[Zawgyi]

သူငယ္ခ်င္းေကာင္းမွန္ရင္ ဒါမ်ိဳး ဘယ္ေတာ့မွ မလုပ္ဘူး

တခ်ိဳ႕ေတြက်ေတာ့သူငယ္ခ်င္းေတြ အမ်ားၾကီးထားရတာ ၾကိဳက္တယ္၊ တခ်ိဳ႕က်ေတာ့လည္း လူနည္းနည္းေလးနဲ႔ပဲ ေပါင္းရတာ ပိုသေဘာက်တတ္ပါတယ္။ ဒါေပမယ့္ သူငယ္ခ်င္းမ်ားသည္ျဖစ္ေစ၊ နည္းသည္ျဖစ္ေစ သူငယ္ခ်င္းေကာင္းေတြကေတာ့ ဘဝမွာ တကယ္ကုိ လုိအပ္တဲ့အရာပဲ။ သူငယ္ခ်င္းေတြ အမ်ားၾကီးရွိတဲ့ထဲကမွ သူငယ္ခ်င္းေကာင္းေတြဆုိတာ ကိုယ့္အေပၚဘယ္လိုအရာေတြ မလုပ္တတ္ဘူးဆိုတာ တစ္ခ်က္ေလာက္ ဖတ္ၾကည့္ပါဦး။

၁။ ကိုယ့္အေၾကာင္း ဘယ္ေတာ့မွ အတင္းမေျပာဘူး

တကယ့္သူငယ္ခ်င္းအစစ္ဆုိတာ ေက်ာကြယ္သြားတာနဲ႔ အတင္းလွည့္ေျပာတဲ့သူမ်ိဳး မဟုတ္ပါဘူး။ သူတို႔ ေျပာစရာရွိရင္ ခံရခက္မယ့္စကားဆိုရင္ေတာင္ ခင္ဗ်ားေရွ႕မွာပဲ ဘြင္းဘြင္းေျပာခ်ပစ္မွာပါ။ အဲဒီလို ေျပာလိုက္လို႔ ခင္ဗ်ား စိတ္ဆိုးသြားမွာလည္း မမႈဘူး၊ ဒီလို စိတ္ဆိုးသြားမွာထက္ ခင္ဗ်ားအေၾကာင္းေနာက္ကြယ္မွာေျပာရမွာကိုပဲ မုန္းၾကတာမ်ိဳးပါ။

၂။ ႏွစ္ကုိယ္ၾကားစကားေတြ၊ လွ်ိဳ႕ဝွက္ခ်က္ေတြကို မေပါက္ၾကားေစရဘူး

ဘဝမွာ ကိုယ့္ကိုယ္ကုိယ္အျပင္ယံုၾကည္ရမယ့္ လူတစ္ေယာက္ေရြးပါဆုိရင္ မိသားစုအျပင္ သူငယ္ခ်င္းေကာင္းပဲျဖစ္ပါလိမ့္မယ္။ သူတို႔က ခင္ဗ်ားယံုၾကည္လို႔ ဖြင့္ေျပာထားတဲ့အရာမ်ိဳးကုိ သူမ်ားေတြကို ေလွ်ာက္ေျပာတာမ်ိဳး လုပ္မွာမဟုတ္ဘူး။ တကယ္လို႔ တျခားတစ္ေယာက္က လာစပ္စုရင္ေတာင္ ငါမသိဘူးေလလို႔ ခပ္တည္တည္ေျဖမွာ။ ဒါေၾကာင့္ပဲ ခင္ဗ်ားရဲ့အတြင္းေရးေတြကို သူတို႔နဲ႔ ေဆြးေႏြးလို႔ ရတာေပါ့။

၃။ ရင္ဖြင့္သမွ် နားေထာင္ေပးၾကတယ္

ဟုတ္ပါတယ္၊ သူငယ္ခ်င္းေကာင္းေတြဆိုတာ အေကာင္းဆံုးရင္ဖြင့္ေဖာ္ေတြပါပဲ။ ခင္ဗ်ားစိတ္ပဲညစ္ညစ္၊ ေပ်ာ္ပဲ ေပ်ာ္ေပ်ာ္၊ အသည္းကြဲျပီး ငိုငို၊ အိမ္နဲ႔ပဲ ရန္ျဖစ္လာလာ သူတို႔ဟာ နားေထာင္ေပးဖို႔ အဆင္သင့္ရွိေနပါလိမ့္မယ္။ နားေထာင္ျပီးရင္လည္း အေၾကာင္းအက်ိဳး အၾကံေပးဦးမွာပါ။

