[Zawgyi]

ကမာၻ႔ထိပ္တန္း တန္ဖိုးႀကီး လက္ဝတ္ရတနာ Brand (၅) မ်ဳိး

ေန႔စဥ္လူမႈဘဝမွာ လက္ဝတ္ရတနာေတြဟာ အေရးပါတဲ႔အစိ္တ္အပိုင္းတစ္ခုအေနနဲ႔ ပါဝင္လို႔ေနပါၿပီ။ အမ်ဳိးသမီးေတာ္ေတာ္မ်ားမ်ားကလည္း လက္ဝတ္ရတနာေတြကို စဲြလန္းႏွစ္ၿခိဳက္စြာ ဝတ္ဆင္လာၾကပါၿပီ။ လက္ဝတ္ရတနာဝတ္ဆင္ျခင္းဟာ အမ်ဳိးသမီးေတြကို ပုိမိုေက်ာ့ရွင္းလွပေစၿပီး စဲြေဆာင္မႈရွိေအာင္လည္း အေထာက္အပံ့ေပးၾကပါတယ္။ လက္ဝတ္ရတနာဆိုတဲ႔ေနရာမွာ လက္စြပ္၊ နားကပ္၊ ေျခခ်င္း၊ ဆဲြႀကိဳးနဲ႔ လက္ေကာက္ဆိုၿပီး အမ်ဳိးအစားကဲြေတြ မ်ားစြာရွိပါေသးတယ္။ အဲဒီလက္ဝတ္ရတနာေတြကို ဆဲြေဆာင္မႈရွိေအာင္ ပုလဲ၊ စိန္ စတဲ့ေက်ာက္မ်က္ရတနာေတြနဲ႔ ဖန္တီးကာ ဒီဇုိင္းအမ်ဳိးမ်ဳိးျပဳလုပ္ေရာင္းခ်ၾကပါတယ္။ ခ်စ္ျခင္းေမတၱာေတြကို ေဖာ္ၾကဴးတဲ့ အဆင္တန္ဆာလည္းျဖစ္တဲ႔အတြက္ အမ်ဳိးသားေတြက အမ်ဳိးသမီးေတြကို လက္ေဆာင္ေပးတဲ႔အခါမွာ အေကာင္းတကာ့ အေကာင္းဆံုးတန္ဖိုးႀကီး လက္ဝတ္ရတနာေတြကို ေရြးခ်ယ္ဝယ္ယူကာ ေပးတတ္ၾကပါတယ္။ တန္ဖိုးအႀကီးဆံုး လက္ဝတ္ရတနာတံဆိပ္ေတြမ်ားစြာထဲကမွ ေစ်းႏႈန္းလည္းအလြန္ျမင္႔မားၿပီး အေကာင္းတကာ အေကာင္းဆံုးလည္းျဖစ္တဲ႔ လက္ဝတ္ရတနာ Brand ေတြကေတာ့-

