အသက္ ၃၀ အရြယ္မွာသိထားသင္႔တဲ႔ ေငြေၾကးဆုိင္ရာစီမံခန္႔ခြဲမႈ (၅) ခ်က္

money advice in 30s
money advice in 30s

[ZawGyi]

အသက္ ၃၀ အရြယ္မွာသိထားသင္႔တဲ႔ ေငြေၾကးဆုိင္ရာစီမံခန္႔ခြဲမႈ (၅) ခ်က္

အသက္ ၃၀ အရြယ္မွာ ဘဝဟာအနည္းငယ္ရႈပ္ေထြးတဲ႔အေနအထားမွာ ရွိေနပါတယ္။ လူ႔သက္တမ္းတစ္ဝက္က်ိဳးျပီဆိုတဲ႔အေတြး၊ Career အေျပာင္းအလဲ၊ ကိုယ္ပိုင္လုပ္ငန္းလုပ္ဖို႔စဥ္းစားခ်ိန္၊  အိမ္ေထာင္ျပဳသင္႔ဖို႔ မိသားစုဘဝတည္ေဆာင္သင္႔ဖို႔ စတဲ႔ စတဲ႔ စဥ္းစားေတြးေတာစရာေတြ အမ်ားၾကီး ၾကံဳရတဲ႔အေနအထားပါ။

ဒီအေနအထားေတြကို လွလွပပကိုင္တြယ္ႏုိင္ဖို႔အေရးဟာ ေငြေၾကးအေပၚမွာလည္း အမ်ားၾကီးအေျခခံသြားသလို  အေျခခံေငြေၾကးစီမံခန္႔ခြဲမႈကိုလည္း မျဖစ္မေနႏိုင္နင္းရေတာ႔မယ္႔အခ်ိန္ျဖစ္ပါတယ္။

ဒါေၾကာင္႔လည္း ေငြေၾကးစီမံခန္႔ခြဲမႈနဲ႔ပတ္သက္ရင္ ကၽြမ္းက်င္ပညာရွင္အျဖစ္လုပ္ကိုင္ေနသူ၊ Beyond Your Hammock ရဲ႕တည္ေထာင္သူ Eric Roberge က  အသက္ ၃၀ အရြယ္မွာသိသင္႔တဲ႔ ေငြေၾကးနဲ႔ပတ္သက္တဲ႔ အခ်က္ ၅ ခ်က္ကိုမွ်ေဝေပးထားပါတယ္။ သူ႔ရဲ႕ Professional အရသိထားတဲ႔အေတြ႔အၾကံဳ၊ လက္ေတြ႔ဘဝမွာၾကံဳရတဲ႔အေတြ႔အၾကံဳေတြနဲ႔ေပါင္းစပ္ျပီး အေရးၾကီးတဲ႔အခ်က္ ၅ ခ်က္ကိုထုတ္နုတ္ေဖာ္ျပေပးထားတာျဖစ္ပါတယ္။

eric-roberge
eric-roberge

ဝင္ေငြနဲ႔ထြက္ေငြၾကား အဟကြာေအာင္လုပ္ပါ

သူက ဝင္ေငြနဲ႔ထြက္ေငြၾကား မ်ားမ်ား Gap ျဖစ္ေလေကာင္းေလပါပဲလို႔ဆိုပါတယ္။ တစ္လမွာ ေငြဆယ္သိန္းဝင္တယ္ဆုိရင္ ကိုးသိန္းသံုးလိုက္တာက သင္႔အတြက္အဆင္ေျပတယ္လုိ႔ထင္ေကာင္းထင္ပါလိမ္႔မယ္။ ဘာလို႔လဲဆိုရင္ သင္ရွာႏိုင္တာထက္ ပိုမသံုးလို႔ပါပဲ။ တကယ္တမ္း သင္ဟာေငြေၾကးနဲ႔ပတ္သက္ျပီး ရင္းႏွီးေငြရေအာင္ စုေဆာင္းမယ္ဆုိရင္ေတာ႔ ဝင္ေငြနဲ႔ထြက္ေငြရဲ႕ၾကားအကြာအေဝးကို က်ဲသထက္က်ဲေစရပါမယ္။  ေငြဆယ္သိန္းဝင္ရင္ ၅ သိန္း ပဲသံုးျပီး ၅ သိန္းကို စုေဆာင္းႏိုင္တယ္ဆိုမွသာ အဆင္ေျပပါလိမ္႔မယ္။ ဒီေတာ႔ ေငြမ်ားမ်ားဝင္ေအာင္ၾကိဳးစားျပီး ေခၽြတာသံုးဖုိ႔လိုပါတယ္။

