်က ဘာအရာနဲ့မှကို မလဲနိုင်ခဲ့ဘူးဆိုတာကို သိနားလည်အောင် ပြောပြနေတာဖြစ်ပါတယ်။ မိခင်တစ်ယောက်ရဲ့ပီတိဆိုတာ ငွေနဲ့ ဝယ်ယူလို့လည်း မရခဲ့သလို လုပ်ယူလို့မရနိုင်ခဲ့တဲ့အတွက် မိခင်ဖြစ်လာခဲ့ရင် ကိုယ့်ရဲ့ မျိုးဆက်လေးကို ဘယ်တော့မှ စွန့်ပစ်ဖို့မကြိုးစားမိဖို့ ဒီစကားလေးနဲ့ အားပေးလိုက်ပါနော်။

Mother's Day

Mother’s Day

“Unconditional love is only exit in Mothers’ heart.”

ကမ္ဘာပေါ်မှာ တစ်သက်လုံး ကျွန်မတို့ရဲ့ ဘေးမှာ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ၊ ဘယ်လောက်ပဲ မကြိုက်နှစ်သက်တာတွေမှန်သမျှကို လုပ်နေမိလို့ စိတ်နာပါစေ အမြဲတမ်းနားလည်ခွင့်လွှတ်ပေးပြီး ဘေးနားမှာ မားမားမတ်မတ်နဲ့ ရပ်တည်ပေးနေတဲ့ တစ်သက်စာ မလုံလောက်တဲ့အချစ်တွေပေးနိုင်တာ ကိုယ့်ရဲ့ ချစ်သူကောင်လေး၊ ခင်ပွန်းမဟုတ်ခဲ့ပါဘူး။ ကျွန်မတို့ရဲ့ အသက်သခင်ကျေးဇူးရှင်..မိခင်ပဲဖြစ်ပါတယ်။ မေမေကြိုးစားခဲ့သမျှအားလုံး အမောပြေအောင် “အဆုံးမရှိတဲ့ချစ်ခြင်းများကို မေမေ့ရဲ့ရင်ထဲမှာ တည်ရှိနေတယ်ဆိုတာ လက်တွေ့ တွေ့ရှိလိုက်ရပြီ” ဆိုတဲ့စကားလေးတစ်ခွန်းကိုပြောလိုက်ပါနော်။ မေမေလည်း အရမ်းကို ပျော်သွားမှာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ဒီစကားလေးတွေနဲ့ မေမေ့ရဲ့ ချစ်ခြင်းတွေနဲ့ ကျေးဇူးတွေကို ပြန်လည်ပြီး ကျေးဇူးပြုပေးပါ။ လုံလောက်မှာမဟုတ်ပေမယ့် မေမေကြိုးစားခဲ့ရသမျှအခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရတာတွေအားလုံးအတွက် အမောပြေစေမှာဖြစ်ပါတယ်။ အမေများနေ့မှာ မေမေနဲ့နီးနေတဲ့သူအတွက်ရော ဝေးနေတဲ့သူတွေအတွက်ပါ မေမေ့ကို ပျော်အောင်လုပ်ပေးနိုင်မှဖြစ်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။