[Zawgyi]

အမ်ိဳးသားမ်ားအတြက္ မ်က္ႏွာက်အလိုက္ဆံပင္စတိုင္လ္ေရြးခ်ယ္နည္း

ဆံပင္စတိုင္လ္နဲ႔ပတ္သက္ရင္ အမ်ိဳးသမီးေတြထက္ အမ်ိဳးသားေတြဟာ ပိုျပီးေတာ႔ဂရုတစိုက္ေရြြးခ်ယ္ဖုိ႔လိုတယ္လို႔ ယူဆႏိုင္ပါတယ္။ ဘာေၾကာင္႔လဲဆုိရင္ အမ်ိဳးသားေတြဟာ ဆံပင္စတိုင္လ္ကို Setting နဲ႔အမ်ိဴးမ်ိဳးေျပာင္းလဲဖို႔အဆင္မေျပတဲ႔သူေတြမို႔ ကိုယ္႔နဂိုမ်က္ႏွာက်နဲ႔အလိုက္ဖက္ဆံုး စတိုင္လ္ကိုေရြးခ်ယ္ႏိုင္ပါမွ ခန္႔ညားတဲ႔အသြင္အျပင္ကိုရႏိုင္မွာပါ။ ကဲ…ဒီေတာ႔ အမ်ိဳးသားေတြအေနနဲ႔ ကိုယ္႔မ်က္နွာက်နဲ႔အလိုက္ဖက္ဆံုး အသင္႔ေတာ္ဆံုး ဆံပင္စတိုင္လ္ကို ဒီပံုေတြကေနတဆင္႔ ေရြးခ်ယ္ၾကည္႔ရေအာင္လား။

မ်က္ႏွာရွည္သူ

oblong-face
မ်က္နွာေဘးအလ်ားထက္ ေဒါင္လိုက္အရွည္ပိုသူေတြကို မ်က္ႏွာရွည္သူေတြလို႔ ေယဘုယ်သတ္မွတ္ၾကပါတယ္။ မ်က္နွာရွည္သူေတြ၊ မ်က္နွာေလးေထာင္႔က်သူေတြဟာ ဆံပင္ခပ္တုိတုိနဲ႔ပိုလိုက္ဖက္ပါတယ္။ အထက္မွာေဖာ္ျပထားတဲ႔ ပံုေတြထဲကေန ကိုယ္နဲ႔အလိုက္ဖက္ဆံုးစတိုင္လ္ကို ေရြးခ်ယ္ျပီးညွပ္ႏိုင္ပါတယ္။ တစ္ခုသတိထားသင္႔တာက မုတ္ဆိတ္ေမြးထူလပ်စ္မထားသင္႔ပါဘူး။ မ်က္ႏွာကိုပိုျပီးၾကီးမားသေယာင္ျဖစ္ေစလို႔ပါ။

ဘဲဥပံုမ်က္နွာရွိသူ

oval face shape
ဘဲဥပံုမ်က္နွာပိုင္ရွင္ေတြဟာ ေတာ္ေတာ္ေလးကံေကာင္းသူေတြလို႔ဆိုႏိုင္ပါတယ္။ ဘာေၾကာင္႔လဲဆိုရင္ ဘယ္လိုဆံပင္ပံုမ်ိဳးနဲ႔မဆို လိုက္ဖက္လို႔ပါပဲ။ ဒါေပမဲ႔ နဖူးေပၚဆံျမိတ္ခ်တာမ်ိဳး၊ နဖူးေပၚဆံပင္ခ်တာမ်ိဳးကိုေတာ႔ ေရွာင္သင္႔ပါတယ္။

သင္႔မ်က္နွာကို ဝိုင္းသေယာင္ျဖစ္သြားေစႏိုင္လို႔ပါ။ အခုေဖာ္ျပထားတဲ႔ ဆံပင္စတိုင္လ္ေတြကိုအတုခိုးျပီး အမ်ိဳးမ်ိဳးေျပာင္းလဲၾကည္႔ႏိုင္ပါတယ္။

စိန္ပံုစံမ်က္နွာက်ရွိသူ

diamond face shape
ပါးရိုးၾကီးျပီး ေမးခၽြန္သူေတြဟာ စိန္ပံုစံမ်က္နွာက်ရွိသူေတြျဖစ္ပါတယ္။ သူတို႔ေတြအေနနဲ႔ နဖူးေပၚဆံပင္ဖံုးတာမ်ိဳးနဲ႔ လိုက္ဖက္ပါတယ္။ နဖူးေပၚကိုဆံပင္ခ်ျပီး မ်က္ႏွာရွည္တာကိုဖံုးကြယ္ရမွာျဖစ္ပါတယ္။ ဒီလိုမ်က္နွာပိုင္ရွင္ေတြဟာ မုတ္ဆိတ္ထားမယ္ဆုိရင္လည္း လိုက္ဖက္ပါတယ္။