ရာခိုင္ႏႈန္းကိုစုပါ

လစဥ္ေငြစုတယ္ဆုိတဲ႔ေနရာမွာ ပိုက္ဆံပမာဏကို မစုပါနဲ႔။ ရာခိုင္ႏႈန္းကို စုပါတဲ႔။ ၅ သိန္းဝင္ခ်ိန္မွာ စုေငြက၅ ေသာင္း၊ ၇ သိန္းဝင္ခ်ိန္မွာလည္း ၅ ေသာင္းစုေနလို႔မရပါဘူး။ ဒါေၾကာင္႔ ကိုယ္႔ဝင္ေငြရဲ႕ ဘယ္ႏွရာခိုင္ႏႈန္းကိုစုမယ္ဆိုတဲ႔ဆံုးျဖတ္ခ်က္နဲ႔ စုပါ။ ဒါမွသာ သင္႔ဝင္ေငြတုိးလာတာနဲ႔အမွ် စုတဲ႔ပမာဏကတုိးလာမွာပါ။

အရိပ္တၾကည္႔ၾကည္ရွိပါေစ

လူေတာ္ေတာ္မ်ားမ်ားက ေငြမ်ားမ်ားစုထားျပီးရင္ ငါ႔ဘဏ္စာအုပ္ထဲေငြရွိတာပဲဆုိတဲ႔ အေတြးနဲ႔ ကိုယ္ဝယ္ခ်င္တာ သံုးခ်င္တာ ေသးေသးမွစၾကီးၾကီးအထိ သံုးမိၾကပါတယ္။ ဒီလိုနဲ႔ စုေငြေတြဟာ ဆီလိုအေပါက္ရွာထြက္သြားတတ္ၾကပါတယ္။ ေငြကိုအရိပ္တၾကည္႕ၾကည္႔နဲ႔တြက္ဆမေနဘူးဆုိရင္ သူကလည္းကိုယ္႔ကိုမၾကည္႔ပါဘူး။ ဒါေၾကာင္႔ ေန႔စဥ္၊ အပတ္စဥ္ဝင္ေငြထြက္ေငြစစ္တာမ်ိဳး ျပကၡဒိန္မွာ ရက္တစ္ရက္မွတ္ထားျပီး ကိုယ္႔သံုးေငြကိုတစ္ရက္အခ်ိန္ေပးစစ္တာမ်ိဳးျပဳလုပ္ဖို႔လိုပါတယ္။

saving-money
saving-money

ပိုမသံုးပါနဲ႔ ရွယ္သံုးပါ

ေငြမ်ားမ်ားရွာႏိုင္ရင္ မ်ားမ်ားသံုးႏိုင္ျပီလို႔ အားလံုးကေတြးပါတယ္။ တကယ္တမ္းမွာေတာ႔ ေငြပိုသံုးတာထက္ ေငြကိုဘယ္ေနရာေတြမွာ သံုးမလဲဆိုတာက အေရးၾကီးပါတယ္။ ေငြအပိုရလာရင္ ကိုယ္ေပ်ာ္ရႊင္မႈရဖို႔၊ စိတ္ေက်နပ္မႈရဖို႔၊ ကိုယ္႔ဝါသနာအတြက္ အေထာက္အပံ႔ျဖစ္ေစဖုိ႔ စတဲ႔ေနရာေတြမွာ သံုးပါ။ ကင္မရာဝယ္ခ်င္ခဲ႔ေပမယ္႔ မဝယ္ႏိုင္ခဲ႔ဘူး၊ တူရိယာပစၥည္းတစ္ခုခုဝယ္ခ်င္ခဲ႔ေပမယ္႔ မဝယ္ႏိုင္ခဲ႔ဘူးဆိုရင္ ေငြပိုသံုးလာႏိုင္ခ်ိန္မွာ ဝယ္လိုက္တာက စမတ္က်တဲ႔သံုးစြဲနည္းျဖစ္ပါတယ္။