၄။ ကိုယ့္ကို ဘယ္ေတာ့မွ စိတ္ပ်က္အားေလ်ာ့ေအာင္ လုပ္မွာမဟုတ္ဘူး

ကုိယ့္ရဲ့ အိပ္မက္ေတြ၊ စိတ္ကူးအၾကီးၾကီးေတြ ေျပာျပလိုက္လို႔ သူတို႔က ခြီလႊတ္မွာမဟုတ္ဘူး၊ တစ္ခုခုဆို “သားၾကီး ခ်ခ်”တို႔၊ “နင္ ဘာလို႔ မလုပ္ႏုိင္ရမွာလဲ” တို႔ ေျပာေပးမွာ သူငယ္ခ်င္းေကာင္းေတြပါ။ တကယ္လို႔ သူတို႔က တစ္ခုခုတားရင္ေတာင္ ခင္ဗ်ားရဲ့အက်ိဳးအတြက္ပဲ ေျပာတာ ျဖစ္မွာပါ။ ျပီးေတာ့လည္း ခင္ဗ်ားကို မနာလိုျဖစ္မွာ မဟုတ္သလို လိုတဲ့ေနရာေတာင္ ပါရမီျဖည့္ေပးမွ တကယ့္သူငယ္ခ်င္းေကာင္းေတြလို႔ ေခၚလို႔ ရတာပါ။

၅။ ကုိယ့္ကို ဘယ္ေတာ့မွ တစ္ေယာက္တည္းမထားခဲ့ဘူး

သူငယ္ခ်င္းေကာင္းမွန္ရင္ ကုိယ့္ကို ထားခဲ့ျပီး တျခားသူေတြနဲ႔ အျပင္ထြက္လည္တာမ်ိဳး လုပ္ေလ့လုပ္ထနည္းပါတယ္။ ျဖစ္ႏုိင္ရင္ ကုိယ့္ကုိ အရင္ဆံုးေခၚျပီး မအားမွ သူမ်ားကို ဦးစားေပးတတ္သူမ်ိဳးပါ။

၆။ မနာလိုမျဖစ္ဘဲ ပြဲခံေပးၾကတဲ့ သူငယ္ခ်င္းေတြ

ခင္ဗ်ားရဲ့ေအာင္ျမင္မႈေတြအတြက္ အျမဲ Cheers လုပ္ေနတဲ့ လူေတြေပါ့၊ မင္းက် ရတယ္၊ ငါက် ဘာလို႔ မရတာလဲလို႔ မေတြးၾကဘူး။ ခင္ဗ်ားေပ်ာ္ရင္ သူတို႔လည္း လိုက္ေပ်ာ္ၾကမယ့္ လူစားေတြက သူငယ္ခ်င္းေကာင္းလို႔ ေခၚထိုက္သူေတြပါ။

၇။ တစ္ခုခုျဖစ္ရင္ ကူရွင္းေပးတယ္၊ တစ္ေယာက္တည္းခံစားမေနေစဘူး

တစ္ခုခုခံစားရလို႔ ဘယ္ေလာက္ပဲ ကိုယ္က ဖံုးကြယ္ထားထား သူတို႔ကေတာ့ အျမဲသိေနတတ္ပါတယ္၊ ဒါေၾကာင့္ပဲ အတင္းအစ္ေအာက္ေမးျပီး ေျပာျပခုိင္းတာေပ့ါ။ စိတ္ညစ္ေနရင္လည္း ဟုိဟာလုပ္မလား၊ ဒီဟာလုပ္မလား၊ ဘာသြားစားမလဲနဲ႔ ေပ်ာ္ေအာင္၊အာရုံေျပာင္းေအာင္ လုပ္ေပးမယ့္သူေတြေပါ့။ တစ္နည္းအားျဖင့္ ကုိယ့္ကို ဘာလုပ္ေပးရင္ေပ်ာ္သြားႏုိင္မလဲဆိုတာ ေကာင္းေကာင္းသိသူေတြေပါ့။

၈။ ေပါက္ကရလုပ္မယ္ဆုိလည္း အျမဲပါမယ့္ ရဲေဘာ္ရဲဘက္ေတြ

ကိုယ္စိတ္ရူးေပါက္သေလာက္ ကုိယ့္သူငယ္ခ်င္းေကာင္းေတြကလည္း လိုက္ရူးေပးပါလိမ့္မယ္။ တစ္ခုခုေပါက္ကရျဖစ္ျဖစ္၊ စြန္႔စားခန္းျဖစ္ျဖစ္ ဖြင့္ေတာ့မယ္ဆုိရင္လည္း တစ္ေယာက္တည္းမလုပ္ခုိင္းဘဲ သူတို႔ပါ ဝင္ပါမယ့္သူေတြပါ။ လူေတြ ဘယ္လိုထင္ထင္ ဂရုမစိုက္ဘဲ ကုိယ့္သူငယ္ခ်င္း ေပ်ာ္ဖို႔ကိုပဲ အာရုံရတဲ့သူေတြပါ။