မ်က္ႏွာဝိုင္းသူ

round-face-shape
မ်က္ႏွာအရွည္နဲ႔ေဘးအလ်ားတူသူေတြကို မ်က္နွာဝိုင္းသူေတြလို႔သတ္မွတ္ပါတယ္။ မ်က္နွာဝိုင္းသူေတြဟာ မ်က္နွာကိုရွည္သြယ္သေယာင္ရွိေစမယ္႔ ဆံပင္စတိုင္လ္မ်ိဳးကိုေရြးရပါမယ္။ ဒါေၾကာင္႔ေဘးကို အေျပာင္ရိတ္ျပီး ဦးေခါင္းအလယ္မွာဆံပင္ကိုပံုသြင္းတာက မ်က္နွာကိုအခ်ိဳးအစားညွိေပးျပီး ၾကည္႔ေကာင္းေစမွာျဖစ္ပါတယ္။

မ်က္ႏွာေလးေထာင္႔က်သူ

square-face-shape
မ်က္ႏွာ အရိုးအဆစ္ထင္းထင္းနဲ႔ မ်က္ႏွာေလးေထာင္႔က်သူေတြဟာ မ်က္ႏွာဝိုင္းသူေတြလိုပဲ ကိုယ္႔မ်က္နွာအခ်ိဳးအဆစ္ကိုဖံုးကြယ္ႏိုင္မယ္႔ ဆံပင္စတိုင္လ္မ်ိဳးေရြးသင္႔ပါတယ္။ ဦးေခါင္းလံုးတာကိုပိုေပၚလြင္ေစျပီး မ်က္ႏွာက်ကိုေျပျပစ္ေစဖို႔ အထက္မွာေဖာ္ျပထားတဲ႔ ဆံပင္စတိုင္လ္ေတြကိုေရြးခ်ယ္ႏိုင္ပါတယ္။

ၾတိဂံပံုစံမ်က္နွာက်ရွိသူ

triangle-face-shape
ပါးရိုးထက္ ေမးရိုးပိုက်ယ္ ပိုကားတဲ႔ ၾတိဂံပံုစံမ်က္နွာက်ရွိသူေတြဟာ ဆံပင္မတုိမရွည္နဲ႔သာလိုက္ဖက္ပါတယ္။ ဆံပင္တိုကပ္လြန္းတာမ်ိဳးကိုေရွာင္ရပါမယ္။ ေဘးရိတ္ထားျပီး ဆံပင္မနည္းမမ်ား မတိုမရွည္ရွိတဲ႔ ပံုထဲကစတိုင္လ္မ်ိဳးေတြကိုေရြးခ်ယ္ပါ။

Ref#BusinessInsider

ဂ်ဳဂ်ဴး(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အမျိုးသားများအတွက် မျက်နှာကျအလိုက်ဆံပင်စတိုင်လ်ရွေးချယ်နည်း

ဆံပင်စတိုင်လ်နဲ့ပတ်သက်ရင် အမျိုးသမီးတွေထက် အမျိုးသားတွေဟာ ပိုပြီးတော့ဂရုတစိုက်ရွေးချယ်ဖို့လိုတယ်လို့ ယူဆနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အမျိုးသားတွေဟာ ဆံပင်စတိုင်လ်ကို Setting နဲ့အမျိူးမျိုးပြောင်းလဲဖို့အဆင်မပြေတဲ့သူတွေမို့ ကိုယ့်နဂိုမျက်နှာကျနဲ့အလိုက်ဖက်ဆုံး စတိုင်လ်ကိုရွေးချယ်နိုင်ပါမှ ခန့်ညားတဲ့အသွင်အပြင်ကိုရနိုင်မှာပါ။ ကဲ…ဒီတော့ အမျိုးသားတွေအနေနဲ့ ကိုယ့်မျက်နှာကျနဲ့အလိုက်ဖက်ဆုံး အသင့်တော်ဆုံး ဆံပင်စတိုင်လ်ကို ဒီပုံတွေကနေတဆင့် ရွေးချယ်ကြည့်ရအောင်လား။