(၁) Cartier

Cartier ကို Louis- Francois Cartier က 1847 ခုနစ္မွာ စတင္တည္ေထာင္ခဲ႔ပါတယ္။ Cartier ဟာ Paris အေျခစိုက္ Brand ျဖစ္ၿပီး ေရွးက်တဲ႔ Brand လည္းျဖစ္ကာ ကမာၻ႔တစ္ဝွမ္္းလံုးရွိလူေတြရဲ႕ ေလးစားမက္ေမာမႈကို ရရွိထားတဲ႔ Brand လည္း ျဖစ္ပါတယ္။အဓိကကေတာ့ လက္ဝတ္ရတနာေတြနဲ႔ နာရီေတြေၾကာင္႔ ထင္ေပၚေက်ာ္ၾကားရျခင္း ျဖစ္ပါတယ္။ ဘယ္ေလာက္ေတာင္ ေက်ာ္ၾကားလဲဆိုရင္ ဆိုင္ခဲြေပါင္း 200 ကို ႏိုင္ငံေပါင္း 125 ႏို္င္ငံမွာ ဖြင္႔လွစ္ႏိုင္တဲ႔အထိ ေအာင္ျမင္ေက်ာ္ၾကားပါတယ္။ ဘာေၾကာင္႔ ဒီေလာက္ေအာင္ျမင္ေက်ာ္ၾကားရလဲဆိုေတာ့ လက္ဝတ္ရတနာဒီဇိုင္းေတြကို Customer ေတြလိုခ်င္တဲ႔အတိုင္း အတိအက် ပံုေဖာ္ဖန္တီးေပးႏိုင္တဲ့အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ ၎တို႔ရဲ႕ ပထမဆံုးေျပာင္ေျမာက္တဲ့လက္ဝတ္ရတနာကို 1860 ခုနစ္မွာ ထုတ္ေဖာ္ျပသခဲ႔ပါတယ္။ Cartier ရဲ႕ လက္ဝတ္ရတနာထုတ္ကုန္ေတြမွာ အဆင့္ျမင္႔ၿပီး တန္ဖိုးႀကီးမားတဲ႔ အေကာင္းဆံုးေသာေက်ာက္မ်က္ရတနာေတြနဲ႔သာ ဖန္တီးျပဳလုပ္ထားတဲ့အတြက္ ႏွစ္ရွည္လမ်ား ေအာင္ျမင္မႈကို ထိန္းထားႏိုင္ျခင္း ျဖစ္ပါတယ္။ 6.5 လက္မအရြယ္အစားရွိတဲ႔ စိန္နဲ႔ မဟူေရာင္ေက်ာက္လက္ေကာက္ကေတာ့ Cartier ရဲ႕ အေက်ာ္ၾကားဆံုးလက္ဝတ္ရတနာျဖစ္ၿပီး $7 Million ေက်ာ္အထိ ေရာင္းအားေကာင္းခဲ႔ပါတယ္။

 

Cartier

Cartier

(၂) Harry Winston

1932 ခုနစ္မွာ စတင္တည္ေထာင္ခဲ႔ၿပီး အေမရိကန္လက္ဝတ္ရတနာ Brand ေတြထဲမွာ ထင္ေပၚေက်ာ္္ၾကားတဲ႔ Brand တစ္ခုအျဖစ္ ရပ္တည္ေနပါတယ္။ ဒီ Brand ရဲ႕ လွပတဲ႔ လက္ဝတ္ရတနာဒီဇိုင္းေတြနဲ႔ တန္ဖိုးႀကီးနာရီေတြေၾကာင္႔ ထိပ္တန္း Brand ၁၀ ခု စာရင္းထဲမွာပါဝင္ခဲ႔ပါတယ္။ Winston အေျခစိုက္ Brand ျဖစ္ၿပီး ဆန္းသစ္ေသာ စိတ္ကူးနဲ႔ ဒီဇုိင္းေတြကို ပံုေဖာ္ဖန္တီးထားတာေၾကာင့္ ကမာၻ႔ေက်ာ္ေနရျခင္း ျဖစ္ပါတယ္။ Founder ျဖစ္သူ Harry Winston က သူ႔ရဲ႕လက္ဝတ္ရတနာေတြမွာ အရွားပါးဆံုးေက်ာက္မ်ားကိုသာ အသံုးျပဳၿပီး အစိတ္အပိုင္းတစ္ခုခ်င္းစီကို ကၽြမ္းက်င္လက္မႈပညာရွင္မ်ားနဲ႕ ေသေသခ်ာခ်ာ ထြင္းထုကာျပဳလုပ္ေစတဲ႔အတြက္ အရည္အေသြးပိုင္းနဲ႔ ခိုင္မာမႈကိုေတာ့ စစ္ေဆးခံစရာမလုိေလာက္ေအာင္ ျပည္႔စံုေကာင္းမြန္ပါတယ္။