ရည္မွန္းခ်က္ရွင္းရွင္းထားပါ

သာမန္လူအတြက္ေတာ႔ လုပ္ငန္းၾကီးေတြလုိမ်ိဳးေငြေၾကးအတြက္မ်ားေျမာင္လွတဲ႔ စီမံခန္႔ခြဲမႈေတြ၊ Goal ေတြမလိုပါဘူး။ ဒါေၾကာင္႔ရိုးရွင္းတဲ႔ ရည္မွန္းခ်က္ပဲ ထားရွိပါ။ သင္႔ရဲ႕ဝင္ေငြနဲ႔ထြက္ေငြကို ဂရုစိုက္ပါ။ ေငြေၾကးခ်မ္းသာဖုိ႔ျဖတ္လမ္းနည္းကို မလိုက္ပါနဲ႔။ ရက္ပိုင္း လပိုင္းနဲ႔ ခ်မ္းသာျခင္းကို မတည္ေဆာက္ႏိုင္ပါဘူး။

ေငြရွာႏိုင္လာခ်ိန္မွာ စမတ္က်တဲ႔ေငြေၾကးသံုးစြဲတတ္သူတစ္ေယာက္ျဖစ္ဖုိ႔ဆိုရင္ေတာ႔ ဒီအခ်က္ေတြကို မျဖစ္မေနသိထားဖို႔လိုပါတယ္။

ကုိးကား #Lifestyle Insider

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

အသက် ၃၀ အရွယ်မှာ သိထားသင့်တဲ့ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (၅) ချက်

အသက် ၃၀ အရွယ်မှာ ဘဝဟာအနည်းငယ်ရှုပ်ထွေးတဲ့အနေအထားမှာ ရှိနေပါတယ်။ လူ့သက်တမ်းတစ်ဝက်ကျိုးပြီဆိုတဲ့အတွေး၊ Career အပြောင်းအလဲ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့စဉ်းစားချိန်၊ အိမ်ထောင်ပြုသင့်ဖို့ မိသားစုဘဝတည်ဆောင်သင့်ဖို့ စတဲ့ စတဲ့ စဉ်းစားတွေးတောစရာတွေ အများကြီး ကြုံရတဲ့အနေအထားပါ။
ဒီအနေအထားတွေကို လှလှပပကိုင်တွယ်နိုင်ဖို့အရေးဟာ ငွေကြေးအပေါ်မှာလည်း အများကြီးအခြေခံသွားသလို အခြေခံငွေကြေးစီမံခန့်ခွဲမှုကိုလည်း မဖြစ်မနေနိုင်နင်းရတော့မယ့်အချိန်ဖြစ်ပါတယ်။

ဒါကြောင့်လည်း ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်ရင် ကျွမ်းကျင်ပညာရှင်အဖြစ်လုပ်ကိုင်နေသူ၊ Beyond Your Hammock ရဲ့တည်ထောင်သူ Eric Roberge က အသက် ၃၀ အရွယ်မှာသိသင့်တဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ အချက် ၅ ချက်ကိုမျှဝေပေးထားပါတယ်။ သူ့ရဲ့ Professional အရသိထားတဲ့အတွေ့အကြုံ၊ လက်တွေ့ဘဝမှာကြုံရတဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီး အရေးကြီးတဲ့အချက် ၅ ချက်ကိုထုတ်နုတ်ဖော်ပြပေးထားတာဖြစ်ပါတယ်။

ဝင်ငွေနဲ့ထွက်ငွေကြား အဟကွာအောင်လုပ်ပါ

သူက ဝင်ငွေနဲ့ထွက်ငွေကြား များများ Gap ဖြစ်လေကောင်းလေပါပဲလို့ဆိုပါတယ်။ တစ်လမှာ ငွေဆယ်သိန်းဝင်တယ်ဆိုရင် ကိုးသိန်းသုံးလိုက်တာက သင့်အတွက်အဆင်ပြေတယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်။ ဘာလို့လဲဆိုရင် သင်ရှာနိုင်တာထက် ပိုမသုံးလို့ပါပဲ။ တကယ်တမ်း သင်ဟာငွေကြေးနဲ့ပတ်သက်ပြီး ရင်းနှီးငွေရအောင် စုဆောင်းမယ်ဆိုရင်တော့ ဝင်ငွေနဲ့ထွက်ငွေရဲ့ကြားအကွာအဝေးကို ကျဲသထက်ကျဲစေရပါမယ်။ ငွေဆယ်သိန်းဝင်ရင် ၅ သိန်း ပဲသုံးပြီး ၅ သိန်းကို စုဆောင်းနိုင်တယ်ဆိုမှသာ အဆင်ပြေပါလိမ့်မယ်။ ဒီတော့ ငွေများများဝင်အောင်ကြိုးစားပြီး ချွေတာသုံးဖို့လိုပါတယ်။