မျက်နှာရှည်သူ

oblong-face
မျက်နှာဘေးအလျားထက် ဒေါင်လိုက်အရှည်ပိုသူတွေကို မျက်နှာရှည်သူတွေလို့ ယေဘုယျသတ်မှတ်ကြပါတယ်။ မျက်နှာရှည်သူတွေ၊ မျက်နှာလေးထောင့်ကျသူတွေဟာ ဆံပင်ခပ်တိုတိုနဲ့ပိုလိုက်ဖက်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ ပုံတွေထဲကနေ ကိုယ်နဲ့အလိုက်ဖက်ဆုံးစတိုင်လ်ကို ရွေးချယ်ပြီးညှပ်နိုင်ပါတယ်။ တစ်ခုသတိထားသင့်တာက မုတ်ဆိတ်မွေးထူလပျစ်မထားသင့်ပါဘူး။ မျက်နှာကိုပိုပြီးကြီးမားသယောင်ဖြစ်စေလို့ပါ။

ဘဲဥပုံမျက်နှာရှိသူ

oval face shape
ဘဲဥပုံမျက်နှာပိုင်ရှင်တွေဟာ တော်တော်လေးကံကောင်းသူတွေလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘယ်လိုဆံပင်ပုံမျိုးနဲ့မဆို လိုက်ဖက်လို့ပါပဲ။ ဒါပေမဲ့ နဖူးပေါ်ဆံမြိတ်ချတာမျိုး၊ နဖူးပေါ်ဆံပင်ချတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။

သင့်မျက်နှာကို ဝိုင်းသယောင်ဖြစ်သွားစေနိုင်လို့ပါ။ အခုဖော်ပြထားတဲ့ ဆံပင်စတိုင်လ်တွေကိုအတုခိုးပြီး အမျိုးမျိုးပြောင်းလဲကြည့်နိုင်ပါတယ်။

စိန်ပုံစံမျက်နှာကျရှိသူ

diamond face shape
ပါးရိုးကြီးပြီး မေးချွန်သူတွေဟာ စိန်ပုံစံမျက်နှာကျရှိသူတွေဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ နဖူးပေါ်ဆံပင်ဖုံးတာမျိုးနဲ့ လိုက်ဖက်ပါတယ်။ နဖူးပေါ်ကိုဆံပင်ချပြီး မျက်နှာရှည်တာကိုဖုံးကွယ်ရမှာဖြစ်ပါတယ်။ ဒီလိုမျက်နှာပိုင်ရှင်တွေဟာ မုတ်ဆိတ်ထားမယ်ဆိုရင်လည်း လိုက်ဖက်ပါတယ်။

မျက်နှာဝိုင်းသူ

round-face-shape
မျက်နှာအရှည်နဲ့ဘေးအလျားတူသူတွေကို မျက်နှာဝိုင်းသူတွေလို့သတ်မှတ်ပါတယ်။ မျက်နှာဝိုင်းသူတွေဟာ မျက်နှာကိုရှည်သွယ်သယောင်ရှိစေမယ့် ဆံပင်စတိုင်လ်မျိုးကိုရွေးရပါမယ်။ ဒါကြောင့်ဘေးကို အပြောင်ရိတ်ပြီး ဦးခေါင်းအလယ်မှာဆံပင်ကိုပုံသွင်းတာက မျက်နှာကိုအချိုးအစားညှိပေးပြီး ကြည့်ကောင်းစေမှာဖြစ်ပါတယ်။

မျက်နှာလေးထောင့်ကျသူ

square-face-shape
မျက်နှာ အရိုးအဆစ်ထင်းထင်းနဲ့ မျက်နှာလေးထောင့်ကျသူတွေဟာ မျက်နှာဝိုင်းသူတွေလိုပဲ ကိုယ့်မျက်နှာအချိုးအဆစ်ကိုဖုံးကွယ်နိုင်မယ့် ဆံပင်စတိုင်လ်မျိုးရွေးသင့်ပါတယ်။ ဦးခေါင်းလုံးတာကိုပိုပေါ်လွင်စေပြီး မျက်နှာကျကိုပြေပြစ်စေဖို့ အထက်မှာဖော်ပြထားတဲ့ ဆံပင်စတိုင်လ်တွေကိုရွေးချယ်နိုင်ပါတယ်။

တြိဂံပုံစံမျက်နှာကျရှိသူ

triangle-face-shape
ပါးရိုးထက် မေးရိုးပိုကျယ် ပိုကားတဲ့ တြိဂံပုံစံမျက်နှာကျရှိသူတွေဟာ ဆံပင်မတိုမရှည်နဲ့သာလိုက်ဖက်ပါတယ်။ ဆံပင်တိုကပ်လွန်းတာမျိုးကိုရှောင်ရပါမယ်။ ဘေးရိတ်ထားပြီး ဆံပင်မနည်းမများ မတိုမရှည်ရှိတဲ့ ပုံထဲကစတိုင်လ်မျိုးတွေကိုရွေးချယ်ပါ။

Ref#BusinessInsider

ဂျုဂျူး(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။