Harry Winston

Harry Winston

(၃) Alfred Van Cleef

Alfred Van Cleef က လက္ဝတ္ရတနာ Brand ေတြထဲမွာ ဂုဏ္သတင္းႀကီးတဲ႔ Brand တစ္ခုျဖစ္ၿပီး Estelle Arpels နဲ႔ Alfred Van Cleef တို႔ ပူးေပါင္းတည္ေထာင္ထားတာ ျဖစ္ပါတယ္။ France အေျခစိုက္ Brand တစ္ခုျဖစ္ၿပီး သူမ်ားနဲ႔မတူ ဆန္းသစ္တဲ႔ လက္ဝတ္ရတနာအသြင္အျပင္ေတြေၾကာင္႔ လူေတြၾကားမွာ ေရပန္းစားလွ်က္ရွိပါတယ္။ ဒါအျပင္ Alfred Van Cleef ရဲ႕ နာရီေတြကလည္း လက္ဝတ္ရတနာနည္းတူ ထင္ေပၚေက်ာ္ၾကားပါတယ္။ ရုိးရွင္းၿပီး ခ်စ္စဖြယ္ေကာင္းတဲ့ နာရီေတြေၾကာင္႔ နာရီေစ်းကြက္မွာလည္း ေအာင္ျမင္မႈေတြ သိမ္းပိုက္ရရွိလို႔ေနပါတယ္။ ဒီ Brand ရဲ႕ ထူးျခားခ်က္ကေတာ့ သူတို႔နာရီဒိုင္ခြက္ေတြကို ဌက္ပံု၊ တိရစာၦုန္ပံု၊ ပန္းပံုေတြနဲ႔ စဲြေဆာင္မႈရွိအာင္ အဆင္တန္ဆာေတြဆင္ကာ မိတ္ဆက္ခဲ႔ျခင္းပဲ ျဖစ္ပါတယ္။

Alfred Van Cleef

Alfred Van Cleef

(၄) Buccellati

Buccellati ကေတာ့ အီတလီတန္ဖိုးႀကီး Brand ျဖစ္ၿပီး Mario Buccellati က 1919 ခုနစ္မွာ စတင္တည္ေထာင္ခဲ႔တာ ျဖစ္ပါတယ္။ ဒီ Brand ဟာ အီတလီေရႊနဲ႔ ေငြေပါင္းစပ္ဖန္တီးထားတဲ႔ အရည္အေသြးျမင့္လက္ရာေတြေၾကာင့္ ေက်ာ္ၾကားရျခင္း ျဖစ္ပါတယ္။ ဒါအျပင္ Cuff လက္ေကာက္ေတြကို ေရာမ ရုိးရာလက္ရာဒီဇုိင္းပံုစံ အမ်ားအျပား ဖန္တီးျပဳလုပ္ေရာင္းခ်ပါေသးတယ္။ မိသားစုပိုင္စီးပြားေရး Brand ျဖစ္တာနဲ႔အညီ အထူးနည္းပညာေတြနဲ႔ အေသအခ်ာျပဳလုပ္ထားတာေတြ႔ရပါတယ္။ မ်ားေသာအားျဖင္႔ Buccellati လက္ဝတ္ရတနာေတြက ေရႊနဲ႔ေငြသတၱဳေရာစပ္ထားတဲ႔ လက္ဝတ္ရတနာေတြမ်ားပါတယ္။