ကဲ၊ ခင္ဗ်ားတို႔မွာေရာ..ဒီလို တူတူကဲေဖာ္ကဲဖက္၊ အားေပးႏွစ္သိမ့္ေဖာ္၊ Partners in crime ေတြ ဘယ္ႏွစ္ေယာက္ရွိလဲ Mention ေခၚၾကည့္ၾကပါဦး။

ရိုးလူ (အခရာ)

www.akhayar.com

[Unicode]

သူငယ်ချင်းကောင်းမှန်ရင် ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး

တချို့တွေကျတော့သူငယ်ချင်းတွေ အများကြီးထားရတာ ကြိုက်တယ်၊ တချို့ကျတော့လည်း လူနည်းနည်းလေးနဲ့ပဲ ပေါင်းရတာ ပိုသဘောကျတတ်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းများသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ သူငယ်ချင်းကောင်းတွေကတော့ ဘဝမှာ တကယ်ကို လိုအပ်တဲ့အရာပဲ။ သူငယ်ချင်းတွေ အများကြီးရှိတဲ့ထဲကမှ သူငယ်ချင်းကောင်းတွေဆိုတာ ကိုယ့်အပေါ်ဘယ်လိုအရာတွေ မလုပ်တတ်ဘူးဆိုတာ တစ်ချက်လောက် ဖတ်ကြည့်ပါဦး။

၁။ ကိုယ့်အကြောင်း ဘယ်တော့မှ အတင်းမပြောဘူး

တကယ့်သူငယ်ချင်းအစစ်ဆိုတာ ကျောကွယ်သွားတာနဲ့ အတင်းလှည့်ပြောတဲ့သူမျိုး မဟုတ်ပါဘူး။ သူတို့ ပြောစရာရှိရင် ခံရခက်မယ့်စကားဆိုရင်တောင် ခင်ဗျားရှေ့မှာပဲ ဘွင်းဘွင်းပြောချပစ်မှာပါ။ အဲဒီလို ပြောလိုက်လို့ ခင်ဗျား စိတ်ဆိုးသွားမှာလည်း မမှုဘူး၊ ဒီလို စိတ်ဆိုးသွားမှာထက် ခင်ဗျားအကြောင်းနောက်ကွယ်မှာပြောရမှာကိုပဲ မုန်းကြတာမျိုးပါ။

၂။ နှစ်ကိုယ်ကြားစကားတွေ၊ လျှို့ဝှက်ချက်တွေကို မပေါက်ကြားစေရဘူး

ဘဝမှာ ကိုယ့်ကိုယ်ကိုယ်အပြင်ယုံကြည်ရမယ့် လူတစ်ယောက်ရွေးပါဆိုရင် မိသားစုအပြင် သူငယ်ချင်းကောင်းပဲဖြစ်ပါလိမ့်မယ်။ သူတို့က ခင်ဗျားယုံကြည်လို့ ဖွင့်ပြောထားတဲ့အရာမျိုးကို သူများတွေကို လျှောက်ပြောတာမျိုး လုပ်မှာမဟုတ်ဘူး။ တကယ်လို့ တခြားတစ်ယောက်က လာစပ်စုရင်တောင် ငါမသိဘူးလေလို့ ခပ်တည်တည်ဖြေမှာ။ ဒါကြောင့်ပဲ ခင်ဗျားရဲ့အတွင်းရေးတွေကို သူတို့နဲ့ ဆွေးနွေးလို့ ရတာပေါ့။

၃။ ရင်ဖွင့်သမျှ နားထောင်ပေးကြတယ်

ဟုတ်ပါတယ်၊ သူငယ်ချင်းကောင်းတွေဆိုတာ အကောင်းဆုံးရင်ဖွင့်ဖော်တွေပါပဲ။ ခင်ဗျားစိတ်ပဲညစ်ညစ်၊ ပျော်ပဲ ပျော်ပျော်၊ အသည်းကွဲပြီး ငိုငို၊ အိမ်နဲ့ပဲ ရန်ဖြစ်လာလာ သူတို့ဟာ နားထောင်ပေးဖို့ အဆင်သင့်ရှိနေပါလိမ့်မယ်။ နားထောင်ပြီးရင်လည်း အကြောင်းအကျိုး အကြံပေးဦးမှာပါ။

