[Zawgyi]

သက္လတ္ပိုင္းအမ်ိဳးသားေတြ မ်ားမ်ားစားသံုးေပးသင့္တဲ့ အစားအစာမ်ား

ေယာက္်ားေလးအမ်ားစုက အစားအေသာက္နဲ႔ပတ္သက္ရင္ ေခ်းမ်ားတဲ့သူကလြဲရင္ က်န္းမာေရးနဲ႔ညီညြတ္မွတို႔၊ ဒီဟာကေတာ့ ဘာက်န္းမာေရးအတြက္ေကာင္းတယ္လို႔ဆိုၿပီး ေရြးခ်ယ္စားတာမ်ိဳး သိပ္မလုပ္တတ္ၾကပါဘူး။ သူတို႔ဟာ အစားအေသာက္ကို ဗိုက္ျပည့္ဖို႔အတြက္ပဲ ဦးစားေပးတဲ့အတြက္ ဘယ္လိုပံုစံပဲလာလာ လက္ခံႏိုင္ၾကပါတယ္။

ဒါေပမဲ့ အဲဒီလိုအစားအေသာက္နဲ႔ပတ္သက္ၿပီး သေဘာထားႀကီးတာက က်န္းမာၿပီးငယ္ရြယ္သန္မာတုန္းမွာ အဆင္ေျပေပမယ့္ အသက္အရြယ္ရလာတဲ့အခါ သင့္ရဲ႕ခႏၶာကိုယ္က သေဘာထားႀကီးေပးႏုိင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ေယာက္်ားေလးပရိသတ္ေတြအတြက္ ဘယ္လိုအစားအစာေတြကို ေရြးခ်ယ္စားသံုးသင့္ၿပီးေတာ့ ဘယ္လိုက်န္းမာေရးေကာင္းက်ိဳး်ေတြ ရႏုိင္မလဲဆိုတာ သိရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

ဘယ္ရီသီး

အမ်ိဳးသားေတြရဲ႕ခႏၶာကိုယ္ဟာ အသက္အရြယ္ရလာတာနဲ႔အမွ် သန္႔ရွင္းလက္ဆတ္တဲ့ အသီးအႏွံေတြကို မ်ားမ်ားစားသံုးေပးဖို႔လိုအပ္လာပါတယ္။ အဲဒီအသီးအႏွံေတြထဲမွာ ဘယ္ရီသီးက အဓိကပါဝင္ၿပီးေတာ့ အရြယ္ေရာက္ၿပီးသားအမ်ိဳးသားေတြအတြက္ သင့္ေတာ္တဲ့အသီးတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ဘယ္ရီသီးမွာပါဝင္တဲ့ အန္တီေအာက္ဆီးဒင့္ဓာတ္ေၾကာင့္ ဦးေႏွာက္မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို ကာကြယ္ေပးၿပီး အိုမင္းရင့္ေရာ္မႈကိုလည္ ေႏွးေကြးေစပါတယ္။ ဘယ္ရီသီးကိုစားမယ္ဆိုရင္ေတာ့ ေဖ်ာ္ရည္၊ မနက္စာနဲ႔ အဆာေျပစာအေနနဲ႔စားသံုးေပးႏုိင္ပါတယ္။

ဂ်ံဳ၊ ဆန္

အသက္ ၃၀ ဝန္းက်င္ သက္လတ္ပိုင္းအမ်ိဳးသားေတြဟာ ႏွလံုးက်န္းမာေရးခ်ိဳ႕ယြင္းမႈကို ၾကံဳရေလ့ရွိတယ္လို႔ American Heart Association ရဲ႕ ေလ့လာခ်က္အရသိရပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားေတြ အေနနဲ႔ သက္လတ္ပိုင္းအရြယ္ေရာက္လာတာနဲ႔ ေနထုိင္စားေသာက္မႈပံုစံကိုေျပာင္းလဲသင့္ၿပီး ႏွလံုးက်န္းမာေရးကိုအားေကာင္းေစတဲ့ အေစ့အဆံေတြကို စားသံုးေပးသင့္တယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ အေစ့အဆံေတြဟာ ခႏၶာကိုယ္ရဲ႕ အာဟာရဓာတ္လိုအပ္ခ်က္ကိုလည္း ျဖည့္တင္းေပးႏိုင္တဲ့အတြက္ အမ်ိဳးသားေတြႀကံဳရေလ့ရွိတဲ့ အလြယ္တကူအားအင္ကုန္ခမ္းျခင္းတို႔ကိုလည္း သက္သာေစပါတယ္။