Buccellati

Buccellati

(၅) Tiffany

Tiffany Brand လက္ဝတ္ရတနာ ေတာ္ေတာ္မ်ားမ်ားကုိ Great Gastby ရုပ္ရွင္မွာ ေတြ႔ျမင္ဖူးၾကမွာပါ။ Tifffany Brand ဟာ အေမရိကန္မွာသာမက အာရွမွာလည္း ေက်ာ္ၾကားတဲ့ Brand ျဖစ္ပါတယ္။ ဒီ Brand ကို 1837 ခုနစ္မွာ စတင္တည္ေထာင္ခဲ႔ၿပီး သီးသန္႔ထုတ္လုပ္ထားတဲ႔ စိန္လက္ဝတ္ရတနာေတြ၊ အရည္အေသြးမီ ေငြလက္ဝတ္ရတနာေတြနဲ႔ နာရီေတြေၾကာင္႔ လူအမ်ုားၾကားမွာ ေရပန္းစားေက်ာ္ၾကားပါတယ္။ ဒါအျပင္ Tiffany က လက္ဝတ္ရတနာ၊ေရႊ၊ေငြေတြက အလြန္စတိုင္လ္က်တဲ႔အတြက္ ျမင္လိုက္တာနဲ႔ အၾကည္႔ေတြမခြာခ်င္ေလာက္ေအာင္ ဆဲြေဆာင္မႈေပးပါတယ္။ သူရဲ႕ထူးျခားခ်က္တစ္ခုကေတာ့ Online မွာ ဝယ္ယူလုိ႔ရျခင္းပဲ ျဖစ္ပါတယ္။ ဒီ Brand ရဲ႕အေကာင္းဆံုးအခ်က္ကေတာ့ တန္ဖိုးမျဖတ္ႏိုင္တဲ့ အရည္အေသြးျမင့္ ေက်ာက္မ်က္ရတနာေတြကို အသံုးျပဳၿပီး ျပဳလုပ္ထားျခင္းပဲ ျဖစ္ပါတယ္။

Tiffany

Tiffany

H.H(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာ့ထိပ်တန်း တန်ဖိုးကြီး လက်ဝတ်ရတနာ Brand (၅) မျိုး

နေ့စဉ်လူမှုဘဝမှာ လက်ဝတ်ရတနာတွေဟာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လို့နေပါပြီ။ အမျိုးသမီးတော်တော်များများကလည်း လက်ဝတ်ရတနာတွေကို စွဲလန်းနှစ်ခြိုက်စွာ ဝတ်ဆင်လာကြပါပြီ။ လက်ဝတ်ရတနာဝတ်ဆင်ခြင်းဟာ အမျိုးသမီးတွေကို ပိုမိုကျော့ရှင်းလှပစေပြီး စွဲဆောင်မှုရှိအောင်လည်း အထောက်အပံ့ပေးကြပါတယ်။ လက်ဝတ်ရတနာဆိုတဲ့နေရာမှာ လက်စွပ်၊ နားကပ်၊ ခြေချင်း၊ ဆွဲကြိုးနဲ့ လက်ကောက်ဆိုပြီး အမျိုးအစားကွဲတွေ များစွာရှိပါသေးတယ်။ အဲဒီလက်ဝတ်ရတနာတွေကို ဆွဲဆောင်မှုရှိအောင် ပုလဲ၊ စိန် စတဲ့ကျောက်မျက်ရတနာတွေနဲ့ ဖန်တီးကာ ဒီဇိုင်းအမျိုးမျိုးပြုလုပ်ရောင်းချကြပါတယ်။ ချစ်ခြင်းမေတ္တာတွေကို ဖော်ကြူးတဲ့ အဆင်တန်ဆာလည်းဖြစ်တဲ့အတွက် အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆောင်ပေးတဲ့အခါမှာ အကောင်းတကာ့ အကောင်းဆုံးတန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရွေးချယ်ဝယ်ယူကာ ပေးတတ်ကြပါတယ်။ တန်ဖိုးအကြီးဆုံး လက်ဝတ်ရတနာတံဆိပ်တွေများစွာထဲကမှ ဈေးနှုန်းလည်းအလွန်မြင့်မားပြီး အကောင်းတကာ အကောင်းဆုံးလည်းဖြစ်တဲ့ လက်ဝတ်ရတနာ Brand တွေကတော့-