ရာခိုင်နှုန်းကိုစုပါ

လစဉ်ငွေစုတယ်ဆိုတဲ့နေရာမှာ ပိုက်ဆံပမာဏကို မစုပါနဲ့။ ရာခိုင်နှုန်းကို စုပါတဲ့။ ၅ သိန်းဝင်ချိန်မှာ စုငွေက၅ သောင်း၊ ၇ သိန်းဝင်ချိန်မှာလည်း ၅ သောင်းစုနေလို့မရပါဘူး။ ဒါကြောင့် ကိုယ့်ဝင်ငွေရဲ့ ဘယ်နှရာခိုင်နှုန်းကိုစုမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ စုပါ။ ဒါမှသာ သင့်ဝင်ငွေတိုးလာတာနဲ့အမျှ စုတဲ့ပမာဏကတိုးလာမှာပါ။

အရိပ်တကြည့်ကြည်ရှိပါစေ

လူတော်တော်များများက ငွေများများစုထားပြီးရင် ငါ့ဘဏ်စာအုပ်ထဲငွေရှိတာပဲဆိုတဲ့ အတွေးနဲ့ ကိုယ်ဝယ်ချင်တာ သုံးချင်တာ သေးသေးမှစကြီးကြီးအထိ သုံးမိကြပါတယ်။ ဒီလိုနဲ့ စုငွေတွေဟာ ဆီလိုအပေါက်ရှာထွက်သွားတတ်ကြပါတယ်။ ငွေကိုအရိပ်တကြည့်ကြည့်နဲ့တွက်ဆမနေဘူးဆိုရင် သူကလည်းကိုယ့်ကိုမကြည့်ပါဘူး။ ဒါကြောင့် နေ့စဉ်၊ အပတ်စဉ်ဝင်ငွေထွက်ငွေစစ်တာမျိုး ပြက္ခဒိန်မှာ ရက်တစ်ရက်မှတ်ထားပြီး ကိုယ့်သုံးငွေကိုတစ်ရက်အချိန်ပေးစစ်တာမျိုးပြုလုပ်ဖို့လိုပါတယ်။

ပိုမသုံးပါနဲ့ ရှယ်သုံးပါ

ငွေများများရှာနိုင်ရင် များများသုံးနိုင်ပြီလို့ အားလုံးကတွေးပါတယ်။ တကယ်တမ်းမှာတော့ ငွေပိုသုံးတာထက် ငွေကိုဘယ်နေရာတွေမှာ သုံးမလဲဆိုတာက အရေးကြီးပါတယ်။ ငွေအပိုရလာရင် ကိုယ်ပျော်ရွှင်မှုရဖို့၊ စိတ်ကျေနပ်မှုရဖို့၊ ကိုယ့်ဝါသနာအတွက် အထောက်အပံ့ဖြစ်စေဖို့ စတဲ့နေရာတွေမှာ သုံးပါ။ ကင်မရာဝယ်ချင်ခဲ့ပေမယ့် မဝယ်နိုင်ခဲ့ဘူး၊ တူရိယာပစ္စည်းတစ်ခုခုဝယ်ချင်ခဲ့ပေမယ့် မဝယ်နိုင်ခဲ့ဘူးဆိုရင် ငွေပိုသုံးလာနိုင်ချိန်မှာ ဝယ်လိုက်တာက စမတ်ကျတဲ့သုံးစွဲနည်းဖြစ်ပါတယ်။

ရည်မှန်းချက်ရှင်းရှင်းထားပါ

သာမန်လူအတွက်တော့ လုပ်ငန်းကြီးတွေလိုမျိုးငွေကြေးအတွက်များမြောင်လှတဲ့ စီမံခန့်ခွဲမှုတွေ၊ Goal တွေမလိုပါဘူး။ ဒါကြောင့်ရိုးရှင်းတဲ့ ရည်မှန်းချက်ပဲ ထားရှိပါ။ သင့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကို ဂရုစိုက်ပါ။ ငွေကြေးချမ်းသာဖို့ဖြတ်လမ်းနည်းကို မလိုက်ပါနဲ့။ ရက်ပိုင်း လပိုင်းနဲ့ ချမ်းသာခြင်းကို မတည်ဆောက်နိုင်ပါဘူး။
ငွေရှာနိုင်လာချိန်မှာ စမတ်ကျတဲ့ငွေကြေးသုံးစွဲတတ်သူတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအချက်တွေကို မဖြစ်မနေသိထားဖို့လိုပါတယ်။

ကိုးကား #Lifestyle Insider

ဂျူဂျူး(အခရာ)

www.akhayar.com