၄။ ကိုယ့်ကို ဘယ်တော့မှ စိတ်ပျက်အားလျော့အောင် လုပ်မှာမဟုတ်ဘူး

ကိုယ့်ရဲ့ အိပ်မက်တွေ၊ စိတ်ကူးအကြီးကြီးတွေ ပြောပြလိုက်လို့ သူတို့က ခွီလွှတ်မှာမဟုတ်ဘူး၊ တစ်ခုခုဆို “သားကြီး ချချ”တို့၊ “နင် ဘာလို့ မလုပ်နိုင်ရမှာလဲ” တို့ ပြောပေးမှာ သူငယ်ချင်းကောင်းတွေပါ။ တကယ်လို့ သူတို့က တစ်ခုခုတားရင်တောင် ခင်ဗျားရဲ့အကျိုးအတွက်ပဲ ပြောတာ ဖြစ်မှာပါ။ ပြီးတော့လည်း ခင်ဗျားကို မနာလိုဖြစ်မှာ မဟုတ်သလို လိုတဲ့နေရာတောင် ပါရမီဖြည့်ပေးမှ တကယ့်သူငယ်ချင်းကောင်းတွေလို့ ခေါ်လို့ ရတာပါ။

၅။ ကိုယ့်ကို ဘယ်တော့မှ တစ်ယောက်တည်းမထားခဲ့ဘူး

သူငယ်ချင်းကောင်းမှန်ရင် ကိုယ့်ကို ထားခဲ့ပြီး တခြားသူတွေနဲ့ အပြင်ထွက်လည်တာမျိုး လုပ်လေ့လုပ်ထနည်းပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ကို အရင်ဆုံးခေါ်ပြီး မအားမှ သူများကို ဦးစားပေးတတ်သူမျိုးပါ။

၆။ မနာလိုမဖြစ်ဘဲ ပွဲခံပေးကြတဲ့ သူငယ်ချင်းတွေ

ခင်ဗျားရဲ့အောင်မြင်မှုတွေအတွက် အမြဲ Cheers လုပ်နေတဲ့ လူတွေပေါ့၊ မင်းကျ ရတယ်၊ ငါကျ ဘာလို့ မရတာလဲလို့ မတွေးကြဘူး။ ခင်ဗျားပျော်ရင် သူတို့လည်း လိုက်ပျော်ကြမယ့် လူစားတွေက သူငယ်ချင်းကောင်းလို့ ခေါ်ထိုက်သူတွေပါ။

၇။ တစ်ခုခုဖြစ်ရင် ကူရှင်းပေးတယ်၊ တစ်ယောက်တည်းခံစားမနေစေဘူး

တစ်ခုခုခံစားရလို့ ဘယ်လောက်ပဲ ကိုယ်က ဖုံးကွယ်ထားထား သူတို့ကတော့ အမြဲသိနေတတ်ပါတယ်၊ ဒါကြောင့်ပဲ အတင်းအစ်အောက်မေးပြီး ပြောပြခိုင်းတာပေ့ါ။ စိတ်ညစ်နေရင်လည်း ဟိုဟာလုပ်မလား၊ ဒီဟာလုပ်မလား၊ ဘာသွားစားမလဲနဲ့ ပျော်အောင်၊အာရုံပြောင်းအောင် လုပ်ပေးမယ့်သူတွေပေါ့။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘာလုပ်ပေးရင်ပျော်သွားနိုင်မလဲဆိုတာ ကောင်းကောင်းသိသူတွေပေါ့။

၈။ ပေါက်ကရလုပ်မယ်ဆိုလည်း အမြဲပါမယ့် ရဲဘော်ရဲဘက်တွေ

ကိုယ်စိတ်ရူးပေါက်သလောက် ကိုယ့်သူငယ်ချင်းကောင်းတွေကလည်း လိုက်ရူးပေးပါလိမ့်မယ်။ တစ်ခုခုပေါက်ကရဖြစ်ဖြစ်၊ စွန့်စားခန်းဖြစ်ဖြစ် ဖွင့်တော့မယ်ဆိုရင်လည်း တစ်ယောက်တည်းမလုပ်ခိုင်းဘဲ သူတို့ပါ ဝင်ပါမယ့်သူတွေပါ။ လူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဘဲ ကိုယ့်သူငယ်ချင်း ပျော်ဖို့ကိုပဲ အာရုံရတဲ့သူတွေပါ။

ကဲ၊ ခင်ဗျားတို့မှာရော..ဒီလို တူတူကဲဖော်ကဲဖက်၊ အားပေးနှစ်သိမ့်ဖော်၊ Partners in crime တွေ ဘယ်နှစ်ယောက်ရှိလဲ Mention ခေါ်ကြည့်ကြပါဦး။

ရိုးလူ (အခရာ)

www.akhayar.com