ေထာပတ္သီး

ေထာပတ္သီးဟာ ေဆးဖက္ဝင္က်န္းမာေရးသစ္သီးျဖစ္တဲ့အတြက္ အသံုးျပဳမႈမ်ားျပားၿပီး မၾကာခင္ႏွစ္ အနည္းငယ္အတြင္း ရွားပါးေတာ့မွာျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုထားပါတယ္။ က်န္းမာေရးေကာင္းက်ိဳးမ်ားစြာရွိတဲ့ ေထာပတ္သီးဟာ အမ်ိဳးသားက်န္းမာေရးအတြက္လည္း မ်ားစြာအေထာက္အကူျပဳပါတယ္။ ေထာပတ္သီးမွာပါဝင္တဲ့ ဗီတာမင္ ဘီ၊ အီး၊ ေဖာလစ္အက္ဆစ္နဲ႔ အမွ်င္ဓာတ္ေတြဟာ အမ်ိဳးသားေတြရဲ႕က်န္းမာေရးအတြက္ အေရးပါတဲ့ ဓာတ္ေတြလည္းျဖစ္ပါတယ္။ အထူးသျဖင့္ ေထာပတ္သီး၊ ဂ်ံဳနဲ႔ ဘယ္ရီသီးတို႔ကို မနက္ပိုင္းမွာစားေပးရင္ အမ်ိဳးသားက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။

အစိမ္းရင့္ေရာင္အသီးအႏွံမ်ား

အမ်ိဳးသားေတြ အသက္အရြယ္ရလာတာနဲ႔အမွ် ႀကံဳေတြ႕ရတဲ့အခက္အခဲကေတာ့ စိတ္ဖိစီးမႈဒဏ္ပဲျဖစ္ ပါတယ္။ စီးပြားေရး၊ လူမႈေရးနဲ႔ မိသားစုအေရးကိစၥေတြဟာ အမ်ိဳးသမီးေတြထက္ အမ်ိဳးသားေတြမွာ ပိုၿပီး စိတ္ဖိစီးခံစားရေလ့ရွိပါတယ္။ ဒါ့အျပင္ အမ်ိဳးသားအမ်ားစုဟာ အေသာက္သမားေတြျဖစ္တဲ့အတြက္ ခႏၶာကိုယ္တြင္းအစိတ္အပိုင္းေတြ ခ်ိဳ႕ယြင္းလာမႈကိုလည္းႀကံဳရေလ့ရွိပါတယ္။ အစိမ္းရင့္ေရာင္ အသီးအႏွံေတြမွာပါဝင္တဲ့ အန္တီေအာက္ဆီးဒင့္ဓာတ္တစ္မ်ိဳးကေတာ့ ကင္ဆာနဲ႔ ႏွလံုးက်န္းမာေရးအျပင္ စိတ္ဖိစီးမႈကိုပါ ေလ်ာ့နည္းသက္သာေစႏိုင္ပါတယ္။

အေစ့အဆံမ်ား

မ်ားေသာအားျဖင့္ အေစ့အဆံေတြကို အဆာေျပ၊ အပ်င္းေျပသြားရည္စာအေနနဲ႔ စားၾကပါတယ္။ ဒါေပမဲ့ အေစ့အဆံေတြဟာ အဲဒီလိုသြားရည္စာျဖစ္ရံုသာမက အမ်ိဳးသားေတြရဲ႕က်န္းမာေရးအတြက္ပါမ်ားစြာေကာင္းက်ိဳးေပးႏိုင္ပါတယ္။ ေျမပဲ၊ ေနၾကာနဲ႔ သစ္ၾကားသီးေစ့ေတြမွာ ဗီတာမင္အီး၊သတၳဳဓာတ္ေတြမ်ားစြာပါဝင္တာေၾကာင့္ ခႏၶာကိုယ္တြင္း ကိုလက္စထေရာျမင့္တက္မႈကိုကာကြယ္ေပးၿပီး ႏွလံုးေရာဂါနဲ႔ ေလျဖတ္ျခင္းတို႔ကိုလည္းေလ်ာ့နည္းေစပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သက်လတ်ပိုင်းအမျိုးသားတွေ များများစားသုံးပေးသင့်တဲ့ အစားအစာများ

ယောက်ျားလေးအများစုက အစားအသောက်နဲ့ပတ်သက်ရင် ချေးများတဲ့သူကလွဲရင် ကျန်းမာရေးနဲ့ညီညွတ်မှတို့၊ ဒီဟာကတော့ ဘာကျန်းမာရေးအတွက်ကောင်းတယ်လို့ဆိုပြီး ရွေးချယ်စားတာမျိုး သိပ်မလုပ်တတ်ကြပါဘူး။ သူတို့ဟာ အစားအသောက်ကို ဗိုက်ပြည့်ဖို့အတွက်ပဲ ဦးစားပေးတဲ့အတွက် ဘယ်လိုပုံစံပဲလာလာ လက်ခံနိုင်ကြပါတယ်။

ဒါပေမဲ့ အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး သဘောထားကြီးတာက ကျန်းမာပြီးငယ်ရွယ်သန်မာတုန်းမှာ အဆင်ပြေပေမယ့် အသက်အရွယ်ရလာတဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်က သဘောထားကြီးပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ယောက်ျားလေးပရိသတ်တွေအတွက် ဘယ်လိုအစားအစာတွေကို ရွေးချယ်စားသုံးသင့်ပြီးတော့ ဘယ်လိုကျန်းမာရေးကောင်းကျိုးျတွေ ရနိုင်မလဲဆိုတာ သိရအောင် ဖော်ပြပေးလိုက်ပါတယ်။