(၁) Cartier

Cartier ကို Louis- Francois Cartier က 1847 ခုနစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ Cartier ဟာ Paris အခြေစိုက် Brand ဖြစ်ပြီး ရှေးကျတဲ့ Brand လည်းဖြစ်ကာ ကမ္ဘာ့တစ်ဝှမ်းလုံးရှိလူတွေရဲ့ လေးစားမက်မောမှုကို ရရှိထားတဲ့ Brand လည်း ဖြစ်ပါတယ်။အဓိကကတော့ လက်ဝတ်ရတနာတွေနဲ့ နာရီတွေကြောင့် ထင်ပေါ်ကျော်ကြားရခြင်း ဖြစ်ပါတယ်။ ဘယ်လောက်တောင် ကျော်ကြားလဲဆိုရင် ဆိုင်ခွဲပေါင်း 200 ကို နိုင်ငံပေါင်း 125 နိုင်ငံမှာ ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်ကျော်ကြားပါတယ်။ ဘာကြောင့် ဒီလောက်အောင်မြင်ကျော်ကြားရလဲဆိုတော့ လက်ဝတ်ရတနာဒီဇိုင်းတွေကို Customer တွေလိုချင်တဲ့အတိုင်း အတိအကျ ပုံဖော်ဖန်တီးပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ပထမဆုံးပြောင်မြောက်တဲ့လက်ဝတ်ရတနာကို 1860 ခုနစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ Cartier ရဲ့ လက်ဝတ်ရတနာထုတ်ကုန်တွေမှာ အဆင့်မြင့်ပြီး တန်ဖိုးကြီးမားတဲ့ အကောင်းဆုံးသောကျောက်မျက်ရတနာတွေနဲ့သာ ဖန်တီးပြုလုပ်ထားတဲ့အတွက် နှစ်ရှည်လများ အောင်မြင်မှုကို ထိန်းထားနိုင်ခြင်း ဖြစ်ပါတယ်။ 6.5 လက်မအရွယ်အစားရှိတဲ့ စိန်နဲ့ မဟူရောင်ကျောက်လက်ကောက်ကတော့ Cartier ရဲ့ အကျော်ကြားဆုံးလက်ဝတ်ရတနာဖြစ်ပြီး $7 Million ကျော်အထိ ရောင်းအားကောင်းခဲ့ပါတယ်။

 

Cartier

Cartier

(၂) Harry Winston

1932 ခုနစ်မှာ စတင်တည်ထောင်ခဲ့ပြီး အမေရိကန်လက်ဝတ်ရတနာ Brand တွေထဲမှာ ထင်ပေါ်ကျော်ကြားတဲ့ Brand တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဒီ Brand ရဲ့ လှပတဲ့ လက်ဝတ်ရတနာဒီဇိုင်းတွေနဲ့ တန်ဖိုးကြီးနာရီတွေကြောင့် ထိပ်တန်း Brand ၁၀ ခု စာရင်းထဲမှာပါဝင်ခဲ့ပါတယ်။ Winston အခြေစိုက် Brand ဖြစ်ပြီး ဆန်းသစ်သော စိတ်ကူးနဲ့ ဒီဇိုင်းတွေကို ပုံဖော်ဖန်တီးထားတာကြောင့် ကမ္ဘာ့ကျော်နေရခြင်း ဖြစ်ပါတယ်။ Founder ဖြစ်သူ Harry Winston က သူ့ရဲ့လက်ဝတ်ရတနာတွေမှာ အရှားပါးဆုံးကျောက်များကိုသာ အသုံးပြုပြီး အစိတ်အပိုင်းတစ်ခုချင်းစီကို ကျွမ်းကျင်လက်မှုပညာရှင်များနဲ့ သေသေချာချာ ထွင်းထုကာပြုလုပ်စေတဲ့အတွက် အရည်အသွေးပိုင်းနဲ့ ခိုင်မာမှုကိုတော့ စစ်ဆေးခံစရာမလိုလောက်အောင် ပြည့်စုံကောင်းမွန်ပါတယ်။

