လာမယ့် မေလ ၁၂ ရက်နေ့ဟာ Mother’s Day ဖြစ်တယ်ဆိုတာ သိပြီးကြပြီလား။ Mother’s Day ဆိုတာ နိုင်ငံတကာမှာတော့ မိခင်တွေရဲ့ ဘဝ၊ အမေနဲ့ သားသမီးတွေကြားက မေတ္တာတရားနဲ့ လူ့အဖွဲ့အစည်းထဲမှာ မိခင်တစ်ယောက်ရဲ့ အရေးပါပုံတွေကို ဂုဏ်ပြုကျင်းပတာ ဖြစ်ပါတယ်။

တကယ်တော့ အမေများနေ့မှ မဟုတ်ဘူး။ မိခင်တစ်ယောက်ရဲ့ မိသားစုအပေါ်ထားတဲ့ ပေးဆပ်မှု၊သားသမီးတစ်ယောက်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဆိုတာ နေ့တိုင်း စားသုံးခွင့်ရနေတဲ့အရာဖြစ်သလို ပြောရရင် ကျန်းကျန်းမာမာရှိပေးနေတာနဲ့တင် ကျေးဇူးတင်ထိုက်တဲ့ အရာပဲ ဖြစ်ပါတယ်။သားသမီးဆိုတာလည်း အဖေထက် အမေနဲ့ ပိုပြီး လက်ပွန်းတတီးရှိတတ်တာ များတော့ မိခင်မေတ္တာဆိုတာကို ခံစားဖူးကြသူချည်းပါပဲ။

ဒီလို အမေတွေရဲ့ ကြီးမားလှတဲ့ မေတ္တာအတွက် ဂုဏ်ပြုချင်တယ်ဆိုရင်တော့ Mother’s Day မှာ အမေ့အတွက် အသုံးဝင်လှတဲ့ ပစ္စည်းလေးတွေနဲ့ ကန်တော့လို့ ရပါတယ်။ ဘာပေးရမှန်းမသိသေးရင်တော့ အခရာက Mother’s Day အတွက် လက်ဆောင်ကောင်းလေးတွေ အကြံပေးပါရစေ။

၁။ အသက်အရွယ်ရလာတဲ့ အမေ့အတွက် အားဖြည့်ဓာတ်စာအနေနဲ့ Ensure လို Nutrition Powder နဲ့ ဗိုက်တာမင်အားဆေးလို ဆေးတွေ ဝယ်ကန်တော့လို့ ရပါတယ်။

၂။ အရိုးဆုံးက အထိရောက်ဆုံး လက်ဆောင်ဖြစ်ပါသတဲ့။ မေမေ့အကြိုက်ဆုံးလည်း ဖြစ်၊ အာဟာရဓာတ်လည်း ပြည့်ဝတဲ့ နှို့မှုန့်၊ ကော်ဖီမှုန့်၊ ထောပတ်မာဂျရင်းစတာတွေ ဝယ်ကန်တော့ရင်လည်း မေမေ့အတွက် အထောက်အကူဖြစ်စေသလို အိမ်စရိတ်ကိုလည်း ထောက်ကူရာရောက်ပါတယ်။

၃။ လူကြီးကြိုက် အဝတ်အစားနဲ့ ပုဝါလို ပစ္စည်းလေးတွေဆိုရင်လည်း ဈေးသင့်သလို အမေ ဘုရားသွားကျောင်းတက်တဲ့အခါ အပါယူသွားနိုင်တဲ့ လက်ဆောင်ကောင်းလေး ဖြစ်ပါတယ်။

၎။ မေမေဟာလည်း အမျိုးသမီးတစ်ယောက်ပဲမို့ အလှအပကို မြတ်နိုးတတ်တာ သဘာဝပါ။ အသက်အရွယ်ကြီးရင့်တဲ့အခါ ဖြစ်တတ်တဲ့ အရေးအကြောင်းတွေသက်သာဖို့အတွက် Age Defying Cream လို Cosmetics တွေ၊ Skincare တွေ ဝယ်လာပေးရင် မေမေပျော်မှာ အသေအချာပါပဲ။

၅။ တကယ်လို့များ တတ်နိုင်ခဲ့ရင်လေ လက်ဝတ်ရတနာကို ကိုယ်နိုင်သလောက် တန်ဖိုးနဲ့ လှလှလေးဝယ်ပေးပါ၊ လက်ဝတ်ရတနာမကြိုက်တဲ့ အမျိုးသမီးဆိုတာ ရှားပါတယ်။

၆။ အရာဝတ္ထုပစ္စည်းတွေ မဟုတ်ရင်လည်း အမေနဲ့ မိသားစုနဲ့ အတူအဖိုးတန်အချိန်ကောင်းလေးတွေ ဖန်တီးပေးလို့ ရပါတယ်။ အမေကြိုက်တဲ့ အစားအစာကို ဆိုင်တစ်ဆိုင်မှာ လိုက်ကျွေးတာမျိုး လုပ်ပြီး ပျော်ရွှင်ဖွယ် မိသားစုအချိန်လေးတွေ ဖန်တီးလို့ ရပါတယ်။

၇။ နောက်တစ်ချက်ကတော့ မေမေသွားချင်တဲ့ ခရီးတွေ လိုက်ပို့ပေးပြီး အမေနဲ့ အချိန်တူတူကုန်ဆုံးတာကလည်း လက်ဆောင်မွန်တစ်ခုပါပဲ။ မေမေ့ကို ဘာသာရေးအထွတ်အမြတ်အနေနဲ့ ဗုဒ္ဓဂယာခရီးလို ဘုရားဖူးခရီးတွေလိုက်ပို့လို့ ရသလို Relax ဖြစ်မယ့် ကမ်းခြေသွားခရီးတွေလည်း စီစဉ်ပေးလို့ ရပါတယ်။

တလက်စတည်း သတင်းကောင်းလေး လက်တို့ရရင်တော့ Ocean Supercenter မှာ Mother’s Day အတွက် အပေါ်က ပစ္စည်းတွေကို Mother’s Day အတွက် လျှော့ဈေးနဲ့ ရောင်းချပေးတဲ့ အစီအစဉ် ရှိနေတယ်ဆိုတာပါပဲ။ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ Ocean Supercenter မှာ ဧပြီလ ၂၅ ရက်ကနေ မေလ ၁၅ ရက်နေ့အတွင်း ကျပ် ၂၀,၀၀၀ ဖိုးနဲ့ အထက်ဝယ်ရင် မေမေနဲ့ တူတူ ဗုဒ္ဓဂါယာခရီးကံစမ်းခွင့်လည်း ရရှိဦးမှာ ဖြစ်တဲ့အတွက် မေမေ့အတွက် လက်ဆောင်ကောင်းလေး ဝယ်ချင်တဲ့ သူတွေအတွက် အခရာကနေတစ်ဆင့် မျှဝေပေးလိုက်ပါတယ်နော်။

www.akhayar.com