ဘယ်ရီသီး

အမျိုးသားတွေရဲ့ခန္ဓာကိုယ်ဟာ အသက်အရွယ်ရလာတာနဲ့အမျှ သန့်ရှင်းလက်ဆတ်တဲ့ အသီးအနှံတွေကို များများစားသုံးပေးဖို့လိုအပ်လာပါတယ်။ အဲဒီအသီးအနှံတွေထဲမှာ ဘယ်ရီသီးက အဓိကပါဝင်ပြီးတော့ အရွယ်ရောက်ပြီးသားအမျိုးသားတွေအတွက် သင့်တော်တဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဘယ်ရီသီးမှာပါဝင်တဲ့ အန်တီအောက်ဆီးဒင့်ဓာတ်ကြောင့် ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကိုလည် နှေးကွေးစေပါတယ်။ ဘယ်ရီသီးကိုစားမယ်ဆိုရင်တော့ ဖျော်ရည်၊ မနက်စာနဲ့ အဆာပြေစာအနေနဲ့စားသုံးပေးနိုင်ပါတယ်။

ဂျုံ၊ ဆန်

အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းအမျိုးသားတွေဟာ နှလုံးကျန်းမာရေးချို့ယွင်းမှုကို ကြုံရလေ့ရှိတယ်လို့ American Heart Association ရဲ့ လေ့လာချက်အရသိရပါတယ်။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ သက်လတ်ပိုင်းအရွယ်ရောက်လာတာနဲ့ နေထိုင်စားသောက်မှုပုံစံကိုပြောင်းလဲသင့်ပြီး နှလုံးကျန်းမာရေးကိုအားကောင်းစေတဲ့ အစေ့အဆံတွေကို စားသုံးပေးသင့်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အစေ့အဆံတွေဟာ ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ်လိုအပ်ချက်ကိုလည်း ဖြည့်တင်းပေးနိုင်တဲ့အတွက် အမျိုးသားတွေကြုံရလေ့ရှိတဲ့ အလွယ်တကူအားအင်ကုန်ခမ်းခြင်းတို့ကိုလည်း သက်သာစေပါတယ်။

ထောပတ်သီး

ထောပတ်သီးဟာ ဆေးဖက်ဝင်ကျန်းမာရေးသစ်သီးဖြစ်တဲ့အတွက် အသုံးပြုမှုများပြားပြီး မကြာခင်နှစ် အနည်းငယ်အတွင်း ရှားပါးတော့မှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။ ကျန်းမာရေးကောင်းကျိုးများစွာရှိတဲ့ ထောပတ်သီးဟာ အမျိုးသားကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင် ဘီ၊ အီး၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်တွေဟာ အမျိုးသားတွေရဲ့ကျန်းမာရေးအတွက် အရေးပါတဲ့ ဓာတ်တွေလည်းဖြစ်ပါတယ်။ အထူးသဖြင့် ထောပတ်သီး၊ ဂျုံနဲ့ ဘယ်ရီသီးတို့ကို မနက်ပိုင်းမှာစားပေးရင် အမျိုးသားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

အစိမ်းရင့်ရောင်အသီးအနှံများ

အမျိုးသားတွေ အသက်အရွယ်ရလာတာနဲ့အမျှ ကြုံတွေ့ရတဲ့အခက်အခဲကတော့ စိတ်ဖိစီးမှုဒဏ်ပဲဖြစ် ပါတယ်။ စီးပွားရေး၊ လူမှုရေးနဲ့ မိသားစုအရေးကိစ္စတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုပြီး စိတ်ဖိစီးခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် အမျိုးသားအများစုဟာ အသောက်သမားတွေဖြစ်တဲ့အတွက် ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေ ချို့ယွင်းလာမှုကိုလည်းကြုံရလေ့ရှိပါတယ်။ အစိမ်းရင့်ရောင် အသီးအနှံတွေမှာပါဝင်တဲ့ အန်တီအောက်ဆီးဒင့်ဓာတ်တစ်မျိုးကတော့ ကင်ဆာနဲ့ နှလုံးကျန်းမာရေးအပြင် စိတ်ဖိစီးမှုကိုပါ လျော့နည်းသက်သာစေနိုင်ပါတယ်။

အစေ့အဆံများ

များသောအားဖြင့် အစေ့အဆံတွေကို အဆာပြေ၊ အပျင်းပြေသွားရည်စာအနေနဲ့ စားကြပါတယ်။ ဒါပေမဲ့ အစေ့အဆံတွေဟာ အဲဒီလိုသွားရည်စာဖြစ်ရုံသာမက အမျိုးသားတွေရဲ့ကျန်းမာရေးအတွက်ပါများစွာကောင်းကျိုးပေးနိုင်ပါတယ်။ မြေပဲ၊ နေကြာနဲ့ သစ်ကြားသီးစေ့တွေမှာ ဗီတာမင်အီး၊သတ္ထုဓာတ်တွေများစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ကိုလက်စထရောမြင့်တက်မှုကိုကာကွယ်ပေးပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကိုလည်းလျော့နည်းစေပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။