Harry Winston

Harry Winston

(၃) Alfred Van Cleef

Alfred Van Cleef က လက်ဝတ်ရတနာ Brand တွေထဲမှာ ဂုဏ်သတင်းကြီးတဲ့ Brand တစ်ခုဖြစ်ပြီး Estelle Arpels နဲ့ Alfred Van Cleef တို့ ပူးပေါင်းတည်ထောင်ထားတာ ဖြစ်ပါတယ်။ France အခြေစိုက် Brand တစ်ခုဖြစ်ပြီး သူများနဲ့မတူ ဆန်းသစ်တဲ့ လက်ဝတ်ရတနာအသွင်အပြင်တွေကြောင့် လူတွေကြားမှာ ရေပန်းစားလျှက်ရှိပါတယ်။ ဒါအပြင် Alfred Van Cleef ရဲ့ နာရီတွေကလည်း လက်ဝတ်ရတနာနည်းတူ ထင်ပေါ်ကျော်ကြားပါတယ်။ ရိုးရှင်းပြီး ချစ်စဖွယ်ကောင်းတဲ့ နာရီတွေကြောင့် နာရီဈေးကွက်မှာလည်း အောင်မြင်မှုတွေ သိမ်းပိုက်ရရှိလို့နေပါတယ်။ ဒီ Brand ရဲ့ ထူးခြားချက်ကတော့ သူတို့နာရီဒိုင်ခွက်တွေကို ဌက်ပုံ၊ တိရစ္ဆာုန်ပုံ၊ ပန်းပုံတွေနဲ့ စွဲဆောင်မှုရှိအာင် အဆင်တန်ဆာတွေဆင်ကာ မိတ်ဆက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

Alfred Van Cleef

Alfred Van Cleef

(၄) Buccellati

Buccellati ကတော့ အီတလီတန်ဖိုးကြီး Brand ဖြစ်ပြီး Mario Buccellati က 1919 ခုနစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Brand ဟာ အီတလီရွှေနဲ့ ငွေပေါင်းစပ်ဖန်တီးထားတဲ့ အရည်အသွေးမြင့်လက်ရာတွေကြောင့် ကျော်ကြားရခြင်း ဖြစ်ပါတယ်။ ဒါအပြင် Cuff လက်ကောက်တွေကို ရောမ ရိုးရာလက်ရာဒီဇိုင်းပုံစံ အများအပြား ဖန်တီးပြုလုပ်ရောင်းချပါသေးတယ်။ မိသားစုပိုင်စီးပွားရေး Brand ဖြစ်တာနဲ့အညီ အထူးနည်းပညာတွေနဲ့ အသေအချာပြုလုပ်ထားတာတွေ့ရပါတယ်။ များသောအားဖြင့် Buccellati လက်ဝတ်ရတနာတွေက ရွှေနဲ့ငွေသတ္တုရောစပ်ထားတဲ့ လက်ဝတ်ရတနာတွေများပါတယ်။

Buccellati

Buccellati

(၅) Tiffany

Tiffany Brand လက်ဝတ်ရတနာ တော်တော်များများကို Great Gastby ရုပ်ရှင်မှာ တွေ့မြင်ဖူးကြမှာပါ။ Tifffany Brand ဟာ အမေရိကန်မှာသာမက အာရှမှာလည်း ကျော်ကြားတဲ့ Brand ဖြစ်ပါတယ်။ ဒီ Brand ကို 1837 ခုနစ်မှာ စတင်တည်ထောင်ခဲ့ပြီး သီးသန့်ထုတ်လုပ်ထားတဲ့ စိန်လက်ဝတ်ရတနာတွေ၊ အရည်အသွေးမီ ငွေလက်ဝတ်ရတနာတွေနဲ့ နာရီတွေကြောင့် လူအမျုားကြားမှာ ရေပန်းစားကျော်ကြားပါတယ်။ ဒါအပြင် Tiffany က လက်ဝတ်ရတနာ၊ရွှေ၊ငွေတွေက အလွန်စတိုင်လ်ကျတဲ့အတွက် မြင်လိုက်တာနဲ့ အကြည့်တွေမခွာချင်လောက်အောင် ဆွဲဆောင်မှုပေးပါတယ်။ သူရဲ့ထူးခြားချက်တစ်ခုကတော့ Online မှာ ဝယ်ယူလို့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီ Brand ရဲ့အကောင်းဆုံးအချက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရည်အသွေးမြင့် ကျောက်မျက်ရတနာတွေကို အသုံးပြုပြီး ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။

Tiffany

Tiffany

H.H(Akhayar)

www.akhayar.com